http://bloggedyou.files.wordpress.com/2007/10/laugh_ha_ha.jpg

1****ကျွန်တော်တို့ တိုက်အောက်မှာ စာစီစာရိုက်နဲ့ မိတ္တူဆိုင် တစ်ဆိုင်ရှိတယ်..
တစ်နေ့  .. အဲ့ဆိုင်မှာ .အသုဘ ဖိတ်စာတစ်စောင် လာရိုက်ပါရော။ ”
ကျေးဇူးရှင်ဖခင်ကြီး ဦး…. ” ဆိုပြီးတော့ .. ။ အဲ့မှာ စာစီစာရိုက်
အကိုကြီးက ..ရိုက်တာပေါ့ .. ရိုက်တာတော့ ဟုတ်ပါပြီ..ဘယ်လိုရိုက်သလဲဆိုေ

တာ့
. ကျေးဇူးရှင်ဖခင်ကြီး ဆိုတဲ့နေရာမှာ..ခခွေး
တစ်လုံး ကျန်ခဲ့ပါလေ ရော .. အဲ့ဒါကို ကျန်ခဲ့လို့ ကျန်ခဲ့မှန်းလည်း မသိ ..
ဖိတ်စာတွေရိုက် .. မိတ္တူတွေဆွဲ .မိတ္တူဆွဲလို့  အစောင် ၂၀၀ ၃၀၀
လောက်ထွက်လာမှ . ဖိတ်စာကိုဖတ်လည်း ဖတ်ကြည့် ရော …” ကျေးဇူးရှင်ဖင်ကြီး …ဦး…. ” ဆိုပြီးဖြစ်နေရောဗျာ…
အဲ့ဒါဖိတ်စာလာရိုက်တဲ့သူတွေကို မနည်းတောင်းပန်ပြီး အသစ်ပြန်ရိုက်ပေးလိုက်ရပါလေရော….
တကယ့်ကို အမှတ်တမဲ့ ..လွဲတဲ့အလွဲလေးတစ်ခုပါ.. ခခွေးလေးတစ်လုံးကျန်ခဲ့ရုံနဲ့  .. အဟီးးးးးးးး
ဒါနဲ့ အဲ့ဒီစာရိုက်တဲ့အကိုကြီးနာမည်တောင် ကျေးဇူးရှင်ဖင်ကြီး ဆိုပြီးတွင်သွားတာ ..အခုထိပါပဲလားဗျာ..

2****နောက်တစ်ခု ဖြစ်ပျက်ပုံကတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အင်တာနက်ဆိုင်မှာပါ … ။
ကောင်မလေး ချောချောလေး တစ်ယောက် …. ဆိုင်ထဲကို ၀င်လာတယ်. ။ စက်သုံးမလို
့ပါ တဲ့ ။ အော်.. သုံးပေါ့ ဆိုပြီးလိုက်ပြ ။ ကောင်မလေး ကချောတော့ …
သူငယ်ချင်းတွေအကုန်လုံးက အဲ့နားမှာပဲ ရစ်သီ ရစ်သီ လုပ်နေကြရော ..ဘာမှတော့
သွားမပြောကြဘူးးး ။ သူ့ ပုံစံလေးနဲ့ ဆိုတော့ အင်တာနက်လည်း
ကောင်းကောင်းမွန်မွန် သုံးတတ်မယ်ပေါ့.. ဟဲ ဟဲ .. အဲ့ဒါနဲ့ .. သူက Mozilla

ဖွင့်လိုက်တယ် ..အရင်ဆုံး google တက်လာတာပေါ့ (home page) ထားထားတာကို ။
ပြီးတော့ google ရဲ့ search box မှာ သူ့ နာမည် ရိုက်ထည့်လိုက်တာတွေ့ တယ်
(ခိုးကြည့်တာမဟုတ်ဘူးနော်.. အမှတ်တမဲ့ တွေ့ တာ ..ဟီးး ဟီးး ) ပြီးတော့လည်း

သူက ဆယ်မိနစ် ဆယ့်ငါးမိနစ် ဘာမှ မလုပ်ပဲနဲ့ Monitor ကြီးကို
ထိုင်ကြည့်နေတယ် ။ မိနှစ် နှစ်ဆယ်လောက်နေမှ … အကို တစ်ချက်လောက်ဆိုပြီး
ခေါ်တယ် .. ဘာမေးတယ်မှတ်သလဲ .. ?? သမီး gmail pwd ကို ဘယ်နာမှား ရိုက်ရမှာလဲ ဟင်
တဲ့ .. အော်…. သေစမ်းပဲ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ … ဟိဟိ…

3****အဒေါ်ကြီး တစ်ယောက်
…… ရောက်လာတယ် ..ဆိုင်ထဲကို …. သူ့ ယောင်္ကျားရဲ့ gtalk ကို
ဖွင့်ချင်လို့ ပါတဲ့ ..အင်းး ပေါ့ ဆိုပြီး လုပ်ပေးလိုက်တယ်..။ Username နဲ
့Pwd သိလားဆိုတော့ .သိတယ်တဲ့ … အဲ့ဒါနဲ့  gtalk ကိုဖွင့် Username ကို

အရင်ရိုက်ထည့်ပေးလိုက်တယ် ။ Pwd ပြောလည်း ဆိုရော .. အလုံးလေး 8 လုံးတဲ့
… အော်..အင်းဆိုပြီးး o(အို) လေး ရှစ်လုံး ရိုက်ထည့်ပေးလိုက်တယ် ။
ဒါပေမဲ့ မှားနေတယ် ဆိုတော့ 0 ( သုည) ရှစ်လုံး ထပ်ရိုက်ပေးလိုက်တယ်။
အဲ့ဒါလည်း မှားနေသေးတယ် ဆိုတော့ … သူ က ဘာထပ်ပြောတယ်မှတ်လဲ .. .မောင်လေး
မောင်လေးတဲ့ နောက်တစ်နေရာမှာဆို ကြယ်လေး ရှစ်ပွင့်ပေါ်တယ်တဲ့

ဆိုပြီးပြောတော့မှ .. ဟိုက် သေပါလေရောပဲ ဗျာ……. သူ ပြောတာ က Pwd
မှမဟုတ်တာ ကို .. သူဘေးက ထိုင်ကြည့်ပြီး ရီထားတဲ့ Pwd အလုံးအရေအတွက်ကို
ပြောတာပဲ ဆိုပြီးး ကိုယ့်နဖူးကိုယ်ရိုက်မိပါတယ်။ ပြီးတော့မှပဲ သူ့ ကို
နားလည်အောင် ပြန်ရှင်းပြရတော့တယ်…. ဟူးးး မလွယ်ဘူးပဲ ….

4****ီမှာ နာဂစ် ဖြစ် အပြီလေးဗျာ ..နာဂစ်အပြီး
ကွန်နက်ရှင် ပြန်ရခါစ ၊ အင်တာနက်ဆိုင်တွေ ပြန်ဖွင့်ကာစမှာ
လူနှစ်ယောက်လောက် ရောက်လာတယ် ။ အကို Pfingo ရလားတဲ့ ။ အော်.. ဟုတ်ကဲ့ ရပါတယ်ပေါ့ ။ ဘယ်ကို
ခေါ်မှာလဲ ခင်ဗျာ လို့ မေးလိုက်တော့ ….. လပွတ္တာ ကိုတဲ့ဗျာ… ကဲ
…ဘာသွားပြောရမလဲ

About lu ta lone

lu ta lone has written 261 post in this Website..