ဘုရားအ၀င် မုခ်ဦး

ဒီမုခ်ဦးကနေလဲ ၀င်လို့ရတယ်

ဘုရားဖူးတွေ နားနေနိုင်တဲ့ ဇရပ်ကြီးတွေ

ဘုရားဈေးဆိုင်တန်းတွေ

ဘုရားရင်ပြင်တော်ပေါ်မှ တန်ဆောင်းများ

အုတ်တန်ဆောင်းကလဲ ခံ့ခံ့ထည်ထည်

သင်္ကြန်ရက်မို့ အတာအိုးလေးတွေ အစီအရီ

ဒီလိုအရုပ်တွေကို စေတီမှာ ထုထားတာက ထူးခြားနေတယ်

ကျောင်းတော်ရာဘုရား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ၀ါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တ၀င်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။

မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ၀တ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....