ကျနော် ရွာတွင် ၂ပါတ်နေပါသည် … ၁ပါတ်တိတိ နေ့အလုပ်လုပ်

ည သူရာသောက် နှင့် ကျန်၁ပါတ်သာ ဟုတ်တိပတ်တိ အချိန်အား ရခဲ့ပါသည်..

ခြုံငုံ၍ ဘိုလိုပြောရလျင်တော့ i had good times ပေါ့ …ကျနော် ပျော်ပါသည်.။

သို့သော် ကျနော် လုံးဝ စိတ်မကျေနပ်နိုင်သော (၀ါ) စိတ်မချမ်းသာနိုင်သော

အကြောင်းချင်းရာ အချို့ ရှိနေပါသည်…။ ထိုအရာတို့ကို ခေါင်းစဉ်မျှဖော်ပြီး

ရေးရပါသော်..

၁။ အလွန်ပူသော နွေရာသီ ..(မတတ်နိုင် ..မောင်ဂီ့ စိတ်လျှော့ရုံမှတပါး အခြားမရှိ)

၂။ အလွန်နှေးသော ကော်နက်ရှင် (မတတ်နိုင် … မိမိ ဥာဏ်မီသော ကိစ္စမဟုတ်.. )

၃။ အလွန် ရှုပ်သော လမ်းဘေးဈေးသည်များ ..(အနည်းငယ်တော့ ကျွဲမြီးတိုသော်လည်း

ရှိစေတော့ ကိုယ့်အိမ်ထဲကနေ ကိုယ် ဘယ်မှ မထွက်လျင် ဘာမှ ရှော့ခ်မရှိ)

၎။ ဆူညံသံများ …..(အဲ့… ဒါတော့ ပြောရမယ်ဗျ)

အနှီ ဆူညံသံတွေထဲမတော့ အဆိုးဆုံးက လော်စပီကာများပါခင်ဗျား….။

မိုးလင်းတဲ့အခါ ပဲပြုတ် ဆိုတဲ့အသံနဲ့နိုးပြီး မိုးချုပ်လို့ သန်းခေါင်စာ အီကြာကွေး ဒါမှမဟုတ်

စမူစာ သံနဲ့ အိပ်ရတာ ကြုံဖူးကြမယ်ထင့်. (ခေါင်းရွက်ဗျက်ထိုး တစခန်းထတယ် မပြောပါနဲ့ဦးဗျို့)

အနှီ အော်ရီဂျင်နယ် လူသံ တွေ ခနထားလို့ …လော်သံတွေကို ပြောရမယ် ဆိုရင်ဖြင့်.. အဟမ်း

ဘယ့်နှယ့်ဗျာ မိုးလင်းတာနဲ့ ၀တ်အသင်းကလည်း လော် . .. နယ်က ဘုန်းကြီးတွေ ဆွမ်းခံလည်း လော်

မိဘမဲ့ ကလေးကျောင်း အလှူခံ ကလည်း လော် ..ထရစ်ဒစ်ရှင်နယ်လ် ထီသည်ကအစ …သွားချေးချွတ်ဆေး

အလယ် ရာသီပေါ် သစ်သီးဝလံ အဆုံး လော်ဆိုမှ လော်နေကြတော့ သကိုးဗျာ…။ ခက်တော့လည်း ခက်သေးရဲ့

ကားနဲ့လှည့်တဲ့ မိုဘိုင်းလ် အလှူခံ ကား စမ်းမလား … စတတ်တစ် အလှူခံ မဏ္ဍပ် စမ်းမလား အိုဘယ့်

လော်ဆိုမှလော် လော် အော်ပုံ အော်နည်း နိဿရည်း ဘယ်နှစား ရှိသလဲတော့ မောင်ဂီ့ မသိ… မောင်ဂီ့သိတာကတော့

အလှူခံ ဆိုပါက ပါဠိ တွေ ရွတ်မယ်ဗျာ ..ဈေးရောင်းတဲ့ လော်တွေကတော့ နဘေတွေ ထပ်မယ်…ကျုပ်တို့မှာတော့

နားတွေကို ညည်းလို့ ….အဲ့… မရွတ်ဘူးနော်… ရသေးတယ်… ပဌာန်း တွေ တရားပွဲ ခွေတွေ သီချင်းတွေ နားဆင်ဖို့သာ

ပြင်ထားပေတော့ ဗျို့ …ပျံလွန်တော်မူပြီးသား ဆရာတော်ဘုရားကြီးများက အစ ရွာအကြိုက် ရပ်ပါလေးတွေ အလည်

အိုင်လပ်ဗ် သည်ဝေး ယူလိုင်း အဆုံး ကြားရဖို့ ပြင်ထား …။

စတီရီယို အဆိုကျော်ကြီး တယောက်ရဲ့ တေးသီချင်း ခေါင်းစဉ်လေးပါ … သင်၏နားကို ခဏငှားပါတဲ့…

အလဲ့ ယဉ်ထှာ အေ…။ခုတော့ ကျုပ်တို့ အမှန်အကန် နားမုဒိန်းကျင့် ခံနေရပါပကောလား …။

ရေရေလည်လည် ကွန်ဆာဗေးတစ်ဖြစ်တဲ့ လူကြီးတွေ များပြောပါတယ်… သီချင်းသံကြားရင် ခေတ်လူငယ်တွေ

တယ်ရိုင်းသကိုး ..ဘာညာ လုပ်တတ်ကြရဲ့… ဂျစ်ဂျစ်ဂျစ်ဂျစ်.. ရှဲ ရှဲရှဲရှဲ တွေ တပုံတခေါင်းပါတဲ့ တရားခွေတွေ

ဟိုဘက်အိမ် ထိပ်ကလော်က ထွက်လာတော့ သူတို့ချည်း လေသံကြား ဖမ်း သာဓုကြတယ်…။

ကျုပ်သိတာကတော့ ဒက်စီဘယ် ဘယ်လောက်ကျော်ရင် ဘာသံဖြစ်ဖြစ် noise က noise ပါပဲ ဆိုလား…။

(သိတယ်… သိတယ်…၀ိုင်းဆဲကြတော့မယ်… )

ပြောချင်တာ သည်လိုလေးရယ်ပါဗျာ.. ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြ ဆိုတဲ့ စကားကို ဖြည့်ရရင် …

တနေ့သေကြရမည် မသေခင် လုပ်ချင်တာ လုပ်ကြ ဒါပေသိ ..သူများ မထိခိုက်စေနဲ့ ဆိုတာ လေး ရယ်ပါ…။

တရားသံမှ သီချင်းသံမှ …စီးပွားရေး ကွ ဆိုတာလေး ဘေးချိတ်လို့ ပြောရရင်ဖြင့်….။

အလိုဗျာ city never sleeps တဲ့ …နေ့ဆိုင်း ညဆိုင်း အလုပ်လုပ်သူတွေ ရှိမယ်…(ကားဆြာတွေ နာ့စ်တွေ ဆြာဝန်

တွေပြောပါတယ်.. တခြား ညဆိုင်းသမားတွေတော့ သများ မသိ…) ကိုယ့်အိပ်ချိန် လာဆူနေရင်တော့

ဘာသံဖြစ်ဖြစ် ဘယ်သူမှ နှစ်သက်မယ်မထင်…။ နေထိုင်မကောင်းတဲ့လူ ရှိမယ်…။ သက်ကြီးရွယ်အိုတွေ ရှိမယ်…။

အလွန်ငယ်သေးတဲ့ ကလေးသူငယ်တွေ ရှိမယ်…။ နားအေးပါးအေး နေချင်တဲ့လူရှိမယ်..။

ကိုယ့် ကာလချာ နဲ့ ကွဲပြားမယ့် ဘာသာခြား လူမျိုးခြား တွေရှိမယ်..

ကောင်းတာလုပ်တာပဲ ဆိုဦးတော့ ..လော် ကာလချာ ကိုတော့ ပြန်လည် သုံးသပ်သင့်ပြီ ထင်ပါတယ်ဗျာ…။

အသံညစ်ညမ်းမှု ဆိုတာ ရှိတယ်ဗျို့ …။ ပူရတဲ့အထဲဗျာ… ကျောပူတာထက် နားပူတာက ဘာပြုတယ်ဆိုတာ လေး..

လော်သံ အပြင် ဆက်ရလျင်တော့ …

လူနေရပ်ကွက်ထဲက ဆောက်လက်စ တိုက်တွေမှာ မဆလာဖျော်တာ ..သံပန်း ဂဟေတို့တာ …ကျောက်ပြားဖြတ်တာ..။

ဒီဆြာတွေလည်း ဆင်ခြင်စေချင်တယ်ဗျို့ …တကယ်ပါ… ဘာမှ မဖြစ်လို့ ဘာမှ မဖြစ်သေးတာ …

အဲ့ …ဖြစ်တော့လည်း….. ဖြစ်ကြတာပေါ့ဗျာ ..ဘရိတ်ကာလေးတွေ ကျန်းမာရေးကောင်းအောင်သာ

ဆုတောင်းကြပါကွယ်တို့ …

တကယ်ပါ …၂၂၀၀ပ် မှာ ကျုပ်က ပါဝါမီတာ သမားမို့ ကျုပ် မထိခိုက်ပေမယ့် …အိမ်သုံးမီတာသာ

တပ်ထားသူတွေ ရဲ့ အိမ်မှာတီဗီဖြစ်ရတာ .ကွန်ပူတာဖြစ်ရတာ အဲကွမ်းဖြစ်ရတာ….အနှီ စက်ကလေးတွေ

ကိုဖြင့် ..ကျုပ်တော့ လွှတ်သနားသဗျာ…ဆေ့ဗ်ဂတ်လေးတွေ အေဗီအာရ်လေးတွေ ဘယ်လောက်တောင်

ရုန်းရရှာတယ်ဆိုတာလေး … အိမ်တွင်းစက်မှု လုပ်ငန်း ခေါင်းစဉ်မတပ်ဘဲ လုပ်ကြသူတွေရဲ့ ဆူညံသံနဲ့တကွ

မီးအားအတက်အကျမှာ ပစ်လိုက်ရတဲ့ လျှပ်စစ်ပစ္စည်းတွေ ပေါခဲ့တဲ့ ..ကျနော့် …ငယ်ဘွကို ပြန်မြင်ယောင်မိပါရဲ့…

နောက်တမျိုးက မည်သို့မည်ပုံ ချမ်းသာလာသည်မသိ…။ ကားတွေဝယ် ..ပြီး …ထားစရာ ဂိုထောင်မရှိ ခြံမရှိ …

(အလကားပါ …ရှိလည်း တိုက်ဆောက် လူတင် ငှားစား အဟတ်…) ပြီး ကားတွေ လမ်းပေါ်တင်…

ကားသူခိုးရန်က ကာကွယ်ရန်အလို့ငှာ ..ခွေးဝဲစားလေးတွေ စားမကုန်တာလေးတွေချကျွေး .. ငွေမကုန် အလှမပျက်

ချွေးမထွက်ဘဲ အစောင့်လေးတွေရ …အဲ့ ..(ချစ်လှစွာသော ရှီဇူးလေးများကိုတော့ အိမ်ထဲ ခြံထဲမှာပဲ ..မွေးမပေါ့နော..

ခွေးသူခိုး ရန်ကလည်း ကြောက်ရပါသဘိ…)

ဆိုတော့ သူဌေးအိမ်က အကျန်စား ခွေးဝဲစားများက လမ်းတကာလှည့် ခွေးဂိုဏ်းထောင် နယ်မြေလု ကိုက်ကြခဲကြ

ဟောင်ကြ အူကြ …ညညဆိုဗျာ … မပြောချင်ဘူး ..

စည်ပင်ခေါ် အမဲတုံးပစ်တော့… သတ္တ၀ါတွေကို သတ်ခိုင်းတာတဲ့ ပါဏာတိပါတာ တဲ့ …

သူရို့ကျတော့ .. သတ္တ၀ါလေးတွေကို သနားသဖြင့် ကျွေးမွေး ထားတဲ့အတွက် သေရင်ပက်လက်

နတ်ပြည်တက်မတဲ့လေ…. ။ ကျုပ်တို့ နားတွေ ခွေးဝဲစား မုဒိန်းကျင့်တာလည်းခံရသေး. .. ကိုယ့်အိမ်ကို သိုင်းကွက်နင်း

ပြန်ရင်တောင် ဒင်းတို့ ၀ိုင်းခဲမှာကြောက်ရသေး…။ အဲ့ …ကျုပ်တို့ထားပါဦး ..အမှိုက်ကောက်တဲ့ ချာတိတ်လေးတွေ

အကိုက်ခံရတာတို့ ကလေးငယ်တွေအတွက် အသက် အန္တရာယ် ချိန်းခြောက်နိုင်တဲ့ ခွေးရူးရောဂါ ပျံ့ပွားရေး

ချန်နယ်တခု ဖြစ်နေစေတာတို့ ကို ကျတော့ ..အနှီ သာထိန်းမင်းတွေဘယ်လို တာဝန်ယူဂျမဲ ဟင်င်င်င်..။

ဆက်ပြောရင်လည်း …. ရှင်က ဟိုလူဂျီးလိုပဲ ဘာဖစ်တယ် ညာဖစ်တယ် ပြောဦးမှာ စိုးလို့ ခွေးကိစ္စတော့ တော်သေးဘီဗျာ…..

(အာဟိ….အသည်းမမာတဲ့ ကျုပ်ပါဗျာ …ဂယ် ….)

 

ကဲပါ. .အချုပ်ပဲ ပြောပါတော့မယ် … လော် အပါအ၀င် လူနေအိမ် ပါတ်ချာလည်မှာ စည်းပွားရှာတဲ့ ကိုယ့်ဆြာတွေရော…

ခွေးဝဲစား ဂိုဏ်း ထောက်ခံသူတွေကိုပါ. … ပြောပါရစေ ကိုယ့်ဆြာတို့ …

ပြောတော့ ..ကိုယ့်ဆြာတို့ အားလုံး လိုချင်တာ … ဒီ .. ဆို …

ဒီ ဆိုတာ တောင်းယူရမှာ မဟုတ်ဘူး ဆို… ကျင့်ကြံယူကြမှ ရမှာ ဆို….။ စည်းကမ်း ရှိကြမယ် ဆို ဆို …. ဆို ….

 

တော်သေးဘီ.။.
ခင်တဲ့
ဂီ

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011