Air Bagan လေယာဉ်မယ်ဘောလုံးအသင်းနှင့် ရုပ်ရှင်အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲကစားမည်

klnJune 15, 20101min946

လေကြောင်းခရီးစဉ်များ ပြေးဆွဲနေသည့် အဲပုဂံကုမ္ပဏီမှ လေယာဉ်မယ်များပါဝင်သည့် အမျိုးသမီးဘောလုံးအသင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင် အမျိုးသမီး ဘောလုံးအသင်းအား ဖိတ်ခေါ်ဘောလုံးပွဲကျင်းပရန် ကမ်းလှမ်းထားကြောင်း ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဆုပန်ထွာက ပြောသည်။ “ ဒီလိုကမ်းလှမ်းလာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့စိတ်ဝင်စားပါတယ်။ အရင်ကလည်း အတွေ့အကြုံတွေရှိပါတယ်။ အခုအမျိုးသမီးအသင်းပြန်ဖွဲ့ပြီးသွားရင် ပြန်ကန်မှာပါ။ အဲဒီအတွက် လေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ” ဟု၎င်းကပြောသည်။ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် လေ့ကျင့်ရေးကွင်းတစ်နေရာရွေးချယ်ပြီး၊ တစ်ပတ်လျှင် စနေနှင့် ဗုဒ္ဓဟူးနှစ်ရက်ဖြင့် ယခုဇွန်လမှ စတင်ကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်းတို့ဖြင့် ပဏာမဖွဲ့စည်းထားပြီဖြစ်ကြောင်းနှင့်စိတ်ဝင်စားသော အခြားအနုပညာရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ အသင်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ဆုပန်ထွာက တာဝန်ယူမည်ဖြစ်ပြီး ယခင်အမျိုးသမီးဘောလုံးအသင်းတွင် ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်က အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ကြောင်း သိရသည်။

6 comments

  • etone

    June 15, 2010 at 6:07 am

    အင်း ဟုတ်တော့ဟုတ်ဦးမယ်နော် ။ လေယာဉ်မယ်နဲ့ မင်းသမီးတွေ တဲ့ …။ အင်း ပွဲကတော့စည်မှာပဲနော် ။

  • susunosuki

    June 15, 2010 at 6:18 am

    ကြည့်ချင်စမ်းပါဘိ
    ကိုယ်တိုင် မလုပ်နိုင်တောင် အားကစားဆိုတာ အားပေးရမှာ မို့လား
    ကန်ကြကန်ကြ
    ကြည့်ပစ်လိုက်မယ်

  • wailynnoo

    June 15, 2010 at 10:02 am

    မြန်မာဘောလုံးမြင့်တက်ဖို့ ဆွဲဆောင်တာဖြစ်မယ်။ အားအားယားယား သွားမကြည့်နိုင်ပါဘူး။

  • ဒိုးစနစ်

    June 21, 2012 at 3:24 pm

    လာထား ၁၀..အဲလေ.. ကြည့်မယ်

  • cum min

    June 21, 2012 at 4:18 pm

    ပုံလေးတွေပါတင်ထားရင်တော .ကောင်ချက်ကထောင်းချက်တဲအတိုင်းနေမှာပါ..အဟင့်

  • Phaung Phaung

    June 21, 2012 at 5:06 pm

    လေယာဉ်မယ်တွေဆိုတော့ မင်းသမီးရှုံးလောက်အောင်ချောသူလေးတွေပါမှာပဲ။ တော်ကြာမင်းသမီးတွေ မနာလိုတိုရှည်ဖြစ်ပြီး ဘောမကန်ဘဲ၊ လူကန်နေကြဦးမယ်။ ဟီ ဟီ…။ မတူတဲ့အမြင်နဲ့တွေးကြည့်တာနော်။
    ပြေးပြီ……. နီမှာစိုးလို့။

Leave a Reply