သည်တခါ ဟနွိုင်အလွဲကလည်း ရှယ်ပါပဲခညာ…

အော်… လွဲနေတာချည်းပဲ ..တခါတလေလေး တည့်ပါဦးလား မောင်ဂီ့ ရယ်…

အဟမ်း ..ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရရင်ဖြင့် ..ဂလို …

မွေးသမိခင် ကြီး လှေခါး၃ထစ်ပြုတ်ကျ ခြေကျိုးနေပြီး မောင်ဂီ့ ကြပ်ပေးလို့ ကားရောင်းထားပြီးသကာလ..

မောင်ဂီ့ ပါခြေ၂ချောင်းလုံး ကျိုးနေသလို ဖြစ်တဲ့ ကာလကြီးပါဗျာ …

ပြန်တဲ့နေ့က တာကူစီ ကို ငှားပြီး တကိုယ်တော် အလှူခံ မဏ္ဍပ်ကြီး အဲလေ …လေယာဉ်ကွင်းကြီးကို

ဆင်းချသွားသပေါ့ …။

လေဆိပ်ရောက် ပစ္စည်းတွေဘာတွေ စစ် လတ်ဂေ့ခ်ျ အပ် ..အဲ့ ..၀ိတ်ချိန်တဲ့ ငတိက ၁ထောင် တောင်းသွားသေး..

သက်သာတယ်နော … ကျုပ်ဟာကျုပ် တွန်းလာတဲ့ အိတ်ကို ၁ချက်ကလေးမပြီး ကတ္တားပေါ်တင်ပေး ယုံနဲ့ ပိုက်ပိုက်တောင်းတာ

၁အိတ် ၁ထောင် ..အဟတ်.. ကျုပ်တောင် လုပ် စားချင်သေးဗျာ.. နေ့တွက် တယ်စီသကိုး …

ဂလိုနဲ့ လ.၀က ဖြတ် တော့ .. စာအုပ်နီလေး ကိုင်ထားသူများသာ ဆိုတဲ့ ဘက်မှာ တန်းစီ သပေါ့ …

ရှေ့မှာ ၁ယောက်ပဲရှိတာ ရယ်လေ.. အေးဆေးပေါ့ …အဲ့ဒါ သည်ဘက် ကောင်တာက ပုဂ္ဂိုလ်တယောက် လှမ်းခေါ်လေရဲ့

သူ့ ကောင်တာခေါင်းစီးက သင်္ဘောသီးများသာ တဲ့ ..

ညီလေး စီးမန်း လား ..မဟုတ်ဝူးခည….မဟုတ်လည်း လာကွာ … 

တိန်…အော်… စောင့်နေရတာကို စေတနာထားတဲ့ သဘော … နွေးထွေးတဲ့သဘော..

မောင်ဂီ့ ကလည်း ချစ်စရာလေးမလား… အာ..ဟိ…

အဲ့လိုနဲ့အနှီပုဂ္ဂိုလ်ဆီမှာ ဆောင်ရွက်စရာတွေ ဆောင်ရွက်ပြီးသကာလ..

နောက် ထပ်ရောက်လာတဲ့ လူတွေ ကျနော် စီခဲ့တဲ့ နေရာလေးမှာ ၄-၅ယောက် စီတန်းနေလေရဲ့ …

ကိုယ့်ဆြာ ဒေါဖောင်းသွားတယ်ထင့် ..

မင်းတို့ကွာ ..အဲ့မှာပဲ သွားပြုံတိုးနေကြတာပဲ …. 

တိန်… ကိုယ့်ခေါင်းပေါ်က ဆိုင်းဘုတ်လေး ကိုယ်မော့ဖတ်ပါဦး ဆြာသမားရယ်…

 

 

ကဲကဲ ထားပါတော့ ..ဘာမှ ကိစ္စ မရှိသေး.. အေးချေး အေးချေး…ဆေးလိပ်သောက်ခန်းထဲသွား ရူဘီလေး ခဲလိုက်ဦး…

ပြန်ထွက် ဆော်ဗီးနား လေးဘာလေး ကြည့် … ..တွေ့ပါဘီကွယ်.. စိတ်ဝင်တစား ကိုင်တွယ်ကြည့်ရှုနေတဲ့ ကတ်စတန်မာ

(တီလုပ် ထင်ရဲ့ )ဘွားတော် ၃-၄ယောက် ရှေ့ ..ကောင်တာလေးဘေးမှာ.. အရောင်းစာရေး မမ တယောက် …

ကတ်ဆက်လား ရေဒီယိုလား မသိ ..က ဖွင့်ထားတဲ့ သီချင်းကို ပီသ ကြည်မြတဲ့ အသံလေးနဲ့ ကျကျနန လိုက်ဆိုနေတာ..ဘာတဲ့ ..

ယုံချင်တယ် မောင်ရယ် တဲ့ … 

သေဟ …ကတ်စတမ်မာ ဆားဗစ်… စိတ်လျော့မောင်ဂီ့ နင့် ထိခိုက်တာ မှမဟုတ်တာ ..အေးချေး အေးချေး….

 

 

အိမ်ကို ဖုန်းဆက်ရင်ကောင်းမလား ..တွေးမိသေး ..ဆော်ဗီးနား ဆိုင်လေးတွေနားမှာ ဖုန်း၁လုံးတွေ့တာ ကိုးဗျ…

ဟမ်… မလေးဂိုးမယ့် ကိုကိုတွေ ၃-၄ယောက် အုပ်ဖွဲ့ပြီး ဗိုက်တာမင်ကျူ ခံစားနေကြတာများဗျာ …

အေးလေ…ဟိုဘက်ကကောင်မလေးကလည်း
ယုံချင်တယ်မောင်ရယ် ပဲ ပြောမှာပေါ့ ..အဟတ်… ထား မောင်ဂီ ထား …နင့်မှာ က အကြောင်းအထွေအထူးရှိတာမဟုတ် ..

မဆက်ရလည်း  ဘာမှမဖြစ်..

 

နားအေးပါးအေး ဂိတ်မဖွင့်သေးပေမယ့် သွားထိုင်နေတာ အေးပါတယ်အေ …ဆိုပြီး လေယာဉ်ထွက်ဖို့ ၂နာရီလောက်လိုတာကို ၁ယောက်ထဲ

နားနေခန်း ထဲ ဆင်းချလာလိုက်တယ်… တိမ်မထူရင် လေယာဉ်တောင်ပံတွေကြားက ဆန်းဆက် ကို အမိဆွဲမယ်ပေါ့ ..(အကြံနဲ့)

လွယ်အိတ်ဖွင့် .. ကင်မလာ ထုတ်… ပစ္စည်းစစ် …ဟင်င်င်င်...

 

ချာဂျာ တခုနဲ့ သိပ်သိပ်ချစ်ရပါသော ND400 filter ကျန်ခဲ့ပဟ… အေးလေ ..ဖုန်းလေးဘာလေး ဆက်ဦးမှ…

ပစ္စည်းက သိပ်အရေးကြီးတဲ့ပစ္စည်းတော့ မဟုတ်… ချာဂျာ နောက်တလုံးကျန်သေး ..ND မရှိ ရေတံခွန် မရိုက်ယုံ ..

နောက်လူကြုံမှ ထည့်ပေး … ဂလောက်ပါပဲ …ဒါလေးပြောမို့ရယ်…

ဂလိုနဲ့ နားနေခန်း ထဲက တလုံးတည်းသော ဖုန်းလေးဆီကို သွား ..အဟတ်. .နာတယောက်တည်း ..မာမားဆီဆက်ပြီးရင်

ဘယ်ဆက် ရမလဲ ခေါင်းထဲ မီးလုံးလေးတွေ တလုံးပြီးတလုံးလင်း …အင်း… ဟုတ်နေတာ ..အဲ့ဒါဟုတ်နေတာ…

ဟင့်အင်း ဟုတ်လိုက်ရဘာဘူးဗျာ…ဖုန်းက အော်တိုမ၀င် … တေဇမ်း ..

ကဲပါစိတ်လျော့ ..အားလုံး အိုစကေ တော့မှာပါလို့ … တွေးရင်း ကြော်ငြာတွေ ထိုင်ကြည့်နေသပေါ့ဗျာ..

 

ဂလိုနဲ့ .. လူတွေ ထပ်ထပ် ရောက်လာ .. အဲ့ ..လူတယောက် ပလတ်စတစ်ဗူး တဗူးနဲ့ မောင့်ဂီ့ မေ့ကျန်ပစ္စည်းတွေ

အိမ်ကပေးခိုင်းလို့ တဲ့ လာပေးလေရဲ့… (သက်ဆိုင်သူ ကူညီသူအပေါင်းတို့ ..ကျေးကျေးပါဗျို့ ..)

(ခိုးခိုးရှိုးတဲ့ စကီလေး ကျုပ်နာမည် အမှန်ကြီး သိသွားတာတော့ မကျေနပ်ပါ… ကြွားထှာ ..)

အဲ့ဒီမှာ စိတ်ကလေးက ချမ်းသာသွားပြီး တပြိုင်နက်… ဂိတ်ကလေး ကလည်း ဖွင့် လေသတည်းပေါ့…။

ဂိတ်ဖွင့်တာနဲ့ မောင်ဂီ့လည်း ဘတ်စ်ကားပေါ်တက် နေရာယူပေါ့ ..သိတဲ့အတိုင်း ကျုပ်က ပစ္စည်းက အများသား…

တူရ စကားငှားပြောရရင် ဆွမ်းတော်ခွက်တွေ (ပြောင်းတွေ) ပါတဲ့ လွယ်အိတ် တလုံး ..လက်ပကျွတ်ပါ ထည့်ထားသေး..

ပြီး ထရိုင်ပေါ့ တချောင်း (ထရိုင်ပေါ့ က လတ်ဂေ့ခ်ျမဆန့်တော့) နောက် အိမ်က ထည့်ပေးလိုက်တဲ့ မေ့ကျန်ပစ္စည်း ပလတ်စတစ်ဗူး..

ကားကမထွက် မထွက် အောက်မေ့ပါတယ် ဘယ်ဟုတ်မတုန်း လူမှ မစုံတာကိုး ..

ကားပေါ်ရောက် လီဗာလေး ဟဲပြနေမှ အပြေးတပိုင်း ၀င်လာကြသူတွေ မနည်း …

ကဲကဲ ရှိစေတော့ ..ကားလည်းကျပ်ပြီ ..ဒါတောင် မထွက်သေး…တိန်.. ဘယ့်နှယ့်ဟာတုန်းအေ…

ကားဆြာလေးက အောက်က စကားပြောစက် ကိုင်ထားသူကို ပြောနေသံကြားတယ်…

ယနေ့ ဗီအိုင်ပီ ရှိ၏ ဆိုပဲ … အဲ့သည့်မှာ စတွေ့တာပဲ ဗီအိုင်ပီ နဲ့ ဗီယက်နမ် ..

အဲ့ဒါနဲ့ လေယာဉ်ပေါ်ရောက် ..လေယာဉ်က မထွက် ..

ဘေး ကိုကြည့်တော့ … ဂငယ် …တေဘီ မောင်ဂီ့ တေဘီ …စောင့်ရတာ မပျင်းရဘူးပေါ့လေ..

စိတ်ထိန်း မောင်ဂီ့ စိတ်ထိန်း … (တယောက်တည်း ခရီးထွက်လာတာတဲ့ … ပြောလိုက်တဲ့ စကား ဗျာ

ဘယ်တုန်းကတည်းက အောင့်အီးထားတယ် မသိပါဘူး ..)

 

လေယာဉ် ဘာလို့ မထွက်ပါလိမ့် ဆိုတဲ့ အကြောင်းနဲ့ ဗီအိုင်ပီ ဆိုတဲ့ စကား ကို ဆပ်စပ် တွေးကြည့်မိပြီးနောက်

ဘေးဘီဝဲယာ မျက်စိ ဝေ့ကြည့်လိုက်မိတော့ ..ရှေ့ဘယ်ညာ လူ ၁၆ယောက်စာလောက် နေရာလပ်ကြီး သွားတွေ့ရဲ့ဗျာ…

လားလား ..ဘယ်တော့မှ လာမှာလဲမသိ ..ချွေးစေးများတောင် ထွက်မိပါရဲ့ …ဟိုငတိလေးများလား ..ဒါမှမဟုတ် တခါက ကိုလင်းဝေကြီး

ရေးတဲ့ ပိုစ့် လိုများလားပေါ့ … ဟော ဟော… ၁၅မိနစ်လောက်ကြာပြီးတဲ့ နောက်တော့မှ.. မှန်အမည်းတပ် ဘတ်စ်ကားကြီး ဆိုက်ချလာပါရောဗျာ …

 

အံမယ် ..အားလုံး ကြောင်လျှာသီး လည်မှာ ဆွဲလို့ ဘုတွေ ဆု တွေနဲ့ …

စီးတော့ ညလေယာဉ် ..ဗီယက်နမ်ကို ည၉ခွဲလောက် ဆိုက်မှာ ။ ဘယ် ဂုဏ်သရေရှိ လူဂျီးမင်းတွေနဲ့ တွေ့ဖို့ရှိတယ်တော့မသိ…

ဝတ်စားလာပုံတွေ ပြောပါတယ်.. ဂလိုနဲ့ အဆိုပါ လူဂျီးလူဂေါင်းများ အသီးသီး နေရာယူပြီးနောက် ဘောက် ဆပ် ဆပ် နဲ့ တက်လာပြီး

ဘယ်ညာ ဖမ်းရှိုးနေတဲ့လူတယောက်.. ပီးမှ ရှေ့ဆုံးခုံ မှာ စွေ့ကနဲ ၀င်ထိုင်သွားပါတယ်…

 

မောင်ဂီ့ ကတော့ တွေ့ဖြစ်အောင် တွေ့လိုက်ပါသေးရဲ့ဗျာ …

ထိပ်ဆုံး တွေ့တာက မျက်မှန် ၊ နောက်မျက်နှာပြဲပြဲ …နောက်ဆုံး ဗိုက် …

စဉ်းစားစမ်း .မောင်ဂီ့ …သည်မျက်နှာကြီးကို …

အိခ်ခ်ခ်…

ဒါ ….ဒါ …. .. ဒါဂျီးက … ဟုတ်ပါ့ဗျာ ..

ချစ်ဆုံးဂျီး …..
…ဆက်ရန်….

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011