ပမ္မ၀တီ မြစ်ကြောင်း ပေါ်က
မုန်တိုင်းပျော်တဲ့ဒေါင်းငှက်။
အိပ်မက်ကို အခြေတည်
ညီညွတ်တဲ့ ခွန်အားနဲ့ အိမ်မဲသားတွေ
လက်ရုံးများနဲ့ ဥာဏ်အားတူ
ခံယူချက်က အသက်။

ရောင်နီ သမ်းပြီကွဲ့
တို့လမ်းမှာ အဆင်းမြမြနဲ့
သတင်းလှလှတွေ အခြေပြု
အမေစုဆိုတဲ့ အလင်းအောက်က
ဒူးမထောက် မကြောက်ရွံ့သူတွေ။

အများပြည်သူတွက်
တအားညီတူတဲ့ လက်တွေခိုင်ခိုင်
သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ
တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့
ဒေါင်းတွန်သံတဝေေ၀။ ။

(ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ တွင် (၁၃.၅.၂၀၁၂ နေ့တွင် ဖွင့်လှစ်မည့် NLD ရုံးဖွင့်ပွဲကို ကြိုဆို ဂုဏ်ပြုပါသည်။)

About htet way

has written 133 post in this Website..