ဂျက်မ နဲ့ အလီဘာဘာ
သိပြီးသားဆိုလည်း သီးခံ ဖတ် ဒါမှ မဟုတ်ကျော် သွားကြပါဗျာ။
မသိသေးရင်လည်း ဖတ်ကြည့်ပေးပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
တရုတ်ပြည် Zhejiang Province, Hangzhou မြို့ လေးမှာ ဂျက်မ မွေးဖွားခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ Hangzhou Teachers College ကနေ အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရရှိခဲ့ပြီး
အဆိုပါ ကျောင်းမှာပဲ ပြန်လည် အလုပ် ဝင်ခဲ့သူပါ ။ နောက်တော့ Hangzhou Dianzi University မှာ
အင်္ဂလိပ်စာ နဲ့ အပြည်ပြည် ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး သင်ကြားပို့ချသူ ဖြစ်လာပါတယ်။
အဲ့ဒီနောက်မှာတော့ ဂျက်မ ဟာ အမေရိကား ကိုရောက်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေရဲ့
အကူအညီနဲ့ တရုတ် ကုမ္ပဏီတွေအတွက် websites တွေ တည်ဆောက်ပေးတဲ့ အလုပ်ကို လုပ်ကိုင်
ခဲ့ပြန်ပါတယ်. အဲ့သည့်အချိန်တုန်းက တရုတ်ပြည် internet connection ဟာ အလွန်နှေးကွေးတဲ့
dial-up connection ဖြစ်ပါတယ်။ ဂျက်မက သည်လို ပြောခဲ့ဖူးပါတယ်။ ကျုပ်တို့ဟာ webpage စာမျက်နှာ
တဝက် လောက် တက်လာဖို့အတွက်ကို ၃နာရီခွဲလောက် ထိုင်စောင့်ကြရပါတယ်။ ကျုပ်တို့ သောက်ရင်း စားရင်း
ဖဲရိုက်ရင်း စောင့်ဆိုင်းခဲ့ကြရတာပါ။ ဒါပေမယ့် ကျုပ် အလွန်ဂုဏ်ယူပါတယ်။ ဘာလို့လဲဆို တရုတ်တွေကို
internet ဆိုတာ ရှိတယ် ဆိုတာကို ကျုပ် ကသက်သေပြနိုင်ခဲ့လို့ပါပဲ။
၁၉၉၅ ခုနှစ်မှာ ဖြစ်ပါတယ်။ ဂျက်မ ဟာ China Yellowpages ကို ထူထောင်ခဲ့ပါတယ်။ ဒါဟာ တရုတ်ပြည်ရဲ့
ပထမဦးဆုံးသော Internet-based company ဖြစ်တယ်လို့ အတော်များများက ယုံကြည်ကြပါတယ်။
၁၉၉၉ ခုနှစ်မှာတော့ ဂျက်မဟာ Foreign Trade and Economic Cooperation ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့
China International Electronic Commerce Center က ကမကထပြု ထူထောင်တဲ့ IT company တခုကို
ဦးဆောင် နေပြီ ဖြစ်ပါတယ်။ အဆိုပါ နှစ်မှာပဲ ဂျက်မ ဟာ alibaba.com ကို ထူထောင်ခဲ့တာပဲ ဖြစ်ပါတယ်။
Alibaba.com ဆိုတာဟာ internet ပေါ်က တရုတ်ပြည် အခြေစိုက် business-to-business အရောင်းအဝယ်ပြုကြတဲ့
ဈေး တစ်ဈေး သာဖြစ်ပါတယ် ။ယနေ့အချိန်မှာ alibaba.com လို့ ပြောလိုက်ရင် အပ်ကစပြီး ဒုံးပျံအထိ ဝယ်လို့ရတယ်လို့
တင်စားကြရလောက်အောင် ကို နိုင်ငံပေါင်း ၂၄ဝကျော်က သုံးဆွဲသူ user ပေါင်း ၇၉သန်းလောက် ကို စီးပွားဖြစ်စေတဲ့
virtual shopping centre တခုဖြစ်လို့နေပါပြီ။ ယခု အချိန်မှာ ဂျက်မ ဟာ
Alibaba.com,
Taobao Marketplace,
Tmall.com,
eTao,
Alibaba Cloud Computing and
Yahoo! China.
အစရှိတဲ့ Alibaba စီးပွားရေးလုပ်ငန်းစုရဲ့ ပိုင်ရှင် chairman နဲ့ ဦးဆောင်သူ CEO ရာထူးတွေကို ရယူထားပါတယ်။
ဂျက်မ ရဲ့ အောင်မြင်မူတွေကို ကြည့်မယ် ဆိုရင် 2001 ခုနှစ်မှာ World Economic Forum ကနေ “Young Global Leader”
ဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ China Central Television ရဲ့ ကြည့်ရှုသူတွေက “Top 10 Business Leaders of the Year”
ထဲက တယောက် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ပြည်တွင်းသာမကဘဲ အပြည်ပြည်ဆိုင်ရာ အောင်မြင်မှု အနေနဲ့ ၂၀၀၅
ခုနှစ်မှာ နာမယ်ကျော် Fortune Magazine ကနေပြီး “25 Most Powerful Businesspeople in Asia” ထဲကတယောက် အဖြစ်
ရွေးချယ် ခံခဲ့ရပါတယ်။ တချိန်တည်းမှာ Time Magazine ကလည်း Time 100 list of the world’s 100 most influential people
စာရင်းထဲ ထည့်သွင်းခဲ့ပါသေးတယ်။
Adi Ignatius လို့ခေါ်တဲ့ Timeမဂ္ဂဇင်း စီနီယာ အယ်ဒီတာ ဟောင်း နဲ့ ယခု Harvard Business Review ရဲ့ editor-in-chief
က ဂျက်မ နဲ့ ဆုံတွေ့ရတဲ့ အပေါ် သည်လို ဆိုခဲ့ပါတယ်။ “ဂျက်မ ကိုတွေ့တာနဲ့ အင်္ဂလိပ်စာ ဆရာ လုပ်နေတုန်းပဲလို့ ထင်ကောင်း ထင်ရ
နိုင်ပါတယ်” ဟုတ်ပါတယ် တရုတ်ပြည်ရဲ့ အထင်ကရ အင်တာနက် စွန့်ဦးတီထွင်သူ ဂျက်မ ဟာ စကားပြော အလွန်ပြေပြစ်ပြီး အင်မတန် ကောင်းမွန်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိနေပါတယ်။
ဒါပေမယ့် သူဟာ အသက် ၄၄နှစ်မှာ eBay လိုမျိုး ကမာ့ အကြီးကျယ်အခန်းနားဆုံးသော B2B online marketplace ကြီး Alibaba.com ရဲ့
CEO ဖြစ်နေပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဂျက်မရဲ့ စားသုံးသူလေလံ website ဖြစ်တဲ့ Taobao.com ဟာ ၂၀၀၆ခုနှစ်မှာ အလွန် ရေပန်းစား လူကြိုက်များခဲ့ပြီး နာမယ်ကျော် eBay
တောင် တရုတ်ပြည် ဈေးကွက်က ထွက်ခွာသွားရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးသော ပုဂ္ဂိုလ် တယောက် အဖြစ် BusinessWeek Magazine က ရွေးချယ်ခဲ့ပြီး
Forbes China ကတော့”လေးစားစရာအကောင်းဆုံး တရုတ်လူမျိုး စွန့်ဦးတီထွင်သူ ၁ဝဦး” ထဲမှ တဦးအဖြစ် ၂၀၀၉ ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။
အဲ့သည့်နောက်မှာတော့ “2009 CCTV Economic Person of the Year: Business Leaders of the Decade Award” ဆိုတဲ့ဆုကိုလည်း
ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
၂၀၁ဝ မှာတော့ ဂျက်မဟာ သူ့ရဲ့ လူသားချင်းစာနာထောက်ထားမှု ဆင်းရဲမွဲတေမှု တိုက်ဖျက်မှု နဲ့ ဆိုင်တဲ့ အလှူအတမ်းတွေအတွက်
Forbes Asia မဂ္ဂဇင်းက ရွေးခယ်တဲ့ “Asia’s Heroes of Philanthropy” ဆုကိုလည်း ရရှိခဲ့ပြန်ပါသေးတယ်။
၂၀၁၁ခုနှစ် အတွင်းက ဂျက်မဟာ Alipay ဆိုတဲ့ company ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေငြာ ခဲ့ ပါတယ်။ ဒါဟာ အသစ်တော့ မဟုတ်ပါဘူး ယခင်က
Alibaba Group ရဲ့ SBU တခုဖြစ်ပါတယ်။
တရုတ်ပြည် အစိုးရရဲ့ ငွေပေးချေမှု ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ Alipay ကို ဆက်လက် လည်ပတ်နိုင်ဖို့ ဒီလို လုပ် ရခြင်းလို့ ဆိုပါတယ်။
လေ့လာစောင့်ကြည့်ရေးသမားတွေဟာ ဂျက်မဟာ ဘုတ်အဖွဲ့လူကြီးတွေရယ် အခြားသော အဓိက ရှယ်ယာဝင်တွေဖြစ်တဲ့ Yahoo နဲ့ Softbank
တို့ မသိအောင် သည် company ကို အောက်ကြေးနဲ့ သူ့ကိုသူ ရောင်းချခဲ့တယ် ဆိုကြပါတယ်။ ဒါပေမယ့် ဒါဟာ မဟုတ်မှန်ကြောင်း မနှစ်က ဇူလိုင်လ
အတွင်းက ငြင်းဆို သွားကြပါတယ်။
ဂျက်မ အကြောင်း ဆက်စပ်လို့ ပြောရရင် Apple Inc. ရဲ့ CEO ဟောင်း Steve Jobs နဲ့ ယှဉ်လို့ရမယ့် တဦးတည်းသော တရုတ်လူမျိုးလို့
တင်စားကြပါတယ်။ ဂျက်မ e-commerce လို့ခေါ်တဲ့ အွန်လိုင်း ဈေးအရောင်းအဝယ် ပြုခြင်း ကိစ္စကို Chinese Version အဖြစ် redefine လုပ်ပြခဲ့သူ
ဖြစ်ပါတယ်။ ဂျက်မ ရဲ့ Alibaba.com ဟာ တရုတ်ပြည်က အသေးစား ကုန်ထုတ်စွမ်းအားစုတွေကို ကမာ္ဘကြီးနဲ့ ဆက်စပ်ပေးပြီး Made in China
အရာတိုင်းနည်းပါးကို ကမာ္ဘအနှံ့တင်ပို့ ခွင့်ပြုခဲ့သူပါ။ Steve နဲ့ တူတဲ့ နောက်တချက် ကတော့ ဂျက်မ ဟာလည်း ပြိုင်ဘက်တွေကို
တိုက်ခိုက်ရတာ နှစ်သက်ပါတယ်။ Search engine ဆိုလို့ ကမာ္ဘကျော် Google Inc. မရှိတဲ့ China မှာ Baidu.com ဟာ မင်းမူနေပါတယ်။
ဂျက်မဟာ အခြားသော search engine တခုဖြစ်တဲ့ e-Tao ကို ဝယ်ယူမယ် လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဂျက်မက
“လူတွေက ကျနော့်ကို search engines တွေကိစ္စမှာ ဘာလို့ ပါဝင်ပတ်သတ်ရသလဲ” လို့မေးကြ တယ်
“အကြောင်းပြချက်ကတော့ Baiduကို နှစ်နှစ်ခြိုက်ခြိုက် ဆက်လက် အိပ်ပျော်နေခွင့်မပေးချင်လို့ပါပဲ ။ တကယ်လို့
Baidu ဆက်လက် အိပ်ပျော်နေမယ်ဆိုရင် တရုတ်ပြည်က အင်တာနက် အသုံးပြုသူတွေ ကောင်းကောင်း အိပ်မပျော်
ရဖို့ ဖြစ်လာစရာ ရှိလို့ပါပဲ”
လွန်ခဲ့တဲ့ ၅နှစ် က တရုတ်ပြည် ကို အင်ပါယာ ချဲ့ထွင်ဖို့ ကြိုးစားလာတဲ့ eBay ကို တိုက်ထုတ်ပစ်ခဲ့တဲ့ ဂျက်မရဲ့ Taobao.com ဟာ ယခုဆိုရင်
ဈေးကွက်ဝေစု ၃၃%တောင် ရှိနေပြီဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ ယခုဆိုရင် ဂျက်မဟာ Google Inc. ရဲ့ smartphone operating system:
“Android” ကို စိန်ခေါ်ဖို့ Aliyun ဆိုတဲ့ handset operating system ကို ပွဲထုတ်လာခဲ့ပါပြီ။
ဂျက်မဟာ အလုပ်ထဲ ဈာန်ဝင်စားမှု အပိုင်းမှာ Steve နဲ့ ဆင်တူတဲ့အချက်တွေ ရှိနေပြန်ပါသေးတယ်။ သူဟာ သူ့ဝန်ထမ်းတွေကို
Aliren လို့ခေါ်ပါတယ်.. အဓိပ္ပါယ်ကတော့ အလီရဲ့လူတွေ ပေါ့ ။ နောက်ပြီး သူ့ရဲ့ ရုံးခန်းဟာ တရုတ်ဂန္ဓဝင် ဝတ္ထု အတွဲတွေဖြစ်တဲ့
သူရဲကောင်းတို့ ဒဏ္ဍာရီ လို ခင်းကျင်းထားတယ် အဆိုရှိပါတယ်။ (အဆိုပါ ရုံးခန်းကို မမြင်ဖူး လို့ ဘယ်လိုပုံလည်း ဆိုတာ မပြောတတ်ပါ)
ဂျက်မ ဟာ အစိုးရပိုင် ဘဏ်တွေရဲ့ ခပ်ချာချာ အနေအထားကို စိန်ခေါ်ခဲ့ဖူးတာ မှတ်တမ်းရှိပါတယ်။ ၂၀၀၄ခုနှစ်မှာ သူထူထောင်ခဲ့တဲ့
online payment system “Alipay” ဟာ စားသုံးသူတွေကို ပိုမို အဆင်ပြေချောမွေ့စွာ ဝယ်ယူ ဖို့ ထောက်ပံ့ပေးနေပါပြီ။ ၂၀၀၉ ခုနှစ်မှာတော့
ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းခွဲတခု အနေနဲ့ Ali-loan ကို စတင်ခဲ့ပါတယ်။ ဒါဟာ အသေးစား စီးပွားရေးလုပ်ငန်းစုတွေကို
ပိုပို ငွေကြေးစိုက်ထုတ် ချေးငှားပေးဖို့ဖြစ်ပြီး အမျိုးသားစီးပွား တခုလုံးကို ဆွဲတင်သွားဖို့လို့ ဆိုပါတယ်။ Alifest conference တခုမှာ
ဂျက်မ က သည်လို ပြောခဲ့ပါတယ်။
“တကယ်လို့ ဘဏ်တွေသာ ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုလျင် ကျုပ်တို့ဟာ ဒင်းတို့ကို ပြောင်းပစ်မယ် “
“If banks don’t change, we will change banks,”
ကျနော် ဂျက်မ အကြောင်းရေးတာ လေးစား အားကျ လို့ပါ ..။ တခါတုန်းက သူပိတ်ရက်ရှည် အပမ်းဖြေ အနားယူမှု မလုပ်ခင်ရက်ပိုင်းကလုပ်တဲ့
ဆင်မီနာ တခုမှာ ဂျက်မ က သည်လိုပြောသွားဖူးပါတယ်။ လူတွေက ကျုပ်ကို ငွေနောက် အောင်မြင်မှုနောက် လိုက်တယ် ပြောပါတယ်။ မဟုတ်ပါဘူး
ကျနော် ပျော်ရွှင်မှုနောက် လိုက်နေတာပါ ဘယ်လိုပျော်ရွှင်မှု လဲဆိုတော့ ကျနော် တနေ့ လမ်းလျောက်နေရင်း လူတယောက် ထွက်လာပြီး ကျနော့်ကို နှုတ်ဆက်ပါတယ် ။ သူဘာပြောလဲဆိုတော့ ..
ဂျက်မ ခင်ဗျားကို ကျုပ်တို့ အလွန်ကျေးဇူးတင်ပါတယ်။
ဘာဖြစ်လို့ပါလိမ့် ..
ခင်ဗျား ကျေးဇူးကြောင့် ကျနော် ရော ကျနော့် အမျိုးသမီးပါ အိမ်ကခွာစရာမလိုဘဲ စီးပွားရှာနိုင်လို့ပါ။
သူဟာ မိသားစု ကုန်စုံဆိုင် တဆိုင်က ပိုင်ရှင် ဖြစ်ပါတယ်။ အလီဘာဘာရဲ့ ဖောက်သည် တယောက်ဆိုပါတော့။
သည်လို ပြောခံရတဲ့အခါမှာ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ စားသုံးသူတွေလည်း ပျော်ရွှင်ရပါတယ်။ ကျနော် အနားယူပါဦးမယ်
ပြီးရင် ခွန်အားအပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်။ (ကျနော် မှတ်မိသလောက် ချရေးလိုက်တာပါ စကားလုံးလွဲချင်လွဲမယ် ..အဓိပ္ပါယ်တော့
တသဘောတည်းသွားမှာ ဖြစ်ပါတယ်။)
လို့ China 2.0 ကို ပုံဖော်နေသူ ဂျက်မ က ပြောသွားခဲ့ပါတယ်။
နားဦးမည်။
Ref:
http://online.wsj.com/article/SB10001424052970203388804576617590234179896.html
http://en.wikipedia.org/wiki/Jack_Ma
ဂျက်မ နဲ့ အလီဘာဘာ ဆိုတော့ တရုတ်မင်းသမီးနဲ့ အာရေဗျ သူခိုးကားရိုက်မယ့် သတင်းအောက်မေ့တာ
ဖတ်ရှုမှတ်သားသွားပါတယ် ခင်ည
Was this answer helpful?
LikeDislikeဒါ မောင်ဂီ ရဲ့ စတိုင် မျိုးလို့ တွေးပြီးဖတ်မိတာ။
Version တက်ရမဲ့ ဇာတ်လမ်းတွေ မဆက်ဘဲ အသစ်တွေကို စိတ်ပါရာပြောင်း။
ပိတ်သတ်ကြီးတွေ စောင့်ဖတ်နေရတာ ကို မသိကျိုးကျွံ ပြု။
အဲဒီ တန်းလန်း တွေကို ဖြတ်သင့်ပြီ။
မပြောချင်တော့ပါဘူး အေ။
မင်း က ဈေးသည် ဆိုတော့။
Was this answer helpful?
LikeDislikeပန်းတနော် ပုံတွေ ဆက်ပြင် ဆက်တင်ချင်ပေမယ့်
ကျနော် မျိုးကြီး နီးရာဓါးကြောက်နေရပါတယ်..ဗျ
မပြန်ခင် ၁လလောက် ပီစီပျက်နေတုန်း ရိုက်ထား နှက်ထားသမျှတွေ
ကြွေးတောင်းသလို ဝိုင်းတောင်းနေကြလို့ပါ….။
အော်…ရယ်.. သူတို့က ၈ယောက် အနော်က ၁ယောက်
ရေရေလည်လည် မနိုင်မနင်း ဖြစ်ရပါကြောင်း…။
(ဒါတောင် ပီစီပျက်လုပျက်ခင် တိုကီယိုမှာ ပစ်ခဲ့တဲ့ စိုင် က
ဖုန်းနဲ့ ကွိုင်ရှာတာမပါသေး..)
မာမား အစ ကိုအရင့်ရောင် တို့ မနွေးသီးတို့ အလည်
MG Band အဆုံး နည်းနည်းလေး ဆက်စောင့်ပေးစေချင်ပါကြောင်း..
နက်ဖန် ဘောကန် မသွားတော့ဘဲ ..တတ်နိုင်သလောက် ပုံထိုင်ပြင်ဖို့ ဂီ ဂိပေးပါကြောင်း…
စကားအတင်းစပ်
အဟီး ဒါလေးက မားကတ္တင်း ဆပ္ပကတ္တဂရီ ခွဲပေးတဲ့
သဂျီးကို ဖားတဲ့အနေနဲ့ ကြားဖြတ်တင်ဆက်ရတာဖြစ်ပါကြောင်း..။
(မြှုပ်ထားတဲ့ ရည်ရွယ်ချက်လေး ၁ခုလည်း ရှိပါကြောင်း.)
မောဘီဂျာ..
P.S ဒက်ဂလောက် ဆိုတဲ့ keyword ကို Googling လုပ်လိုက်ရင်
မောင်ဂီ့ ပိုစ့်တွေ မန့်ထားတာတွေ တပုံကြီး ထွက်ထွက်ကျ လာလို့..
ခု ဒက်မဂလောက်တော့ပါကြောင်း…
Was this answer helpful?
LikeDislikeကျန်းမာရေး အတွက် ဘောကန်တော့ သွားပါဟယ်။
ဒီလောက် အညောင်းမခံပါနဲ့။
တစ်ချို့ အရာတွေ က ပျော်ပျော်ကြီးမှန်းပြီး စောင့် လို့ ရပါတယ်။
မင်းရဲ့ အပြန်ခရီး ကို ဖတ်ဖို့ ပိုပြီးစိတ်ဝင်စားနေပါ၏။
အဲဒီမှာရော မှတ်တမ်း မတင်ခဲ့ဘူးလား။ :-)
Was this answer helpful?
LikeDislikeအူးလေးရဲ့ တူးဆွမှုဟာ အဖိုးအနဂ္ဂ ထိုက်လှပါတယ်..
လေးစားစွာဖြင့် ဖတ်ရှုအားပေးသွားပါတယ်..
၄ စားစွာဖြင့်
အူးဗိုက်-ဘီအီး
Was this answer helpful?
LikeDislikeတောင်းမဲ့သူ ဒီမှာ တယောက် ရှိသေးတယ်နော်။
Was this answer helpful?
LikeDislikeကိုဂီ့ ပေးသော ဗဟုသုတလေးအတွက် ကျေးဇူးပါဗျာ
Was this answer helpful?
LikeDislikeဂျက်မဂို လှပ်ပြတော့ တက်ကြွစွာပြောဒယ် ဆက်ချဒဲ့ ဖတ်ရဒါလေးတခုပါ…။
Was this answer helpful?
LikeDislikeအခုမှပဲ ဖတ်မိတယ်။

ကွန်မကောင်းတာနဲ့ နောက်ပြီး ဂျက်မနဲ့ အလီဘာဘာဆိုတော့…
Alibaba.com ကို အိနိ္ဒယက ဆိုဒ် အောက်မေ့နေတာ။
လူကြည့်များတယ်ဆိုလို့ အဲဒီဆိုဒ်မှာ ကြော်ငြာဘူးတယ်။
မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေ အတော်များများ သိကြ၊ ကြော်ငြာကြတဲ့ ဆိုဒ်ပဲ။
Was this answer helpful?
LikeDislikeဟုတ်တယ်လေ မော်စီတုန်းသည် ကုလားဂျီး.. တိန်ရှောင်ဖိန် နီပေါလိစ်… ကျန်ဇီးမင်း ဘင်္ဂါလီ.. ဝန်ကျားပေါင် ဆင်ဟာလိစ်ဗျို့…။
နေရူးကြတော့ ဟန်လူမျိုး၊ ဂန္ဒီကြီးဂ မြောင်လူမျိုး၊ ချန်ဒရာဗို့စ်ဂ တိဘက်လူမျိုးဒဲ့…။
ဖြစ်နေဒါ ဖြစ်နေဒါ…။
အမျိုးဆိုဒါ လွယ်ဘာဒယ်..အန်တီမမ တူမနဲ့ ကြောင်ကြီး ရရင် အန်တီမမနဲ့ ကျနော်လည်း အမျိုးတော်သွားရော…။ မေးပေးဗျာ..ကြောင်ကြီးအခြစ်ကို လက်ခံမလားလို့…။
Was this answer helpful?
LikeDislikeဖတ်မယ့်လူ မရှိတာနဲ့ မဆွေးနွေးဖြစ်တဲ့ ပိုစ့်တခုပါမာမားရယ်…
အဲ့သည့် စီးပွားလုပ်ငန်းစု ပုံစံဟာ သိပ်ကို လုပ်သင့်တဲ့ ကိစ္စပေါ့…
ကျုပ်တို့ ဆီများ ဘူဇွာစီးပွားရေး က ခုထိ ခေတ်စားတုန်း ….
ဟိုလူ့မြေ သိမ်း သည်လူ့မြေသိမ်း ပြန်ရောင်းစား.. .. အဟတ် …
သည်လူဂျီးဒွေဗျာ .. ကလေးကလား ..မြေကြီးတွေနဲ့ ဆော့တုန်း …
ပြောရရင် …ချစ်ဆုံးဂျီးတို့ က ထိပ်ဆုံးပေါ့ …
တေဂွ တို့ ဂျော်ဂျော် တို့လည်း မထူးပါဘူး …
ခုထိ ကြီးကောင်မဝင်သေးတဲ့ ကလေးများလို မိုနိုပိုလီ ဆော့တုန်း …
ကလေးဗိုလ် လုပ်ပြီး SMEs(ပရုတ်လုံး) တွေကို အနိုင်ကျင့်တုန်း..
လုပ်ကြပါလားဗျာ … ဂျက်မ လိုမျိုး …
တီလုပ် ဗေလုဝ တောင် အလီဘာဘာ လုပ်သေးတာ..
သည်လူဂျီးဒွေ အပါအဝင် ဦးတို့ပိုင်တဲ့ ကန်ပနီ တို့ ဘာတို့ကနေ…
ငတက်ပြား ဒေါ့ကွမ်း တို့
ကိုသာခို ဒေါ့စီအိုဒေါ့အမ်အမ် တို့ … လုပ်ပါလား ဟွန့် …
ပိုက်ပိုက်တွေ အဆက်အသွယ် အကမ်းအလှမ်းတွေလည်း ရှိတဲ့ဥစ္စာ …
ပြောတော့ အညိုးတား စီးဘွား ဆိုဂျ..
ဘယ်လုပ်လိမ့်မလဲ ..
ရှာ စားရတာ မောဒယ် …
ရှိတာ ရောင်းစားရတာ သူများဟာ မောင်ပိုင်စီးရတာ လွယ်တယ် … အဟိ…
အော် ..တီလုပ်တွေ မကောင်းဘူး အော်ဂျဒယ်…
တီလုပ်က တီလုပ် အမျိုးသား အကျိုးစီးပွားအတွက် ဘယ်လောက်
ကောင်းအောင် ကြိုးစား ..လုပ်တယ်ဆိုတာ လေးကြည့်ပြီး …
(သဂျီးမင်း ကို ဖားလိုက်ပါဦးမယ်လေ…)
စနစ်ကြောင့် မီဟုတ်ဝူး …စနစ်ကြောင့် လုံးဝ မီဟုတ်ဝူး မာမားရေ…
မောဘီ
တော်သေးဘီ..
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeအဟေး…ကိုဂီ့အတွေးနဲ့ ထပ်တူပဲဗျို့…သူက ဗေလုဝ နဲ့ ဆင်သဗျနော..။
ကျုပ်လည်း ငတက်ပြားဒေါ့ကွန်း လုပ်မလား စဉ်းစားနေတယ်။ ဒီနိုင်ငံမှာ
ပေးမန့်ဂိတ်ဝေး အပီအပြင်မရှိသေးဘူးဗျ။ မြန်ပေးတော့ ရှိပါရဲ့။
ပေးမန့် ဂိတ်ဝေး တည်ဆောက်ဖို့ ဒီဇိုင်းနဲ့ ပက်တန်တွေ၊ မော်ဒယ်တွေ
အင်တာနယ် စပက် တွေ ဂျပွန် မှာ ရောင်းသလား ခင်ဗျ..။ဝယ်ချင်လို့
ပါ..။
Was this answer helpful?
LikeDislikeအူးဂီရေ…..အနော်လဲ ဝါသနာပါတယ် လုပ်လဲလုပ်ချင်တယ်ဗျာ သို့ပေသိ အများကြီးကြိုးစားရ အုံးမယ်ထင်တယ်….
Was this answer helpful?
LikeDislikeကျွန်တော်ကိုယ်တိုင်…Alibaba.com ကိုမကြာခဏ…မဖြစ်မနေသုံးခဲ့ရဖူးပြီးဖြစ်ပါတယ်…
ဒါပေမဲ့..သမိုင်းနောက်ခံကိုမသိခဲ့ပါဘူး…အခုလိုသိရတာ.. ကျေးဇူးတင်ပါတယ်…
Direct Link ကိုဖေါ်ပြပေးတဲ့အတွက်လည်း..ကောင်းပါတယ်..
Allied web တွေကိုလည်းသွားကြည့်ပါအုံးမယ်ခင်ဗျား….
Was this answer helpful?
LikeDislike