သိပ်ချစ်လွန်းလို.ပါချစ်သူရယ်…..

ချည်နှောင်တာ မဟုတ်ပါဖူး

ခိုင်မြဲချင်လို့ပါ ……..

မွန်းကြပ်သွားရင်

တောင်းပန်ပါရစေ ……..

ချုပ်ချယ်တာ မဟုတ်ပါဖူး

စိုးရိမ်လို့ပါ …….

စိတ်အနှောင့်အယှက်ဖြစ်သွားရင်

တောင်းပန်ပါရစေ …..

မယုံကြည်တာ မဟုတ်ပါဖူး

အားငယ်လို့ပါ …..

ရိုးသားမှုကို စော်ကားသလိုဖြစ်သွားရင်

တောင်းပန်ပါရစေ …..

ရစ်တာ မဟုတ်ပါဘူး

ချစ်လို့ သ၀န်တိုတာပါ …..

စိတ်ရှုပ်သွားရင်

တောင်းပန်ပါရစေ ……

မသေချာလို့ မဟုတ်ပါဖူး

အခါခါကြားချင်လို့ပါ ….

ပြောရတာ မောနေရင်

တောင်းပန်ပါရစေ ….ချစ်သူရယ်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..