ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (1) … ရန်ကုန်-ညောင်ရွှေ

 

ကျမတို့ မိသားစုရဲ့ ဒီတစ်ခေါက် အပန်းဖြေ ခရီးစဉ်ကတော့ တောင်ကြီးအင်းလေးကို သွားကြမှာဖြစ်ပါတယ်…

တောင်ကြီးအင်းလေး ခရီးစဉ်ကို ကျမတို့က 5 ခေါက်လောက်ရောက်ခဲ့ဖူးပေမဲ့ သမီးလေးက မရောက်ဖူးသေးပါ။

ရွှေအင်းတိန်၊ထမ်စန်းဂူု တို့ကိုလဲကျမတို့မရောက်ဖူးသေးပါ၊ ဒါနဲ့ဘဲ ဒီနှစ်အတွက် ကျမတို့ မိသားစုရဲ့ အပန်းဖြေ

ခရီးစဉ်ကို တောင်ကြီးအင်းလေးဘက် သွားကြမယ်လို့ သတ်မှတ်လိုက်ပါတယ်…

မိသားစု 3 ဦး သွားဘို့ စီစဉ်ရာကနေ သမီးကလဲ ကောင်မလေး ကိုခေါ်ချင် အမေကလဲ လိုက်ချင်

အမေနဲ့ ကောင်မလေးထားခဲ့ရမှာလဲ စိတ်မချ ဒါနဲ့ဘဲ တစ်မိသားစုလုံး သွားကြမယ် စီစဉ်ပါတယ်…

ရုံးမှာပြောတော့ ရုံးကညီမလေး စုံတွဲ(သူလဲMG ရွာသူ) တို့ကလဲ စရိတ်မျှပေးစနစ်နဲ့ လိုက်မယ်ဆိုတော့

ခရီးသွားကြမှာစုစုပေါင်း  7  ဦးဖြစ်သွားပါတယ်…

ရန်ကုန် တောင်ကြီးကား၊ Hotel ၊ စက်လှေ ၊ လည်ဘို့အတွက်ကား စသည်ဖြင့် ရန်ကုန်ကနေ အားလုံးကို

ချိတ်ဆက်ပြီး မိသားစု အပန်းဖြေ ခရီးစဉ်လေးကို စတင်လိုက်ပါတော့တယ်…

 

အောင်မင်္ဂလာ အဝေးပြေးဝင်းမှာရှိတဲ့  သစ္စာဦး  ရန်ကုန်-တောင်ကြီး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

ညနေ 5 နာရီ  ကားနဲ့သွားပြီး တောင်ကြီးထိမလိုက်ဘဲ ရွှေညောင်လမ်းဆုံမှာဆင်းမှာဖြစ်ပါတယ်…

 

ကားမထွက်ခင် ဂိတ်မှ ကလေးမလေးများမှ ဆေးဘူးနဲ့ချိုချဉ်များ လိုက်ဝေတဲ့အခါ

သမီးနဲ့ ကောင်မလေးက ချိုချဉ်တစ်ဆုပ်ကြီးနှိုက်ပြီးသဘောကျနေကြပါတယ်…

ရေသန့်ဘူး၊စနိုးတာဝါ စတာတွေက ထိုင်ခုံရှေ့နေရာမှာရှိနေပြီးဖြစ်ပါတယ်…

 

 

1. ချိုချဉ်ဝေနေတဲ့ သစ္စာဦးရဲ့ကလေးမလေးတွေ…

2. နေပြည်တော် အမြန်လမ်း အ၀င် ဂိတ်…

3. 115 မိုင်စခန်း Pioneer ရဲ့ အလှဆင်မီးရောင်စုံ…

4.ညောင်ရွှေ အ၀င် လမ်း…

 

ရွှေညောင်လမ်းဆုံမှာ အသင့်လာကြိုနေတဲ့ကားနဲ့ ညောင်ရွှေအ၀င်လမ်းအတိုင်းဝင်ခဲ့ပါတယ်..

မနှစ်ကမိုးတွင်းမှာ ရေနှစ်ခါကြီးလို့ ဒီလမ်းပေါ်ရေကျော်ပြီး ဆိုင်ကယ်တောင်သွားမရကြောင်းရယ်…

ရေကြီးတုံးက ဒီကနေ ညောင်ရွှေဝင်စရာမလိုဘဲ အင်းထဲကို စက်လှေ တိုက်ရိုက်မောင်းလို့ရခဲ့ကြောင်း

ကားမောင်းသူကလမ်းမှာပြောပြလာပါတယ်…

လမ်းမှာ ရှေးဘုရားတစ်ဆူရယ်၊ပြတင်းပေါက်အ၀ိုင်းတွေရှိတဲ့ ဘုန်းတော်ကြီးကျောင်းရှိပါတယ်…

နိုင်ငံခြားသားတွေဘဲ ၀င်လေ့ရှိကြတယ်လို့ ပြောပါတယ်…ကျမတို့လဲ မ၀င်ဖြစ်ခဲ့ပါ…

တံတားလေးကျော်ပြီးတာနဲ့ ကျမတို့တည်းမည့် ညောင်ရွှေ Remember Inn ကို ရောက်ပါတော့တယ်…

Remember Inn ရဲ့ရှေ့မှာ အရင်က ညောင်ရွှေစော်ဘွားကြီးရဲ့ ဟော်နန်းကို ပြောင်းလဲဖွင့်ထားတဲ့ဗုဒ္ဒပြတိုက်ရှိပါတယ်…

မနက်ဆို လျှောက်လည် ညနေစောင်းမှပြန်ရောက်တဲ့အတွက် 2 ရက်လုံး ပြတိုက်ဖွင့်ချိန်နဲ့မကြုံ လို့ ၀င်ကြည့်ခွင့်မရခဲ့ပါ…

6. ညောင်ရွှေ မနက်ခင်း…

7. Remember Inn 1

8. ရှမ်းစက္ကူ မီးဆိုင်းလေးတွေ…

 

 

ခဏနား ရေမိုးချိုး အ၀တ်စားလဲကြပြီး အင်းလေးထဲကို အလည်သွားကြပါမယ်…

 

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..