ဒုဋ္ဌ၀တီမြစ်ရေကကြည်လင်စိမ်းမြနေတာပါပဲ….မြစ်ဆိုပေမယ့် အကျယ်ကြီးတော့မဟုတ်ဘူးရယ်။

နေကလည်းပူနေတော့ ကျနော်မြစ်ထဲကို ဒိုင်ဗင်ပစ်ချပြီး ရေကူးချင်စိတ်တောင်ပေါ်လာရပါတယ်။

တစ်ဘက်ကမ်းကို ကူးသွားတဲ့စက်လှေက ဒီဘက်ကမ်းကို ပြန်လာတဲ့ အချိန် ကမ်းနားကပ်ခါနီး

လေးပေါက်က စက်လှေဆရာကို ရေထဲနစ်နေတဲ့ ပန်ကာကို ရေအပေါ်ယံနားကို ရောက်စေပြီး

ရေဖွေးဖွေးလေးတွေဖျာထွက်အောင် စက်လှေဆရာကိုလုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ကြသေးတာပေါ့။

အဲ့အချိန်မှာပဲ မြစ်ဆိပ်ဆီကို ကလေးတစ်သိုက်နဲ့ အဖွားအို ရေချိုးဆင်းလာကြပါတယ်။

ကလေးလေးတွေကတော့ အပြစ်ကင်းစင်လိုပေါ့…ရေချိုးကြမှာမို့ မိမွေးတိုင်းဖမွေးတိုင်းလေးတွေ

နဲ့ပါ…။သူတို့လေးတွေကိုမြင်တော့ ကျနော်ငယ်ငယ်က အဲ့လိုရေချိုးကောင်းလို့ ရေနစ်ခဲ့ရတဲ့

အဖြစ်လေးကို တွေးမိပြီး ပြုံးလိုက်မိပါသေးတယ်..။ ကလေးတွေက ကမ်းကိုကပ်ထားတဲ့

စက်လှေနားကနေ ရေချိုးဖို့တာစူနေကြတာပေါ့..။ စက်လှေမောင်းတဲ့ဆရာလေးက

နည်းနည်းမူးနေတယ်ထင်ပါရဲ့…ကလေးတွေကလည်း ကင်မရာကြီးတွေတရွယ်ရွယ်နဲ့

လူကြီးတွေရှိနေတော့ ရှက်သယောင်ကြောက်သယောင်ပေါ့..ဒါကိုလေးပေါက်က

ကလေးတွေကို စက်လှေပေါ်ကနေဒါမှမဟုတ် ကမ်းဘေးသစ်ငုတ်တိုပေါ်ကနေ

ဒိုင်ဗင်ထိုးကြဖို့ မြောက်ပေးနေသေးတာရယ်…။ကလေးတွေကလည်း လူလည်လေးတွေ

မြောက်တိုင်းမမြောက်ကြပါဘူး…။ဒါကိုစက်လှေဆရာက သူ့နားရှိတဲ့ ကလေးတစ်ယောက်

ကို ကိုင်မြောက်ပြီး ရေထဲကို ပစ်ချလိုက်ပါတော့တယ်…၀ုန်းခနဲ ရေထဲကို ကလေးပစ်ကျသွား

ပြီး ရေပေါ်ပေါ်လာတော့ အော်ငိုပါတော့တယ်… အဖွားဖြစ်ဟန်တူသူကလည်း စက်လှေဆရာကို

မြည်တွန်တောက်တီးနေတော့တာ…လေးပေါက်နဲ့ ကိုစိန်သော့ကတော့ ဒါကိုပဲ ဓာတ်ပုံတွေ

တဖျပ်ဖျပ်ရိုက်ကြလေရဲ့… ဖရဲဆို ရေချိုးနေတဲ့ အဘွားအိုကိုပါ အလွှတ်မပေးဘူးခင်ဗျ…

ဒါမှအလှစစ်ဆိုပြီးရိုက်ခဲ့တာပေါ့… မြစ်ဆိပ်ကတက်လာပြီး ကျနော်တို့ ရှေ့ခရီးကိုဆက်

သွားကြပါတော့တယ်…လေးပေါက်ကတော့ လမ်းမှာတွေ့သမျှတွေကို ရိုက်နေတော့တာပါ…

တော်တော်လေးသွားပြီးတဲ့ အခါ လမ်းဘေးမှာ ဆိုင်လေးတစ်ဆိုင်တွေ့တော့ ၀င်နားကြတာပေါ့..

တကယ်တမ်းလာသာလာခဲ့ကြပေမယ့်..ဒီးဒုတ်ရေတံခွန်ကို ရောက်ဘူးတဲ့သူ ကျနော်တို့အဖွဲ့ထဲမှာ

တစ်ယောက်မှမပါပါဘူး…ပါးစပ်ပါရွာရောက်ဆိုတဲ့ စကားအတိုင်း ဆိုင်မှာနားပြီးစားရင်းသောက်ရင်း

ရှေ့ခရီးကို ကိုစိန်သော့က ဆိုင်ရှင်ထံမှာ စပ်စုလိုက်ပါတယ်…မန္တလေးနဲ့ ရဲရွာအထိအကွာအဝေး

မန္တလေးနဲ့ ဒီးဒုတ်ရေတံခွန်အကွာအဝေးအစုံပေါ့…ဒီးဒုတ်ရေတံခွန်ကို ဘာလို့လေးပေါက်က

 သွားချင်နေသလဲဆိုတော့ …လေးပေါက်ရဲ့ရုံးက ကောင်မလေးတွေ

အရင်တပတ်က ဒီးဒုတ်ရေတံခွန်ရောက်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါသတဲ့..အဲ့ပုံလေးတွေမြင်တော့

လေးပေါက်မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဒီခရီးစဉ်ကိုဆွဲလိုက်တာပါ…။ကျနော်ကတော့တိုက်တိုက်ဆိုင်ဆိုင်

ရောက်သွားခဲ့တာပေါ့…။ လေးပေါက်ကတော့

“ခင်ဗျား..ကံကောင်းတယ်ဗျ…ဒီနေ့ရောက်လာတာ”လို့ကျနော့်ကိုပြောပါတယ်..။

ကျနော်လေးပေါက်တို့အဖွဲ့နဲ့တွေ့တော့ ကိုပေရောမလာဘူးလားဗျလို့ မေးမိပါသေးတယ်…။

လေးပေါက်ကမောင်ပေကနေ့ဘက်ဆိုအလုပ်မအားဘူး..

ညမှဖုန်းဆက်ပြောလိုက်မယ်လို့ပြန်ပြောခဲ့ပါတယ်…ကျနော်တို့သွားတဲ့နေ့

ကမတ်လ ၂၇ ရက်နေ့လေ….ရုံးပိတ်ရက်ပေါ့…။ ဆိုင်လေးမှာ ကျနော်တို့ထမင်းဆီဆမ်းမှာစား

ကြပါတယ်…အအေးမှာသောက်ကြပါတယ်…ကျနော်တို့လာတဲ့ လူကငါးယောက်ပါ..

ချပေးလာတဲ့ ငါးကြော်ကလေးတုံးထဲခင်ဗျ…ဆိုင်ရှင်က အဲ့တာအကုန်ပါပဲတဲ့….

လေးပေါက်ကတော့ သူ့ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့အတွက် မထိုင်နိုင်သေးပဲ

ကြော်ငြာတွေကို လိုက်ရိုက်နေတယ်…. လူငါးယောက်မှာ ငါးကြော်လေးတုံးကို ဘယ်လို

ခွဲစားမလဲတွေးနေတုန်း..ဖရဲက ကြက်ဥကြော်မှာတော့တာရယ်…ကျနော်လည်း

ဗိုက်ကဆာနေတာမို့ ငုံ့ကာလွေးတော့သည်ပေါ့…လေးပေါက်ကတော့ တဟားဟားး

ရီနေရင်း မန္တလေးလာတဲ့ ဧည့်သည်ကို အကောင်းစားဆိုင်မှာ ဧည့်ခံတာဆိုပဲ…..

စားရင်းသောက်ရင်း စကားတွေပြောရင်းပေါ့လေ…. ပြီးတော့မှ ကျနော်တို့ ခရီးဆက်

ကြပါတယ်…. မန္တလေးနဲ့ တော်တော်လေးကိုဝေးတာပဲ..ကျနော်လည်း ကိုစိန်သော့

ဆိုင်ကယ်နောက်ကလိုက်ရင်း မြင်သမျှကို အမေးအမြန်းထူထူနဲ့မေး ကိုစိန်သော့ကလည်း

ပြန်ဖြေ လေပေးလေယူဖြောင့်နေတာပါပဲ..ဒုဋ္ဌ၀တီမြစ်တစ်ဘက်ကမ်းမှာလည်း ရွာတွေ

အများကြီးရှိနေတယ်ဆိုပဲဗျ… အဲ့ဘက်က ပိုစည်တယ်လို့ ကိုစိန်သော့က ပြောပြပါတယ်…

ကိုစိန်သော့နဲ့ကျနော် လေပစ်ရင်း ဆိုင်ကယ်မောင်းလာလိုက်တာ ဒီးဒုတ်ရေတံခွန်သို့

ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကျော်သွားတော့မလိုဖြစ်သွားရတယ်လေ…. နောက်မှကျနော်က

“ကိုစိန်သော့ရေ ဒီကနေသွားရတာထင်တယ်ဗျ..ဟိုမှာ ဆိုင်းဘုတ်လေးမှာ ဒီးဒုတ်ရေတံခွန်သို့

လို့ ရေးထားတယ်”ဆိုပြီးပြောလိုက်မှ ဆိုင်ကယ်ရပ်ပြီး လမ်းဘေးကဆိုင်မှာ စနည်းနာကြည့်

လိုက်တော့ မှန်နေတယ်လေ….ဒါနဲ့ ကိုစိန်သော့နဲ့ ကျနော် လမ်းဘေးနားကနေ နောက်က

လိုက်လာကြတဲ့ ဖရဲနဲ့ လေးပေါက်တို့ ဆိုင်ကယ်တွေကို မျှော်တော်ယောင်လုပ်နေကြပါတယ်…

ကိုစိန်သော့ကတော့ သူ့ကင်မရာကြီးနဲ့ လမ်းတစ်ဘက်က တောင်တန်းကြီးကို အပီအပြင်

ရိုက်နေတော့တာ…လမ်းဘေးမှာရပ်နေတဲ့ ကျနော့်ကိုတောင် မှတ်တမ်းတင်လိုက်သေးရဲ့…

ဖရဲကဆိုင်ကယ်ကို အသားကုန်မောင်းပြီး ကျနော်တို့နှစ်ယောက်ကို ကျော်သွားပါလေရော…

ခေါ်တာလည်း မကြား..အော်တာလည်းမကြားပါဘူးးးသူ့အတွေးထဲမှာ သူ့ဆိုင်ကယ်နောက်

က သင်ဇာဝင့်ကျော်ပါတယ်မှတ်ပြီး ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ခါးကို

ဖက်ထားလို့ ဘာမှမမြင်နိုင်အောင် ပျော်မြူးနေတဲ့ ပုံနဲ့ပေါ့….ဒါနဲ့ ကျနော်လည်းသူ့ကို

ဖုန်းဆက်လိုက်ရတယ်…“ဖရဲရေ…ညာဉ်းက ဒီးဒုတ်ရေတံခွန်ကိုကျော်သွားပြီအေ့..ရှေ့ဆက်သွား

ရင် ဒုဋ္ဌ၀တီမြစ်ထဲထိုးကျဖို့ပဲ ရှိတော့တယ်..ပြန်လှည့်လာခဲ့ပါ”လို့ပြောမှ “ဟုတ်ကဲ့..ဟုတ်ကဲ့..”

ဆိုပြီးပြန်လှည့်လာပါတယ်…. လေးပေါက်တို့လည်းရောက်လာကြတဲ့အခါ လမ်းဘေးကဆိုင်လေးမှာ

တောင်ပေါ်ကို တက်ရင်ဘယ်လောက်ကြာမလဲမေးတော့ သူတို့ကတော့ ပေါ့ပေါ့လေးပြောလိုက်

ကြတာ မကြာဘူးဆိုပဲ….ဒါနဲ့ ကျနော်တို့အဖွဲ့လည်း ခဏနားပြီး လမ်းမှာသောက်ဖို့ ရေသန့်ဘူးလေး

တွေဝယ်ပြီး တောင်တက်ခရီးကို အစပျိုးလိုက်ကြသပေါ့…တောင်ခြေမှာ တောင်ပေါ်ကဆင်းလာတဲ့

လူငယ်တစ်ယောက်နဲ့တွေ့ပြီးမေးကြည့်လိုက်တယ်..လူငယ်လေးက အသားဖြူတော့

မျက်နှာတွေနီရဲနေပြီး ချွေးတွေပြန်နေတယ်… ဝေးသလားဆိုတော့ ဝေးတယ်ဆိုပဲ..

တော်တော်လေးတက်ရတယ်တဲ့ မိနစ်နှစ်ဆယ်အနည်းဆုံးပဲလို့ဖြေသဗျ…မိနစ်နှစ်ဆယ်ဆိုရင်တော့

အေးဆေးပေါ့လေ…ဒီလိုနဲ့ ကျနော်ကရှေ့ဆုံးက ကျနော့်နောက်ကကိုစိန်သော့ ပြီးမှဖရဲ…

ဖရဲနောက်ကမှ လေးပေါက်နဲ့တူမတော်တို့ တောင်တက်ခရီးကို ဖြည်းဖြည်းချင်းနဲ့ လှမ်းကြတယ်..

လေးပေါက် ကိုစိန်သော့တို့က ဓာတ်ပုံတဖျပ်ဖျပ်ရိုက် အဲ့တောင်တက်ပြီး သိပ်မကြာခင်

မီးသွေးဖိုလေးတစ်ခုကိုတွေ့ရတယ်ဗျ..မီးသွေးဖိုလေးမှာ မီးသွေးဖုတ်ဖို့ ထင်းတွေစီထားပုံက

တော်တော်လေးလှတယ်..မြေပေါ်မှာ ထင်းတွေကိုစီပြီး အပေါ်က မြေအုပ်ပြီး မီးသွေးဖုတ်တဲ့

နည်းပေါ့..ကျနော်တို့ဘက်မှာ မသုံးတဲ့ လက်မောင်းလောက် လက်ဖျံလောက် အပင်လေးတွေကို

ဒီမှာက မီးသွေးဖုတ်ကြတာကိုးဗျ..ကိုစိန်သော့က မှတ်တမ်းတင်ပါတယ်….

ကျနော်လွယ်ထားတဲ့ အိတ်ကို ကိုစိန်သော့က အတင်းတောင်းပြီးလွယ်ပါတယ်…

ဖရဲမကတော့ တောင်တက်အစဆိုတော့ တက်တက်ကြွကြွပေါ့…လမ်းခရီးမှာတွေ့ရတဲ့

သူ့အမျိုးတွေနဲ့တောင် စလိုက်နောက်လိုက်သေးရဲ့….တောင်တက်ခရီးက တဖြည်းဖြည်း

မတ်လာတယ်ဗျ…လမ်းကလည်း ကျောက်ခဲလေးတွေကျောက်ခဲကြီးတွေနဲ့မို့ တောင်ချော်

နင်းမြောက်ချော်နင်းနဲ့ရယ်….ကျနော်ထိပ်ဆုံးကနေ တက်သွားလိုက်တာ…ဒီဒုတ်ရေတံခွန်သို့

ဆိုတဲ့ ကျောက်တုံးလေးမှာရေးထားတဲ့ အမှတ်အသားရယ အပေါ်ကိုမြားပြပြီး ဒီးဒုတ်လိုဏ်ဂူ

သို့ဆိုတဲ့ နေရာလေးရောက်တော့ တော်တော်မောသွားတာပေါ့…ကျနော်နောက်ကို ကြည့်လိုက်

တော့ ဘယ်သူမှပါမလာသေးဘူး…ကျနော်လည်း ကျောက်တုံးပေါ်မှာ အမောဖြေနေလိုက်တယ်..

ကျနော့်နောက်ကရောက်လာသူက ကိုစိန်သော့…ဖရဲကတော့ ဟိုကျောက်တုံးလေးပေါ်မှာထိုင်နား

ဒီကျောက်တုံးလေးပေါ်မှာ ထိုင်နားနဲ့ တဖြည်းဖြည်းတက်လာနေပါတယ်…သူပုံစံလေးကြည့်ရတာ

တော်တော်သနားဖို့ကောင်းနေပါတယ်…(ဟီးးးးးးးးးးးးးး

တော်တော်လေးကြာမှ လေးပေါက်တို့ တူဝရီးနှစ်ယောက်ရောက်လာတယ်လေ…

လေးပေါက်လည်းတော်တော်မောနေရှာမှာပါ..သူ့ခန္ဓာကိုယ်ကြီးနဲ့ ဒီခရီးကို လိုက်နိုင်တာ

အံ့သြစရာပါပဲ…ကျနော်က အပေါ်ကိုဆက်တက်ရင် ဒီးဒုတ်လိုဏ်ဂူရောက်မယ်တဲ့…

ဒီကနေ ဘေးဘက်ကိုသွားရင် ရေတံခွန်ရောက်မယ်…ဘယ်ကိုသွားကြမလဲလို့

မေးတော့ အားလုံးပဲ ရေတံခွန်ကိုသွားကြမယ်ဆိုလို့ ခရီးဆက်ကြရပြန်ပါတယ် …

တော်တော်လေးလျှောက်မိတော့ ရေတံခွန်ကနေ ရေစီးကျသံကို ကြားရတော့တာပါ..

ရေတံခွန်လေးဆီရောက်တော့ လာခဲ့ရသမျှ မောသမျှ အပန်းပြေသွားတော့တာပါပဲ..

ရေက ပြာလဲ့လဲ့…ကျောက်တုံးတွေက ဖွေးတေးတေးနဲ့ လိုက်ဖက်လွန်းနေတယ်လေ…

ရေတံခွန်အမြင့်ကြီး မဟုတ်ပါဘူး….ဒါပေမယ့် အဆင့်ဆင့်ကျနေပုံပါ…ကျနော်တို့ရောက်နေတဲ့

ရေတံခွန်လေးရဲ့ အပေါ်မှာရေတံခွန်လေးတွေရှိနေသေးဆိုပဲ…လေးပေါက် ကိုစိန်သော့ ဖရဲတို့က

ဓာတ်ပုံတွေရိုက်ကြတာပေါ့..ကျနော်တို့ အရင်ရောက်နေတဲ့ ဖရဲရဲ့ အမျိုး ယောက်ျားလေး မိန်းကလေး

တွေတော်တော်များပါတယ်…ရေကူးတဲ့သူက ကူးကြ ကမ်းပေါ်မှာ ဘီယာလေးသောက်ပြီး

အပန်းဖြေနေတဲ့သူဖြေကြပေါ့….ကျနော်တို့အဖွဲ့လည်း ရေတံခွန်ရှိရာကိုဆင်းပြီး ချောင်းလေးရဲ့

ဟိုဘက်ကမ်းကို ကူးပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြပေါ့…လေးပေါက်ကတော့ အားမရဖြစ်ပြီး

ပုဆိုးကိုပင့် ပေါင်လယ်လောက်ရှိတဲ့ရေထဲကိုဆင်းပြီး အပီအပြင်ကို ရိုက်တော့တာပါ…

ဖရဲလည်း မနေနိုင်တော့ဘူး သူလည်းရေထဲကိုဆင်းပြီး ရေချိုးနေတဲ့ သူ့အမျိုးကောင်မလေး

တွေကို လှမ်းငေးးးးအဲ့..ဟုတ်ပါဘူးးးဓာတ်ပုံတွေရိုက်ပေါ့..ကိုစိန်သော့ကတော့ ရေထဲမဆင်းပါဘူး

ကမ်းစပ်နားကနေပဲ ဓာတ်ပုံတွေရိုက်နေပါတယ်…လေးပေါက်တူမလေးကလည်း အားကျမခံ

ရေထဲလိုက်ဆင်းပြီး ရေလယ်ကကျောက်တုံးကြီးပေါ်မှာ ဓာတ်ပုံအရိုက်ခံတာပေါ့…

ကျနော်ကတော့ ဖရဲရဲ့ကျောပိုးအိတ် လေးပေါက်တူမရဲ့လွယ်အိတ်တွေလွယ်ပြီး သူတို့ပျော်နေတာ

ကိုကြည့်ပြီး ကိုယ်ပါပျော်လာရတာရယ်…အ၀တ်အစားအပိုပါလာရင်တော့ ..ရေလယ်ကျောက်တုံး

ကြီးပေါ်ကနေ ရှေ့ကျွမ်း နောက်ကျွမ်းပါမက တောင်ကျွမ်း မြောက်ကျွမ်းပါထိုးပြီး ရေကူးပစ်ချင်တာ..

ခုတော့ သူများတွေပျော်နေတာကိုပဲ ကြည့်နေရတာလေ…ဖရဲက ကျနော့်ကို ဓာတ်ပုံရိုက်မလားလို့

မေးတော့ ရိုက်လေဆိုပြီး ရိုက်ခိုင်းလိုက်တာ ဟိုနေ့က သူပို့ပေးလို့ ကျနော့်ပုံ ကျနော်ကြည့်မိတော့

အာလားးလားးးး ရေသန့်ဗူးတွေကောက်တဲ့လူလိုဖြစ်နေတာ…အိတ်တွေနှစ်လုံးသုံးလုံးလွယ်ထားပြီး

လက်ထဲမှာလည်း ရေသန့်ဗူးထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကိုကိုင်ထားတော့..ဖရဲကလည်းအားပေး

ရှာပါတယ်…တော်တော်တူတာနော်ဆိုပဲဗျ…

လေးပေါက်နဲ့ ဖရဲ ရေထဲမှာ ပေါလောပေါ်ပြီး မျှောနေတဲ့ ပန်းလေးနှစ်ပွင့်ကို ဘယ်သူရိုက်တဲ့

ပုံကလှမလဲဆိုပြီး အရိုက်ပြိုင်နေကြသေးတာ…သူတို့ ဓာတ်ပုံတွေရိုက်လို့ဝလောက်မှ

ကျနော်တို့ တစ်ဘက်ကမ်းကိုကူးပြီး ကမ်းပေါ်ကဆိုင်လေးမှာထိုင်နားကြတယ်…

လေးပေါက်ကတော့ ရေထဲကကိုတက်မလာသေးပဲ စနက်ရှော့မဟုတ်ပဲ လက်ဆော့နေ

သေးတာ… အဲ့အချိန်မှာ ဖရဲရဲ့အမျိုးကောင်မလေးက ရေလယ်ကျောက်တုံးကြီးပေါ်ကနေ

ရေထဲကို ဒိုင်ဗင်တွေရော ရှေ့ကျွမ်းတွေပါ တစ်ခါပြီးတစ်ခါ အစွမ်းပြနေတော့တာ …

အဲ့တော့ လေးပေါက်ရဲ့ အရိုက်ခံရတော့တာပေါ့….ကျနော်တို့ ဆိုင်လေးမှာထိုင်နားရင်း

ဆိုင်ရှင်ကို တောင်မေးမြောက်မေးပေါ့…ဒီရေတံခွန်ပေါ်တာကြာပြီလား..မိုးတွင်းဆိုရင်ရေ

ဘယ်လောက်တက်သလဲ…အစရှိသဖြင့်ပေါ့…ဆိုင်ရှင်ကလည်း စိတ်ရှည်လက်ရှည်ရှင်းပြပေး

ပါတယ်…ပြီးတော့ ဒီးဒုတ်လိုဏ်ဂူကို ဆက်တက်ဖို့လည်းပြောနေပါသေးတယ်…..

ကျနော်တို့ အဖွဲ့လည်း တော်တော်လေးကြာအောင်နားနေပြီး ဒီးဒုတ်လိုဏ်ဂူကိုဆက်သွား

မလား တောင်ခြကိုပဲပြန်ဆင်းကြမလားတိုင်ပင်ကြတော့ …အဖြေက တောင်ခြေကိုဆင်းကြမယ်

ဆိုတဲ့ အဖြေထွက်တယ်လေ…ဒါနဲ့ ကျနော်တို့ အဆင်းခရီးကိုစကြတော့တာပါ…ပြန်ဆင်းဖို့ အလုပ်မှာ

ဖရဲက တောင်နံရံလေးမှာတွေ့တဲ့ ဖီးထွန်းခွက်လေးကို “အာလာဒင်ရဲ့မီးခွက်”ဆိုပြီး မှတ်တမ်းတင်

လိုက်သေးတယ်…..ကိုစိန်သော့ရဲဖုန်းနဲ့ ကျနော်တို့ ဒီးဒုတ်ရေတံခွန်ရဲ့ တည်နေရာကို ရှာဖွေ မှတ်သား

ကြပါတယ်….လတ္တီတွဒ်တွေ လောင်ဂျီကျုတွေပေါ့…

အပြန်ခရီးကိုစမယ်မကြံသေးဘူး ဖရဲရဲ့ ဖိနပ်ပြတ်တော့တာ….

ဒါနဲ့ ဖရဲက ဖိနပ်တစ်ဘက်ပြတ်ကြီးနဲ့ တရွတ်ဆွဲဆင်းလာတာ..တစ်နေရာမှာ မီးသွေးဖိုကနေ

မီးသွေးဖော်နေကြတဲ့လူတွေဆီကနေ ကြွပ်ကြွပ်ကြိုးတောင်းပြီး ပြတ်သွားတဲ့ဖိနပ်ကို

ကြိုးနဲ့ချည်နေရှာပါတယ်..အဲ့..ခုတော့ဖိနပ်က နှစ်ဘက်လုံးပြတ်နေတော့တာ..

ကျနော်က သူ့ဖိနပ်ကို သေချာအောင်ကြိုးလေးနဲ့ချည်ပေးပေမယ့် ခဏလောက်

လျှောက်ပြီးတော့ပြန်ပြုတာပါပဲ…နောက်တစ်ခါ သေချာအောင်ပြန်ချည်ပေးပါတယ်…

အဲ့နောက်တော့ သူအဆင်ပြေသွားပုံရပါတယ်…ဖိနပ်နှစ်ဘက်လုံးကိုချွတ်ပြီး

လမ်းဘေးမှာ ပစ်ထားလိုက်တော့တာ…အဆင်းကတော့ သိပ်မမောလှဘူးဗျ…

တောင်ခြေရောက်တော့ ဖရဲက ချောင်းလေးထဲမှာ သူ့ခြေထောက်တွေကို ရေချိုးပေး

တော့တာ….ရေကကြည်ကြည် ရှု့ခင်းကလှလှ ဆိုတော့ ကိုစိန်သော့က သူ့ကိုမှတ်တမ်း

တင်ပေးပါတယ်…လေးပေါက်ကတော့ ဒီလောက်ကြည်လင်နေတဲ့ရေထဲမှာ ခြေဆေး

နေတဲ့ကောင်ကို နားရင်းအုပ်ချင်ပါသတဲ့…

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။