Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kotun winlattMarch 11, 20161min4184
စကားလုံးများကို သီကုံးမိခြင်း ################# စကားစမြည် စိုက်ခင်းထဲမှာ စိမ်းစိမ်းလန်းလန်း စကားလုံးတွေကို စပြောဖြစ်ခဲ့တဲ့ စနေနေ့ …. မြောက်ပြန်လေညှင်းက သယ်လာတဲ့ အလွမ်းပွင့်တွေက စီရရီ … သတိရခြင်း အမှာတော်စကားတွေက ပဲ့တင်ထပ် …. ဒါဘဝအမောတွေပါဆိုပြီး သက်ပြင်းတွေကိုလည်း ခဏခဏ မှုတ်ထုတ်….။ အဝေးမှာနေပါရစေ … အားလုံးကို မေ့ပစ်ပါရစေ … အတ္တတွေ ကြီးတတ်ချင်လိုက်တာရယ်…။ ပွင့်တဲ့ပန်းတိုင်း ကြွေရမဲ့ သင်္ခါရ … ကြွေဖို့ ပွင့်လေသလား ဝေဖို့ ပွင့်လေသလား။ ဘာပဲဖြစ်ဖြစ် ပန်းရဲ့ တာဝန် ကျေပွန်ဖို့က အဓိကလေ…။ @@@@@@@@@@@@@@@@@@  နင့်နင့်နဲနဲပေါ့ … ခံစားပစ်လိုက်တယ် … ရှိစုမဲ့စု မာနလေးတွေက မြေပေါ်မှာ ဝပ်တွားခယ …။ တကယ်က လောင်းရိပ်မိနေတဲ့ […]


kotun winlattMarch 8, 20161min3703
ကျနော်နှင့် ပင်လယ်ရနံ့သင်းသော ဝတ္ထုတိုလေးများ @@@@@@@@@@@@@@@@@@@@@@ မြန်မာပြည်၏ အထက်ပိုင်းဒေသတွင် မွေးဖွားကြီးပြင်လာခဲ့ရသည် ကျနော့်အတွက် ပင်လယ်ဆိုသည့် စကားရပ်သည် သူစိမ်းဆန်လွန်းနေ၏။ ထိုပင်လယ် ပင်လယ်လေ ပင်လယ်ကမ်းခြေဆိုသည့် စကားလုံး ရုပ်ပုံများကိုကား စာအုပ်တွေထဲ တီဗီတွေထဲမှာသာ မြင်ဖူးတွေ့ဖူးခဲ့ရသည်။ ပင်လယ်ကမ်းခြေ၏ အလှတရားများအကြောင်း ပင်လယ်လေ၏ လတ်ဆတ်မှုအကြောင်းတွေကို စာဖတ်များထဲတွင် ဖတ်ရှုရပြန်တော့ ပင်လယ်ဆိုသည့် ရေပြင်ကျယ်ကြီးဆီသို့ တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားလိုလှပေသည်။ ပင်လယ်ကို မမြင်ဘူး မတွေ့ဘူးသည့် ကျနော့်၏ ဆန္ဒ ကျနော့်၏ အာသီသ ….. “ကျနော် ကဗျာဆရာတစ်ယောက်ကို ပင်လယ်ဝကို ခေါ်သွားဘူးတယ်ဗျ … ပင်လယ်ကြီးကို မြင်တော့ ကဗျာဆရာ ဘာလုပ်တယ်ထင်လည်း … ဟေးးးးး ပင်လယ်ကြီးရေ မင့်ရင်ခွင်ထဲ ငါအပြေးလာပြီဟေ့ လို့ ပြောပြီး ရေထဲဝုန်းခနဲခုန်ချလို့ ကျနော်တို့မှာ […]


kotun winlattMarch 7, 20161min3964
ရေးဖြစ်ခဲ့တာ နှစ်လကျော်ခဲ့ပေမဲ့ ရွာထဲမှာ အခုမှ တင်ဖြစ်တော့တယ် . . . ဆောင်းည အလွမ်းနှင့် ရေးဖြစ်ခဲ့သည့် ကဗျာလေးများ @@@@@@@@@@@@@@@@@@@@ ဆောင်းည … အအေးတွေပိုနေလိုက်တာ … ကောင်းကင်ကို မော့ကြည့်မိတော့ နှင်မှုန်တွေနဲ့ ဝေဝေဝါး….  ကြယ်လေးတွေက ချမ်းလွန်းလို့ ထင်ပါရဲ့ မှိတ်တုတ် မှိတ်တုတ်ပေါ့ … အရင်က ဒီလိုဆောင်ညမျိုးတွေဆို  ည ၁၂ နာရီလောက်မှ အလုပ်ကပြန်ရ …. အိမ်ရောက်ပြီဆို … ခြေဖျားလက်ဖျားတွေ အေးစက်လို့ တော်တော်နှင့် အိပ်မပျော်နိုင် … တစ်ခါတစ်လေကျတော့ အအေးဒဏ်ကို အံ့တုဖို့ မွန်းကြပ်မှုတွေ ဖောက်ထုတ်ပစ်ဖို့ အဝေးပြေးလမ်းမကြီးရဲ့ဘေးက ညလုံးပေါက်ဖွင့်တဲ့ ဆိုင်လေးဆီကို အရောက်သွား အနွေးဓာတ်ရစေဖို့ ယမကာစောင်လေး ပြေးခြုံရင်း မွန်းကြပ်မှုတွေကို ဖွင့်အန်ပြီး […]


kotun winlattMarch 5, 20161min4214
နွေဦးရာသီ @@@@@ နှင်းမှုန်များဖြင့် စီချယ်အပ်သော ချမ်းအေးသည့် နံနက်ခင်းတို့သည် တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြလေပြီ …။ နှင်းမှုန်များ၏နေရာတွင် တာဝန်ယူပေးကြမည် နွေဦးနံနက်ခင်းတွင် အိမ်ရှေ့ဗာဒံပင်မှ ရွက်ဟောင်းတို့သည် တလွင့်လွင့် ကြွေကျနေကြလေပြီ…။ ကြွေကျသွားသည့် ရော်ရွက်ဝါတို့၏နေရာတွင် ရွက်သစ်လေးတွေ စိမ်းစိမ်းလန်းလန်းဖြင့် ဝေဆာလာကြတော့မည်။ အိမ်ဝင်းအတွင်းရှိ သရက်ပင်တို့မှာလည်း အဖူးအဝါဖျော့ရောင်လေးများဖြင့် ဝေဝေဆာဆာ …။ မြင်နေကြ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့တွင် နွေသရုပ် မြူခိုးတို့ကား မှိုင်းမှိုင်းမှုန်မှုန် …. အိမ်ရှေ့လမ်းလေးမှ ဖုန်မှုန့်တို့သည်ကား တလူးလူးတလွှင့်လွှင့် ….. နွေဦးရာသီ စလေပြီ ….။ ငယ်ငယ်က အလယ်တန်းကျောင်းသားဘဝက ဆရာတစ်ဦးက အတန်းထဲမှာရှိတဲ့ ကျောင်းသားကျောင်းသူများကို မိမိတို့ အားသန်ရာစာပေများကို စီကုံးရေးသားပြီး သူ့အားပြသစေသည်။ ထိုအချိန်က ကျနော်ရေးဖြစ်ခဲ့တဲ့ နွေကဗျာလေးကို သွားပြီးအမှတ်ရမိ၏။ ကျနော်ရေးဖြစ်တဲ့ […]


kotun winlattMarch 4, 20161min72515
လက်ဖက်ရည်ဆိုင်နဲ့ ကျနော် @@@@@@@@@@@@ “ဟေ့ကောင်တွေ …. မင်းတို့က လက်ဖက်ရည်သောက်ကြမှာလား …..” “ဟ … လက်ဖက်ရည်သောက်မှာမို့ လက်ဖက်ရည်ဆိုင်ကို လာထိုင်တာပေါ့ကွ …. လက်ဖက်ရည် မသောက်ပဲ လက်ဖက်ရည်ဆိုင် လာထိုင်ပါ့မလား” ဒီလို အဖျော်ဆရာနဲ့ ကျနော်တို့အဖွဲ့ တစ်ဦးနဲ့ တစ်ဦး အဲလေ … တစ်ဦးနဲ့ တစ်ဖွဲ့ စကားနာလေးထိုးလိုက်ရမှ ကိုယ့်ရှေ့မှောက်ကို လက်ဖက်ရည်ခွက်ရောက်တဲ့ ဆိုင်ကလေး ….. “ငါတို့ ဝိုင်းကို နံပြားတစ်ချပ်လောက် လုပ်ပေးပါဦးကွ…” “ကုန်ပြီ … မရတော့ဘူး … စားချင်တယ်ဆိုရင် … ရောက်ကတည်းက မှာလေကွာ… အခုအချိန်မှ မှာလို့ ဘယ်ရတော့မှာလဲ” “အေးပါ … မင်းက ရောင်းကောင်းတဲ့နေဆိုတော့ ပြောပြီပေါ့ … ရောင်းမကုန်တဲ့နေ့ဆို နံပြားစားဦးမလားက […]


kotun winlattMarch 3, 20161min61311
စာဖတ်ခြင်းမှသည် ……. @@@@@@@@@@@@ စာဖတ်ခြင်းအလေ့အထ ဘယ်အချိန်လောက်ကတည်းက စပြီးသန္ဓေတည်ခဲ့ပါလိမ့်လို့ ကျနော်ပြန်စဉ်းစားကြည့်မိတယ်။ စာဆိုတာနဲ့ စပြီးထိတွေ့ခဲ့ရတဲ့အရွယ်ကို ပြောရရင်တော့ သူငယ်တန်းစနေတဲ့ ၁၉၈၅ ခုနှစ် ဇွန်လ ၁ ရက်ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနေ့က အကျင်္ ီအဖြူ ဘောင်းဘီတို အစိမ်း လွယ်အိတ်အသစ်လေးနဲ့ ကျနော့်ကို အဖေက ကျောင်းလိုက်အပ်ပေးတာ မှတ်မိနေပါတယ်။ အဖေ့ လက်တစ်ဘက်က ကျနော့်ကိုတွဲ ကျန်လက်တစ်ဘက်က လက်ဘက်ရည်အချိုထည့်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကိုဆွဲလို့ ပညာရင်နို့သောက်စို့နိုင်ဖို့ရာ ကျောင်းတော်ကြီးက ဆရာ/မတွေထံ ကျနော့်ကို အပ်နှံပေးခဲ့တာပါ။ အဖေက ကျနော့်ကို ကျောင်းအပ်ပေး… သက်ဆိုင်ရာစာသင်ခန်းကို ပို့ပေးပြီး အိမ်ပြန်သွားခဲ့တာပေါ့။ ကျနော်ကတော့ ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ ကျန်နေခဲ့ရတယ်။ မျက်စိသူငယ် နားသူငယ်များဖြစ်နေခဲ့သလား။ ပျော်ပဲပျော်နေခဲ့သလားဆိုတာတော့ သေချာမမှတ်မိ။ စာသင်ခန်းထဲမှာ လွယ်အိတ်အသစ်လေးထဲက ကျောက်သင်ပုန်းအသစ်လေးပေါ် ဆရာမက […]


kotun winlattDecember 18, 20151min58610
ဗေဒင်နှင့် ကျနော် @@@@@@@@ ဆောင်းနံနက်ခင်းသည် နှင်းမှုန်တို့ဖြင့် ဝေဝါးလျှက် ….. ချမ်းအေးသည့်ဒဏ်ကို အံတုရင်ဆိုင်ကာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားသူများဖြင့် နံနက်မလင်းမီကတည်းက သက်ဝင်လှုပ်ရှားနေသည့် နေရာလေးတစ်ခု …. မေးသံ ဖြေသံ ကြွက်ကြွက်ညံနေသည့် နေရာလေး …. ရောင်းချသူ ဝယ်ယူသူများဖြင့် စည်ကားနေသည့် နေရာလေး … အချို့နေရာများတွင်းကား မိုးမလင်းဈေးဟု ခေါ်ဆိုကြ … အချို့နေရာများတွင်ကား မီးခွက်ဟု အမည်တပ်ကြ … ဒီဒေသမှ ဈေးလေးကတော့ မိုးမလင်းဈေး မီးခွက်ဈေးထက် ကျော်လွန်ကာ နံနက်ခင်းဈေးဟု ခေါ်ဆိုရလေမည်လား မပြောတတ်ချေ။ ဒေသထွက်ကုန်များ၊ အထည်အလိပ်များ၊ အသီးအရွက် အသားငါး အစုံအလင် ရောင်းချကြ ဝယ်ယူကြနှင့် ….. နံနက်ခင်းတိုင်း စည်စည်ကားကားနှင့် သက်ဝင်လှုပ်ရှားနေကျ ဈေးကလေး …….. ဈေးကလေး၏ […]


kotun winlattDecember 17, 20151min6357
စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ “ဪ … တစ်ဆောင်းသစ်ပြန်ရောမယ် …..” ဟု ရေရွတ်နေမိသည်။ ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို […]


မိုးရာသီနှင့် ပတ်သက်ရင်တော့ အကြောင်းအရာများစွာ ရှိခဲ့ဖူးသည်။ အချို့က မိုးရာသီကို မနှစ်သက်ပေမယ့် ကျွန်တော်ကတော့ မိုးရာသီကို နှစ်သက်သူတစ်ယောက်ပင်။ ကိုယ်မွေးတဲ့ လကတည်း (မေ)လပင်ဖြစ်လို့လား မသိ။ မိုးရာသီကို နှစ်သက်သည်။ မိုးရာသီရောက်ပြီဆို ပြန်ပြောင်းအကြောင်းတွေးစရာတွေက အများအပြားပင်။ ငယ်ငယ်က ကျောင်းတက်ချိန်အစ ယခုထက်တိုင် မိုးရာသီနှင့်ပတ်သက်တာပြောမကုန်အောင် ရှိခဲ့သည်။ အခုလည်း မိုးတွေရွာနေပြီ။ မိုးရာသီနှင့်ပတ်သက်ရင်တော့ အစားအသောက်အကြောင်းကို အရင်သတိရသည်။ အခုမှ အစားအသောက်အပေါ် ဝါသနာကြီးမှန်း သိခဲ့သည်။ ငယ်ငယ်တုန်းကတော့ အမေ့လက်ရာနှင့် အစ်ကိုတွေရဲ့ လက်ရာနဲ့တင် ရင်းနှီးခဲ့ရသည်။ မေမေကတော့ အမြဲပြောသည် အမေအလုပ်လုပ်တုန်းက အဖေက ထမင်းဟင်းချက်သည်။ နံနက်ဆို ဆိုင်ရောက်လာပြီး မိန်းမဈေးဖိုးပေးဆိုကာ ဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။ ကျွန်တော်ကတော့ ဖေ့ဖေ့ပုံရိပ်ကို သိပ်မမီလိုက်ပေ။ လေးနှစ်ဆိုသည်အရွယ်ဆိုတော့ ဝိုးတဝါးပင်။ မိုးရာသီဆို မှတ်မှတ်ရရက ခရုပြုတ်နှင့် […]


နံနက်မိုးလင်းပြီဆို ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုက နံနက်ခင်းစာကိစ္စပေါ့။ အချို့တွေက လက်ဖက်ရည် ၊ ကော်ဖီ နဲ့  Bakery မုန့်တစ်ခုခုဆို နံနက်စာ ပြီးမြောက် ကြတယ်။ နံနက်ခင်းစာလို့ ဆိုလိုက်တာနဲ့ ထမင်းကြော် ၊ လက်သုတ်စုံ ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည် ၊ ကော်ဖီတို့ကို အားလုံးပြေးမြင်တတ်ကြပါတယ်။ အချို့တွေကတော့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီစမ်းပေါ့ ကာလတွေပြောင်းလာတာနဲ့ အမျှ လူတော်တော်များများဟာလည်း အရင်ကလို နံနက်ခင်းစာကို အိမ်မှာလို ထမင်းကြော်ချက် မစားကြတော့ပါဘူး။ ရုံးအလုပ်လုပ်တဲ့ သူတွေက လမ်းသင့်တဲ့ ဆိုင်တစ်ဆိုင်က လက်သုတ်စုံ ဒါမှမဟုတ် မုန့်ဟင်းခါးကို ပါဆယ်ဆွဲတဲ့သူဆွဲ ဆိုင်ထိုင်စားတဲ့သူစားကြတာပါပဲ။   ******************************************* ကျွန်တော်ဆို နံနက်ခင်းစားကို လက်ဖက်ရည် ၊ ကော်ဖီ […]


သည်ပန်းပင်တွေကို စစသိချင်းမှာ အထူးအဆန်းဖြစ်မိတာအမှန်ပဲ။ သုံးမျိုးစလုံးကလည်း မွှေးရနံ့တွေမှာ ထူးခြားတာကိုး။ “တောင်တိုင်းမှာလည်း ပတ္တမြားမရှိသလို တောတိုင်းမှာလည်း စန္ဒကူးပင်မရှိဘူး။” ဆိုတဲ့ စာချိုးလေးကို ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာမှာ မှတ်ခဲ့ဖူးကတည်းက စန္ဒကူးပင်ဆိုတာသိချင်ခဲ့မိတယ်။ ကျောင်းတုန်းက ဆရာမပြောဖူးတာ ကြားနေရင်းကနေ စန္ဒကူးပင်ကို တွေ့ချင်မြင်ချင် မိခဲ့တယ်။ သိပ်ကိုမွှေးလွန်းတဲ့အတွက် အလွန်တန်ဖိုးကြီးတယ်လို့လည်း ပြောတာကြားဖူးခဲ့တာပါ။ သည်လိုနဲ့ တစ်ရက်တော့ အနံ့ကထူးခြားပြီး အရမ်းမွှေးတဲ့ ပန်းပင်တစ်ပင်ကို ကျွန်တော်တွေ့ခဲ့ တယ်။ (၇)တန်း (၈)တန်းလောက်မှာ ခရေပန်းကောက်ရင်း ကျွန်တော်တို့နေတဲ့ ရပ်ကွက်နားမှာ အပင်တစ်ပင်အောက်မှာ ပန်းတွေဖွေးဖွေးလှုပ်ကြွေနေတာကို တွေ့လိုက်ရတယ်။ မွှေးလိုက်တာမှ မွှေးနေတော့။ အပင်က (၇)ပေ (၈)ပေလောက်မြင့်ပေမယ့် သူ့ရဲ့ အကိုင်းတွေက ရှည်အိပြီး ကွေးပြီးဖြာဆင်းနေတယ်။ စကြာပန်းနဲ့ ပုံစံတူပြီး အဖြူရောင်ပါပဲ။ ထူးခြားတာ အပွင့်အောက်က […]


မွှေးရနံ့တွေနဲ့ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိသလို နှစ်သက်ခဲ့မိတာတွေလည်း ရှိပါတယ်။ ကျွန်တော်က ရေမွှေးနံ့ခပ်ပြင်းပြင်းတွေနဲ့ အလာ့ဂျစ်ဖြစ်သူပါ။ ရေမွှေးနံ့ခပ်ပြင်းပြင်း ခပ်စူးစူးရပြီဆို ဟပ်ချိုးအဆက်မပြတ်ချေတတ်သလို အသက်ရှူတွေပါကြပါလာတတ်ပါတယ်။   ကျွန်တော်နဲ့ တည့်တဲ့ မွှေးရနံ့တွေက ခပ်သင်းသင်းနဲ့ သဘာဝရနံ့တွေဆို တည့်ပါတယ်။ သည်လိုနဲ့ သစ်ပင်ပန်းပင်တွေက အနံ့တွေကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ပထမဆုံးပြောရမယ်ဆို ယုဇနပင်ပေါ့။ ယုဇနပန်းရဲ့ မွှေးရနံ့ကို သိပ်နှစ်သက်သူပါ။ အိမ်က ခြံမကျယ်ပေမယ့် အဒေါ်အိမ်မှာ (၉)ပေလောက်မြင့်တဲ့ ယုဇနပင် ရှိပါတယ်။ ပွင့်ပြီဆိုရင်ဖြင့် တစ်အိမ်လုံး တစ်ခြံလုံးကို မွှေးနေ တော့တာပါပဲ။ ယုဇနပန်းပွင့်ပုံစံကိုလည်း သဘောကျမိသလို အဒေါ်အိမ်က ပန်းပွင့်ပြီးဆို အခိုင်လိုက် ခူးလာပြီး ဘုရားလည်း တင်တတ်တဲ့ကျတော်ပါ။ ခြံလေးတစ်ခြံ ရရင်တော့ စိုက်မယ့်အပင်ထဲမှာ ယုဇနပင်လည်း ပါဝင်ပါတယ်။ ခုခေတ်မှာတော့ (၁၂)ရာသီပွင့်တဲ့ ယုဇနမျိုးတွေလည်း […]


  ဦးအောင်တို့ငယ်ငယ်တုန်းက – ၄ ကို ဂုံညင်းဒိုးကစားနည်းကို ရေးချင်ခဲ့တာပါ။ ခုပတ်ဝန်းကျင်မှာလည်း အဲ့သည်ကစားနည်းဟာ ရှားပါးလာခဲ့ပြီလေ။ ဂုံညင်းဒိုးဆိုတာတောင် ကလေးတွေမေးရင် မြင်ဖူးပါ့မလားမသိ။ ဦးအောင်တို့ငယ်ငယ်တုန်းက နေစောင်းလို့ လူစုမိပြီဆို အိမ်တစ်အိမ်ကတစ်ယောက်ကို ထိုင်ခုံ တစ်လုံးစီ ထုတ်ရင်း ဆော့ကြတော့တာပဲ။ ဂုံညင်းဒိုးကတော့ ကိုယ်ပိုင် ဂုံညင်းဒိုးရှိမှသာ ကစားလို့ကောင်းမှာပါ။   ဂုံညင်းဒိုးကစားနည်းကို ရေးချင်ပေမယ့် ဂုံညင်းဒိုးအစစ်နဲ့ ဓာတ်ပုံနှင့်တကွ ဦးအောင်ကိုယ်တိုင် ဆော့ပြရေးပြချင်တာရယ်။ ပြီးတော့ ပြီးခဲ့တဲ့အပတ်က ပန်းကမ္ဘာထဲချာချာလည်သွားတာကတစ်ကြောင်း ခုလာမယ့် ပိတ်ရက်မှသာ အကောင်အထည်ဖော်နိုင်တော့မှာမို့။ ဦးအောင်တို့ ငယ်ငယ်တုန်းက – ၄ ကို ငယ်ငယ်ကတည်းကနေ အခုချိန်ထိ မမေ့နိုင်သေးတဲ့ ထုတ်စီးတိုးတမ်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။   ထုပ်စီးတိုးတမ်း ကစားနည်းမှာတော့ အဖွဲ့နှစ်ဖွဲ့ကနေ အဖွဲ့အများကြီးကစားလို့ရပါတယ်။ ရှုံးထွက် ကစားလို့ရတာပေါ့။ […]