ပုံ-၁- တံခွန်တိုင်ရယ်၊ စေတီတော်ကြီး နောက်ခံနဲ့

ပုံ-၂- ဖူးမျှော် ဦးတည် ဥပ္ပါတသိန္တိစေတီ

ပုံ-၃- ရောင်စုံကုက္ကားတွေနဲ့ တံခွန်တိုင်

ပုံ-၄- ဘုရားကို ရေသပ္ပါယ်သူ

 ပုံ-၅- ဘုရားလှိုဏ်ဂူအဝင်ဝက ကျောက်ဆစ်လက်ရာ

ပုံ-၆- လှိုဏ်ဂူတော်အတွင်း မြင်ကွင်းကျယ်

ပုံ-၇- ဖူးမျှော်နိုင်အောင် ပြသထားတဲ့ ဓာတ်တော်များ

 

ပုံ-၈- ရာဝင်အိုး ပေါ်က ရှင်လောင်းလှည့်လာပုံ မြန်မာမှု စဥ့်ထည်အနုပညာလက်ရာ

ပုံ-၉- ဒီက စောင့်နေသူ.. (ပြန်အထွက်မှာ မိုးဖွဲကျ)

ပုံ-၁၀- ဆင်ဖြူတော်

ပုံ-၁၁- ဆင်ဖြူတော် နောက်တစ်ပုံ

ပုံ-၁၂- လျှပ်စစ်ရောင်ဝင်း ညရှုခင်း

ပုံ-၁၃- ရွှေတောင်ကြီးနဲ့ အရိပ် (ဒီပုံလေးရိုက်တော့ ရေထဲကအရိပ်ကို ခရေဇီဖြစ်တဲ့ သူတစ်ဦးကို သတိရ)

  နေပြည်တော်မှာ နေထိုင်ပေမယ့်လို့ နေပြည်တော်တခွင်က လည်ပတ်စရာနေရာတွေကို တစ်လနေလို့ တစ်ခါ မသွားနိုင်ခဲ့ပါဘူး။ ရုံးဖွင့်ရက်မှာလည်း မိုးလင်းကစ ညနေ ၅ နာရီကျော်မှ အိမ်ပြန်ရောက်တာမို့ မသွားဖြစ်။ စနေ၊ တနင်္ဂနွေကျတော့ တပတ်လုံးပုံထားတဲ့ အိမ်အလုပ်တွေ ရှင်းရတာနဲ့ လည်ဖို့မလွယ်ပြန်။ ဒီလိုနဲ့ နေပြည်တော်က ရေပန်းဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်တို့၊ တိုင်းရင်းသားကျေးရွာ (National Landmark) ဆိုတာတွေဟာ နီးလျက်နဲ့ ဝေးနေခဲ့ရပါတယ်။

ဒီတပတ်ထဲမှာ မတွေ့တာ ၇ နှစ်လောက်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် တကူးတက လာလည်တာနဲ့ သူ့ကို လိုက်ပို့ပြသရင်း ဥပ္ပါတသန္တိစေတီကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်းက မိုးခေါ်လာတယ်ပြောရမလား .. သူ့လိုက်ပြတဲ့နေ့မှာ ရာသီဥတု မသာယာ..။ ဘုရားကို အသွားမှာကတည်းက လေကတဖြူးဖြူး၊ မိုးပြေးလေးကလည်း မြူးတော့မယ် တကဲကဲ..။ သူငယ်ချင်းက လာခဲတဲ့ ရောက်ခဲတဲ့ သူမို့ မဖြစ်မနေရောက်အောင် လိုက်ပို့တာ။ မှတ်တမ်းတင် ဓါတ်ပုံရိုက်ရတာလည်း ကင်မရာကို ထီးလေးနဲ့ တကာကာပေါ့။

ဘုရားကို ပတ်ဖူးနေချိန်မှာပဲ မိုးကလည်း ပိုကောင်းလာတယ်။ မိုးတိတ်အောင်စောင့်ကြရင်း ဘုရားလှိုဏ်ဂူအတွင်းနံရံက စကျင်ကျောက်ကို ထွင်းထားတဲ့ ကျောက်ဆစ် လက်ရာတွေ  ဓါတ်ပုံလေး အချိန်ပေး ရိုက်ခွင့်ရခဲ့တာတော့ ၀မ်းသာတယ်..။ မိုးကျနေတာရယ်၊ မှောင်လာတော့ အလင်းပေးထားတဲ့ ဆလိုက်မီးတွေကြောင့်ရယ် စိတ်ကြိုက်တော့ မဖြစ်ခဲ့ဘူး။ connection အခြေအနေ အတော်ဆိုးနေလို့ အဲဒီပုံတွေတော့ နောက်ပို့စ်တွေမှာပဲ ထပ်တင်တော့မယ်..။ စောင့်မျှော်အားပေးကြပါဦး..။

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011