ဧရာဝတီမြစ်ဘက်ကမ်းမုခ်ဦး

အနောက်ဘက်မုခ်ဦး

ရင်ပြင်တော်ပေါ်မှ ဧရာမ မန်ကျီးပင်ကြီးတစ်ပင်

အရံစေတီလေးတွေ

မန်ကျီးရွက်စိမ်းစိမ်းနဲ့ စေတီရွှေဝါရောင်နဲ့ အလွန်လိုက်ဖက်နေတယ်

စေတီနဲ့မန်ကျီးပင်

ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး

ထောင့်ပြောင်းပြီး ဖူးကြည့်ရအောင်

ဓါတ်ပုံကို ဓါတ်ပုံပြန်ရိုက်ထားခြင်း (၁)

ဓါတ်ပုံကို ဓါတ်ပုံပြန်ရိုက်ထားခြင်း (၂)

မန်ကျီးပင်ပေါ်မှ မန်ကျီးရွက်နှင့်မန်ကျီးပန်း

ဒီငှက်လေးကြည့်ရတာ လွှတ်လိုက် ပြန်ဖမ်းလိုက်လား မသိဘူး ..

ရွှေဘုံသာမုနိကို ၃ ကြိမ် ရောက်ဖူးပါတယ်။ ပထမဆုံးအကြိမ်တုန်းက ဆယ်နှစ်ကျော်ပြီထင်ပါတယ် ပြုပြင်ဆဲကာလမှာ စေတီပတ်ဝန်းကျင် အရမ်းသာယာပါတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ ဘုရားနားရောက်တဲ့အထိ ရေတက်တာနဲ့ကြုံခဲ့ဖူးတယ်။ ဘုရားမှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ အခုအချိန်မှာ ပြုပြင်တည်ဆောက်မှု အားလုံးပြီးဆုံးသွားပြီး သန့်ရှင်းသပ်ရပ်နေပါပြီ။ သရက်သီးပေါ်ချိန်မို့လို့ မြကျောက်သရက်သီးဆိုင်တွေအများကြီးတွေ့ခဲ့ရတယ်။ အနောက်ဘက်မှ ဇရပ်အကြီးကြီးတွေရှိပြီး အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ ကျွန်မတို့က နေ့လည် ၁၂ နာရီလောက်ကြီးရောက်သွားတာမို့လို့ ဇရပ်ပေါ်မှာ တစ်နာရီလောက်ထိုင်ပြီး နားနေခဲ့ကြသေးတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တောင်တောင်သဘာဝပတ်ဝန်းကျင်များကြောင့် ဘုရားဖူးသွားရတာ ပျော်စရာကောင်းတယ်။ နွေနေပူပူနေ့လည်ခင်းဖြစ်နေလို့ ရင်ပြင်တော်ပေါ်မှာ ခြေချရ အင်မတန်ခက်နေချိန်ပေါ့ … တစ်နေရာနဲ့တစ်နေရာကို တစ် နှစ် သုံး ရေတွက်ပြီး အမြန်ဆုံးပြေးကြရတာ အမှတ်တရပါပဲ … မန်ကျီးပင်ကြီးအရိပ်အောက်မှာနားနေပြီး မန်ကျီးပန်းတွေကို တအံ့တသြဖြစ်ခဲ့ပါသေးတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....