သန်လျက်စွန်းမှ ကြည့်မြင်တိုင်ဟုမ်းလမ်းမှတ်တိုင်အနီးအထိ ရန်ကုန်မြစ်ဘက်ခြမ်းတွင် ကွန်ကရစ်လမ်းမသစ်ဖောက်တော့မည်

klnJune 18, 20101min824

ရန်ကုန်မြို့၊ ကမ်းနားလမ်းတစ်လျှောက်ရှိ ဗိုလ်တစ်ထောင် သန်လျက်စွန်းမှ ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်အနီးရှိ MECသိုလှောင်ရုံအထိ မြစ်ကမ်းဘက်အခြမ်းကို ၄၈ပေအကျယ်ရှိပြီး တန်၁၀ဝ ခံနိုင်သော ကွန်ကရစ်လမ်းမ အသစ်ဖောက်လုပ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ ကမ်းနားလမ်းမရှိ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ဆိပ်ကမ်းမြို့နယ်များသို့ ဖြတ်သန်းသွားလာမည့် ကမ်းနားလမ်းသစ် လမ်းတစ်လျှောက်ရှိ ချောင်းကူးတံတားများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်မည့်ပုံစံများ ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကမ်းနားလမ်းသည် အကျယ်၄၈ပေ၊ ဘေးနှစ်ဖက်စီရှိ ပလက်ဖောင်းအကျယ် ၆ ပေရှိပြီး လက်ရှိကမ်းနာလမ်းမနှင့် လမ်းသစ်ကြားတွင် လမ်းလယ်ကျွန်းအဖြစ်ပေ ၃ဝ အကျယ်(အပိုင်း၄ သစ်တောလမ်းမှ အပိုင်း ၁၆ ကြာဖြူလမ်းအထိ) ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။ လမ်း၏အူကြောင်းတစ်လျှောက်ရှိ သီရိမင်္ဂလာဈေး ချောင်းအကျယ် ၃၁ ပေ၊ သစ်တောလမ်းထိပ် ချောင်းအကျယ် ၁ဝ ပေ၊ ဟာဘိ ချောင်းအကျယ် ၄၅ ပေနှင့် ရွာသစ် ချောင်းအကျယ် ပေ ၅ဝ ရှိသည့် တံတားများကို ဆောက်လုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။ ယခုအခါ လမ်းသစ်ဖောက်လုပ်ရန်အတွက် တိုင်းတာရှင်းလင်းမှုများ စတင်နေပြီဖြစ်ပြီး အလံတိုင်များ စိုက်ထူထားသည်ကို တွေ့ရသည်ဟု ကြည့်မြင်တိုင်တွင် နေထိုင်သူတစ်ဦးကပြောသည်။ “ ပုဂ္ဂလိက လူနေအိမ် အဆောက်အအုံတွေပါတာ မတွေ့ရဘူး။ ဒီလမ်းမအသစ်က လမ်းလယ်ကျွန်းအပါအဝင် ၈၄ ပေ ရှိတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ မလွတ်တဲ့အဆောက်အအုံနဲ့ လူနေအိမ်တွေက ဌာနဆိုင်ရာတွေပဲ တွေ့ရတယ်။ တန် ၁၀ဝ ဝန်ခံနိုင်မယ့်လမ်းဆိုတော့ ထုထည်ရော ကြံ့ခိုင်မှုပါ ကြီးမားမယ့်သဘောရှိပါတယ် ” ဟု ၎င်းက ဆိုသည်။ ကမ်းနားလမ်းသစ် ဖောက်လုပ်ရာတွင် လမ်းဧရိယာထဲတွင် ပါဝင်မည့် ဌာနဆိုင်ရာ လူနေအိမ်အဆောက်အအုံပေါင်း ၈၀ရ လုံးရှိပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၅၅ လုံး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၃၆ လုံး၊ စွမ်းအင်ဝန်ကြီးဌာနမှ ၂၅ လုံး၊ နယ်စပ်စည်ပင်မှ ၃ လုံး၊ ရေတပ် တပ်ထိန်းရုံးမှ ၄ လုံး၊ သစ်တောမှ ၆၅၈ လုံးနှင့် လျှပ်စစ်၂မှ ၂၆ လုံးဖြစ်ကြောင်း သိရသည်။ အသစ်တည်ဆောက် ဖောက်လုပ်မည့်လမ်းသည် ဖြတ်သန်းသွားလာမည့်ယာဉ်နှင့် ဝန်အလေးချိန် ခံနို်င်ရည်ကို တန် ၁၀ဝ သတ်မှတ်ထားပြီး နေ့စဉ်ဖြတ်သန်းသွားလာမည့် ယာဉ်အစီးရေမှာ ၁၀၀ဝ မှ ၁၂၀ဝ ခန့်အထိ လျာထားကြောင်း၊ လက်ရှိသွားလာနေသည့် ကမ်းနားလမ်းမ၏ ယာဉ်နှင့်ကုန်ခံနိုင်မှု အလေးချိန်မှာ တန် ၆ဝ သာရှိကြောင်း သိရသည်။

4 comments

  • etone

    June 18, 2010 at 6:24 am

    လမ်းတွေဖောက်တာကတော့ကောင်းပါတယ် ။ ရေရှည်ခိုင်ခံ့ဖို့ပဲလိုတာပါ ။

  • လူထု မီဒီယာ

    June 18, 2010 at 7:32 am

    အင်းပြောင်းတဲ့သူတွေလည်းပြောင်းနဲ့ အချို့ အဆင့်မြင့်အိမ်ယာတွေလည်းမျက်ခုံးလှုပ်နေကြတယ်….ရောင်းရန်ရှဗိသည်ကြော်ငြာတွေ တော်တော်တွေ့လာရတယ်ဗျ…

  • လင်းဝေကျော်

    June 18, 2010 at 7:51 am

    ရန်ကုန်မှာ လမ်းတွေဖေါက်သင့်နေတာကြာပါပြီ။
    လမ်းတွေဖေါက်ပြီး မခိုးဖို့ပဲလိုတာ။
    လမ်းတွေပေါ်မှာလည်း စည်းကမ်းတွေရှိဖို့လိုတယ်။
    လမ်းမပေါ်ဈေးရောင်း၊ ကားဂိတ်ထိုး မလုပ်ကြဖို့လိုပါတယ်။

  • ghost

    June 18, 2010 at 3:52 pm

    မခိုးမှာ တော့ မပူပါနဲ ငတက်ပြား က ဘဏ္ဏာထိန်း လေ

Leave a Reply