ကျတော်ကြုံတွေ့ခဲ့တာလေးကို ရွာထဲမှာ မျှဝေ ဆွေးနွေးခွင့်ပြုပါ။
ပြီးခဲ့တဲ့ရက် ၁၉-၀၅-၁၂ တုန်းက အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်မူဇုန် စီမံခန့်ခွဲရေးရုံး၊ ကနောင်ခန်းမမှာ ကျတော်သွားတက်ခဲ့ရပါတယ်။ ဆွေးနွေးပွဲက နှစ်ပိုင်းခွဲဆွေးနွေးတာ ဖြစ်ပါတယ်။ မနက်ပိုင်းက အလုပ်ရှင်နှင့်စီမံခန့်ခွဲသူ၊ ညနေပိုင်းက အလုပ်သမားတွေနဲ့ သီးသန့် ခွဲဆွေးနွေးတာပါ။ ကျတော်ကမနက်ပိုင်းတက်ခဲ့ရတာပါ။ ကျတော်လည်း တွေ့ဆုံဆွေးနွေးပွဲ မစမှီ ၁၀ မိနစ်အလိုလောက် ခန်းမကို ရောက်သွားခဲ့ပါတယ်။ ကျတော်ရောက်သွားတော့ လူတွေ တော်တော်စုံနေပါပြီ။ တစ်ချို့က တူညီဝတ်စုံ၊ တစ်ချို့က မြန်မာတိုက်ပုံနဲ့လုံချည်၊ တစ်ချို့ကတော့ အဆင်ပြေရာဝတ်စုံ အမျိုးမျိုး အရောင်အသွေးအစုံပါပဲ။
အဲဒီမှာ ကျတော်ချက်ချင်း သတိထားမိတာကတော့ အရောင်အသွေးအစုံတဲ့ ၀တ်စားဆင်ယဉ်မူ မဟုတ်ပဲ လူတိုင်း၊ ကျား၊ မ မရွှေး လက်ကိုင်ဖုန်းကိုယ်စီနဲ့ဆိုတာပဲ၊ တစ်ချို့ကခါးမှာချိတ်လို့၊ တစ်ချို့ကလက်ကကိုင်လို့၊ တစ်ချို့ကအော်ကြီးပာစ်ကျယ်နဲ့ တယ်လီဖုန်းပြောလို့၊ တစ်ချို့ကလည်း စကားပြောခွက်ကို လက်ကလေးနဲ့ကာပြီး တိုးတိုးလေးပြောလို့၊ (ရွှေတိုက်တယောက် အုပ်ထိန်းသူ မသိအောင် ကြူတဲ့အထာထင်တာပဲ) တစ်ချို့က လက်ကိုင်ဖုန်းထဲက တယ်လီဖုန်းနံပါတ်ကိုရှာပြီးဖလှယ်လို့၊ တစ်ချို့ဆိုအော်ကြီးပာစ်ကျယ်နဲ့ ဟိန်းဟောက်တောင်နေလိုက်သေး။ အဲဒီချိန်ထိ အိုကေပါပဲ။ (ကျတော်တို့ရွာသူ/သားတွေနဲများကွာပါ့၊ ပန်းတနော်-အစုကြီးသွားတုန်းက ဘယ်သူမှ လက်ကိုင်ဖုန်းကိုဟန်ရေးတပြပြမကိုင်ကြပါဘူး၊ သဂျီး မဲဖောတ်တဲ့ လက်ကိုင်ဖုန်းကို အလုအယှက်ကိုင်ကြည့်တာကလွှဲလို့ပေါ့)။
ဒီလိုနဲ့ဆွေးနွေးပွဲစပြီပေါ့…..
ဆွေးနွေးပွဲမှာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်၊ ဒု-ညွှန်ချုပ် နဲ့ လူမူဖူလုံရေးဌာနက ညွှန်မှူးတို့ဆွေးနွေး ပြောကြားကြတယ်။ ဒီနေရာမှာ ညွှန်ချုပ်တွေနဲ့ ညွှန်မှူးတို့ ဘာပြောပြီး ဘာတွေဆွေးနွေးလည်းဆိုတာကို ပြောချင်လို့မဟုတ်ပါဘူး။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်စပြောလို့ စက္ကန့်ပိုင်းပဲရှိသေး၊ ပရိတ်သတ်ထဲကနေပြီး ကလင်…ကလင်…ကလင်…
ညွှန်ချုပ်၊ ခေါင်းထောင်ကြည့်၊ အသံတိပ်သွားတော့ ဆက်ပြော-ဟုတ်ပါဘူး ဆက်ဖတ်… မကြာပါဘူး…ကိုကို့ဖုန်းလာနေတယ်… ကိုကိုရေဖုန်းလာနေတယ်နော်… ကိုကိုဖုန်းလာနေတယ်လေ…(ကိုကြီးမိုက်ရဲ့ ဖုန်း Ring Tone ထင်တာပဲ) ညွှန်ချုပ်၊ ခေါင်းထောင်ကြည့်-သူ မခံစားနိုင်တော့ဘူးထင်ပါတယ်…ပြောပြီ…လူကြီးမင်းတို့ရဲ့ လက်ကိုင်ဖုန်လေးတွေပိတ်ထားပေးပါလားဗျာ…တဲ့ ပြီးတော့ ဆက်ပြော-ဟုတ်ပါဘူး ဆက်ဖတ်…ခဏကြာပြန်တော့ ကလေးငိုသံ…ပုရိတ်ရွတ်သံ… သီချင်းသံ…ဟာစုံလိုက်တဲ့ တယ်လီဖုန်းသံတွေ၊ ညွှန်ချုပ်ကြီးလည်း သူ့သြဇာမတည်မှန်းသိလို့ထင်ပါရဲ့ သူပြောစရာ ရှိတာတွေကို ဆက်ဖတ်ပြီး လစ်ပါလေရော…
ဒု-ညွှန်ချုပ်အလှည့် မတိုင်ခင်မှာတော့ အခမ်းအနားမှူးက “လူကြီးမင်းတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ကျေးဇူးပြု၍ပိတ်ထားပေးပါ” ဆိုပြီးတော့ကြေကြာတယ်…..ဒီလိုနဲ့ ဒု-ညွှန်ချုပ် စပြောပြီ… ဟုတ်ပါဘူး ဖတ်ပြီ်…ဒါပေမယ့်…တယ်လီဖုန်းသံတွေက ရပ်မသွားပါဘူး ဟိုနားကမြည်လိုက်၊ ဒီိနားကမြည်လိုက်ပါပဲ။ ကြားထဲမှာ မိနစ်၂၀ လောက်တယ်လီဖုန်းသံတိတ်နေပြီးမှ “ကိုကိုလူဆိုးကြီး ဘာဖြစ်လို့ဖုန်းမကိုင်တာလဲ ဖုန်းကိုင်လိုက်ပါအုံးနော် ဒီတခါဖုန်းမကိုင်ရင် ကိုကိုနဲ့မခေါ်တော့ဘူး စိတ်ကောက်လိုက်မှာနော် ကိုကို့လည်းမချစ်တော့ဘူး မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်း အဟင့် အဟင့်
အဟင့်…”(ဒါတော့ အားလုံးချစ်ကြတဲ့ ဦးပေါက် Ring Tone နဲ့တူတယ်) အသံမြည်ရာဆီကို တိုင်ပင်မထားပဲ လှည့်ကြည့်၍ ပြုံးသူပြုံး၊ ရီသူရီကုန်၏။
လူမူဖူလုံရေးဌာနက ညွှန်မှူးအလှည့်၊ သူကရော ဘာမို့လို့လဲ တယ်လီဖုန်းသံမျိုးစုံက ဆက်လက် အားပေးလျှက်ပဲ။ အဆိုးဆုံးကတော့ သူ့တပည့်၊ အဲဒီလူကို ကျတော်ကောင်း ကောင်းသိတယ်၊ ပြီးတော့ရင်းနှီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့စက်ရုံကို လူမူဖူလုံရေးကိစ္စနဲ့မကြာခဏလာတတ်လို့၊ ပြီးတော့ ကျတော်တို့စက်ရုံရှိတဲ့ မြို့နယ်က မြို့နယ်လူမူဖူလုံရေးဌာနရဲ့မန်နေဂျာလေ။ သူက ကျတော့်ရှေ့ကထိုင်ခုံမှာ၊ သူ့ဆရာ ဆွေးနွေးနေတာကို တယ်လီဖုန်းအပြောမပျက် အားပေးနေလေရဲ့။ ဒါကိုသူ့ဆရာမြင်တော့ “မင်းဒီလောက်အရေးကြီးနေရင် အပြင်ထွက်သွားပြောကွာ” တဲ့ ကောင်းလိုက်တဲ့ အထက် အောက် အပြန်အလှန် လေးစားမူ။ ဒါပေမယ့် အဲဒီမန်နေဂျာတယ်လီဖုန်းပြောနေတာက သူ့ဆရာတွေ နေ့လည်စာစားဖို့အတွက်စီစဉ်နေတာ၊ နောက်ကနေကြားနေရတယ်။
ကျတော်လည်းလက်ရှိလုပ်နေတဲ့ကုမ္ပဏီရဲ့ကျေဇူးကြောင့်အာဆီယံတိုင်းပြည်တွေမှာ Conference တွေ Meeting တွေ Workshop တွေ Seminar တွေ Training တွေ တက်ဖူးတယ်၊ (အရေးထဲ ထုပ်ကြွားနေပြန်ပြီ) အစည်းဝေးခန်း၊ သင်တန်းခန်းမထဲဝင်တာနဲ့ အားလုံးက သူတို့ရဲ့ လက်ကိုင်ဖုန်း တွေကို Silence Mood ကိုပြောင်းချင်ပြောင်း ဒါမှမဟုတ် ပါဝါပိတ်လိုက်ကျတယ်။ လိုအပ်လို့ မဖြစ်မနေ တယ်လီဖုန်းပြောစရာရှိပါက ခန်းမအပြင် ထွက်ပြောလေ့ရှိတယ်၊ သူတို့တွေ အကျင့်ဖြစ်နေပြီ။
လက်ရှိအခြေအနေအရ၊ လူတိုင်းလက်ကိုင်တယ်လီဖုန်းသုံးနိုင်တာဝမ်းသာစရာပါ။ နောက်ပြီး ဒါဟာ အထူအဆန်းမဟုတ် ပေမယ့် လက်ကိုင်ဖုန်းကိုင်ပြီး လူမူရေးနားမလည်တာကတော့ ထူးဆန်းလို့နေတယ်လို့ထင်မိ ပါ၏။ ခေတ်မှီ်လက်ကိုင်ဖုန်း တီထွင်သူတွေဟာ သုံးစွဲသူတွေ အဖက်ဖက်က အဆင်ပြေစေဖို့ အစစအရာရာ ထည့်သွင်းစဉ်းစားပြီး ထုပ်လုပ်ထားတာဖြစ်တဲ့အတွက် သူတို့ရဲ့ ကြိုးစားမူကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ကိုင်ဖုန်းတွေကို ပတ်ဝန်းကျင်အနှောက်အယှက်ကင်းကင်းနဲ့ အသုံးပြုဖို့လိုအပ်ပါတယ်။ ကားမောင်းမယ်ဆိုရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားလည်ဖို့လိုသလို၊ တိကျစွာ လိုက်နာဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်း သုံးမယ်ဆိုရင်လည်း………………………….

လေးစားစွာဖြင့်
အညာတမာ။

About အညာတမာ

has written 8 post in this Website..