မြစ်ဆုံစီမံကိန်းကိုအမြန်ဆုံးပြန်စနိုင်ရန် အစိုးရချင်းညှိနှိုင်းသွားမည်ဟု တရုတ်သံအမတ်ကြီးဆို

 

ကဲ Mandalay Gazette ၀င်တွေရေ ဒီနေ့ မြန်မာပြည်ထဲမှာ ရခိုင် – မွတ်စလင်အရေး

အခင်းတွေဖြစ် တဲ့အချိန်မှာ မြန်မာပြည်ကိုနောက်ပိုးသိပ်မဲ့ စီမံကိန်းကို တရုတ်အစိုးရကနေပြီးတော့မှ

ယုတ်ယုတ်မာမာကြံစည်နေပါတယ်။အဲဒါကတော့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ပါပဲ။

ဒီနေ့ထုတ် 7 Days News ဂျာနယ်မှာ ပါတဲ့ သတင်းအရ တရုတ်သံအမတ်ကြီးက မြစ်ဆုံစီမံကိန်း

ကိုရပ်လိုက်တာ မဟုတ်ပါဘူး။ဆိုင်းငံ့ထားတာပါလို့ တိတိကျကျထပ်ခါတလဲလဲ ပြောနေတဲ့စကားသံပါရှိ

ပါတယ်။

7 Days Journals နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး မစ္စတာလီဂျန်ဝှာ တို့တွေ့

ဆုံတဲ့အမေးအဖြေမှာတိတိကျကျပြောဆိုသွားတာပါ။

ကျွန်တော်တို့ထင်ထားတာက မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းလိုက်တာလားလို့ထင်ထားပေမဲ့

သက်ဆိုင်ရာ သတင်းအစအနတွေအနေနဲ့ရော ကျန်အစိုးရအသိုင်းအ၀ိုင်းမှာ ပါ ခေတ္တရပ်ဆိုင်းတယ်ဆိုတဲ့

သတင်းဟာပျံနှံ့နေပါတယ်။ဒီနေ့ 7 Days ဂျာနယ်ကိုဖတ်ကြည့်လိုက်တော့မှပဲ ပိုပြီးနားလည်သဘော

ပေါက်သွားပါတယ်။ နိုင်ငံတော်သမ္မတရဲ့ကြေသညာစာမှာလည်း သူ့အစိုးရလက်ထပ်မှာသာရပ်ဆိုင်းတယ်လို့ပါတာကိုး။

Mandalay Gazette ၀င်တွေကြေညာချက်ကိုသတိပြုမိမှာပါ။

ကဲ အဲဒီ့ တရုတ်သံအမတ်ကြီးက မြစ်ဆုံစီမံကိန်းကိုအမြန်ဆုံးပြန်စနိုင်ဖို့ အစိုးရချင်းညှိနှိုင်းနေပါတယ်ဆိုတဲ့ စကားသံပါပဲ။

ကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်။ကျွန်တော်တို့မြန်မာနိုင်ငံကထွက်သမျှလျှပ်စစ်ဓါတ်အား

နဲ့ သဘာဝဓါတ်ငွေ့တွေမှန်သမျှကိုတရုပ်ကြီးအောက်ကြေးနဲ့ဝယ်ပါတယ်။ ပြီးတော့ နိုင်ငံအတွင်း

မှာလိုအပ်ချက်အရ လျှပ်စစ်ကြောင့် ဆူပူမှု့တွေဖြစ်လာတော့ ဒီဇယ်တစ်ဂါလံတောင်လာမပို့ပါဘူး။

ကျုပ်တို့ သတင်းစာနဲ့ရေဒီယိုက ကော်ကော်ဆဲခဲ့တဲ့ အမေရိကန်ကြီးကသာ မီးစက်ကြီးတွေလှူလို့

တစ်မျိုး  –  ငှားလို့တစ်သွယ်နဲ့အကူအညီပေးခဲ့တာပါ။

မြန်မာနိုင်ငံက (၆)ကျပ်လောက်နဲ့ဝယ်ထားတဲ့ သဘာဝဓါတ်ငွေ့ကို (၂၄၈) ကျပ်ရမှ ပြီးတော့

တစ်ယူနစ်၂၂၅ ကျပ်နဲ့ရောင်းထားတဲ့ လျှပ်စစ်ကို ၆၄၀ ကျပ်ရမှာရောင်းပေးနိုင်မယ်လို့ပြောခဲ့တာဟာ မိတ်ဆွေစစ်တရုတ်ကြီးပါပဲ။

ဝန်ကြီးဋ္ဌာနကအကြီးတန်းအရာရှိကြီးတွေရဲ့ပါးစပ်ကပြန်ကြားရပါတယ်။

ဒီတော့စဉ်းစားကြည့်ပါ။ဘယ်လောက်တာဝန်မဲ့တဲ့ ယုတ်မာတဲ့ တရုပ်ကြီးလဲဆိုတာကိုပေါ့။

နောက်ပြီးတော့သူက ဆက်ပြောပါသေးတယ်။မြန်မာနဲ့တရုပ်ဟာ အိမ်နီးချင်းမိတ်ဆွေစစ်တွေပါတဲ့။

 

  ဒါဆို သူကူညီခဲ့ပါသလား။ဝေးပါသေးရဲ့။

 

နောက်ပြီး မြစ်ဆုံကို စီမံကိန်ပြန်မစရရင်မြန်မာကို ကူညီပေးနေတာတွေရပ်ပစ်မဲ့သဘောနဲ့ ပြောနေတာလည်းရှိပါတယ်။အမှန်ကကျွန်တော်တို့ မြစ်ဆုံစီမံကိန်းအတွက် လျှော်ကြေးပေးပြီးသားပါ။

 

ဘယ်လိုလျှော်ခဲ့သလဲဆိုတာပြောပြပါ့မယ်။

 

တရုပ်ပြည်ကပင့်လာတဲ့ ဗုဒ္ဒမြတ်စွယ်တော်ကို အလှူငွေကျပ်သန်းပေါင်းသောင်းနဲ့ချီပြီးလှူဒါန်း

ခဲ့ပြီးသားပါ။ဒါ့အပြင် ဒေါ်လာသန်းချီပြီလည်း လှူဒါန်းပေးခဲ့ပါတယ်။ဒါဟာ မရှိရင်တောင် ရောင်းချပြီးတော့

မှလှူဒါန်းတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့ ဘာသာရေးအခြေခံစိတ်ကိုခုတုံးလုပ်သွားတာပါ။

ကျွန်တော်တို့လှူဒါန်းလိုက်တဲ့ကျပ်သန်းပေါင်း ခြောက်သောင်းကျော် နဲ့ ဒေါ်လာသန်းချီနေတဲ့ငွေ

တွေကို စွယ်တော်စေတီတည်ထားမယ်လို့ပြောပေမဲ့ မယုံကြည်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ ကွန်မြူနစ်စံနစ်နိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် ဘာသာရေးအတွက်

အဲဒီ့လောက်အကုန်ကျခံမှာ မဟုတ်ပဲ သူတို့နိုင်ငံအတွက်ပြန်အသုံးချမှာပါ။

ကျုပ်တို့လှူလိုက်တဲ့ငွေတွေနဲ့ ဒီနီုင်ငံက ရွှေ၊ငွေ၊ဆန်စပါး၊ကျောက်မျက်ရတနာတွေကို ၀ယ်ယူပြီး

ဒီကိုကုန်ချောလုပ်ပြန်သွင်းမှာပါ။ကျုပ်တို့ငွေနဲ့ ကျုပ်တို့တိုင်းပြည်ကိုပြန်ဝယ်မှာပါ။

အမှန်ကတော့ ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်သွားတာပါပဲ။

သူတို့နိုင်ငံမှာရှိနေတဲ့စွယ်တော်ကို အဲဒီ့လောက်လှူတာ မကြားဖူးပါဘူး။ဘယ်တုံးကများ ကြားဖူးကြသလဲ။

မြန်မာနိုင်ငံကိုပို့ပြီးအပူဇော်ခံလိုက်ရင် ဒီလောက်ရမယ်ဆိုတာသိလို့ ဂွင်ဆင်လိုက်တာပါ။

 

အရင် အာဏာရှင်ဦးသန်းရွှေလက်ထပ်ကလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ ရေနွေးငွေ့စက်ခေါင်း

၁၀ စီးကျော်ရှိတဲ့အထဲက အကောင်းဆုံး ရေနွေးငွေ့စက်ခေါင်းနှစ်စီးကို လာယူသွားပါတယ်။

အကောင်းဆုံးတွေကိုရွေးယူသွားတာပါ။ဒီတော့ ဂျာမဏီနဲ့အင်္ဂလန်ကပြန်ဝယ်ပါ့မယ်။ဒေါ်လာသန်း

ချီပေးမယ်ဆိုတာကိုတောင် မောင်သန်းရွှေနဲ့သူ့မိန်းမကမရောင်းပဲနဲ့ ချစ်ကြည်ရေးဆိုပြီး အောက်ကြေးနဲ့

ရောင်းပစ်လိုက်ပါတယ်။အခုတော့ ကွမ်ကျိုးမီးရထားပြတိုက်မှာပြသထားတယ်လို့သိထားပါတယ်။

ကဲ စဉ်းစားကြည့်စမ်းပါ။ဒါတွေကို အလားဈေးလောက်နဲ့ယူသွားတာဟာ မိတ်ဆွေစစ်နိုင်ငံလား

ဆိုတာကိုပေါ့။

နောက်ပြီးတော့ သူတို့ဆီကသုံးမရတော့တဲ့ စက်ခေါင်းနဲ့တွဲစုတ်တွေကိုဆေးသုတ်ပြီး ဒီကိုပြန်ပေးပါတယ်။

တရုပ်ရထားဆိုဖြစ်လာပါတယ်။

သုံးမရတဲ့စုတ်ပျက်နေတဲ့ ရထားတွဲတွေပါ။ကဲ စဉ်းစားကြည့်ပါ။

 

ဦးသန်းရွှေက အင်္ဂလန်နဲ့ ဂျာမဏီကို ဘာလိုတရားဝင်မရောင်းသလဲဆိုတော့ ဈေးပိုရပေမဲ့ ဒီငွေကို သူ

ရမှာမဟုတ်ပါဘူး။ဒီလို လက်သိပ်ထိုး – ချစ်ကြည်ရေးအကြောင်းပြလိုက်တော့ ရသမျှသူ့အတွက်ကြည့်

ပါပဲ။

အခုလည်း ဗုဒ္ဒမြတ်စွယ်တော်ကိုလှူဒါန်းတဲ့ငွေတွေကိုသာပြည်တွင်းမှာ ( ဥပမာ – နေပြည်တော်

မှာပဲဖြစ်ဖြစ်ပါ ) ဘုရားတည်ရင်တောင် ဒီလောက်ရင်နာရမှာမဟုတ်ပါဘူး။

အခုတော့ တရုပ်လက်ထဲကိုအကုန်ထည့်ပြီး မြစ်ဆုံစီမံကိန်းလျှော်ကြေးအနေနဲ့ ပေးလိုက်ရတာပါ။

ဒါကိုမကျေနပ်သေးတဲ့ သံအမတ်ကြီး က ဒေါ်လာဘီလီယံနဲ့ချီပြီးနစ်နာနေပါတယ်။အမြန်ဆုံးပြန်စနိုင်

အောင် မြန်မာအစိုးရကို အရေးဆိုသွားမှာပါတဲ့။

 

ကဲ စကတည်းကမကောင်း – ကောင်နဲ့ပေါင်းခဲ့မိတာကိုး။

 

နောက်ပြီးရှိပါသေးတယ်။မြန်မာတွေသိထားတဲ့ မြေပုံထဲကလို ကျုပ်တို့နယ်မြေကြီးကမရှိတော့ပါ

ဘူး။ကချင်ပြည်နယ်ကြီးက တစ်ဇောင်းကြီးဖြစ်နေပါပြီ။

ဒါဘာကြောင့်လည်းဆိုတော့ ဖီမော် – ဂေါ်လန် – ကန်ဖမ်ဆိုတဲ့ နယ်သုံးနယ်ကို ( အခု ဖိလစ်ပိုင်

နဲ့ ဖြစ်နေသလို ) မြန်မာတွေဆီက အတင်းရယူသွားတာပါ။ အမှန်က အဲဒီ့နယ်ထဲက သူတွေဟာ မြန်မာ

တိုင်းရင်းသား စစ်စစ်တွေပါ။  လီဆူး ၊ ရ၀မ် ၊ ဂျိမ်းဖော ၊ ဗမာတွေပါပဲ။အခုတော့ မျိုးမစစ်တော့ပါဘူး။

တစ်ရုပ်ကြီးက လူမျိုပစ်လိုက်ပါပြီ။ဘယ်လောက်ရင်နာစရာကောင်းသလဲဆိုတာကို ။

 

ဒါဟာ အာဏာရူးလက်တစ်ဆုပ်စာ လူတန်းစားတွေကြောင့် ၊ ငွေတစ်ခုတည်းကိုကြည့်တဲ့ သူတွေ

ကြောင့် တိုင်းပြည်သမိုင်းလိုက်ချီပြီးနစ်နာရတာပါ။

ကဲ မြန်မာပြည်သားတွေရေ အောက်က ကြွေးကြော်သံတွေကို ၀ိုင်းပြီးဖြန့်ဝေပေးကြပါ။

ရွှေညာသားရဲ့ ရင်ထဲက စကားသံတွေပါ။

 

Mandalay Gazette ၀င်တွေကနေစလိုက်ကြရအောင်ပါ။

 

မြန်မာနိုင်ငံကိုကျွန်ပြုသွားတဲ့ အင်္ဂလိပ်တောင် သီဟာသနပလ္လင်ကိုပြန်ပေးပါသေးတယ်။မကောင်းတဲ့ အိမ်နီးချင်းဆီက လည်း ရတာကိုပြန်တောင်းရမှာပါပဲ။

မြစ်ဆုံစ်ီမံကိန်းအပြီးဖျက်သိမ်းရေး ————– ဒို့ အရေး။

သမိုင်းဝင် ရေနွေးငွေ့စက်ခေါင်းနှစ်စီးလုံးပြန်ရအောင်ယူရေး ————————- ဒို့အရေး။

စွယ်တော်အလှူငွေပြန်ပေးရေး ——————–  ဒို့အရေး။

ဖီမော် – ဂေါ်လန် – ကမ်ဖန် နယ်သုံးနယ် မြန်မာ ပြန်ရရှိရေး ——————– ဒို့အရေး ။

 

 

တိုင်းပြည်အတွက်ရနိုင်တာလေးကို လုပ်ကြရအောင်ဗျာ။

မျက်ရည်စများနဲ့

တရုတ်မုန်းတဲ့

 

ရွှေညာသား

About ရွှေညာသား

has written 10 post in this Website..