၃-၆-၂၀၁၂ သံတွဲမြို့မှထွက်ခွာလာသည့် ရိုးမသစ္စာလေအိတ်အဝေးပြေးကားတစ်စီးပေါ်မှ အပြစ်မဲ့မြန်မာခရီးသည် ၁၀ဦးအား တောင်ကုတ်ဒေသခံ အချို့ က ၃-၆-၂၀၁၂ခုနှစ်ညနေ၄နာရီခွဲဝန်းကျင်တွင် သံတွဲ-တောင်ကုတ်လမ်းဆုံ၌ မင်းမဲ့စရိုက်ဆန်ဆန်ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

သံတွဲ-ရန်ကုန်ပြေးဆွဲသည့် ရိုးမသစ္စာအဝေးပြေးယာဉ်(၇ဂ/၇၈၆၃) သည်ရန်ကုန်မြို့သို့သွားမည့် ခရီးသည် ၁၅ဦးကိုတင်ဆောင်လာကာ သံတွဲမြို့ဂိတ်မှနေ့လယ် ၁နာရီတွင် စတင်ထွက်ခွာခဲ့ ရာ တောင်ကုတ် သို့ ညနေ ၄း၁၅ ၀န်းကျင်တွင် ရောက်ရှိသည်။ တောင်ကုတ်မြို့တွင် ခရီးသည် အတင်အချလုပ်ပြီး ရန်ကုန်သို့ ဆက်လက် ထွက်ခွာလာရာေ တာင်ကုတ် မြို့ထွက်ဦးကျောက်တောင်၏နေလသစ္စာမောင်းတံဂိတ်နှင့် လ-၀-ကဂိတ်တွင် ဆိုင်ကယ်အစီး၁၅၀ ၀န်းကျင်အင်အားသည် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရှိလျှက် အတင်းအားဓမကားအားတောင်ကုတ်မြို့တွင်းသို့ပြန်လည်ေ မာင်းနှင်စေခဲ့ပြီးတောင်ကုတ်မြို့လည်ကောင်တွင်အသင့်
စောင့်ဆိုင်းနေသောလူအင်အား(၄၀၀)ခန့်သည်ကားပေါ်မှလိုက်ပါလာသောသံတွဲမြိုမှပြန်လာသောေ တာင်တွင်းကြီးမြို့
သား(၆)ဦးနှင့်ေ့မြာင်းမြမြို့သား(၂)ဦးနှင့် သံတွဲမြို့သား(၂)ဦးထံမှ ဟန်းဖုန်း(၆)လုံး ရွှေ ၆ ကျပ်သားနှင့်ငွေကျပ်သိန်း ၆၀ ခန့်နှင့်တန်ဘိုးရှိပစ္စည်းများအား ယူဆောင်ကာ
ကားပေါ်မှလမ်းမသို့ဆွဲချပြီးရက်စက်စွာဖြင့်ဒုတ်များ၊ ဒါးများဖြင့် မသေမချင်းဝိုင်းဝန်းထိုးခုတ်ရိုက်နှက်သတ်ဖြတ်ပစ်လိုက်ကြပြီး ၄င်းတို့အလောင်းများအားဝိုင်းဝန်သေးပန်းကြပြီး ၀က်ဆီများလောင်းချကာမြို့လည်လမ်းဆုံလမ်းမကြီးပေါ်တွင်စုပုံထားကာ ကားကိုလည်းတစဆီဖျက်ဆီးမှုကိုရက်စက်ယုတ်မာစွာပြုလုပ်ခဲ့ကြပါသည်။

အဆိုပါပြုလုပ်မှုကိုအချိန်(၃)နာရီကြာသတ်ဖြတ်မှုပြုလုပ်ခဲ့ကြသော်လည်းမည်သည့်အာဏာပိုင်
မှဟန့်တားခြင်းမပြုလုပ်ခဲ့ပေ ၊တောင်ကုတ်တပ်မဌနာချုပ်၏အနီးတွင်ဖြစ်ပွါးနေသောလည်း မည်သို့မှတပ်မှကူညီမှုမပြုလုပ်ခဲ့ပါ၊ တပ်မှုကငါတိုနဲ့မဆိုင်ဟုပြောဆိုခဲ့သည်
ဟုသိရှိရပါသည်။ေ သဆုံးသူ များမှာ- တောင်တွင်းကြီးမှ ဦးနီပွေး၊ ဦးမောင်နီ၊ ဦးအေးလွင်၊ ဦးအောင်မြင့်၊ ဦးတေဇာမြင့်၊ ဦးတင်မောင်ထွေး၊ မြောင်းမြမြို့မှ ဦးအောင်ဘိုဘိုကျော်၊ ဦးဇော်ညီညီထွဋ်၊ သံတွဲမြို့မှ ကိုအောင်စိုးဝင်း (ခ) ကိုမောင်မောင် (ယာဉ်ငွေသိမ်း)နှင့် ဦးညီညီထွန်းတို့ဖြစ်ကြသည်။
သေဆုံးသူများအနက်မှ တေဇာမြင့်(၂၈နှစ်)မှာ အိမ်ထောင်ကျခါစ လူငယ်တစ်ဦးဖြစ်ပြီး ၎င်း၏ အမျိုးသမီးမှာ ကိုယ်ဝန် ၃ လဖြင့် ကျန်ရစ်ခဲ့ကြောင်းသတင်းရရှိသည်။
တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အပြစ်မဲ့မြန်မာနိုငံသား၁၀ ဦးအမည်စာရင်း
စဉ် အမည် အသက် အဘအမည် နိုင်ငံသားစီစစ်ရေးကဒ်အမှတ် နေရပ်
၁ ဦးနီပွေး ၅၈ ဦးအာမက်ဆူဘန်၏ ၈/တတက(နိုင်)၀၉၅၅၄၈ တောင်တွင်းကြီး
၂ ဦးမောင်နီ ၆၅ ဦးကေပီဆူဖီ ၈/တတက(နိုင်)၀၉၅၅၃၀ တောင်တွင်းကြီး
၃ ဦးအေးလွင် ၅၂ ဦးအဖိုးကြီး ၈/တကက(နိုင်)၀၉၃၅၇၃ တောင်တွင်းကြီး
၎ ဦးအောင်မြင့် ၅၀ ဦးလှမောင် ၈/တကက(နိုင်)၀၉၄၅၅၇ တောင်တွင်းကြီး
၅ ဦးတေဇာမြင့်(ခ)ဘီလာလ် ၂၈ ဦးရာကွတ် ၈/တကက(နိုင်)၁၈၉၈၁၅ တောင်တွင်းကြီး
၆ ဦးတင်မောင်ထွေး ၂၁ ဦးတင်ဦး ၈/တကက(နိုင်)၂၁-၀၀၄ တောင်တွင်းကြီး
၇ ဦးအောင်ဘိုဘိုကျော် ၂၆ ဦးထွန်းထွန်းဇော် ၁၄/မမန(နိုင်)၂၇၇၆၉၅ မြောင်းမြ
၈ ဦးဇော်ညီညီထွဋ် ၃၃ ဦးအီဘရာဟင် ၁၄/မမန(နိုင်)၁၄၈၁၃၃ မြောင်းမြ
၉ ဦးအောင်ဇော်ဝင်း(ခ) ကိုမောင်မောင် ၄၅ ဦးသိန်းအောင် ၁၁/သတန(နိုင်)၀၀၂၇၇၃- သံတွဲ
၁၀ ဦးညီညီထွန်း ၄၂ ဦးအောင်ထွန်း ၁၁/သတန(နိုင်)၀၀၁၆၇၉ သံတွဲ
တို့ဖြစ်ကြပါသည်။

====

Admin Note: လူမျိုးရေး..ဘာသာရေးနဲ့ဆိုင်တဲ့အသုံးအနှုံးတွေဖယ်ပြီး.. သတင်းရေးဟန်နဲ့ပြန်ပြင်ရေးပေးထားပါတယ်..။
လောလောဆယ်အခြေအနေအရ (လူမျိုးရေး..ဘာသာရေးနဲ့ဆိုင်တဲ့အသုံးအနှုံး)ထည့်ပြီး လှုံ့ဆော် ရေးတဲ့သတင်းမျိုး တင်ခွင့်မပေးသေးပါ။

About mical chan

mical chan has written 2 post in this Website..