ဆူးတွေဝန်းရံနေသော နှင်းဆီပန်း

အို……..နှင်းဆီ

မင့်း ရဲ့ဆူးတွေအောက်မှာ

ငါ့ ရဲ့လက်တွေကို

သွေးပျက်စွာနဲ့

ဝပ်စင်းအပ်နှင်းပြီး

ပေးဆပ်ခဲ့ရ……….

နှင်းဆီ……..ရေ

မျှော်လင့်ချက်ဆိုတာ

မျှော်လင့်သလို

ဖြစ်မလာခဲ့တာ

ခူးမိလျှင်………

ခူးမိတဲ့အလျှောက်

ဒဏ်ရာ  ဒဏ်ချက်တွေနဲ့

ပျောက်ပျယ်လွင့်ပျက်ဖို့ ဆိုတာ

မဖြစ်နိုင်ပါ ။……………..

နှင်းဆီ……….လေးရယ်

ငါပိုင်ဆိုင်ချင်တာဟာ

ဆူးလည်းမဟုတ်……

အခက်လည်းမဟုတ်………

မင့်း ရဲ့……….

သင်းထုံတဲ့မွှေး ရနံ့လေးနဲ့

နူးညံ့ ပြီး………

ကြည်နူးဖွယ်ကောင်းတဲ့

ပွင့်လွှာလေးကိုပဲ

ကို………. က

ပိုင်ဆိုင်ချင်တာ

နှင်းဆီ ပွင့်လေးရယ်ပါ……….

နှင်းဆီ……ရယ်

အခုတော့……….

ဆူးစူးခဲ့မိတဲ့

ဒဏ်ရာတွေနဲ့ အတူ

သွေးရောင်တွေလွှမ်းသွားတဲ့

ကို့ ရဲ့ လက်ဖ၀ါးလေးကို

မင်း  မသနားတော့ဘူးလား…..

နှင်းဆီ……ရယ်။

နှင်းဆီ …… လေးရယ်

ကို ……….  က

ဖြူစင်လှပတဲ့

မင့်း ရဲ့ ပွင့်လွှာလေးကို

ကို့  ရဲ့

သွေးတွေ စွန်းထင်းသွားမှာ

စိုးကြောက်လို့

ကို့ ရဲ့လက်နှင့်

မခူးဆွတ်ပဲ

ကို့ ရဲ့ နှလုံးသားမှာ

အမြဲထာဝရ

ပွင့်လန်းနေမယ့်

ပန်းအလှ……….

နှင်းဆီလေး အဖြစ်

မြတ်မြတ်နိုးနိုး

သိမ်းဆည်းထားပါရစေ

နှင်းဆီလေးရယ်………….

ကို့ ရင်ထဲက ဖြူစင်တဲ့ နှင်းဆီးလေး

ခင်မင်လေးစားစွာဖြင့်

အရင့်ရောင်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..