မမြင်ဘူးသော အသီးအနှံ့များ
![]()
မုန်လာဥထဲမှာတော့ ကျွန်တော်တို့ အများသိတာ အနီရောင်နဲ့ အဖြူရောင်ပါ။ ဒီလိုခရမ်းရောင်ကိုတော့ မြင်ဖူးသူ ရှားမယ်ထင်တယ်။ အမှန်တော့ ဒါဟာ
မုန်လာဥနဲ့ purple haze (မြန်မာလို့မသိပါ) တို့ နှစ်မျိုးစပ်ထားတဲ့
အသီးဖြစ်ပါတယ်။ အရသာကတော့ ချိုတယ်လို့ ဆိုပါတယ်။
![]()
ဒီအသီးကတော့ Pududu ကျွန်းပေါ်မှာသာ သီးတဲ့ အသီးဖြစ်ပါတယ်။ နာမည်ကတော့ pepper of the black island လို့ခေါ်ပါတယ်။ အပင်ကတော့ နွယ်ပင်မျိုးဖြစ်ပြီး အရသာကတော့ ငရုပ်ပွ သီးနဲ့တူတယ်လို့သိရပါတယ်။
![]()
နာမည်ကတော့ ဗုဒ္ဓလက် ရှောက်ချို သီးလို့ခေါ်ပါတယ်။ အာရှတိုက်မှာ ရှိတဲ့အသီးတစ်မျိုးဖြစ်ပြီး အနံရော အရသာပါ ကောင်းမွန်းတယ်လို့ သိရပါတယ်။
![]()
သိပ္ပံပညာရှင်တွေကတော့ ဒီခရမ်းနုရောင် ဂေါ်ဖီပန်းကတော့ ပန်းဂေါ်ဖီ အဖြူနဲ့မတူဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။ ဝယ်ခြင်ရင်တော့ အင်္ဂါဂြိုလ်မှာသွားဝယ်ရမှာလားလို့ မမေးပါနဲ့ အချို့သော ဥရောပ
နိုင်ငံတွေ မှာဝယ်လို့ ရပါတယ်။
![]()
ဒီအသီးကတော့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့အသီးဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့ သံပုရာသီး မျိုး နှစ်ခုကို ပေါင်းစပ်ထားတဲ့ အသီးအသစ်ဖြစ်ပါတယ်။ အနံ့ကတော့ သံပုရာသီးအနံ့နဲ့ ခရမ်းချဉ်သီး အပေါ်ခွံဖြစ်ပါတယ်။ နာမည်ကတော့ Lemato
လို့ခေါ်ပါတယ်။


3 comments
khinmintatthu
June 22, 2010 at 3:56 pm
ထူးဆန်းတဲ့ အသီးတွေပဲနော်… မမြင်ဘူးတော့လည်း ဒီလိုပဲပေါ့…. အထူးအဆန်းတွေတင်ပေးတဲ့အတွက် ဗဟုသုတရစေပါတယ်… တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.
etone
June 23, 2010 at 2:36 am
တစ်ကယ်ပဲ အဲ့ဒီလိုထူးခြားနေတာလား ။ ဒါဆိုရင်တော့ post တင်ပေးတာ ကျေးဇူးပဲ ။
အောက်ဆုံးက အသီးနဲ့ ဂေါ်ဖီပန်းကတော့ photoshop နဲ့ လုပ်ထားတာလားတောင်ထင်မိတယ် ။
snow
June 23, 2010 at 3:56 am
ကောင်းပါတယ်မြင်ဖူးသွားတာပေါ့