ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက်   နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်

 

ကျမတို့ မိသားစု ဖောင်တော်ဦးဘုရား ဖူးပြီးချိန်မှာ မိုးစရွာလာပါတယ်…

ရင်ပြင်တော်မှာ ဘယ်ဆိုင်မှာစားပါ၊ညာဆိုင်မှာစားပါနဲ့ထမင်းဆိုင်ရှိရာ ခေါ်နေကြတဲ့

ကလေးမလေးတွေရှိပါတယ်…

လှေသမားက ငွေဇင်ယော်မှာ ရှိပါမယ်ဆိုလို့ကျမတို့လဲငွေဇင်ယော်စားသောက်ဆိုင်ရှိရာဘက်ကို

သစ်သားတံတားကူးလာခဲ့ကြပြီး မိုးအတိတ်စောင့်လို့ ထမင်းစားကြပါတယ်…

ကြက်ချိုချဉ်

ကြက်ကုန်းဘောင်

ငါးဒုက္ခ

ငါးထမင်း

ဆယ့်နှစ်မျိုး ဟင်းချို..စသည်ဖြင့် မှာစားကြပါတယ်…ငါးဒုက္ခ ဟင်းကတော့ စားကောင်းပေမဲ့

ငါးကို အဆာသွပ်ပြီး ကြိုးနဲ့ချည် ပြီးတော့ ကြော်ချက်လို့ ငါးကို ဒုက္ခ ပေးထားတဲ့ဟင်းပါဘဲ…

အစပ်မစားတဲ့ အမေနဲ့ သမီးတို့ အပြင်ဆိုင်မှာစားလို့အဆင်မပြေမှာစိုးတဲ့အတွက်အိမ်ကနေလဲ

ငါးရံ့ခြောက်ဖုတ်၊ပုဇွန်ခြောက်ကြော်၊ ကြက်အူချောင်းတွေရယ် ကြော်သွားပါတယ်…

အိမ်ကပါတာလဲစားဖြစ်ပြီး ဆိုင်ကအစားအစာကလဲစားကောင်းလို့ အဆင်ပြေသွားပါတယ်…

စားသောက်ဆိုင်ဖြစ်တဲ့အတွက် အစားအပြင် အသောက်မျိုးစုံလဲရောင်းနေတာတွေ့ပါတယ်…

ထမင်းစား၊ စကားစမြည်ပြောအပြီးမှာ မိုးလဲတိတ်ပြီမို့ လှေသမားကိုခေါ်လို့

အလိုတော်ပေါက်ဘုရားရှိရာ နန်းပန်ရွာဘက်ကို ထွက်လာခဲ့ကြပါတယ်…

1.…ငါးဒုက္ခ ကိုတွေ့လားဟင်…

 

2.…ငွေဇင်ယော်မှမြင်ရသော ဖောင်တော်ဦးဘုရား…

3.…အဝေးမှ နန်းပန်ဘုရား…

4.…အလိုတော်ပေါက် နန်းပန်ဘုရား…

5.…အလိုတော်ပေါက်ဘုရား လှေဆိပ်…

6...ဆင်းတုတော်

7...ဆင်းတုတော်

8...ဆင်းတုတော်

အလိုတော်ပေါက်ဘုရားဆင်းတုတော်များကိုကြည်ညိုဖွယ်ဖူးတွေ့ရပါတယ်…

ကဆုန်လပြည့်နေ့ဖြစ်တဲ့အတွက် ရေသန့်ဘူးဝယ်လို့ ညောင်ပင်မှာညောင်ရေသွန်းလောင်းခဲ့ကြပါတယ်…

မိုးကလဲ တစ်ပေါက်နှစ်ပေါက် မဆိုသလောက်လေးရွာလိုက် တိတ်လိုက်နဲ့ပါ…

ကျမတို့ ငါးဖယ်ချောင်းမှာရှိတဲ့ ကြောင်ခုန်ကျောင်းလို့ခေါ်တဲ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်း

ကိုသွားချင်ပါသေးတယ်…

လှေသမားကပြောပါတယ်…အင်းထဲမှာ ညနေဆို မိုးရွာတတ်တယ်…မိုးနဲ့လေနဲ့စောစောပြန်တာကောင်းမယ်…

ဒါပေမဲ့ အမတို့သဘောပါ…သွားချင်လဲပြောပါတဲ့လေ…

ကျမတို့ အဖွဲ့ တိုင်ပင်ပါတယ်…အားလုံးက ကျမသဘော…ကျမဘဲ ဆုံးဖြတ်ပြောပါတဲ့…

ခုချိန်လဲ မိုးကညိုညို တစ်ကယ်လို့များ ရေလယ်မှာ မိုးတွေရွာ လေတွေတိုက် ဆိုရင် မဖြစ်ချေဘူး…

လူကြီးလဲပါ ၊ကလေးလဲပါ၊ ကျမတို့လဲ ရေမကူးတတ်ပါ…

ကဲ ဒါဆိုလဲ ပြန်ကြတာပေါ့…

 

လှေဆိပ်ကနေ အဝေးကိုကြည့်လိုက်တဲ့အခါ မိုးတိမ်တွေရယ်…တောင်ခိုးတွေဝေနေတဲ့ တောင်တန်းတွေကိုတွေ့လိုက်ရပါတယ်…

တောင်ခိုးဝေဝေ ၊မြူခြေဆိုင်းဆိုင်း ဆိုသလို

တောင်ခိုးတွေဟာ တောင်ခါးပန်းအပေါ်မှာ ဝေနေကြပြီး

မြူတွေကတော့ တောင်ခြေမှာဘဲဆိုင်းတတ်ပါသတဲ့

ဒါကြောင့် လူတွေသည်လဲ မြူတွေလို အခြေမှာဆိုင်းမနေဘဲ တောင်ခိုးလို အပေါ်မှာ ဝေကြစေချင်တယ်…

ကြိုးစားကြပါ်လို့ပြောခဲ့တဲ့ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ တရားတော်ကို အမှတ်ရမိပါတယ်…

ခပ်လှမ်းလှမ်းမှာတော့တောင်ခါးပန်းမှာ တောင်ခိုးတွေဝေနေပြီး တောင်ထိပ်လေးဘဲပေါ်နေတာကို လှပစွာတွေ့မြင်နေရပါတယ်…

 

 

 

8.…တောင်ခိုးနှင့်မိုးတိမ်…

9.… မှုန်ပြပြ GIC…

 

10.…လှေတစ်စီးနှင့် တူနှစ်ကိုယ်…

11.…GIC နဲ့ တောင်တန်းများ…

12.…အဝေးမှ ဖောင်တော်ဦးဘုရား…

13.… တောင်ခိုးဝေဝေ …

14.…တောင်ခိုးဝေဝေ…

15.…ပိုက်ချနေတဲ့ လှေကလေး…

အပြန်မှာ မိုးမရွာပေမဲ့ လှေပေါ်မှာလေတိုးတော့ အရမ်းအေးပါတယ်…

ဦးထုပ် ပုဝါတွေ ကွယ်ထားတဲ့ ကြားကကိုအတော်အေးနေပါတယ်…

ညောင်ရွှှေပြန်ရောက်သည်အထိ မိုးမရွာတာမို့ မိုးကြောက်တဲ့ကျမတို့

ကြောင်ခုန်ကျောင်းမရောက်ခဲ့တာဘဲ အဖတ်တင်ပါတယ်… နောက်တစ်ခေါက်မှပေါ့လေ…

ညစာကိုတော့ ညောင်ရွှေမြို့ဈေးနားရှိတရုတ်စားသောက်ဆိုင်မှ ခေါက်ဆွဲကြော်၊ကြာဇံကြော်များဝယ်စားကြပါတယ်…

Remember Inn မှာတစ်ညတာ အနားယူပြီး မနက်ဖန်မှာတော့ တောင်ကြီးဘက်ကိုအလည်သွားကြမှာပါ…

ခင်တဲ့

မအိ

About Ma Ei

Ma Ei has written 53 post in this Website..