စဉ်းစားကြစေလိုပါတယ် ( ၂၉ ) ( ရှင်းကြရအောင် )

Foreign ResidentJune 15, 20122min31268

စဉ်းစားကြစေလိုပါတယ် ( ၂၉ )

( ရှင်းကြရအောင် )

 

ဟဲ ဟဲ ။

ရွာသူားတွေ စိတ်ညစ်သွားအောင် ၊

နဲနဲ လုပ်လိုက်ဦးမှ ။

 

က်ိုကိုအိုဗာ လဲ ၊

ရှေ့ Post မှာ ရေးထားပြီးသားပါ ။

 

မူရင်း လင့်ကိုဖတ်ချင်ရင် ဒီကိုသွားပါ ။

” Dipu Moni tells JS Jamaat patronizing Rohingyas “

—http://www.banglanews24.com/English/detailsnews.php?nssl=92f75eaab29dd31e16b4b88cff13c6fb&nttl=1406201244720&toppos=1—

 

” Foreign Minister Dipu Moni alleged that

Bangladesh Jamaat-e-Islam is patronizing the Rohingyas in armed. “

 

” The Myanmar government told Bangladesh High Commission that

Jamaat-e-Islam also inciting them for racial clash, she added. “

 

ဘင်္ဂါလီ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ

အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ Jamaat-e-Islam က

ရိုဟင်ဂျာတွေကို လက်နက်တွေ တပ်ဆင်ပေးနေတယ် ။

 

မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအောင်

လှုံ့ဆော်နေတယ် လို့ ၊

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dipu Moni ကိုယ်တိုင်က

ပါလီမန်မှာ ထုတ်ဖော်ပြောဆိုပါတယ် ။

အဲဒီ အထိ ၊ OK ပါ ။

 

ဒါပေမယ့် အဓိက ပြဿနာက ၊

 

” She said, “We are looking into the matter and

the border would never be opened for Rohingyas.”

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dipu Moni က

ရိုဟင်ဂျာတွေကို  ဘယ်တော့မှ  ( ဘယ်တော့မှ )

လက်မခံဘူး လို့ ပြောချလိုက်တာပါ ။

 

၁ ။ သူမ ကလည်း အကြမ်းဖက် အဖွဲ့အစည်းတွေကို မလိုချင်ပုံရပါတယ် ။

ဒါကတော့ သူသူ ကိုယ်ကိုယ်ပေါ့လေ ။

 

၂ ။ နောက်ပြီး ၊ ဘင်္ဂလားဒေ့ရှ် မှာ လက်ရှိမှာကိုပဲ

ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းလောက် ရောက်နေပြီးသား ဆိုတော့

သူမ လည်း ထပ်မလိုချင်တော့ ဘူးပေါ့ ။

 

အဲဒီတော့ကာ ၊ မြန်မာပြည်ထဲ ရောက်ရှိနေပြီးသား ၊

ရိုဟင်ဂျာ တစ်သန်း လောက်ကို ၊

ရွာသူားတွေက ဘယ်လို ဖြေရှင်းချင်ကြလည်းဟင် ။

 

၁ ။ မ ဆဲ နှင့်နော် ၊ ဆဲလို့ ပြဿနာက ပြေလည်မှာမှ မဟုတ်တာ ။

ဆဲလို့ ပြဿနာက ပြေလည်မှာဆိုရင် အဘပါ ဝင်ဆဲပေးမယ် ။

 

၂ ။ အဓိပ္ပါယ် မရှိတဲ့ ၊ သတ်ပြစ် ဆိုတဲ့ အကြံတွေလည်း မပေးပါနှင့် ။

ရိုဟင်ဂျာ တစ်သန်း ကို သေအောင်သတ်ရမယ် ဆိုရင် ၊

ကိုယ့်ဖက်ကလည်း လူ အနဲဆုံး ၅ သိန်းလောက် အသေခံမှ ရမယ် ။

အဲဒီ အသေခံမယ့် မြန်မာ / ရခိုင် လူမျိုး လူ ၅ သိန်း စာရင်း ပေးနိုင်ရင်တော့ ၊

အဲဒီ အကြံကို ထည့်သွင်း စဉ်းစားပေးမယ် ။

 

၃ ။ ရေရှည်မှာ ဖြစ်နိုင်မယ့် အကြံပေးချက်မျိုးပဲ ပေးပါ ။

ဥပမာ ။  ။  Camp သွင်းထားမယ်ဆိုရင် ၊

ရေရှည်မှာ ဘယ်သူက ထမင်းကျွေးထားမယ် ဆိုတာလေးပါပေါ့ ။

 

၄ ။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အများစုဆိုတော့ ၊

လူမဆန်တဲ့ အကြံအစည်တွေတော့ မတက်လာကောင်းပါဘူး ။

 

ရွာသူားတွေ ၊ ဒေါသတွေ နဲနဲလျှော့ပြီး ၊

ဖြစ်နိုင်တာလေးတွေ ဆွေးနွေးကြည့်ကြပါအုန်း ။

 

အဘ က ဒီတစ်ခါ ပရိတ်သတ် လုပ်ပြစ်လိုက်ဦးမယ် ။

 

ဒါပေမယ့် မြန်မြန် စဉ်းစားနော် ၊

နောက် လေးငါးဆယ်နှစ် လောက် ဆိုရင်

ရိုဟင်ဂျာ လူဦးရေက နှစ်သန်း လောက် ဖြစ်သွားမှာ ။

သူတို့က လူဦးရေ တိုးနှုန်း မြန်ကြတယ် ။

 

ဟဲ ဟဲ ။

 

အဘ Foreign Resident ။

 

ရခိုင်တွေရော ရိုဟင်ဂျာတွေ ကော ပက်ပက် စက်စက် မွဲတေသွားကြပါပြီ ။

 

Photo Credit to Eleven Media.

 

ရခိုင်တွေရော ရိုဟင်ဂျာတွေ ကော

အပြန်အလှန် မီးတိုက်ပြီး လူတန်းစား ညှိလိုက်တဲ့အတွက်

ရခိုင်တွေရော ရိုဟင်ဂျာတွေ ကော

ပက်ပက် စက်စက် မွဲတေသွားကြပါပြီ ။

68 comments

  • ဦးဦးပါလေရာ

    June 15, 2012 at 11:37 am

    စဉ်းစားစရာလေးတခု ဖြည့်ဦးမယ်…
    အခု လက်ရှိပြည်တွင်းနေ နိုင်ငံခြားသားတွေက ပြည်တွင်းမှာပဲမွေးတဲ့ကလေးဟာ ဧည့်နိုင်ငံသားဖြစ်တယ်။
    ဧည့်နို်င်ငံသားက နိုင်ငံသားပြုခြင်းခံရသူ အဖြစ်လျှောက်လို့ရတယ်။
    သူတို့ကမွေးရင် အော်တို- နို်င်ငံသားဖြစ်ပါမယ်။ ၂၀+၂၀=၄၀
    နောင်နှစ်လေးဆယ်မတိုင်မီ အခုရှိပြီးသားအားလုံး မြန်မာနိုင်ငံသားဖြစ်မယ့်အပြင် မဲပေးခွင့်၊ အရွေးခံခွင့် တွေပါရှိသွားမှာပါ။
    ဒါကတော့ လက်ရှိဥပဒေအတိုင်း နားလည်သလောက်ပြောတာပါနော..။
    ဆွေးနွေးဘို့တော့ ထပ်လာခဲ့ပါမယ်…။

  • may flowers

    June 15, 2012 at 11:46 am

    နောင် လေး ငါး ဆယ်နှစ် ဆိုနှစ်သန်းလောက် ကပါ့မလားအဘရဲ့။ သူတို့ရဲ့ မျိုးပွား၊ သားဖောက် ဘာသာ

    ရေး အယူနဲ့ဆို ဒီထက်များနိုင်တယ်နော်။ နောင်အနှစ်ငါးဆယ်မတိုင်မီ မြန်မာပြည်ကြီးများ ရိုဟင်ဂျာပြည်

    ကြီးဖြစ်သွားမလား စိုးရိမ်မိတာအမှန်ပါပဲ အဘဖောရယ်။

  • Azzurri

    June 15, 2012 at 11:53 am

    လူကို ကီလား အဇူဂီ လို့ ခေါ်ခေါ်နေလို့
    ကီလား လေနဲ့ပဲ မန့်တော့မယ်ဗျို့…

    အဇူဂီ နော်.. ဆေးဂါး ဖော်တယ်နော်..
    အားမပေးဂျဘူးနော်..

    ဘိရုမာနော်. …
    တအား နည်းတယ်နော်..

    အမျိုးဂို ဘာသာဂို စောင့်ရှောက်ဂျမယ် ပြောဒယ်နော်….
    လောင်းတာမ့်း ပလင်န် ကို မဆွဲဂျဘူးနော်..

    မျိုဒေါ့မှာဘဲ အော်နေဒယ်နော်..
    အမျို မခံရဘို့ ကိုယ်တိုင် ပွားများကြီးထွားရမယ် မတွေးဂျဘူးနော်..

    ခက်တေးဒယ် ခက်တေးဒယ်..

    :mrgreen:

  • kai

    June 15, 2012 at 11:54 am

    လယ်သမား၂ယောက်မြေကြီးကို ခွဲဝေပိုင်းခြားနေတာမြင်တော့.. ဂေါတမဗုဒ္ဓရယ်တော်မူတယ်လို့… ဖတ်ဖူးတယ်..
    လက်တွေ့မှာတော့.. ကမ္ဘာ့နိုင်ငံဆိုတဲ့.. နို်င်ငံတွေရဲ့.. မြေပုံအမှတ်အသား ပိုင်နက်တွေ.. နှစ် ၁၀ဝအတွင်း အပြောင်းအလည်းဖြစ်ကြတယ်လို့.. မြင်နေရတာပဲ..

    ဆိုတော့..
    လူသားအရင်းအမြစ်တွေကို.. အကျိုးရှိအောင်လုပ်ကြလို့ပါပဲ.. :mrgreen:
    ကိုယ်ကျိုးစီးပွားတော့ မျက်ခြေမပြတ်စေနဲ့ပေါ့..

  • amatmin

    June 15, 2012 at 11:55 am

    အဘဖောရေ..
    ထင်တာတော့ ရိုဟင်ဂျာတွေကို မြန်မာပြည်မှာပဲ လက်ခံခို်င်းမယ် ..
    ငွေကြေးဝိုင်းထောက်ပံ့ပေးကြမယ်လို့ နိုင်ငံတကာကနေ ဆိုလာကြမယ်ထင်ပ..
    သူတို့ထောက်ပံ့ငွေထဲကနေ မြန်မာ အစိုးရက ရိုဟင်ဂျာလည်းပေး ကိုယ်လည်းစားပေါ့နော်..
    ဒီတော့..
    ပေးတဲ့နေရာလေးမှာပဲ သူတို့က အငြိမ်နေမှာပါ..
    မရမ်းကားစေတော့ပါဘူးလို့ ဘယ်နိုင်ငံက တာဝန်ခံမှာလဲဟင်..
    ရခိုင်မြေပေါ်မှာ ဆက်ထားရမဲ့အတွက် ရခိုင်သားတွေဆက်ရမဲ့ဒုက္ခတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲဟင်..
    ဒါကြီးကိုလည်း ပခုံးပေါ်ထမ်းထားပီး ကိုယ့်ပြည်တွင်းက ပြသာနာတွေကို ဒီအစိုးရရှင်းနိုင်ပါ့မလားဟင်..
    နောက်ဆက်တွဲတွေ များစွာရှိအုန်းမှာပါ အဘရယ်..
    ရှင်းဖို့နည်းလမ်းမရှိတော့လို့ နောက်ဆုံး သူတို့ကိုလက်ခံပေးမယ်လို့စဉ်းစားမယ်ဆိုရင်
    ထိုင်းနိုင်ငံရောက် ကိုယ့်လူမျိုးတွေကို အရင်ပြေးမြင်ပေးဖို့ မျှော်လင့်တာပါပဲ..

    • Azzurri

      June 15, 2012 at 12:04 pm

      ဟုတ်တယ် ကိုမတ် ..
      အဆင်ကတော့ အဲ့သည့် အဆင်ပဲ …
      တရားဥပဒေ စိုးမိုးရေး နဲ့ ချစားမှု ကင်းရှင်းရေး ပွင့်လင်းမြင်သာမှု ရှိရေး …
      အဲ့ဒါတွေကို ကြီးမေ ပြောပြောနေတာ ထောက်ချင့်ရင် မြင်သာရဲ့…..

      သဂျီးပြောသလို ..လူ့စွမ်းအား ရင်းမြစ် ဆိုတာတော့ မငြင်းနိုင်ဘူး
      အကျိုးရှိအောင် သုံးရမှာပဲလေ….
      သန်းနဲ့ချီတဲ့ ယိုးဒယားဂျာ တွေဟာ ယိုးဒယား တွေမလုပ်ချင်တဲ့
      အောက်ခြေ အလုပ်တွေ လုပ်နေကြရသလို…
      သည်လူဒွေလည်းပဲ …သည်မှာနေ ရင်တော့ သည်က
      အောက်ခြေ အလုပ်တွေ လုပ်နေကြရရှာတာပါပဲ…

      ဆူတာ မီးဒုတ်ရှို့တာ လူ ရာဂဏန်း ပါ…
      ကျန်တဲ့ သိန်းဂဏန်း က
      တသက်လုံး မသေမချင်း ချမ်းဗုံးထီး ပြီး ဖြတ်သန်းသွားတဲ့လူတွေ
      ဒလဝမ် ဒွေ သူရင်းငှားဒွေ လုပ်ပီး ဒေသကလူတွေကို
      ထောက်ပံ့ပေးထား တာပါ…

      သည်ရာဂဏန်း မကောင်းလို့ အားလုံးကို စားရင်းရှင်း သတ်ဖြတ်တာ နှင်တာ
      မလုပ်ဘဲ ပါးနပ်စွာ ကြီးမေ ပြန်လာတာ ကို စောင့် ရင်း
      အေးအေးနေကြတာ ကောင်းမှာပါ…
      လုံခြုံရေး သတင်းထုတ်ပြန်ရေး နိုးကြားစွာနှင့်ပေါ့ ….
      စတက်ဘိုင် စတက် သွားဂျဒါပေါ့ဗျာ…

      အမျို မခံဂျင်လို့ …အမျိုးကို ထိန်းချင်ရင်တော့ လွယ်ပါဒယ်….
      ဟိတ်… ဘိရုမာဒွေ
      ဖွက်ထားတဲ့ အာပျိုဂျီးဒွေ အာပျိုလတ်ဒွေ အာပျိုလေးဒွေ
      အကုန်ထုတ်…

      ကောင်မလေးဒွေကို လွှတ်လိုက် …
      နာ့ဆီဂို….

      :mrgreen:

      အိုး …ရက်စ်…
      ဒက်ဂလောက်…

      • ကြောင်ဝတုတ်

        June 15, 2012 at 1:27 pm

        ဂီဂီ…

        အမျို မခံဂျင်လို့ …အမျိုးကို ထိန်းချင်ရင်တော့ လွယ်ပါဒယ်….
        ဟိတ်… ဘိရုမာဒွေ
        ဖွက်ထားတဲ့ အာပျိုဂျီးဒွေ အာပျိုလတ်ဒွေ အာပျိုလေးဒွေ
        အကုန်ထုတ်…

        ကောင်မလေးဒွေကို လွှတ်လိုက် …
        နာ့ဆီဂို….

        နင်လုပ်ပုံက အင်္ဂလန်က စကော့တလန်ကိုမျိုသလိုများဖြစ်နေမလား…
        ပုဂံခေတ်မှာ အရည်းကြီးမှာလိုဖြစ်နေမလား… စဉ်းတော့စဉ်းစားစရာပဲ…
        ဒါပေသည့်… အကူအညီများလိုအပ်ရင်ဖြင့် အီးမေးလ်ပို့ထားလိုက်လေနော်…

        အီးမေးလ်မျှော်နေသူ-
        ကြောင်ဝတုတ်

        • Azzurri

          June 15, 2012 at 1:47 pm

          ဟုတ်တယ်လေဗျာ …
          ကျွန်လာ ခံပါတယ် ဆိုမှ …
          သတ်ချင် ဖြတ်ချင်ရတာ နဲ့ …
          နှင်ထုတ်ချင်ရတာ နဲ့ …
          သွေးနှောခံရမှာ ပူကြတာ နဲ့ …

          ကြီးမေ ယိုးဒယားဂျာ တွေအတွက် ဘာပြောသွားလဲ …
          အပြည့်မရရှာတဲ့ ပြောင်းခိုသူ အခွင့်အရေး ရရေးပဲ ပြောသွားတာ..
          (နိုင်ငံသား တောင်းတာ မဟုတ်) တောင်းလည်း ဟိုက ပေးမှာ မဟုတ်…

          သည်တော့ ကျုပ်တို့လည်း တန်းတူအခွင့်အရေး ပေးစရာမလို (ပေးလည်း မပေးနိုင်)
          ပြောင်းခိုသူ အသိအမှတ်ပြု ကတ်လောက် နဲ့ ချန်းဗုံးထီး အခွင့်အရေး… အဲ့လေ..
          အခြေခံ အလုပ်တွေ လုပ်ကိုင်ခွင့် ..လောက်ပဲ ဖန်တီး ပေး…
          (သူ့ထမင်း သူ့ဟာသူ ရှာစား မပေါ့ ….)
          စကျူရတီ ယူ အန်ဒါဝါ့ချ် လုပ် …ပွင့်လင်း မြင်သာ… ချစားမှု ကင်း ..
          လီဂယ်လ် ကို ထိုက်သင့်တဲ့ အခွင့်အရေးပေးသလို
          အီလီဂယ်လ် ပြောင်းခိုသူတွေ ကို ပြတ်ပြတ်သားသား ကိုင်တွယ်..

          နိုင်ငံတကာကိုပြ … ကျေးဇူးရှင်ဘဝ ခံယူ
          အကူအညီ လည်း ယူ လူ၁သန်း လုပ်အားလည်း ယူ …
          ကျုပ်တို့ဆီက ရွှေ့ ပြောင်းလုပ်သားဒွေ ယပက်လက်မှာလည်း သန်းချီ
          မလေးမှာလည်း သန်းချီ … သူရို့အခွင့်အရေးလေးလည်း မျှအောင် ပြန်တောင်း..
          (ကိုယ်လည်း မှန်အောင်နေ..)

          သွေးနှောတဲ့ ကိစ္စကတော့ ..အဟတ်…
          ၁ရာ၃ဆယ့်နဲ့မှ၅မျိုးသော ကျုပ်တို့ တိုင်းရင်းသား အချင်းချင်း တည့်ဖို့လုပ်…
          ကိုယ့်ဂျင်း ကိုယ့်ဂျင်း ဖြစ်သော သန်း၆ဝ သာ ရီပါ့ဘလစ် စိတ်ရှိပြီး
          ကိုယ့်ချင်းကိုယ့်ချင်းသာ ယူကြမယ်ဆိုရင်

          ပြည်ဒေါင်စု စိတ် နဲ့ မင်ဂါရှိစွာ မင်ဂါဆောင်ကြမယ်ဆိုရင်…
          (သူတို့အချင်းချင်းက လွဲလို့ သူတို့ကို ယူမယ့်လူမရှိရင်)
          (ကျုပ်တို့ ပွားနှုန်း တိုးအောင် မြန်အောင်တော့ လုပ်ရပေမပေါ့)
          ပြီးပြီပေါ့ဗျာ…

          ပုံ
          ပြည်ထောင်စု စိတ် အပြည့်နဲ့ ချစ်သွေးကြွ
          စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောက်ျား
          သမိန်ဗဂီ့

      • ကြောင်ဝတုတ်

        June 15, 2012 at 3:55 pm

        အခုအနေအထားမှာတော့ EU, UN, US ကပေးတဲ့ထောက်ပံ့ကြေးတွေကိုယူပြီး ရိုဟင်ဂျာကိုနေရာတစ်နေရာပေးရမယ့်အနေအထားရောက်နေပါပြီ…
        ရိုဟင်ဂျာကို တိုင်းရင်းသားသတ်မှတ်ပေးရမှာမဟုတ်ဘူးနော်… အမြင်မှားမှာစိုးလို့…

        ရိုဟင်ဂျာကို ရိုဟင်ဂျာပီသအောင် ကဒ်ထုတ်ပေးပြီး သင့်တင့်တဲ့ထောက်ပံ့ကြေးနဲ့
        မြန်မာ့မြေပေါ်မှာထားဖို့ ၇၀% လောက်တော့သေချာသလောက်ရှိပြီပေါ့ဗျာ…
        ကျွန်တော်တို့ မြန်မာလူမျိုးတွေ စိတ်ခိုင်ခိုင်တော့ထားရမှာပဲ…

        အခြေအနေအရ… အမေစုက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းသူတွေအတွက် အခွင့်အရေးကိုပူပူနွေးနွေးသွားတောင်းဆိုခဲ့ပြီးမှ ကိုယ့်နိုင်ငံအလှည့်ကျတော့ ဟင့်အင်းလုပ်မရတဲ့ အနေအထားမှာရောက်နေပါတယ်…

        ရိုဟင်ဂျာဆိုးလို့… မြန်မာက အဲဒီလောက်မဆိုးလို့ဆိုတဲ့စကားတွေဟာ တကယ်တမ်းကျတော့တရားမဝင်ပါဘူး… ရိုဟင်ဂျာလဲရွေ့ပြောင်းသူပဲ… ယိုးဒယားနယ်စပ်က မြန်မာလဲ ရွေ့ပြောင်းသူပါပဲ…

        အဲဒီတော့ နေရာတစ်နေရာပေးမယ်… သူတို့နဲ့သင့်တော်မယ့်အလုပ်အကိုင်ကိုဖွင့်ပေးမယ်…
        (ကိုရွှေတိုက်စိုးပြောသလို)… လာဒ်စားမှုမရှိပဲ စနစ်တကျစီစစ်ပြီး အတည်ပြုကဒ်ထုတ်ပေးမယ်… ပြီးရင် နောက်ထပ်မဝင်လာဖို့ အကန့်အသတ်တစ်ခုကို ကျွန်တော်တို့ဘက်ကထားရမှာပါ…
        ဥပမာဗျာ…အခု မြန်မာနိုင်ငံဘက်မှာ ရိုဟင်ဂျာတစ်သန်းရှိတယ်… အချိန်တန်ရင်တစ်သန်းထဲကသေကြဦးမှာပဲ… အဲဒီလိုပဲ တစ်သန်းကနေမွေးထုတ်ဦးမှာပဲ…

        မရွှေအိပြောသလို စနစ်တကျသားဆက်ခြားဖို့သေချာစီစဉ်ရပါမယ်…
        အဲဒီကိစ္စကိုင်တွယ်ရာမှာ ဘာသာရေးနွယ်တဲ့အခက်အခဲရှိပေမယ့်… နိုင်ငံခေါင်းဆောင်တွေနဲ့ အကြံပေးပုဂ္ဂိုဟ်ကြီးတွေရှင်းနိုင်မယ်လို့ထင်ပါတယ်…
        အခုတစ်သန်းရဲ့ မွေးအားကိုပဲထိန်းထားပြီး နောက်ထပ်ဝင်မလာဖို့ကိုတော့
        သေချာတားဆီးရမှာပါ…
        နယ်ခြားစောင့်တပ်ဖွဲ့ခိုင်ခိုင်မာမာထားပြီးတော့ ထပ်မဝင်လာအောင်တားဆီးရမှာပါ… မြန်မာ့ရေပိုင်နက်မှာ မြန်မာ့ရေတပ်ကလဲ ဒီကိစ္စကို ကူညီရပေတော့မည်ပေါ့…

        အဲဒီအလိုထိန်းသိမ်းထားဖို့အတွက် လုံခြုံရေးနဲ့ ထောက်ပံ့ရေးအတွက်ပိုက်ဆံလိုပါတယ်…
        အဲဒီအတွက် UNHCR လိုအဖွဲ့အစည်းတစ်ခုကနေ အစိုးရနဲ့သေချာစာချုပ်ချုပ်ပြီး အထောက်အပံတွေပေးနိုင်ရင်ဖြင့် တော်တော်လေးအဆင်ပြေမယ့်အခြေအနေမျိုးပါ…
        အစိုးရအနေနဲ့ ရတဲ့ထောက်ပံ့ကြေးကို ဒေသဖွံ့ဖြိုးရေးအတွက်သုံးရင်း ရိုဟင်ဂျာတွေကိုလဲ မသေဟင်းမသေထမင်းလေးတွေနေ့ စေတနာရှိရှိထောက်ပံ့ကာ တိုင်းပြည်အတွက် အမြတ်ထုတ်သင့်ပါတယ်…

        ကိုယ့်သမီးလေးတွေ ရိုဟင်ဂျာလက်ထဲပါသွားနိုင်တယ်ဆိုတဲ့ ကိုမတ်ရဲ့အမြင်ကလဲ စိတ်ပူစရာကြီးပါ…
        တကယ်တော့ လူမျိုးကိုတကယ်ချစ်တတ်အောင် မြန်မာလူမျိုးဆိုတာကိုဂုဏ်ယူတတ်အောင် ကြိုးစားရင်းကပဲ ဒီကိစ္စကိုတားဆီးနိုင်မှာပါ…
        ဆင်းရဲတဲ့မြန်မာလူမျိုးကနေ ချမ်းသာပြီးအဆင်အတန်းမြင့်မားသောမြန်မာလူမျိုးများဖြစ် လာရင် ရိုဟင်ဂျာလဲစိမ့်ဝင်ဖို့ တော်တော်လေးခက်နေမှာပါ… တကယ်တော့အဲဒီကိစ္စမျိုးကို စိတ်ဓာတ်တံတိုင်းနဲ့ပဲတားလို့ရပါတယ်နော်… တခြားဘာနဲ့မှတားမရပါဘူး…

        ကဲ…အဲဒီတော့ ပိုစ့်ပိုင်ရှင်အဘဖောရေ…
        ဆွဲထုတ်ခဲ့တဲ့အစကို ပြန်သိမ်းဖို့အချိန်တန်ပါပြီ…
        အဘဖောဆိုရင်ရော… ဒီနေရာမှာ ဘယ်လိုလေးများ လူသားဆန်ဆန်လေးဆုံးဖြတ်ပြီး
        ဘယ်လိုလေးများ အကြံညဏ်ကောင်းလေးတွေ ပေးမယ်ဆိုတာလေးသိချင်ပါတယ်ဗျာ…
        ဖြေပါဦးနော်….

        အဘရဲ့ရိုဟင်ဂျာအပေါ်ထားတဲ့စိတ်ထားလေးကို သိချင်နေသူ
        ကြောင်ဝတုတ်

  • PaLote Tote

    June 15, 2012 at 11:58 am

    လူအခွင့်အရေး တန်းတူရတဲ့နိုင်ငံတွေဆီပို့လိုက် ။
    မြန်မာပြည်မှာတော့ မထားနိုင်ဘူး ။ မြန်မာလူမျိုးတော့အပျောက်မခံနိုင်ဘူး

  • chityimhtoo

    June 15, 2012 at 12:01 pm

    ၁သန်းတောင်ရှိနေတာလား ရိုဟင်ဂျာက မြန်မာနိုင်ငံထဲမှာ။၅သိန်းလို့ဘဲသိထားတာ။ဒါဆို..
    BBC ကို ၅သိန်း၊ DVB ကို ၂သိန်းခွဲ၊ VOA ကို ၂သိန်းခွဲ၊ ဒါဆို ၁သန်းပြည့်ပြီ။

    • စိန်ဗိုက်ဗိုက်

      June 15, 2012 at 12:11 pm

      ဂွတ် အိုင်ဒီယာ 😆

      မီးစင်ကြည့်ကတာပေါ့ အဘရယ်….
      တော်တော်အာရုံစားတဲ့ကောင်တွေ..
      ခွီး.ထဲမှာပဲ… (ဆဲတာမဟုတ်..ချွဲသလိပ်တွေထနေလို ့ လည်ချောင်းရှင်းတာ.. ) 😀

      • kai

        June 15, 2012 at 12:18 pm

        အမှတ်မမှားရင်.. မြန်မာပြည်ရဲ့ပြောင်းခိုသူချည်း.. ယူအက်စ်ကလက်ခံထားတာ.. ၁သိန်းနီးပါးရှိတယ်..။
        ယူအက်စ်မှာ.. စီးပွားရေးကြောင့်..လက်တင်အမေရိကကနေ.. ခိုးဝင်အလုပ်လာလုပ်နေသူချည်း.. လူ၁၂သန်းရှိတယ်.။

        မြန်မာပြောင်းခိုသူတွေ.. ထိုင်းမှာနေတာ.. တရားမဝင်ဇယားအရတင်.. ၃သန်းမကရှိတယ်..

        http://www.visualizing.org/visualizations/refugee-migration-flow-map

        • စိန်ဗိုက်ဗိုက်

          June 15, 2012 at 12:43 pm

          အဲဒီလူတွေ အခု ဒိုဟင်ဂျာတွေလောက် ချိုးရို ့ရား..
          လက်နက်ကိုင် ပြန်တိုက်ရို ့ရား..
          ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းရို ့ရား..
          မီးနဲ ့ရှို ့ရို ့လား..

          အဲဒီခိုးဝင်သူ မြန်မာတွေ..
          ပတ်စပို ့စ် သိမ်းခံထားရတယ်..
          တန်းတူအခွင့်အရေးမရဘူး..
          လခ တန်ရာတန်ကြေးမရဘူး
          ကျွဲလိုနွားလို ခိုင်းတာခံရတယ်.
          ထိုင်းမှာဆို မြန်မာလူမျိုးမှန်းသိအောင် အဝါရောင်ဝတ်စုံလားမသိ.စည်ပင်အရောင်ဝတ်စုံကိုတောင် သီးသန် ့ထုတ်ပေးပြီး ဝတ်ခိုင်းတာဖတ်ဖူးတယ်..
          များကြီးဘဲ..
          အဲဒါ တိရို ့ရား..

  • Thel Nu Aye

    June 15, 2012 at 12:16 pm

    ပြောကြည့်မယ်နော်အဘ။ ဟိုနေ့ကကျွန်မတို့အပြင်မှာဆွေးနွေးကြည့်ကြတာလေးပါ။
    ဒီမှာရှိပြီးသား ရိုဟင်ဂျာတွေကတော့ ဘယ်မှပို့လို့ရမှာမဟုတ်တော့သလို့ သူတို့ကလဲ အိုးနဲ့အိမ်နဲ့ အခြေတ ကျနေပြီးသားမို့ သူတို့နေရာပဲပြန်ပေးရမှာပဲ။ လောလောဆယ် ဒုက္ခသည်အနေနဲ့ပဲပေါ့။ နိုင်ငံသားဖြစ်ဖို့ ကတော့ အမေစုပြောသလို စနစ်တကျဖြစ်ဖို့တော့လိုတာပေါ့။ ဒါကတော့ဝေးသေးတယ်ပေါ့။ နောက် နယ်စပ် ကို စနစ်တကျတံတိုင်းခတ်ရပါမယ်။ ဝင်ပေါက်ထွက်ပေါက်ကို စနစ်တကျ လုံခြုံရေးနဲ့ နယ်စောင့်တပ်နဲ့ စနစ်တကျထားပြီး လူဝင်မှု့ကြီးကြပ်ရေးလဲထားရပါမယ်။ ဟိုဘက်ကနေဒီဖက်ဝင်ချင်ရင် လူဝင်မှု့ကနေဖြတ် တရားဝင်ဝင် ညနေပြန်ထွက်။ ( လာဘ်မစားဖို့ကတော့အထူးလိုပါတယ်။ အခုပြသနာ က နစက ကကောင် တွေက ဒီရိုဟင်ဂျာတွေကို တယောက် ၁၅ သိန်းနဲ့ခေါ်သွင်း လဝက ကလူတွေက မှတ်ပုံတင် ပေး လို့ဖြစ်လာတဲ့ပြသနာပါ )။ ရှိပြီးသားကိုစနစ်တကျ ထိန်းသိမ်းပြီးနောက်ထပ် ထပ်မ ဝင်အောင် ဥပဒေအတည်ဖြစ်ရပါ့မယ်။ ဘင်္ဂလားဒေ့ရှ်ကိုလဲ ဒီသဘောထားကိုပွင့်ပွင့် လင်းလင်းပြော ထားရပါမယ်။ နှစ်နိုင်ငံနယ်ခြားစောင့်တပ်တွေလဲ ပြသနာတစုံတရာမရှိအောင်ထိန်းသိမ်းရပါမယ်။ အခုဝင်နေတဲ့ ၁ သိန်းကတော့ ပြေးစရာမြေမရှိတော့လက်ရှိရှိထားတဲ့ ကျွန်မတို့ကပဲဆက်လက် ခံထား ရတော့မယ်လို့ထင်ပါတယ်။ နိုင်ငံတကာကိုလဲ ဒါတွေဟာ ဒုက္ခသည်တွေဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက လူသားခြင်းစာနာလို့လက်ခံထားကြောင်း တရားဝင်အသိပေးရပါမယ်။ နောက်ထပ်ထပ်အဝင်မခံနိုင်တော့ သလို ပြသနာတစုံတရာဖြစ်လာပါက မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းရှင်းမှာဖြစ်ကြောင်းကိုလဲ ရှင်းရှင်း လင်းလင်းပြောထားဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ တရားဥပဒေစိုးမိုးဖို့အရေးကြီးသလို ပြဋ္ဌာန်း ထားတဲ့ ဥပဒေကိုလဲလေးစား လိုက်နာကြဖို့လိုပါတယ်။ မိမိရဲ့ လဝက နစက တွေကအထူးသဖြင့် ပြဋ္ဌာန်း ထားတဲ့ဥပဒေကိုတိတိကျကျလိုက်နာမှသာ နောက်ထပ်ရိုဟင်ဂျာတွေ ထပ်ဝင်လာမှု့ကိုတားဆီးနိုင်မှာပါ။ ဒါကတော့လောလောဆယ်ဆယ် ကျွန်မတို့ လူပိန်းတွေးတွေး တာပေါ့လေ။ နိုင်ငံတော်မှနားလည် တတ်ကျွမ်းသူများကတော့ ဒီ့ထက်ပိုကောင်းတာတွေဖြေရှင်းနိုင်လိမ့်မယ်လို့ယူဆရပါတယ်။

  • amatmin

    June 15, 2012 at 12:23 pm

    ဒါနဲ့ မြန်မာပြည်မှာ ရိုဟင်ဂျာတွေကို လက်ခံပီး.
    သာတူညီမျှ အခွင့်အရေးတွေပေးဖို့ တောင်းဆို.စဉ်းစား.လက်ခံ.ခွင်ပြုပေးခဲ့ကြရင်း..
    နောက် ၁၅ နှစ်လောက်ရောက်လို့..
    ကိုယ့်သားသမီးတွေ ရိုဟင်ဂျာလေးတွေနဲ့ ရွှေလက်တွေ တွဲလာကြရင်လည်း..
    လစ်ဘရယ်စိတ်လေးတွေ ဆက်ထားပေးနိုင်ကြပါစေ နော့ 🙂

  • Shwe Tike Soe

    June 15, 2012 at 12:49 pm

    ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး ဒါပေမယ့် ရိုအင်ဂျာတွေကို လက်ခံမယ်ဆိုရင် ဒီအတိုင်းမထားနဲ.ပေါ့.. ကမ့်သွင်းလဲ ဘယ်သူကျွေးထားမှာလဲ လို.မေးစရာရှိတယ်…
    တခုတော့ လုပ်လို.ရတယ်… ကျွန်တော့်အကြံပါ..သူတို.ကို ဒုက္ခသည်အဖြစ်မထားပဲ.. မြို.တော်စည်ပင်လိုနေရာတွေ..မီးရထား သံလမ်းနဲ.ကားလမ်း ထိန်းသိမ်းရေးတွေ….
    အဲလိုနေရာတွေမှာ အလုပ်ပေးထားမယ်ဆိုရင်ရော… ကျွန်တော်တို.က သူတို.ကို အမုန်းမဖက် အပြုံးလက်နဲ.လက်ခံရင် သူတို.ကတော့ ကျွန်တော်တို.နိုင်ငံကို တစ်ခုခုတော့ အကျိုးပြုရမယ်ထင်တာပဲ……

    ရိုအင်ဂျာကိုတော့ လက်မခံချင်ဘူး ဒါပေမယ့် တရားလက်လွတ်တော့ မလုပ်တာပိုကောင်းတာပေါ့ဗျာ..

  • may flowers

    June 15, 2012 at 12:56 pm

    သေချာတာပေါ့ အမတ်မင်းရယ်။ သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေပိုစိတ်ပူစရာပါ။ တော်ကြာကိုယ့်

    သမီးလေး ဒီကုလားရဲ့ ဘယ်နှစ်ယောက်မြောက်မိန်းမ ဖြစ်သွားမလဲစဉ်းစားကြည့်မိကြပါရဲ့လား။

    သူတို့က အနဲလေး မယားလေးယောက်လောက်ယူကြတာ ဆိုတော့ကာ။

  • chityimhtoo

    June 15, 2012 at 1:04 pm

    သူကြီးအိမ်ကို ၁သိန်းလောက်အရင်ပို့ပေးလိုက်..သူလည်း လူ့အခွင့်အရေးအော်နေတာ။

  • သားဦး၊မြေးဦး

    June 15, 2012 at 1:12 pm

    ရခိုင်ပြည်မှာပိတ်ဆို ့နေတာကို ကဒီရိုဟင်ဂျာ ပြဿနာကိုကျနော်တို ့ရခိုင်တွေ ပုခုံး
    နာတော့တာဘဲ။ဒီလုပ်ရင် မကောင်းဘူး လား အဘဖောရေ——
    တော်ပီ အဘရေ ပြောလဲ အဆဲခံရမှာ။

  • မောင်ပေ

    June 15, 2012 at 1:24 pm

    မစဉ်းစားတော့ပါဘူး အဘရေ
    အမတ်မင်း တို ့ပေါက်ဖော် တို ့ပြောသလိုပါဘဲ ။
    အဲ့ကောင်တွေကို အဓိက ဆပလိုင်းနေတာ ပြည်တွင်းကရော မဖြစ်နိုင်ဘူးလား လို ့
    စဉ်းစားပေးပါဦး အဘရေ ။

  • Shwe Ei

    June 15, 2012 at 1:42 pm

    လွယ်ပါတယ်ဗျာ။ သားဆက်ခြား ဥပဒေနဲ့ ထိန်းထားလိုက်ပေါ့။ တအိမ်ထောင် ကလေး ၃ယောက်ထက်ကျော်မမွေးရ။ တလင်တမယားစနစ်ကျင့်သုံးရမည်။ မြန်မာနိုင်ငံသားဖြစ်ချင်ဂျရင် မြန်မာပြည်က rule လေးတော့လက်ခံလိုက်ပေါ့။ ဟုတ်ဝူးလား 🙂

    • ဝင့်ပြုံးမြင့်

      June 16, 2012 at 8:21 am

      တစ်လင်တစ်မယား စံနစ် ကျင့်သုံးလို့ ဖြစ်မယ်မထင်ပါ။ သူတို့လူမျိုးရဲ့ ပင်ကို (ဘယ်လိုပြောရ မလဲတောင်မသိ) မျိုးဗီဇ လို့ခေါ်ရမလား၊ အဲဒါက ယောက်ျားတစ်ယောက်က မိန်းမ တစ်ယောက်နဲ့ မလုံလောက်နိုင်ဘူး။ ပြီးတော့ မိန်းမတွေအတွက်ကလည်း သူတို့ယောက်ျား မိန်းမတွေ ထပ်ထပ်ယူတာ ကျွန်မတို့ မြန်မာမတွေလို မာနပိုင်းဆိုင်ရာ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ဘူး။ တနည်းအားဖြင့်လည်း ကောင်းတာပါပဲ။ ဒီတော့ တစ်အိမ်ထောင် ကလေး ၃ယောက်ဆိုတာ မဖြစ်သေးပါဘူး။ ယောက်ျားတစ်ယောက်က မိန်း မ ၅ယောက်ယူရင် အိမ်ထောင် ၅ခု ၊ ကလေး ၁၅ ယောက်ယူခွင့်ရှိသလို ဖြစ်ကုန်မှာပေါ့။ အမျိုးသမီးတစ်ဦးဟာ ကလေး ၁ယောက်ပဲ ယူခွင့် ဆိုရင် သိပ်မဆိုးဘူးလားပဲ။ အပိုယူရင် လူခွန် ကို နင့်နေအောင်ကောက်ပစ်လိုက်။ သူတို့က သိပ်ကပ်စေးနဲတာ။

  • Foreign Resident

    June 15, 2012 at 2:12 pm

    ရိုဟင်ဂျာ လူဦးရည်က ၅ သိန်း နှင့် ၁ သန်း ကြား မှန်းပါတယ် ။

    ဟုတ်ပြီ ။
    ၁ ။ ဒီ ရိုဟင်ဂျာ တစ်သန်း ကို သတ်ပြစ်ရမယ်လို့ ၊
    ဘယ်သူမှ မတောင်းဆိုဘူး ။
    ၂ ။ ဒီ ရိုဟင်ဂျာ တစ်သန်း ကို ဘင်္ဂလားဒေ့ရှ် ကို ၊
    ပြန်ပို့လို့ မရတော့ဘူး ဆိုတာ လက်ခံသွားပြီ ။
    အနဲဆုံး ၊ ၂ ချက်တော့ တူညီသွားပြီ ။

    OK ၊ ဒီ ရိုဟင်ဂျာ တစ်သန်း ကို ၊
    ဘင်္ဂလားဒေ့ရှ် ကို ပို့လို့မရရင် ၊
    ဘယ်ပို့လို့ ရမလဲ ( ဥပမာ ။ ။ သူကြီး ဆီ )
    သူတို့ကကော သွားချင်ပါ့မလား ။
    ဆက် စဉ်းစား ကြည့်ရအောင် ။

    • စိန်ဗိုက်ဗိုက်

      June 15, 2012 at 2:28 pm

      သဂျီးဆီပို ့ရင် အနော်လဲ လိုက်မယ်.. 😆

  • ဦးဦးပါလေရာ

    June 15, 2012 at 2:26 pm

    ကိုဖေါရင်းရေ-

    ((( ၂ ။ ဒီ ရိုဟင်ဂျာ တစ်သန်း ကို ဘင်္ဂလားဒေ့ရှ် ကို ၊
    ပြန်ပို့လို့ မရတော့ဘူး ဆိုတာ လက်ခံသွားပြီ ။)))

    လုံးလုံးမရတာတော့မဟုတ်ပါဘူး
    သူတို့ ဝင်လာတုန်းက ဘယ်လိုဝင်လာခဲ့သလဲ..
    သူတို့သာ ပြန်ချင်လျှင် တဖြေးဖြေး ပြန်လို့ ရပါတယ်။
    ဟိုဘက် ဒုက္ခသည်စခန်း(တွေ) ကတဆင့်ပေါ့…။

    ပြီးတော့ ဟိုဘက်မှာ ရဲစောင့်နေတာမဟုတ်ဘူး
    အချဉ်တုံးကြီးစောင့်နေတာ
    ဘာတဲ့….. UNHCR ဆိုလား……. 😀

    ဒါ ပိုစ့်ကို ဆွေးနွေးတာ မဟုတ်သေးပါဘူး….
    ကြုံလို့တခွန်းဝင်ထောက်တာပါဗျာ….. 😀 😀

  • htoosan

    June 15, 2012 at 2:27 pm

    အကောင်းဘက်က လှည့်တွေးရင်တော့ အခုလို အချိန်မှာ ဒီလိုဖြစ်သွားတာ အကောင်းသား ..
    အဝဲနက်ကြီး ရသွားကြတာပေါ့ ။။

  • လေပြေ

    June 15, 2012 at 2:31 pm

    လုပ်ရမှာက အများကြီး ၂၀၁၂ ပြဿနာကို ပဲ ဘက်မလိုက် ဖြေရှင်း လိုက် သနားတယ် စာနာတယ် ဆိုတာကို နောက်မှပြော ၁။ မသီသာထွေး အမူ့ကို ပြတ်ပြတ်သားသား အမိန်ချ ၂။ တောင်ဂုတ်က အရေးကို ဖော်ထုပ် နောက်ဆုံး တုတ်လေးနဲ့ တချက်ရိုက်မိပါတယ်ဆိုရင်တောင်အပြစ်ရှိတယ် ၃။ မောင်တောက စတဲ့ပြဿနာအာလုံးမှာ ဥပဒေကျူးလွန်မှု့တွေကို အရေးယူ မီရို့မှု့ လူသတ်မှူ နောက်ဆုံး fb မှာ ချကွ လုပ်လိုက်ကွဆိုသူတွေ ပြစ်စလက်ခ လက်လွတ်စပယ် ကောမန်းပေးသူတွေပါ သူတို ့လက်ကို ဆင်ကော်နဲ့ ၁ လလောက်ကတ်ပြီး အပြစ်ပေး … အဲဒါတွေပြီးရင် တောင် သူတို ့ကိစ္စက အလှည့်မပေးသင့်သေးဘူး ဘာကြောင့်လည်းဆိုတော့ သေနတ်နဲ့ ဖြစ်နေတဲ့ ပြဿတွေကိုအရင်ရှင်း ဒီအရေးကို ရခိုင်ကပဲကိုင်လို ့မရသလို လက်ရှိတိုင်ရင်းသားတွေအားလုံးရဲ့ ဆန္ဒကလည်လိုတယ် ဥပမာ လွတ်လပ်ခွင့်ပေးလိုက်ရင် တိုင်းရင်သားရွာတွေကို ရောက်လာတော့မယ် ကျနော်တို ့တိုင်းရင်းသားတွေက ရွားသား တွေဗျ ယုံတယ်ဆိုရင် ပုံပေးတဲ့လူမျိုးတွေ အစ္စလမ် ခရစ် ဗုဒ္ဒ နတ် ကြိုက်တာလာ ယုံပြီဆိုရင် ထိမ်းလို ့မရတော့ဘူး တခုတော့ရှိတယ် ကျနော်တို ့နိုင်ငံမှာ ဘာသာဆိုဘာလဲ ဆိုအချက်ကို ကျောင်းတွေသင်ခဲ့လျင် နောက် တခု မြန်မာတွေကားဝယ်လျင် နတ်ကို အရင်ပြတယ် အာမခံကို မရှိဘူး အဲ့ မြန်မာပြည်က လူတွေ လူဖြစ်လာရင် ဥပဒေက ဘယ်လောက်ကောင်းကြောင်း ယုံကြည်မှု့ရှိလာပြီဆိုရင် တော့ အဲ့ဒီပြဿနာကို စလုပ်တော့ အခုလိုအချိန်မှာ အေမင်းတို ့ကို အဲ့ဒီဒေသမှာပဲ နေခွင့်ပေးလိုက် လူ့အခွင့်အရေး အရ ပညာသင်ခွင့် ဆေံးရုံသက်ခွင့် ပေးလို ့ရတယ် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးက တခြားစီပါ တူညီတာတခုတော့ရှိတယ် ဘယ်သတ္တဝါမဆို မြန်မာနိုင်ငံဥပဒေက မြ်န်မာနိုင်ငံအတွင်းမှာ တည်တယ်။ မှတ်ချက် ဘယ်ဘာသာမှ ဖက်ဆပ်လုပ်လို ့မရဘူး ကြိုက်ရင်ယူ မကြိုက်ရင် မယူနဲ့ ကို ့သဘေား ရဲဖမ်းမှာတော့ ကြောက်တယ်

  • ဆူး

    June 15, 2012 at 3:00 pm

    သင်္ဘော တစီးပေါ် စုတင်ပြီးတော့ တပ်မတော် ရေ သင်္ဘောနဲ့ ဆွဲ ခေါ်သွား.. အင်တာနေရှင်နယ် ပင်လယ်ပိုင်နက် ရောက်ရင် ကြိုးဖြုတ်ပေးပြီးတော့ သင်္ဘော ကို ဝမ်းဖောက်ပြီး ထားခဲ့.. အဲလိုတော့ မပြောလိုပါဘူး. သိပ်အကြံ ပက်စက်ရာ ကျနေတယ်။ ဒီတော့ အစာနဲ့ ရိက္ခာ ဒီဇယ် ပေးပြီး တပါးအရပ်ကို နယ်မြေသစ်ထွင်ပြီး ရိုဟင်ဂျာ ဆိုတဲ့ နာမည် ကို ဖျက်သိမ်းပြီး ကိုလံဘစ် အမျိုးလို့ ပေးပြီး သွားကြလေရော့ လဟယ်….

    • ဆူး

      June 15, 2012 at 3:04 pm

      ဘုရား ဘုရား အော်မိတော်ဖော်.. ကိုယ့်စိတ်ကို ကိုယ့်ဟာ ကိုယ် လန့် မိတယ်။

  • kyaw swar kaung

    June 15, 2012 at 3:07 pm

    အဘရေ…..ပြဿနာကြီးကို ဝင်ဆွေးနွေးဘို ့ မလွယ်သေးလို ့ ကဗျာလေးဘဲ ……..

    x က္ကုသရေလ ကြက်တူရွေး x

    ကြက်တူရွေးနဲ ့သာလိကာ…
    အိမ်မှာမွေးဘူးလား…
    စကားပြောတဲ ့အခါ ချစ်စရာကောင်းတယ်….။
    နှစ်ပေါင်းကြာတဲ့ ကမ္ဘာ
    ပြတ်ရွေ ့ကြောတွေဖြစ်ခဲ ့တယ်…
    နေရာတွေ အပြောင်းအလဲဖြစ်တယ်..
    သမ္မာကျမ်းစာထဲမှာ…
    ထာဝရဘုရားက က္ကုသရေလတွေကို
    ဖန်ဆင်းစောင့်ရှောက်ခဲ ့တယ်…
    နိုင်ငံလဲ မဲ ့ခဲ ့ကြသတဲ ့…။
    ဘုရားသခင် လူမျိုးအသစ်တွေမဖန်ဆင်းတာကြာပြီ….
    ဘယ်ဘုရားဖန်ဆင်းလို ့များ…
    နိုင်ငံမရှိဘဲ လူမျိုးသစ်ပေါ်လာပါလိမ် ့…………..။
    ကြက်တူရွေ းတစ်ကောင်…
    သို ့မဟုတ်
    သာလိကာတစ်ကောင်ရဲ ့ဇာတိဇာစ်မြစ်ကို
    သူတို ့ပြောတဲ ့စကားအရ သိနိုင်တယ်…
    ဘုရားသခင်အသစ်မဖန်ဆင်းတဲ ့
    ကမာ္ဘအဟောင်းမှာ…
    မြေကြောမရွေ ့တော့တဲ့ကမာ္ဘဟောင်းမှာ
    ရိုဟင်ဂျာက နိုင်ငံမဲ ့ပြီး
    ဗမာလို မပြောတတ်တဲ ့တရုပြ်ကက်တူရွေးက
    မြန်မာမှတ်ပုံတင်နဲ ့မြန်မာပြည်မှာကောင်းစားနေတယ်…။
    စားသောက်နေရင်း ကာရာအိုကီ ဆိုတဲ ့အခါ
    ပျင်းလာရင် စစ်ဗိုလ်တွေကို ခေါင်းပုတ်တတ်သတဲ ့
    အို…..ထာဝရဘုရား
    ကမာ္ဘကြီး မှားနေတဲ ့အခါ..
    လ.၀.က တွေကိုသာ ဆုံးမပေးပါတော့…..။
    ……
    ……
    ရှင်းလင်းချက်။ ။ က္ကုသရေလ ( ဘုရားသခင်၏ ချစ်လှစွာသော ၊မျက်နှာသာပေးခံရသော လူမျိုးစု)

    ကျော်စွာခေါင်

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 15, 2012 at 3:21 pm

    ဘယ်နေရာမှာလည်းသိဘူးပြောလိုက်မိသလားဘဲ
    ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူတွေကို နိုင်ငံသားခံယူခွင့်ပေးကြတဲ့အကြောင်းလေးတွေစိဂျဘာဒယ်ကွယ်
    အခြားမကြည့်နဲ့ သဂျီးဂိုကြည့်ပါလား
    မြန်မာနိုင်ငံကနေ လွင့်သွားပြီးဟိုမှာနေတယ် ကောင်းကောင်းမနေဘူး သူများနိုင်ငံမှာနေပြီးတော့
    မြန်မာစာတိုးတက်ရေးဆိုပြီး ဆိုဒ်ထောင်တယ် လူစုတယ် ဘုရားတည်မယ်ကျောင်းဆောက်မယ်လုပ်ခြင်သေး
    ဒီကြားထဲကြုံရင် ဒီဗွီဒီလားဘာလား လျှောက်ဘို့တောင် လိုက်မြှောက်ပေးနေသေးတယ်
    ကြုံလို့ပြောလိုက်အုန်းမယ်
    တစ်ချို့တွေဆို ဒီကနေဟိုကိုရောက်သွားတာတောင် လူမျိုးရေးနေ့တွေကျင့်ပပြီး
    ပြည်နယ်လှမ်းတောင်းနေကြသေးတယ် အချိုးမပြေပုံ
    ထိုင်းနိုင်ငံမှာလည်းရှိတယ် အဲ့သည်လိုဘဲ ထိုင်းလူမျိုးမဟုတ်တဲ့ အခြားနိုင်ငံသားတွေကို
    နိုင်ငံသားဖြစ်ခွင့်ပေးတာ
    ဒီအကြောင်းတွေကို ပို့စ်တစ်ခုရေးဘို့က ဘယ်လိုမှ ဖြစ်မလာဘူးဖြစ်နေဗျန်ရော
    အဲ့သည်မှာလည်း လူတို့သဘာဝ အကြံဖန်လုပ်ကြသပေါ့ ပိုက်ဆံယူပြီး နိုင်ငံသားဖြစ်အောင်လုပ်ပေးတယ်
    နိုင်ငံသားဖြစ်သွားတဲ့သတ္တဝါတွေကလည်းကောင်းကောင်းမနေဘူး အမျိုးတွေကို ခေါ်သွင်းတယ်
    အကြံဖန်လုပ်ကြတယ်
    ရည်ညွှန်းတာက လူမျိုးဘာသာရေးကို ဖယ်လိုက်ရင် စောက်မျိုး 😀 စုတဲ့သဘောကတော့ တူတူပါဘဲ
    ဒီနေရာမှာမြင်သာတာက
    ပြဿနာဖြစ်လာရင် ဖြေရှင်းလို့ရတဲ့ စနစ်တွေရှိတာပါ
    ( ဒါကတော့ လူကြောင့်လားစနစ်ကြောင့်လား ဆော်ကြပေါ့ )
    ဂုနဂပြောဒဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့်ဆိုတာက သူတို့သတ်မှတ်တဲ့ ဒေသမှာ ပထမ ကတ်ကလေးတွေထုတ်ပေးတယ်
    တောင်ကျော်ဘတ်လို့ခေါ်ကြတာဘဲ တစ်နှစ်တစ်ခါသက်တမ်းတိုးရတယ်
    ဆယ်နှစ်ပြည့်ရင် နိုင်ငံသားကတ်လုပ်ပေးတာပေါ့ ဒါကအကြမ်းဖျင်းပါ
    ( ဆက်ရေးအုန်းမယ် )

    • အရီး Khin Latt

      June 15, 2012 at 7:48 pm

      ပြသနာ က ကျုပ်တို့ လူမျိုး တွေ ကို ဘယ်သူကမှ အဲဒီလို သနပ်တွေ အလကားမပေးဘူး ကလေးရဲ့။
      စားချင်ရင် ကိုယ့်ဟာကို ဝယ်စားရတာ။
      သူတို့မှာ ထောက်ပံ့သူတွေ အပြည့်။
      စားလို့တောင် မကုန်။
      မပြောချင်ဘူး။ 😛

    • အရီး Khin Latt

      June 15, 2012 at 7:48 pm

      ပြသနာ က ကျုပ်တို့ လူမျိုး တွေ ကို ဘယ်သူကမှ အဲဒီလို သနပ်တွေ အလကားမပေးဘူး ကလေးရဲ့။
      စားချင်ရင် ကိုယ့်ဟာကို ဝယ်စားရတာ။
      သူတို့မှာ ထောက်ပံ့သူတွေ အပြည့်။
      စားလို့တောင် မကုန်။
      မပြောချင်ဘူး။ 😛

      • ဆူး

        June 16, 2012 at 9:42 am

        မနေ့က ဖေ့ဘွတ်မှာ တွေ့တာ တခု ရှိသေးတယ်။
        ရိုဟင်ဂျာတွေကို စောင့်ရှောက်ဖို့ ကျပ်သိန်း ၂၀၀ဝ ပေးမယ် ကတိပေးထားတာ ရှိပြီး မနေ့က သိန်း ၈၀ဝ ပဏာမ ပေးတယ် ဆိုပြီး ဖတ်လိုက်ရတယ်။ ဟုတ်မဟုတ်တော့ မကြာခင် သိရလိမ့်မယ်။
        နောက်ခံ အင်အားတောင့်သူတွေကတော့ ဟုတ်နေတာပဲ.. သနားစရာ ရခိုင်လေးတွေပါ။

        • nature

          June 16, 2012 at 4:17 pm

          ကျပ်သိန်း၂၀၀ဝဆိုတော့ လူ၁သန်းအတွက် တယောက်ကို ၂၀ဝကျပ်နှုန်းလောက်ပဲရှိတာပေါ့။

  • gwa toe

    June 15, 2012 at 3:37 pm

    ဘင်္ဂ လီ ကလမအားလုံးကို ဖမ်းပြီးတော့ သားကြော ဖြတ်ပေးလိုက် ကလားထီးးတွေကိုတော့ အားလုံးသင်းကွတ်လိုက်ရင် ဒီပြသာနာ ကရှင်းသွားမှာပါ

    • ရွာစားကျော်

      June 15, 2012 at 7:30 pm

      ဒီနည်းလေးမဆိုးဘူး..
      ိကိုင်း မောင်ဂွတိုက ဦးစီးပြီး စီမံကိန်း စစေဗျား..

    • ရဲဘော် မောင်တူး

      June 15, 2012 at 8:33 pm

      အရမ်းကောင်းတဲ့ အစီအစဉ်လေးပါခင်ဗျာ။
      ကျနော်ထောက်ခံပါသည်။

  • သစ် တည်

    June 15, 2012 at 4:00 pm

    ဟဲဟဲ လွယ်လွယ်လေး
    ဒီမှာနေချင်တဲ့ရိုဟင်ဂျာတွေ အားလုံးကို
    သားကြောဖြတ်ပြစ်။
    ဒါအမိန့်ပဲ။
    ဒါဗြဲ””””

  • minn zaw

    June 15, 2012 at 6:30 pm

    ဒီကောင်တွေက အိမ်ရှင်တွေကို အခုလိုကြမ်းပြ စော်ကားပြနေတာ သူတို့မှာ အကြံအစီ အကြီးကြီး ရှိနေမယ်လို့
    ယုံကြည်တယ်။ နေလို့မရလို့ ပြည်နယ်သိမ်းဖို့ မအောင်မြင်နိုင်တော့လို့ ထွက်ခတ် ခတ်တာလား။ သူတို့ကို ပြန်သတ်ရင်
    ကမ္ဘာကသိအောင်ပြပြီး ဖိအားပေးတောင်းဆိုချင်လို့လား။ သူတို့နောက်က အကြမ်းဖက်အဖွဲ့အစည်းအားကိုးနဲ့
    ကြောက်လာအောင်ခြောက်ပြတာလား။ စိုးရိမ်စရာပါ။ ဒီကောင်တွေက နိုင်ငံတကာကို အသနားခံပြီး နေရာရအောင်လုပ်နေတာပါ။
    သူတို့ကို လုံးဝ လက်မခံထားသင့်တော့ပါဘူး။ မဖြစ်မနေထားရတော့မယ် ဆိုလဲ ရိုဟင်ဂျာ မှန်သမျှ ရှိပြီသား မှတ်ပုံတင်ကဒ်တွေကို
    ဖြတ်သိမ်း နိုင်ငံသားအဖြစ်နဲ့ လုံးဝခံယူခွင့်မရှိစေရ သူတို့အတွက်သီးသန့်ဥပဒေထုတ် ဘာပိုင်ဆိုင်မှုမှမပေးဘဲ ဒုက္ခသည်အဖြစ်ပဲ ထားပေါ့။
    နောက်ပြီး တစ်နိုင်ငံလုံးအတိုင်အတာနဲ့ အမျိုးဘာသာသာသနာကို အထိခိုက်မခံရအောင်
    အမျိုးစောင့်ဥပဒေထုတ်ပြန်။ အခြေခံ ပညာရေးမှာ မသင်မနေရစနစ်နဲ့ အခြေခံ ယဉ်ကျေးမှု
    သင်တန်းတွေကို မျိုးချစ်စိတ် ကိုထက်သန်စေမဲ့ သင်ခန်းစာတွေနဲ့ ဆရာတော်တွေနဲ့ ညှိနှုင်းပြီပြဋ္ဌာန်း ေးရင် တစ်ချက်ခုတ် သုံးချက်ပျက် အောင်မြင်နိုင်မယ်လို့ထင်ပါတယ်။

    • ရွာစားကျော်

      June 15, 2012 at 7:27 pm

      ကြည့်လုပ်ပါ ကိုရင်ရဲ့
      ဒီမိုကရေစီ နိုင်ငံသစ်ကြီးတည်ထောင်နေတယ်ပြောပြီး
      ဘယ့်နှယ့် အမျိုးဘာသာသာသနာ အထိခိုက်မခံရအောင် အမျိုးစောင့်ဥပဒေထုတ်ရမှာလဲ။
      ယုံကြည်ကိုးကွယ်မှု၊ ကိုယ်ယူချင်တဲ့သူနဲ့ လင်ယူသားမွေးမှုမှာ ဥပဒေထုတ်ပြီး ထိန်းချုပ်ရင် ဘယ်မှာလဲ ဒီမိုကရေစီနိုင်ငံရဲ့ လွတ်လပ်ခြင်းတွေ…

      စောင့်လေမျိုးနွယ်.. လို့ ဥပဒေထုတ် ခိုင်းရမှာလား
      ကိုယ်စီကိုယ်စီ စိတ်ဓာတ်၊ သွေးသားထဲက စောင့်ထိန်းရမှာလား
      စဉ်းစားပါ ကိုရင်ရယ်

  • minn zaw

    June 15, 2012 at 8:33 pm

    ဟီး ကိုရွာစားကျော်ရေ ကျွန်တော်ကိုယ်တိုင်ကNLD ပါတီဝင် တစ်ယောက်ပါ။
    မဖြစ်နိုင်မှန်းသိပါတယ်။ တို့ရွာသူားတွေ ဘာပြောကြမလဲ ဘယ်လိုတုန့်ပြန်ကြမလဲ
    သိချင်လို့ ပြောကြည့်တာပါ။ ဒါပေမယ့် ယဉ်ကျေးလိမ္မာသင်ရိုးကတော့ ဖြစ်နိုင်ပါတယ်။
    နောက်ပြီး အရှင်ဝီရသူတို့ ဖိုပညော တို့ကိုလဲ သိပ်ထိန်းချုပ်မှု မလုပ်နဲ့ပေါ့ဗျာ။
    ဒီလိုဆရာတော်တွေ ရှိမှလဲ ခင်ဗျားတို့ကျွန်တော်တို့ စိုးရိမ်တာတွေကို ဟန့်တားနိုင်မှာပါ။
    ကျေးဇူးတင်ပါတယ် ကရွာသားကျော်ရေ။

  • ကြည်ဆောင်း

    June 15, 2012 at 9:24 pm

    ငယ်ငယ်တုန်းကဖတ်ခဲ့ဘူးတဲ့ ကာတွန်း(ဦး)ငွေကြည်ရဲ့ကာတွန်းတစ်ပုဒ်ကို သတိရမိတယ်။ လေယာဉ်ပျံစီးဖို့ခက်သေးတဲ့ ခေတ်နဲ့တူပါရဲ့။ကာတွန်းကဒီလိုပါ။
    လူတစ်ယောက်ဟာ ကံကောင်းချင်တော့ လေယာဉ်ပျံစီးရတယ်၊
    ကံဆိုးချင်တော့ လေယာဉ်ပျံပျက်ကျတယ်၊
    ကံကောင်းချင်တော့ လေထီးပါလာတယ်၊
    ကံဆိုးချင်တော့ လေထီးမပွင့်ဘူး၊
    ကံကောင်းချင်တော့ အောက်မှာကောက်ရိုးပုံခံနေတယ်၊
    ကံဆိုးချင်တော့ ကောက်ရိုးပုံနဲ့လွဲသွားတယ်တဲ့။
    ဒါကခေတ်ဟောင်း က ကံဆိုးကံကောင်းလေးပါ။
    အခု ခေတ်သစ် ကံဆိုးကံကောင်းလေးကတော့
    မြန်မာပြည်ကြီးဟာ ကံကောင်းချင်တော့ နိုင်ငံတစ်ကာထောက်ပံ့ကြေးတွေရတယ်၊
    ကံဆိုးချင်တော့ ရိုဟင်ဂျာတွေကို လက်ခံလိုက်ရတယ်၊
    ကံကောင်းချင်တော့ တစ်ကမာ္ဘလုံးကချီးကျူးထောပနာပေးတာခံရတယ်၊
    ကံဆိုးချင်တော ့မြန်မာ တစ်ပြည်လုံး ရိုဟင်ဂျာတိုင်းပြည်ဖြစ်သွားနိုင်တယ်၊
    ဒါကတော့ခေတ်သစ်ကံဆိုးကံကောင်းဘဲပေါ့။
    ခေတ်ဟောင်းကံဆိုးကံကောင်းက ဟာသ သဘောပါတဲ့ ရယ်မောစရာပေမဲ့
    ခေတ်သစ်ကံဆိုးကံကောင်းကတော့ ဘဝအမောတွေပါတဲ့ ရုန်းထွက်စရာတွေပါ။
    တိုင်းပြည်ခေါင်းဆောင်တွေကတော့ အကောင်းဆုံးဆိုတာတွေကို အစီအစဉ်ဆွဲနိုင်ကြပါလိမ့်မယ်လို့ယုံကြည်မျှော်လင့်ရင်း . . . . . . .
    ခေတ်သစ်ကံဆိုးကံကောင်း
    ဘဝအမောတွေက ရုန်းထွက်
    အေးချမ်းနိုင်ပါစေ။ ။
    အိုဘယ့် . . . . . .
    ချစ်သောအမိမြန်မာပြေ (ပြည်)။
    အေးအေးချမ်းချမ်းစာဖတ်သူသက်သက်ဘဲကောင်းပါတယ်။

  • zenn

    June 15, 2012 at 9:45 pm

    ..သူတို ့ကို အုပ်စု ၄ စု ခွဲ လိုက်ပါ။
    ..လက်ယား နေတဲ ့ကေအိုင်အေ ဆီကို ၁ စုပို ့လိုက်..
    …ဇ ရှိတဲ ့နယ်စပ် က ‘၀’ တပ်တွေ ဆီကို ၁ စုပို ့…
    ..ကေအန်ယူ မိုက်ကယ်ကြီး တွေ ဆီကို ၁ စု ပို ့…
    ..၁ စုကို ရခိုင် ကသူရဲ ကောင်း တွေ ဆီမှာ ထား…
    🙂

  • Oo Oo

    June 15, 2012 at 11:04 pm

    လူသားချင်းစာနာထောက်ထားတတ်တဲ့နေရာမှာ ကမာ္ဘ့စံပြဖြစ်တဲ့နိုင်ငံကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့
    အထူးလက်ဆောင်အဖြစ်ပေးဖို့ကမ်းလှမ်းကြည့်လိုက်ပါလားဗျာ.. သူတို့ဝမ်းသာရှာမှာပါ 😛

  • garuda

    June 15, 2012 at 11:14 pm

    ဩစတြေးလျ ကိုပို့ရင်ကော? မြေနေရာတွေ အများကြီးပဲ။ Queensland state တခုထဲ ကိုက မြန်မာပြည်ထက် ကြီးတယ် လို့ ကြားတယ်။ လူဦးရေ က တတိုက်လုံးမှ သန်း ၃ဝ တောင် မပြည့်ဘူးထင်တယ်။ ကနေဒါကလဲ မြေနေရာတွေလွတ်နေသေးတယ်။ သူတို့လဲ လူတွေလို လို့ထပ် ခေါ်နေတယ်ကြားတယ်။ နောက်ဆုံး အမေရိကားတောင်မှ တစ်သိန်းလောက်တော့ အေးအေးဆေးဆေး ခေါ်လို့ရသေးတယ်။ အရှေ့ အလယ်ပိုင်းက သူုတို့ အမျိုးတော်တယ် ဆိုတဲ့ သူတို့ ကိုထောက် ပံ့နေတဲ့ အာရပ် သူဋ္ဌေးတွေ လည်း ရှိပါတယ်။မြန်မာပြည် လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ သူတို့အတွက် တိုးတက်လမ်းလဲ မရှိပါဘူး။ ကိုယ့် ဟာ ကိုယ် တောင် အခုမှ စပြီး နလံထူနိုင်အောင် ကြိုးစား ခါစရှိသေးတယ်။ နိုင်ငံကြီး တွေ မှာနေရင် သူတို့ကို အကြမ်းမဖက်ဖို့ ပညာပေးသင်တန်းတွေလည်း ပို့ချပေးနိုင်သေးတယ်။ ထောက်ပံ့ကြေးလည်းရမယ်။ နောက်ဆုံး ဘယ်သူမှ လက်မခံရင် Burma Campaign UK ကိုသာ ပို့လိုက်ပါတော့ဗျာ။

  • surmi

    June 15, 2012 at 11:52 pm

    ဘာမှလုပ်မရတော ့ဘူးဆိုရင်
    ဝေးလံသီခေါင်တဲ့နေရာမှာပို့ ပြီး သီးသန် ့ခွဲထားပြီး
    နိုင်ငံအကျိုးရှိစေမဲ့ ဖွံ့ ဖြိုးစေမဲ့ အလုပ်တွေလုပ်ခိုင်းပေါ ့
    တခုတော့ရှိတယ်
    သေသေချာချာစောင့်ကြည် ့နိုင်ဖို ့တော ့လိုလိမ် ့မယ် ။

  • thihayarzar

    June 16, 2012 at 1:17 am

    စဉ်းစားမိတယ် အကုန်လုံး ဂတုံးတုံးပြီး ဘုန်းကြီးကျောင်းသာပို့လိုက် .. ကျွန်တော်ကတော့အဲလိုဖြစ်စေချင်တယ် .. အတ္တကြီး တယ် ပြောပြော .. ဦးနှောက်မရှိဘူးပြောပြော …… သူတို့လည်း ကောင်း ကျွန်တော်တို့လည်းကောင်း

  • Foreign Resident

    June 16, 2012 at 5:54 am

    အမှန်တော့ ဒီ Post လေးမှာ ၊
    ရွာသူားတွေကို ဟိုမေး ဒီမေး လုပ်နေတာက ၊
    အဘ ရဲ့ သဘောထား ကို ဒဲ့ ချမပြရဲလို့ပါကွယ် ။

    ၁ ။ ရိုဟင်ဂျာတွေကို သတ်လို့ မရဘူး ။
    ၂ ။ မြန်မာပြည်မှာပဲ လက်ခံထားလိုက် ။ ဆိုပြီး ၊
    အရင် အစောပိုင်း အချိန်တုန်းကသာ အဘ ဒဲ့ပြောလိုက်ရင် ၊
    ဝိုင်း ဆဲ လိုက်ကြမှာ မိုးကိုမွန်နေမှာပဲ ။
    အခုတော့ ရွာသူားတွေ ကိုယ်တိုင် စဉ်းစားရင်း ၊
    အခြေအနေမှန်ကို ( လက်မခံချင်ပေမယ့် ) လက်ခံလိုက်ရပြီပဲ ။

    ၁ ။
    ဘင်္ဂလားဒေ့ရှ် ကတော့ထပ်ယူမှာ မဟုတ်ဘူး ။
    တိတ်တိတ်လေး ခိုးပို့ရအောင်ကလည်း ၊
    ဘင်္ဂလားဒေ့ရှ် အစိုးရက ငတုံးတွေနှင့် ဖွဲ့ထားတဲ့
    စစ်အင်အားမရှိတဲ့ အစိုးရ မဟုတ်ဘူး ။
    သူ မလိုချင်ပါဘူး ဆိုပြီးဗျောင်ပြောထားတာကို ၊
    အတင်းတွန်းပို့နေရင် နှစ်နိုင်ငံ စစ်ဖြစ်မှာပေါ့ ။

    ၂ ။
    ရိုဟင်ဂျာ တွေ ကိုယ်နှိုက်က မြန်မာနိုင်ငံ မှာမနေချင် / ရဲ ပဲ ၊
    ဘင်္ဂလားဒေ့ရှ် ကို ပြန် ပြေးချင်အောင် လုပ်ရအောင်ဆိုပြီး ၊
    အရင် အစိုးရ အဆက်ဆက် ရိုဟင်ဂျာ တွေကို ၊
    နည်းမျိုးစုံနှင့် ချုပ်ချယ် နှိပ်စက်ခဲ့တာပဲ ။
    အောင်မြင်လား မအောင်မြင်လားတော့ မသိဘူး ။
    တိုင်းပြည်လဲ ရိုဟင်ဂျာ တစ်သန်း ကိုပိုက်မိပြီး ၊
    လူမျိုးရေး အကြမ်ဖက်မှုပါ အဆစ်ရလိုက်သေး ။

    ၃ ။
    နိုင်ငံကြီးတွေကလည်း လူသားချင်း စာနာမှုနှင့် ၊
    ယူပေးနေတယ်ဆိုတာကလည်း ၊
    လူမျိုးစု တစ်စုကို ၊ တနှစ်လုံးနေမှ ၊ တစ်ထောင် မပြည့်ချင်ဘူး ။
    ကမာ္ဘကြီးမှာ ဒုက္ခရောက်နေတာ ရိုဟင်ဂျာ တစ်မျိုးတည်း မဟုတ်ဘူးလေ ။
    အဲဒီတော့ ဆင့်ပါးစပ် နှမ်းပက် သလောက်ပဲ ရှိမှာ ။

    အင်း တဖြေးဖြေးတော့ ၊
    မောင်ဂီပြောတဲ့ ကိုယ့်လူမျိုးတွေ ၊
    သိပ်မပွားတဲ့ဘက်ကို ရောက်တော့မှာပဲ ။

    • kai

      June 16, 2012 at 6:02 am

      ဒီနေ့ထုတ်လိုက်တဲ့..ခွင်ပြုချက်အရ.. မက်ဟီကိုကခိုးဝင်ပြီး.. ယူအက်စ်လာနေနေတဲ့.. လူငယ်(၈သိန်း)၈သိန်း.. နေခွင့်ရမှာဖြစ်ပါတယ်..

      အမေရိကန်တွေ.. လုပ်ပုံလုပ်နည်း.. သိရအောင်ပါ..
      အောက်ဆုံးမှာ.. DHS criteria တွေပါတယ်.
      =
      Obama administration immigration move: Ending student deportations
      June 15, 2012 9:57AM
      President Barack Obama’s administration–having failed to get Congress to act to allow students in the U.S. illegally through no fault of their own to remain–announced Friday that virtually no actions will be taken to deport them.

      The move comes in an election year when the Hispanic vote in key battleground states will be important. It also comes after the student deportation legislation–known as the DREAM Act and championed by Sen. Dick Durbin (D-Ill.)–has been stalled for years. Rep. Luis Gutierrez (D-Ill.) has been vocally critical of Obama for the number of deportations on his watch.

      The Obama administration–by going the non-legislative route–said students who met certain critieria could get permission to remain in the U.S. for two years–with a renewal option and a path to be granted work authorization.

      “Our nation’s immigration laws must be enforced in a firm and sensible manner,” said Homeland Secretary Janet Napolitano. “But they are not designed to be blindly enforced without consideration given to the individual circumstances of each case. Nor are they designed to remove productive young people to countries where they may not have lived or even speak the language. Discretion, which is used in so many other areas, is especially justified here.”

      The DHS criteria:

      1.) Came to the United States under the age of sixteen;

      2.) Have continuously resided in the United States for a least five years preceding the date of this memorandum and are present in the United States on the date of this memorandum;

      3.) Are currently in school, have graduated from high school, have obtained a general education development certificate, or are honorably discharged veterans of the Coast Guard or Armed Forces of the United States;

      4.) Have not been convicted of a felony offense, a significant misdemeanor offense, multiple misdemeanor offenses, or otherwise pose a threat to national security or public safety;

      5.) Are not above the age of thirty.

  • ဦးဦးပါလေရာ

    June 16, 2012 at 8:50 am

    ရိုဟင်ဂျာအရေးအတွက် အဖြေထုတ်ကြည့်တော့ ပိုစ့် အရှည်ကြီးတပုဒ်ဖြစ်သွားတယ်..။
    နောက်လမှ တင်ပါတော့မယ်…။

    အခုအကျဉ်းပြောချင်တာကတော့

    ၁-ထပ်စိမ့်ဝင်မှု့မရှိအောင် ပြည်ပက ရိုဟင်ဂျာတွေ ပြည်တွင်းက ဘယ်သူနဲ့ဖြစ်ဖြစ်ဆက်သွယ်မှု့မရှိအောင် တားမြစ်ရပါမယ်။ အဲဒီအတွက် လုံခြုံရေးတံတိုင်း ၊ ဥပဒေတံတိုင်း နဲ့ လူမျိုးစု နေထိုင်မှု့တံတိုင်း တွေလိုပါတယ်။
    နယ်စပ်ဒေသမှာ ခြံစည်းရိုးခတ်၊ အစောင့်ထား၊ စောင့်ကြည့်၊ ကင်းလှည့် လုပ်ရမယ်။
    တရားမျှတပြီး ရှင်းလင်းပြတ်သားတဲ့ ဥပဒေတွေ မြန်မြန်ရေးဆွဲ၊ တကယ်လိုက်နာရမယ်။
    တဖက်နဲ့ထိစပ်နေတဲ့ ဧရိယာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေ အနဲဆုံး ၉၅% နေရာပေး အ ခြေချ နေထိုင်စေရမယ်။

    ၂-ပြည်တွင်းရှိပြီးသားရိုဟင်ဂျာတွေကို သေသေချာချာပြန်စီစစ်၊ နိုင်ငံသားဖြစ်ပြီးသားထဲက အမှန်ဖြစ်သင့်သူကို နိုင်ငံသားအဖြစ်ဆက်ပေးပြီး နိုင်ငံသားအခွင့်အရေးတွေလဲပေးပြီး အန္တရာယ်ပြုနိုင်ခြေမြင့်မားသူတွေအဖြစ် မျိုးဆက် နှစ်ဆက်စာ စောင့်ကြည့်ရပါမယ်။ ပြောချင်တာက နောင်ကို တိုင်းပြည်နဲ့လူမျိုးကို အန္တရယ်ပြုရင်၊ ဆန့်ကျင်ရင်၊ ဘာသာရေးလူမျိုးရေး အဓိကရုန်းမှာပါရင် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးစေဘို့ပါ။

    ၃–ပြည်တွင်းရှိပြီးသားရိုဟင်ဂျာတွေကို သေသေချာချာပြန်စီစစ်၊ အခြေချနေထိုင်ပြီးသား နိုင်ငံသားဖြစ်ပြီးသားထဲက အမှန်နိုင်ငံသားမဖြစ်သင့်သူတွေကို နိုင်ငံခြားသားအဖြစ် သင့်တော်တဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်လုပ်စားခွင့်ပြုရမယ်။

    ၄-ပြည်တွင်းမှာ အခြေချနေထိုင်သူအဖြစ် အထောက်အထားမရှိသူတွေဟာ ဥပဒေမဲ့ ပြောင်းဝင်လာသူတွေဖြစ်တယ်။ ဥပဒေအရ သူတို့ကို ဖမ်းဆီးရမယ်။ ဆိုင်းငံ့ထောင်ဒါဏ် ချမှတ်ရမယ်။ ပြီးတော့ သတ်မှတ်တဲ့ နေရာမှာ သတ်မှတ်ပေးတဲ့ အလုပ်အကိုင်တွေကိုပဲ လုပ်ကိုင်စားသောက်ခွင့်ပြုရမယ်။ သူတို့ကို ရာသက်ပန် နိုင်ငံခြားသားပဲဖြစ်စေရမှာဖြစ်ပြီး သူတို့ကမွေးတဲ့ ကလေးကိုတော့ ဧည့်နိုင်ငံသားလျှောက်ထားခွင့်ရှိစေရမယ်။ ဒါပေမယ့် အကယ်၍ နောင်ကို တိုင်းပြည်နဲ့လူမျိုးကို အန္တရယ်ပြုရင်၊ ဆန့်ကျင်ရင်၊ ဘာသာရေးလူမျိုးရေး အဓိကရုန်းမှာပါရင် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးစေရမယ်။

    ဘာတွေကန့်သတ်မှာလဲ ဘာတွေသတ်မှတ်မှာလဲ
    ၁- မြေနဲ့ မြေတွင်စွဲဝင်သော မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်မပြုရ
    ၂-သတ်မှတ်သော အသက်မွေးမှု့လုပ်ငန်းအတွက် လိုအပ်သည်ဟုယူဆခွင့်ပြုသော ယာဉ်နှင့်စက်ကရိယာတို့ကိုသာ ပိုင်ဆိုင်ခွင့် အသုံးပြုခွင့် လက်ဝယ်ထားခွင့်ရှိပြီး လုပ်ငန်းခွင်အတွင်းသာထားရှိရမယ်။ အဲဒျီမှာ စက်ဘီး၊ဆိုက်ကား နဲ့ လက်တွန်းလှည်းပါပါတယ်။
    ၃-သတ်မှတ်ပေးသောဧရိယာတွင်သာ နေထိုင်ရမယ်၊ ဆေးကုသခံယူရမယ်၊ ပညာသင်ရမယ်၊ လုပ်ကိုင်စားသောက်ရမယ်။ နယ်မကျော်ရ၊ ခရီးမသွားရ၊ ဧည့်သည်လုံးဝ(လုံးဝ) လက်မခံရ။

    + + + + + + + +

    …. အေးဗျာ အဲဒါ နမူနာနဲနဲ ထုတ်ပြတာပါ..။
    ကျုပ်ကတော့ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ဘေးကင်းဘို့လောက် စဉ်းစားပြီးရေးမိတာပဲ..။
    ဒါပေသိ ညတုန်းက မအိပ်ခင်စဉ်းစားမိတော့…..
    ဒါ.. လူတယောက်က လူတယောက်ကို ဆက်ဆံရမယ့်ပုံစံကော ဟုတ်ရဲ့လား….. လို့..

    အင်း… မသိတော့ဘူူး ကိုဖေါရင်းရေ…..

    • Foreign Resident

      June 16, 2012 at 9:29 am

      ” ဒါ.. လူတယောက်က လူတယောက်ကို
      ဆက်ဆံရမယ့်ပုံစံကော ဟုတ်ရဲ့လား ”

      ဦးဦးပါလေရာ ရေ ။

      အဲဒါပဲ ။ အဲဒါပဲ ။
      အဘ လည်း အဲဒီအခက်အခဲ ကို တွေ့နေရတယ် ။

      ၁ ။ ရိုဟင်ဂျာတွေကို လူမဟုတ်ဘူးလို့ သတ်မှတ်ပြီး အဖြေထုတ်ရမှာလား ။
      ၂ ။ ပညာမတတ် တဲ့ ရိုဟင်ဂျာတွေကို ပညာတတ်အောင်သင်ပေးပြီး ၊
      မြန်မာ့ စံနှုန်းတွေထဲ မျှောဝင်နိုင်အောင် လုပ်ပေးရမလား ။
      ၃ ။ မြန်မာ့ စံနှုန်းတွေထဲ မျှောဝင်နိုင်အောင် လုပ်မယ်ဆိုရင်တောင် ၊
      ကုန်ကျစားရိတ်ကို ဘယ်သူခံမလဲ ။ အရမ်း ငွေ ကုန်မှာနော်
      ၄ ။ အချိန် ဘယ်လောက်ကြာမလဲ ။
      ရခိုင် တွေ ၊ မြန်မာ တွေက စောင့်နေပါ့မလား ။
      မျိုးဆက်တစ်ခု / နှစ် ၃ဝ လောက်ကြာမယ် ။
      ၅ ။ ရိုဟင်ဂျာတွေကကော ၊
      ပူးပေါင်းပါဝင်လာပါ့မလား ။
      သဘောထား ပြောင်းလာမှာ သေချာရဲ့လား ။

      ကူစဉ်းစားပေးကြပါအုန်း ၊ ရွာသူားတို့ရဲ့ ။

      • thu thu . sittwe

        June 16, 2012 at 10:46 am

        နိုင်ငံတိုင်းလိုလို အခက်အခဲအချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရမှာပါ .. ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုကို တည်ဆောက်ဖို့ အင်အားကြီးနိုင်ငံအဖြစ်သို့ရောက်လာဖို့ အခက်အခဲမျိုးစုံ စိမ်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ကျော်လွှားခဲ့ကြရမှာပါ … မြန်မာနိုင်ငံဟာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာမှာရပ်တည်နိုင်ဖို့ဆိုရင် ……
        ကျွန်မတို့အိမ်နီးချင်းနိုင်ငံကြီးတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူဦးရေအဆမတန်ပွားများပြီး ခက်ခဲတဲ့အချိန်ကာလတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတုန်းက တစ်အိမ်ထောင်သားသမီးတစ်ဦးသာ ယူရမယ်ဆိုတဲ့ ဥပေဒကို အရေးတကြီးပြဌာန်းခဲ့ရပါတယ် … ဒီဥပဒေကြောင့် တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်နိုင်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်ခဲ့ပါတယ် … အချိန်တိုအတွင်းမှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ် … ဒါပေမယ့် မြန်မာနိုင်ငံဟာ တရုတ်ပြည်လို လူဦးရေများသောနိုင်ငံတစ်ခုမဟုတ်ပါ …
        တခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာလဲ သားဆက်မများရန် ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဂရုစိုက်ခဲ့ကြပါတယ် .. ဘဝတစ်ခုကို တည်တည်ငြိမ်ငြိမ်နှင့် မိမိတို့မွေးထားသော သားသမီးများကို အတတ်နိုင်ဆုံးအထောက်အပံ့ပေးနိုင်ရန် ပိုမိုပြီးတိုးတက်ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ကြပါသည်။
        မြန်မာနိုင်ငံဟာလည်း တိုင်းပြည်စီးပွားရေးအခြေအနေအရ ဥပဒေတစ်ရပ်အနေဖြင့် ထုတ်ပြန်ပြဌာန်းထားခြင်းမရှိသော်လည်း သားဆက်မများရန် ဂရုစိုက်ထိန်းသိမ်းလာကြပါသည်။ ဒီလိုအချိန်မျိုးများ ရခိုင်ဒေသရှိ အမျိုးသမီးရေးရာမှ သားဆက်မများရေးစီမံကိန်းတစ်ခုကို ချမှတ်ခဲ့ပါသည်။ ရိုဟင်ဂျာတွေက လိုက်နာခဲ့ခြင်းမရှိပါ။
        ဟုတ်ပါပြီ .. မြန်မာတိုင်းရင်းသားတွေ အမျိုးသမီးတစ်ဦး သားသမီးငါးဦးအထက် မွေးကြရမှာလား?? လက်ရှိနိုင်ငံရဲ့စီးပွားရေးအခြေအနေအရ ဆင်းရဲဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံကြရမှာပါ။ လက်ရှိအခြေအနေမှာ မိဘအိမ်ကို ငွေနှစ်သိန်းလောက် ပို့နိုင်ဖို့ ယိုးဒယားလို မလေးရှားလိုနိုင်ငံတွေမှာ စီးပွားသွားရှာနေကြရတာကြောင့် ဒေသခံတိုင်းရင်းသားတွေ နဲသထက်နဲနေတဲ့အနေအထားတစ်ခုမှာ ရှိနေပါတယ်။ ဒီရိုဟင်ဂျာတွေကတော့ သားဆက်ခြားရေးကို အလေးမထားတော့ နိုင်ငံကို ဆင်းရဲတွင်းသို့ တွန်းပို့နေပြီး ရလဒ်အနေနဲ့ ဒေသအတွင်း ခိုးယူလုယက်မှုကနေ မီးရှို့ဆူပူအကြမ်းဖက်မှုအထိ ကြီးကျယ်လာခြင်းဖြစ်ပါတယ်။ သူတို့ဟာ ဒုက္ခသည်များအနေနဲ့ နိုင်ငံတစ်နိုင်ငံမှာ ခိုလှုံချင်တယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လိုအပ်ချက်နဲ့ လိုက်လျောအဆင်ပြေအောင် နေတတ်ရမှာပါ … သူတို့ရဲ့လိုအပ်ချက်ကို အိမ်ရှင်နိုင်ငံက လိုက်လျောရမယ်ဆိုသည်မှာ နည်းလမ်းမဟုတ်ပါ။ သူတို့ရဲ့ဓလေ့နဲ့ ဒီနိုင်ငံလိုအပ်ချက်စည်းမျဉ်းနှင့်မကိုက်ညီလျှင် သူတို့ကြိုက်တဲ့နေရာကိုသွားပေါ့ … မြန်မာနိုင်ငံမှာနေမည်ဆိုလျှင် နိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေအရ သားဆက်ခြားရေး၊ သားဆက်မများရေးကို လိုက်နာသင့်သည် … တစ်လင်တစ်မယားစနစ်ကျင့်သုံးသင့်သည် … မြန်မာနိုင်ငံအစိုးရအနေဖြင့်လဲ ဒုက္ခသည်များနှင့်ပတ်သက်၍ နောက်ထပ်ပွားလာမည့်လူဦးရေကို တရုတ်ပြည်ကို ဥပမာယူပြီး ရိုဟင်ဂျာများအတွက် ဥပဒေတစ်ရပ် သီးသန့်ပြဌာန်းသင့်သည်ဟု ထင်မြင်မိပါသည် ..
        ဒုက္ခသည် လက်ခံမည်ဆိုရာ၌လည်း မိမိနိုင်ငံက တာဝန်ယူနိုင်မည့် နိုင်ငံကို အန္တရာယ်မပေးနိုင်မည့် ပမာနတစ်ခုကိုသတ်မှတ်ပြီး တခြားနိုင်ငံတွေရဲ့ လုပ်ငန်းလုပ်ဟန်ကို လေ့လာပြီးမှ ကန့်သတ်လက်ခံသင့်သည်ဟု ထင်မြင်မိပါသည် …

  • intro

    June 16, 2012 at 10:04 am

    တစ်ဝက်စီဝက်ပြီး တစ်ဝက်က သူကြီးတို့ဆီ၊ နောက်တစ်ဝက်က ဦးဖောတို့ ဩဇီ ကို ပို့လိုက်ရင် ကောင်းမယ်… (ဒီလိုဆိုရင် ရိုဟင်ဂျာတွေနဲ့ ရောလိုက်ချင်တဲ့သူတွေ တောင် ပါချင်ပါလာမှာ) 😛

  • ဆူး

    June 16, 2012 at 10:05 am

    အမှန်တော့ တလက်မတောင် နေရာ မပေးချင်ပါဘူး။ မိုက်ရိုင်းစော်ကားပြီး မီးရှို့ပြီး လူတွေ ဒုက္ခရောက်အောင် လုပ်နေကြတာ ကို သိပ်မုန်းပါတယ်။
    မြန်မာပြည်မှာလည်း တိကျတဲ့ စည်းမျဉ်း ဥပဒေ ထုတ်သင့်ပါတယ်။
    ကြားဖူးတာကတော့ တခြားသော နိုင်ငံတွေမှာ ဥပမာ မလေးမှာ နိုင်ငံသား ခံယူချင်လို့ မူဆလင် ပြောင်းရတာတွေ ဘာတွေ ကြားဖူးတယ်။
    မူဆလင် + မူဆလင် = မူဆလင်
    မူဆလင် + ဗုဒ္ဓဘာသာ = မူဆလင်
    ဗုဒ္ဓဘာသာ + မူဆလင် = မူဆလင်
    ဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ဥပဒေ တခု ချမှတ်ပေးသင့်တယ်။
    ဗုဒ္ဓဘာသာဝင်တွေက ဘာသာခြားနဲ့ လက်ထက်ပြီး ကလေးတွေ ကို သာသာခြား ဖြစ်မယ် ဆိုရင် နိုင်ငံသား ဖြစ်ခွင့် မပေးတာမျိုး လုပ်သင့်တယ်။

  • cum min

    June 16, 2012 at 10:48 am

    အိမ်း…..ဒုက္ခ… ဒုက္ခ…

  • kai

    June 16, 2012 at 11:03 am

    ၁၈၂၆ မှာ မြန်မာကအင်္ဂလိပ်ကို စစ်ရှုံးပြီး Assam, Manipur, Cachar and Jaintia as well as Arakan and Tenasserim နယ်တွေ.. အင်္ဂလိပ်ပေးလိုက်ရတယ်.

    မြန်မာလွတ်လပ်ရေးရတော့.. အာသံ၊ မဏိပူရက.. အိနိ္ဒယအောက်ရောက်သွားတယ်..
    မြန်မာပြန်မရဘူး..

    အဲဒီမဏိပူရမှာနေတဲ့.. သူတွေက.. ဘယ်သူတွေလည်း.
    ရှေးမြန်မာတွေလို့ ခေါ်မလား..
    ကုလားတွေခေါ်မလား..

    ဗမာတွေရခိုင်ကိုမသိမ်းခင်.. လွန်ခဲ့တဲ့..နှစ်၃၀ဝကျော်.. ရခိုင်အင်ပါယာခေတ်က.. အခုဘင်္ဂလားဒေ့ရှ်ထဲကနယ်တွေတော်တော်များများ.. ရခိုင်ပိုင်ခဲ့ပါတယ်ဆိုရင်ကော..

    အဲဒါလေး.. အတွေးချစေချင်လို့ပါ…

    • Ko Ko Aung

      June 16, 2012 at 12:18 pm

      သူကြီးမင်း…

      စကားပုံရှိတယ် – ရေအဆုံး ကုန်းတဝက် တဲ့
      သူ့ကျွန်ဖြစ်ပြီးမှတော့ ပြန်ရသလောက်ကပဲ စတွက်ရမှာပေါ့…

      ရာဇဝင်သာလှန်တွက်ရင် ယိုးဒယား လေးပုံတပုံလောက်နဲ့ မလေးကျွန်းစွယ်ကြီးတခုလုံးအပြင်
      အင်ဒိုနီးရှားနဲ့ အိန္ဒိယပိုင်ကျွန်းတချို့ပါ ပြန်တောင်းရမလိုဖြစ်နေပြီ..။ 😀

      လောဘကိုသိမ်းပါ သကြီးရယ် – အသက်တွေလဲ ကြီးကုန်ပါပြီ 😀

      • kai

        June 16, 2012 at 3:49 pm

        ပျောက်နေတာတောင်တော်တော်ကြာသွားပြီထင်တယ်..
        တောင်းချင်တာပေါ့..
        အဲလိဇဘတ်ဘုရင်မကြီးရဲ့.. ဘဏ္ဍာသိုက်ထဲက.. မြန်မာ့ရတနာတွေပါ..တောင်းချင်နေတာ..
        အင်း..
        လောဘ..လောဘ.. :mrgreen:
        =

        ဆိုတော့..
        နယ်မြေပိုင်ဆိုင်မှုနဲ့.. လူမျိုးရေး.. ဘာကိုဦးတည်နေသလည်း..သိရအောင်.. ခွဲထုတ်ပေးလိုက်တာဖြစ်ပါတယ်..
        အဖြေတခုရဖို့.. လိုက်တွေးကြည့်နေတယ်ပဲ..သဘောထားပါ..။
        ဆက်ဆွေးနွေးသွားကြရင်.. ပြသနာနဲ့..သူ့ကိုဖြေရှင်းနည်းရုပ်လုံးပေါ်လာမယ်ထင်ပါတယ်..။

        • ဆူး

          June 16, 2012 at 4:10 pm

          ပတ္တမြား ငမောက် ဘယ်မတုန်း.. ပေးပေး ပေး အခုပေး.. ဟိဟိ

  • Shwe Phyu

    June 16, 2012 at 11:51 am

    Dear Aba,
    The best thing for the Govt to do is NOT to accept any of them all and re-confirm the NRCs issued under corrupted immigration peole of all the muslims came from Rakhine which are now all over Myanmar. Myanmar Govt have to stand strong enough to tell UNHCR that they are not ethinc group of Myanmar (which they already confirmed Myanmar people). If Thein Sein Govt is weak and acts selfishly on the sake of their own good name, it’s not them to suffer. It is the Myanmar people, generations after generations. We have already suffered… Because of the weakness, corruption and selfishness, we have already seen the Rohingya as member of parliment in the organization (မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်း).. . As most of the people are now aware (not all but some parts of real Islamic ideas) of how they are breeding, you can imagine how Myanmar would be like within a couple of decades.

  • Foreign Resident

    June 16, 2012 at 2:13 pm

    ဆူး says:
    ကြားဖူးတာကတော့ တခြားသော နိုင်ငံတွေမှာ
    ဥပမာ မလေးမှာ နိုင်ငံသား ခံယူချင်လို့
    မူဆလင် ပြောင်းရတာတွေ ဘာတွေ ကြားဖူးတယ်။

    မဆူးရေ မှန်တာပြောရရင် ၊
    မွတ်ဆလင် နိုင်ငံတွေမှာ ထုတ်ထားတဲ့ ဥပဒေတွေဟာ ၊
    ယဉ်ကျေးမှု နဲပားတဲ့ အရိုင်းအစိုင်း ဥပဒေတွေလို့ အများက ယူဆပါတယ် ။
    ဥပမာ ။ ။ ဆော်ဒီမှာ မွတ်ဆလင် ဘာသာကနေ ဘာသာပြောင်းရင် သေဒါဏ်ပါ ။
    အဘတို့က အဲဒီ အရိုင်းအစိုင်း ဥပဒေတွေ ကို မကိုးကားသင့်ပါဘူး ။

    ” An Apostate will be suppressed three days in prison
    in order that he may repent ….. otherwise, he should be killed ”
    Mohammed said : “Whoever changes his religion, kill him”,
    narrated by Al-Bukhari

    thu thu . sittwe says:
    တရုတ်နိုင်ငံဟာ တစ်အိမ်ထောင်သားသမီးတစ်ဦးသာ ယူရမယ်ဆိုတဲ့ ဥပဒေကို
    အရေးတကြီးပြဌာန်းခဲ့ရပါတယ် … ဒီဥပဒေကြောင့် တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်နိုင်ခဲ့ပြီး
    တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်ခဲ့ပါတယ် ။

    ရိုဟင်ဂျာများအတွက် ဥပဒေတစ်ရပ် သီးသန့်ပြဌာန်းသင့်သည်ဟု ထင်မြင်မိပါသည် ။

    သမီးရယ် တစ်အိမ်ထောင် သားသမီးတစ်ဦး
    အယူအဆထိ လက်ခံနိုင်ပါတယ် ။

    ဒါပေသည့် ဒီမိုကရေစီ နိုင်ငံဆိုပြီး
    ရိုဟင်ဂျာတွေပဲ သတ်သတ်လိုက်နာရမယ့် ဥပဒေ
    ထုတ်လို့ မကောင်းဘူး ထင်တယ် ။
    အပေါ်မှာ မဆူးကိုပြောခဲ့သလိုပါပဲ ၊
    အဘတို့ အရိုင်းအစိုင်း ဘဝကို ပြန်သွားကြမလို့လား ။

    တကယ်လို့ ရိုဟင်ဂျာတွေ က အဲဒီ ဥပဒေ အမိန့်တွေဟာ
    လူလူချင်း မတရားတဲ့အတွက် မလိုက်နာဘူး ဆိုရင်ရော ၊
    ဘယ်လို လုပ်ကြမှာလဲ ။
    နောက်တစ်ခါ သတ်ကြအုံးမှာလား ။

    ရွာသူားတို့ကို တစ်ချက်လေး ထောက်ပြချင်တာက ၊
    ပြီးခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းမှာ ၊
    လူ လွန်ရောကျွံရော သေလှ တစ်ရာပါတ်လည်ပါ ။

    အဲလို တစ်ရာပါတ်လည် လောက်လေးသေတဲ့ အဓိကရုဏ်း တောင်မှ ၊
    ရခိုင်ပြည်နယ် စစ်တွေ နှင့် မေါင်းတော ရဲ့ စီးပွားရေးဟာ ၊
    တော်တော်လေးကို ပျက်စီးသွားပြီး ၊
    ရခိုင်တွေရော ရိုဟင်ဂျာတွေ ကော အပြန်အလှန် မီးတိုက်လိုက်တဲ့အတွက် ၊
    လူတန်းစား ညှိသလိုဖြစ်သွားပြီး ၊
    ရခိုင်တွေရော ရိုဟင်ဂျာတွေ ကော နှစ်ဖက်စလုံး ၊
    ပက်ပက် စက်စက် မွဲတေသွားကြပါပြီ ။

    ဒါ လူ တစ်ရာပါတ်လည် လောက်လေးသေတဲ့ အဓိကရုဏ်း နော် ၊
    လူ တစ်သောင်း တစ်သိန်း လောက်သေတဲ့ အဓိကရုဏ်း သာဖြစ်ခဲ့ရင် ၊
    မြန်မာ တပြည်လုံး မွဲသွားနိုင်တဲ ။

    ကံ ဆိုးရင် အခုလို လူမျိုးရေး အဓိကရုဏ်း အဆင့်သာမကဘူး ၊
    ဘာသာရေး စစ်ပွဲ အဆင့်ပါ ဖြစ်လာလိမ့်မယ် ။
    မြန်မာပြည် မွဲလွန်းလို့ ကျောက်ခေတ် ပြန်ရောက်သွားလိမ့်မယ် ။

    အဘ ကတော့ လူမခံသာလောက်တဲ့ ဥပဒေတွေ ထုတ်တာကို
    အားမပေးချင်ဘူးကွယ် ။

    အင်း ကျောက်ခေတ် ပြန်ရောက်သွားလဲ တမျိုးကောင်းတာပါပဲ ။
    သမီးလေးတွေ အဝတ် မဝတ်တော့ဘူးပေါ့ ။ ဟီဟိ ။

    • ဆူး

      June 16, 2012 at 3:41 pm

      အဲဒီတော့ လုံးဝ လက်မခံပဲ ဆန့်ကျင်ရမယ် ဆိုတာမျိုးပေါ့..
      လုံးဝ လက်မခံလေ ကောင်းလေပဲ..
      အခု အချိန်မှာ ကာကွယ်ရေး ဦးစီးချုပ် က ထွက်ပြီးတော့ ရိုဟင်ဂျာ တွေကို ဆက်လက် ဖိအားပေးနေမယ် ဆိုရင် အာဏာသိမ်းရလိမ့်မယ် သတင်းအမှောင်ချတဲ့ လမ်းစဉ်ကို သွားရလိမ့်မယ်လို့ ခြိမ်းခြောက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက် ပြီးရော..
      ပြည်တွင်း မီဒီယာတွေလည်း အော်ကြမယ်။
      ပြည်ပ လာဘ်စားပြီး ဝိုင်းအော်ပေးနေတဲ့ လူတွေလည်း ငြိမ်သွားလိမ့်မယ်။

    • thu thu . sittwe

      June 16, 2012 at 8:12 pm

      ကျွန်မတို့ဒေသက ရိုဟင်ဂျာလေးတွေကတော့ အခုအချိန်အထိ ဆယ်နှစ်သားလောက်အရွယ်အထိကတော့ ကိုယ်တုံးလုံးလေးတွေနဲ့ မြို့အနှံ့ထင်းခွေနေကြလေရဲ့ … (သမီးလေးတွေတော့မပါ … 🙂 )

Leave a Reply