ကမ္ဘာဟောင်း

လူတွေနေတဲ့
မြေကမ္ဘာမှာ
ဒေါသနိုင်ငံတွေအတွင်း
လောဘဘုရင်ကြီးတွေ
နန်းတက်ခဲ့..
မောဟမြို့တော်တွေ
တည်ဆောက်ပြီး..
သောကတပ်တော်တွေမှာ
ပေါက်ကွဲခြင်းလက်နက်တွေ
အပြည့်ဖြည့်လို့..
ရန်လိုခြင်းစစ်သူကြီးတွေ
အုပ်ချုပ်ခဲ့…
အဂတိဈေးကြီးအတွင်းမှာ
ဝိသမလောဘသမားတွေ
ရောင်းဝယ်စေခဲ့..
အဟိရိက အနောတ္တပ္ပဆိုတဲ့
ပုရိသ ဣတ္ထိယတို့
အများရှင်သန်ခဲ့တဲ့
အို…ကမ္ဘာဟောင်း
သင်ဂျောင်းသင့်တာ
ကြာပြီပဲ…

One comment

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:22 pm

    ဂျောင်းပါစေ။

Leave a Reply