တွေးမိတာလေးကတော့ လူရိုင်းဆိုတာရဲ့ အဓိပ္ပါယ်ပါဗျာ လူရိုင်းဆိုတာ ရှေးခေတ်က သစ်ရွက်လေးတွေပဲ ဝတ်ပြီး သားစိမ်းငါးစိမ်းတွေ စားခဲ့ကြတဲ့လူတွေကို ခေါ်တာထင်ပါ့ ၊ သူတို့ ကိုင်ခဲ့တဲ့ လက်နှက်တွေကတော့ မြှားရယ် လှံရယ် လေးရယ် ဓားရယ်.. မြှားကလဲ တစ်ချက်ပစ်မှ တစ်ယောက်ပဲ သေစေသလို လှံတို့ ဓားတို့ဆိုတာလဲ အတူတူပဲ တစ်ချက်မ တစ်ယောက်ပဲ သေစေတယ် အဲဒါတောင် ချက်ကောင်းကိုထိမှနော် ၊ သူတိုနေထု်ိင်ခဲ့တာက ဂူတွေထဲမှာလို့ ဖတ်ဖူးတယ် ဂူထဲနေတာဆိုတော့ အိမ်ဆောက်စရာ မလိုသလို တောတွေပြုန်းမယ့် အန္တရာယ်လဲ မရှိတော့ဘူးပေါ့ ၊ သူတို့ ခရီးနှင်တာကတော့ ကိုယ့်ခြေထောက်ကို အားကိုးတယ်ဆိုပဲ ၊ အဲဒါမှ ကိုယ့်အားကို ကိုးတယ်လို့ ခေါ်တယ်ထင်ပါ့ ၊ အခုခေတ်လူတွေကတော့ အဲဒီလူရိုင်းတွေကို တော်တော်ရက်စက်ကြတယ်လို့ သမုဒ်ခဲ့ကြတယ် […]