လူတွေနေတဲ့
မြေကမ္ဘာမှာ
အဒေါသနိုင်ငံတွေအတွင်း
အလောဘဘုရင်းကြီးတွေ
နန်းတက်စေမယ့်
အမောဟမြို့တော်တွေ
တည်ဆောက်လို့..
ကရုဏာတပ်တော်တွေကို
ခန္တီလက်နက်တွေ
အပြည့်ဖြည့်ပြီး..
အကြင်နာ စစ်သူကြီးတွေ
အုပ်ချုပ်စေမယ့်…
သစ္စာဈေးကြီးအတွင်းမှာ
မေတ္တာအသင်းတွေ
ရောင်းဝယ်စေမယ့်..
ဟိရီ သြတ္တပ္ပဆိုတဲ့
ပုရိသ ဣတ္ထိယတို့
အမြဲရှင်သန်မယ့်
အို…ကမ္ဘာသစ်
သင်သန္ဓေတည်တာ
ကြာလှတယ်…

About သုနောင် မန်း

သုနောင် မန်း has written 7 post in this Website..