ပြိုင်ပွဲ တွေ စ တာ မသိလိုက်ဘူး။ ကျွန်တော် ထင်ခဲ့တာ က ညပိုင်း လို့ ထင်ခဲ့တာ ။ မနေ့ ကလည်း မနက်ဖြန်ည လို့ ပြောကြတာလေ။ သူ တို့ တွေ က လေးနာရီ ကတည်း က စ နေ ကြတယ်။ မပြိုင် မနေ ရ ပွဲစဉ် တွေ ပါ တာ မို့ ကျွန်တော့  အခန်းကို ကျွန်တော် တို့ ဌာန က လူကြီး ရောက်လာပီး ခေါ်တယ်။ ကစား ကွင်း ရောက်တော့ ဒီပွဲမှာ မင်း ပြိုင်ရမယ်တဲ့ ။ ကြည့်လိုက် တော့ အစား ပြိုင်ပွဲ ။ စားရ မှာ က ခေါက်ဆွဲတွေ။ ကျွန်တော် မ ပြိုင်ချင် ဘူး ပြောတော့ ။။။ရဘူးတဲ့။။။ မြန်မာ ဆိုလို့မင်းတယောက်ပဲ ရှိတယ်တဲ့။။။ မင်းခေါက်ဆွဲ ကြိုက်တာ သိလို့ ဒီပွဲမှာထည့် ထားတာ ဆိုပီး ဝင်ပြိုင်ခိုင်းတယ်။ ပြိုင်ရမှာ က လေးရောက် လေးနိုင်ငံ ။ လက်နှစ်ဖက် နောက်ပစ် မျက်နှာကို ပုဂံထဲ နှစ်ပီး ပါးစပ် နဲ့ တိုက်ရိုက် စားရတာ။ နိုင်ပါဘူးဗျာ ။ ပါကစ်စတန် နိုင်သွားတယ်။ သူက ခေါက်ဆွဲတွေ ကို ပန့် နဲ့ စွဲစုပ်သလို စားပြသွားတယ်။ ဒီပွဲ မှာ ကျွန်တော် ( မြန်မာ ) ၊ ပါကစ်စတန်၊ အိန်ဒိယ နဲ့ နီပေါ ။ ကျန်တဲ့ပွဲတွေ မှာလည်း အမေရိကန် ၊ အင်ဂလန်၊ အိုင်စလန်း၊ ဖိလစ်ပိုင်  နဲ့ ဘော့စနီးယား ၊

ကျွန်တော် မှီတဲ့ ပွဲတွေ က ပျော်ဖို့ ကောင်းတယ် ။ ကြက်ဥ ပစ်/ ဖမ်း ပွဲ ၊ လျှာနဲ့ ဂျုံ ဘန်း ထဲ က ငွေအ ကြွေ စေ ရှာပွဲ ၊ ဘောလုံး ပစ်ပွဲ တွေ က ပျော် ဖို့ ကောင်း တယ်။ ပွဲပီး တော့ တယောက် နဲ့ တယောက် ကြက်ဥ တွေ နဲ့ ပစ်ပေါက် ၊ ဂျုံ တွေ နဲ့ ပက် ကြတယ် ၊  ဘောလုံး ပစ်ပွဲမှာ ကျွန်တော် ပစ် နေ တဲ့ အချိန် ပရိတ်သတ် က “ဒီဂျေ” ” ဒီဂျေ” နဲ့ အော်ပီးအားပေးတယ် ၊ ဧပြီလ ပါတီ မှာ ကျွန်တော် ဒီဂျေ က က ပြဘူးလို့ အဲဒီလို အော်ပီး အားပေး နေကြတာ ၊ ဆု အနေ နဲ့က တော့ နိုင်တဲ့သူတိုင်း $ ၃ဝ စီ ပေး တယ် ။ တခြား ပွဲစဉ် တွေ ကတော့ ရိုးရိုး အား ကစား တွေ ပါ ပဲ ၊ ဒီပျော် ပွဲရွှင်ပွဲ တွေ ကို အလှဉ်းသင့် သလို စီစဉ် ပေးသူ ကတော့ လန်ဒန် သား တယောက် ပါ ၊ တနိုင်ငံ စီ မှာ နေကြတဲ့ သူ တွေ ကို စုံတုန်း ကြုံတုန်း ချစ်ခင် ပျော်ရွှင် စေပီး ကိုယ်စီ ကိုယ်စီ ရှိ နေတဲ့ ဟုမ်းဆစ် နဲ့ စထရက်တွေ ပြေပျောက် စေတယ်ဗျာ ၊ တချို့ က ခုထိ ပီး နိုင်ကြ သေးဘူး ၊ အော်ကြတုန်း ဆိုကြတုန်း ၊ ကျွန်တော်လည်း ထပ်ကဲ လိုက် ဦးမယ် ၊ နောက်မှပြန်လာမယ်၊၊၊၊ ဒိုးပီ၊၊၊၊ဝှစ်၊၊၊

About YE YINT HLAING

YE YINT HLAING has written 32 post in this Website..