မင်္ဂလာပါ ရွာသူ/သား အပေါင်းတို့ခင်ဗျ

ကျနော် ကာတွန်းကို စိတ်ဝင်စားသူတစ်ယောက်ပါ အချိန်ရရင်လဲ စိတ်ကူးရှိတာလေးတွေ ဆွဲတတ်ပါတယ်။ နောက်စာအရေးသားမှာလဲ သရော်စာဖက်ကို ပိုအားသန်ပါတယ် အဲဒီတော့ ကျနော်ရွာထဲမှာ ကိုယ့်ပတ်ဝင်းကျင်(ဝါ)ကိုယ်သိမှီတဲ့ အပိုင်းလေးတွေကို သရော်စာပုံစံ ကာတွန်းလေးတွေ ရေးဆွဲပီး တင်ချင်ပါတယ်။ ဒီနေရာမှာ ကျနော် တယောက်ထဲ ဆိုရင်ဖြင့် အိုင်ဒီယာပိုင်းမှာ အားနည်းမယ်လို့ ထင်မိပါတယ်။ ဆိုတော့ ရွာသူ/ရွားသားတွေလဲ ဝိုင်းဝန်း အားဖြည့်ပေးမယ် ဆိုရင်ဖြင့် ပိုပီးစည်ပင်မယ်လို့ ယူဆမိပါတယ်။ နောက်တခုက တကွက်ဟာသလေးတွေနဲ့ ရွာသူ/သားတွေရဲ့ တနေ့တာ နွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့လဲ ရည်ရွယ်ပါတယ်။ ရွာထဲမှာတော့ ကောမစ်ပိုင်းမှာ ကိုကမ်းဝေးရှိပါတယ် နောက် ကိုအင်ဇာဂီလဲ ရှိပါတယ် ကျနော်ကလဲ အားဖြည့်ပေးမှာပါ။ ဟာသပိုင်းမှာလဲ ရွာထဲမှာ ဦးကြောင်၊ ကိုအောင်ပု၊ ကိုပေ၊ကိုဗိုက် စသဖြင့်ပေါ့ ဟာသဉာဏ်ထက်တဲ့သူတွေလဲ ရှိနေပါတယ် ခင်ဗျ။နောက်ပီး ဟိုနေ့က အန်တီပန်ပန်လဲ မိန့်သွားပါတယ် အိုင်ဒီယာရှိတယ် ကာတွန်းမဆွဲတတ်ဘူးတဲ့….ဆိုတော့ ကျနော် လောလောဆယ်တော့ ဒီလိုအကြံလေး ဖြစ်မိပါတယ် ရွာသူ/သားတွေက အိုင်ဒီယာလေးတွေ ထုတ်ပေး ကျနော်တို့က အတတ်နိူင်ဆုံး အဲဒီအိုင်ဒီယာထဲ ဝင်အောင် ရှဲဒိုးသဘောနဲ့ ဆွဲပေးပါမယ် ပီးရင်ချက်ချင်း မတင်သေးဘဲ မူလပိုင်ရှင်ကို မေးနဲ့ ဆွဲထားတာလေး ပြန်ပို့ပေးမယ် ဒီတော့ သူလဲ သဘောကျမယ် ဆိုရင်ဖြင့် အကောင်းဆုံး အက်ဒစ်လုပ်ပီး စကန်ဖတ် ဂျေပီဂျီနဲ့ ထုတ်ပီး တင်ပေးပါ့မယ်။ ဒီကြားထဲ သဂျီးကြိုက်လို့ သူဒါကို ယူမယ်ဆိုလဲ ပေးပေါ့ ဘာဘဲဖြစ်ဖြစ် ရွာသူ/သားတွေ အကြား ရလေးရှင်းရှစ် ပိုခိုင်လာသလို အမ်ဂျီရဲ့ အင်းမေ့ချ်လဲ ပိုပီးအသက်ဝင် ခိုင်မာလာမယ်လို့ ယူဆမိတယ် ခင်ဗျ…..

ဆိုတော့ကာ ဒီအစီအစဉ်လေးတွေကိုဖြင့် ရွာသူ/သားတွေ အနေနဲ့

(၁)အကောင်အထည် ဖော်သင့်/မသင့်

(၂)ဖော်ရင်လဲ ဘယ်လိုပုံစံမျိုးလေးတွေနဲ့ သွားမလဲ

(၃)နောက် မေးခွန်းလေးတွေနဲ့ ဆွေးနွေးပေးဖို့

စသဖြင့် တတ်နိူင် သလောက်လေး ဝို်င်းဝင်း အကြံပေးကျပါလို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျ……………

ခင်မင်လေးစားစွာဖြင့်

မောင်ရဲစည်

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း