1 ကျောက်မျက် ပြခန်းမှာတွေ့ရတဲ့ အင်ကြင်းကျောက်(ကျယ်ဂေါင်ဘက်ခြမ်း)

2 အချောက်ိုင်ထားတဲ့ အင်ကြင်းကျောက် ပြားကြီး

3 ရောင်းရင် ပိုက်ပိုက်ရမှာတွေကို လမ်းချထားတယ်

4 ကျောက်တုံးကြီးကို အချောကိုင်ပြီး တုံးပေါ်တင်ထားတယ်

 

5 ရောင်းဘို့ ခင်းထားတဲ့ အချောကိုင်ပြီးသားအင်ကြင်းကျောက်

 

6 အတော်ကြီးတဲ့ကျောက်ပြားကြီးကို တင်ထားတာပါ

7 အထိန်းအမှတ်ကျောက်တိုင် ရေးထားတဲ့စာကတော့ ကျနော်လဲမဖတ်တတ်ဘူးနော်

8 အတော်ကိုစုံတဲ့ဆိုင်ခန်းလေး အားလုံးတန်ဘိုးတွက်ကြည့်မယ်ဆိုရင် မနည်းလောက်ဘူး

9 ကျနော်သာဆိုရင် ဒီသစ်ခေါင်းပေါက်ကြီးလွှင့်ပစ်မိမှာအမှန်

10 သတိူု့ကတော့ ဒီလိုကျောက်တုံးတွေကို အလှဆင်လို့ ရောင်းကြဝယ်ကြ

11 ဆိုင်လေးရဲ့ အခင်းအကျင်း

12 ြုမင်ရတာ ကြက်သီးထစရာဗျာ

13 သူတို့ကဒီကျောက်တွေကို တခမ်းတနားရောင်းတာပါ

14 သစ်ပင်ကဖြစ်တဲ့ကျောက်နဲ့ ရေထဲကခရုခွံ

15 ဒွီပုံလေးကတော့ ရိုက်သာ ရိုက်ခဲ့တာ ကျနော်လဲဘာမှန်းမသိဘူး

“အင်ကြင်းကျောက်လို့ခေါ်ပါသတဲ့…………………..”

 

ဟိုအရင်လေးငါးနှစ်လောက်က မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့

မာကြောင်းသာကြောင်းမေးကြရင်း သူက “အင်ကြင်းကျောက်”အရောင်းအဝယ်လုပ်နေတယ်

လို့ပြောတေ့ာ ဒီအခေါ်အဝေါ်လေးကနားထဲမှာခပ်ဆန်းဆန်း။

ပြောလို့နားထောင်ထားလိုက်တယ် သူဘာဆိုလိုချင်မှန်းမသိ.။

2010ပထမတစ်ခေါက်ရောက်တော့ ကျောက်မျက်တန်းတစ်လျောက်နဲ့သူတောင်ဘက်က အပြမှာ

ဒီလိုအင်ကြင်းကျောက်ဆိုင်လေးတွေတွေ့ခဲ့ရပါတယ်။

အဲဒီကနေတောင်ဘက်ကိုဆက်သွားတော့ ခြံဝန်းထဲမှာ ယာယီတဲလေးတွေနဲ့ အင်ကြင်းကျောက်တွေကို

အချောက်ိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရပါတယ်။

အဲဒီတုန်းက ကင်မရာမရှိသေးတော့ကြည့်ရုံဘဲကြည့်ခဲ့ရပါတယ်.။

ဒီတစ်ခေါက်သွားတေ့ာအဲဒီနားမှာ ကားပြင်တဲ့နေရာဖြစ်နေပါတယ်။

ကျယ်ခေါင်ထဲမှာ အင်ကြင်းကျောက်ရောင်းတဲ့ဆိုင်လေးတွေ တွေ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ပါဘူး။

ရိုက်ဘို့အဆင်မပြောတာ လဲ ပါပါတယ်။

ရူ့ခင်းတွေဘာတွေသာ ရိုက်လို့ကောင်းတာ ဆိုင်တွေရိုက်ဘို့ဆိုတာက သူတို့မနှစ်သက်မှာစိုးလို့ပါ။

အဲဒါနဲ့တစ်ရက်မှာတော့ ခြင်္သေ့ရုပ်ကြီးကို ရိုက်ချင်တာနဲ့ ရွှေလီဘက်ကို အသွား

အင်ကြင်းကျောက်တွေကို အချောကိုင်ပြီးရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်။

ဒါနဲ့ဘဲ ဘာသာပြန်ုလို့လွဲစရာမရှိတဲ့ နိုင်ငံတကာ ဘာသာစကားသုံးလို့ဆိုင်ရှင်ကိုတောင်းပန်ပြီးရိုက်တော့

လှပသောအသွင်ရှိတဲ့ပုံတွေကိုရပါတယ်။

သူတို့တွေကဒီအင်ကြင်းကျောက်တွေကို အိမ်မှာအလှဆင်ဘို့အတွက်ဈေးကြီးပေးလို့ဝယ်ကြပါတယ်.

ဒီကျောက်တွေဘယ်ကလာသလဲဆိုတာတော့…………….

 

ကိုပေါက်လမ်းသလားနေသည်

(19-6-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။