ဒီတစ်နေ.လုံး ရန်ကုန်မှာ မိုးရွာလိုက်တာများ အပြင်တောင်မထွက်ချင်ဘူးဗျို. ။ သို.သော်လည်းပေါ.လေ …… လက်လှုပ် ခြေလှုပ်မှ စားဝတ်နေရေးပြေလည်တာဆိုတော.လည်း မိုးထဲလေထဲမှာဘဲ တစ်မြို.လုံး လျောက်ပတ်နေရတော.တာပါဘဲဗျာ …….။ အဲ …နေ.လည်ရောက်တော. အလုပ်ကမပြီးသေး ၊ ထမင်းစားချိန်လဲရောက်ပြီ ထမင်းချိုင်.က မပါ …. ဒါနဲ. ၀ယ်စားဖို. ဆိုင်ရှာရတော.တာပေါ. …..။ရောက်နေတဲ.နေရာက ပါရမီ လမ်းကစိန်ဂေဟာစူပါမတ်နားမှာဆိုတော. စားစရာဆိုင်တွေကပေါပါတယ် ။ ဘာစားရမလဲစဉ်းစားရင်း ဟိုကြည်.ဒီကြည်.သွားကြည်.တော. ရခိုင် ထမင်းဆိုင်လေးသွားတွေ. သဗျ ။ အတော်ပဲ လောလောဆယ်ဆယ် ရခိုင်ချစ်တဲ.စိတ်ကလဲ ငယ်ထိတ်ရောက်နေတာဆိုတော. ဘာမှစဉ်းစားမနေတော.ဘူးဆိုင်ထဲခတ်သွက်သွက်ဝင်လိုက်တော.တယ် ။ မိုးကအေးအေး ရခိုင်ဟင်းက ပူစပ်စပ် …….တကယ်.ကိုမှ လိုက်ဘက်ညီသဗျ ။ ဆိုင်ကတော.မြေညီထပ်တိုက်ခန်းလေးမှာဖွင်.ထားတာပါ ။ ခတ်နွမ်းနွမ်းပေမဲ. သန်.သန်.လေးရောင်း တာပါ ။ ဈေးကလဲမဆိုးဘူး ၁၀၀၀ နဲ. ၁၅၀၀ ၀န်းကျင်ဆို တစ်ယောက်စာ ၀၀ စားလို.ရပြီ ဒါနဲ. ဆာမိလည်း ဟင်းတွေထဲ.ထားတဲ.မှန်ပုံးနားသွားပြီးစပ်စု၇င်းနဲ. ဟင်းခတ်ပေးနေတဲ.ရခိုင်မလေး ကိုဟင်းအမည်တွေမေးမိတယ် ။ဟိုမေး ဒီမေး နဲ. ဟင်းတစ်မျိုးလဲရောက်ရော ဆာမိမျက်လုံးပြူးသွား ပါရောလား ………ရခိုင်မလေးက အသံ ၀ဲ ၀ဲလေးနဲ.ပြောပါတယ် …ဘာတဲ. …. “ ကြိုက်ဖုတ်စိုက်” ….. တဲ. …… ဆာမိလည်း ခတ်ကြောင်ကြောင်ဖြစ်သွားသဗျ …..ဆဲများ ဆဲလေသလား ဟုတ်သေးပါဘူး … ဆာမိကြောင်သွားတာကို သတိထားမိတယ်ထင်တယ် တစ်လုံးချင်း ပီ ပီ သသ ထပ်ပြောပါတယ် ..။ “ ကြက် …ဖုတ် ….စိုက် ” ….ဒီလိုကိုး ….ဒါဆို ဆာမိသိပါပြီ ။ဆာမိလည်းရခိုင်မိတ်ဆွေတွေနဲ.နေဘူး တာဆိုတော. သူပြောတာကိုမှန်းလို.ရပါတယ် ။သူပြောချင်တာက ဒီလိုပါ “ ကြက်ဖုတ်စပ်” ပါ ။ ကျေးဇူးပြုပြီး ရွာသားများနဲ.စာဖတ်သူများ ပြောင်းပြန်တော. မရွတ်လိုက်ပါနဲ.နော် …. သဂျီးက ဆဲတယ်ထင်ပြီး အရေးယူနေပါဦးမယ် ။ဒါနဲ. ဆာမိလဲ ဘယ်လို ဘယ်လိုချက်ထားသလဲ ဆိုတာ ဆက်မေးပါတယ် ။ တော်ကြာ မှာပြီးမှ မအပ်မရာတွေပါလာမှဖြင်. …….. ဒါပေမဲ. ဟင်းနာမည်တော. ဆာမိလည်းရုတ်တရက် မခေါ်ရဲသေးဘူးဗျ ။ပြောင်းပြန်များရွတ်မိရင် လက်ထဲက သံယောင်းမနဲ. ဆော်ထည်.လိုက်မှာစိုးလို.ပါ ….ဒီတော. လက်ညှိုးလေးထိုးပြပြီး “ အဲဒီဟင်းက ဘယ်လိုချက်ထားတာလဲဟင်” လို. မျက်နှာချိုသွေးပြီးမေးလိုက်တာပေါ. ……။ ရခိုင်မလေးက ရခိုင်သံ ၀ဲဝဲလေးနဲ့ရှင်းပြပါတယ် ….ဒီလိုပါ ….ကြက် ကိုမီးဖုတ်ပြီးငရုပ်သီးစိမ်းစပ်စပ်နဲ. ချက်ထားလို. ကြက်ဖုတ်စပ် လို.ခေါ်တာပါတဲ.ဗျာ …….။ ဆာမိလည်း ဒီဟင်းကိုဘဲရွေးပြီးမှာလိုက်ပါတယ် ၊ နောက်ထပ် ဟင်းအရံအဖြစ်နဲ. ဘာမှာရမလဲကြည်. တော. ငှက်ပျောဖူးကို ငပိလေးပေါက်ပြီးငရုပ်သီးနဲ. ကြော်ချက်လေးကိုသွားတွေ.ပါတယ် ။တကယ်. ရိုးရာဟင်းပါ …..အင်း ….. ငန်ငန်စပ်စပ်တွေများနေပြီ ဆိုတော.ပြောင်းဖူးကြော်လေးပါတွဲမှာလိုက် တယ် ….။ စားကောင်းလိုက်တာဗျာ …..မီးသင်းနံ.လေးမွှေးတဲ.ချိုချိုစပ်စပ် ကြက်သားဟင်းလေးရယ် ၊ ရခိုင်ရိုးရာ ငှက်ပျောဖူးကြော်ချက်လေးရယ် ၊ငရုပ်သီးစပ်ရင် လျှာကိုချော.မြှူပေးတဲ.ပြောင်းဖူးကြော် လေးနဲ. ဟင်းချို ချဉ်ချဉ်လေးက ဆာနေတဲ.ဗိုက်ကို ထိန်းမရတော.ဘူးဗျို. …..လျော.စားလိုက်တာ လက်ထဆေးတော. ပုဆိုးတောင် ကျွတ်မတတ်ပါပဲ ။ဒီကြားထဲ မန်ကျီးမှဲ.လေးပေါက်ပြီး ထောင်းထား တဲ. ရခိုင်ငပိထောင်းလေးကို သခွားသီးစိပ်လေးနဲ.တို.စားရတာကလည်း တကယ်.ကိုထမင်းမြိန်စရာပါ အဲဒီမှာပဲ ….ရွာသူရွာသားတွေကိုသတိရသဗျ ….အစားကောင်းစားရရင် မိတ်ဆွေကောင်းကိုသတိရ တတ်တယ်ဆိုတော. ….ဒီလိုနဲ.စဉ်းစားမိတာက ရွာထဲက အိမ်၇ှင်မများ နဲ.တကွ အိမ်ရှင်ထီးလူပျိုကြီး များလည်းစိတ်ဝင်စားရင်ချက်စားလို.ရအောင် ဟင်းချက်နည်းလေးမေးခဲ.ရတာပေါ.ဗျာ ……. စိတ်ဝင်စားကြရင်လည်းချက်ကြည်.ကြတာပေါ.နော် ….စားကောင်းရင် ရခိုင်ရိုးရာဟင်းတစ်ခွက်အဖြစ် မြတ်မြတ်နိုးနိုးဂုဏ်ယူပေးလိုက်ကြပါ ။ စားမကောင်းရင်တော. ဆာမိရဲ.ညံ.ဖျင်းမှုအဖြစ်မှတ်ယူပြီး ဆာမိကိုသာအပြစ်တင်ကြပါတော.ဗျာ …………………………။ ကဲ ကဲ စလိုက်ကြစို. ….. ပထမဆုံး ကြက်ကို အတုံးလေးတွေ မလှီးခင် မီးဖုတ်ရပါမယ် ။ အသားကင်တဲ.စက်နဲ.မရပါဘူးဗျာ ….မီးသင်းနံ.လေးလိုချင်တဲ.အတွက် မီးပြရပါမယ် ..၊ မီးကင်လို. အနံ.လေးထွက်ပြီး အရေပြားနေရာတချို.မီးကျွမ်းပြီဆိုရင် အနေတော်လှီးပြီး ဆား၊နနွင်း နဲ. ဟင်းခတ် မှုန်.တို.ကို အနေတော်ထည်.ပြီး နယ်ထားရပါမယ် ။အဲ ….မပါမဖြစ်ကစပါးလင်ဗျ ။စပါးလင်ကို နုတဲ. ခေါင်းပိုင်းကိုလှီးပြီး ဂျင်း၊ ကြက်သွန်ဖြူတို.နဲ.အတူ ညက်ညက်လေးထောင်းရပါမယ် ။ နိုင်ငံခြားရောက် မြန်မာများအနေနဲ. ငရုပ်ဆုံမရှိရင် ကြိတ်စက်ကိုသုံးနိုင်ပါတယ် ….။ကြက်သွန်နီကိုတော. မထောင်း တော.ဘဲ ပါးပါးလှီးပြီး ဆီသပ်တဲ.အခါမှာနွမ်းစေဖို.ရောထည်.ပြီး ဆီအနည်းငယ်နဲ.ဆီပူထိုးပါ ။ ဒီဟင်းမျိုးက ဆီများရင်စားမကောင်းပါဘူး ဆီလည်ရေလည်(သို.) သောက်ဆမ်း ပုံစံချက်ရမှာပါ ဆီပူထိုးဆီသပ်တဲ.အခါမှာလည်း စပါးလင်နှစ်ပင်သုံးပင်လောက်ကို ထုထောင်း ၊ စည်းထုပ် ထုပ် ပြီး ရောထဲ.လိုက်ရပါမယ် …။။ကြက်သွန်တွေနွမ်းပြီး မွှေးစပြုတဲ.အခါမှာတော. ငရုပ်သီးတောင်.ပွ ခြောက်ကိုထောင်းပြီးဆီပူထဲမှာထဲ.လို. အရောင်တင်အဖြစ်သုံးရပါမယ် ……။ ပြီးရင်တော. စောစောက ဆား ၊ဆနွင်း နယ်ထားတဲ.ကြက်သားတုံးလေးတွေကို ထည်.လို.ရပါပြီ ။ ကြက်သားနဲ.အတူ ငရုပ်သီးစိမ်းများကိုလည်းလိုသလာက်ထဲ.ပြီး ရေနွေးရော ၊အဖုံးအုပ်ပြီး ကြက်သား နူးရင်ဖြင်. သုံးဆောင်လို.ရပါပြီ …။ဒီချက်နည်း လေးကတော.ပါရမီစိန်ဂေဟာမျက်စောင်းထိုးက “ ဆွေသဟာ”ဆိုတဲ. ရခိုင်ထမင်းဆိုင်လေးက စားဖူးခဲ.တာလေးကို အမှတ်တရ ရေးလိုက်ရတာပါ ။ နိုင်ငံခြားရောက်မြန်မာများအနေနဲ.လည်း မြန်မာပြည်ကိုလွမ်းရင် မြည်းစမ်းနိုင်စေဖို. လက်တို.လိုက် ရပါတယ် ……..။

 

About မောင်ရိုး

surmi has written 112 post in this Website..