ဒီသီချင်းလေးကတော့ ကျွှန်တော်တို့လို့ တောမှာ မွေးပြီး
မြို့တက် လူလည်းလုပ်နေတဲ့သူတွေ အရမ်းကြိုက်တဲ့သီချင်းလေးပေါ့ဗျာ…

တိုက်ဆိုင်တဲ့သူတိုင်းလည်း ကြိုက်မယ်ထင်ပါတယ်

မကြိုက်တဲ့ မမ မြို့သူတွေလည်း သီချင်းလေးကို ခံစားတတ်အောင်
တောသားမြို့တက် တစ်ယောက်လောက် ချစ်သူထားကြည့်ပေါ့ :)

အချိန်ဆိုတဲ့ နံရံကြီးက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ကြားထဲမှာ
တံတိုင်းတစ်ခုလို အထပ်ထပ်ချပြီး အတိတ်တွေကို ဝေးကွားစေခဲ့တယ်
သတိယစရာတွေ၊ လွမ်းဆွတ်စရာတွေ၊ ရန်သူဖြစ်နေရင်တောင်မှ အမြဲသတိယနေတတ်တာ
အဲဒီ အတိတ် ဆိုတဲ့အရာတွေပေါ့ဗျာ..
ဒီသီချင်းလေးက အဲဒီအရာ အားလုံးကို ထင်ဟပ်ပြစေတာပေါ့…

… မြို့ကြီး ပြကြီး မနီးတဲ့ တောရပ်ရွာတွင် တောရပ်ဌာနေမှ
အဲဒီကအစ လူဖြစ်ရတဲ့ ကို့ဘ၀အခြေအနေ……..

… အဖော်တွေများနဲ့ ကစားခဲ့ကြခုံခုံမင်.. မမေ့နိုင်ဘူးအစဉ် ကိုယ့်ဇာတိမြေ မွေးရပ်ရွာကိုပင်……
… တစ်စစနဲ့ ကို့ဘ၀မှာပင် အရွယ်ရောက်လို့ လာပြန်တော့.
တောရွာမှာ ပျော်ပေမဲ့လည်း.. တော်ရာမှာမနေ…ပျော်ရာမှာ နေရမယ်လို့

ဆိုရိုးစကားတွေ ရှိခဲ့တာကြောင့်… မြို့ကြီးကိုပင်ရောက်ခဲ့ပေမဲ့…

တောမှ အဖော်တွေများကို တစ်နေ့တစ်ရက်မှ မမေ့နိုင်ပါအစဉ် မမေ့နိုင်ပါအစဉ်.
ကိုယ်အခွင့်သာခဲ့ရင် တစ်ခေါက်တစ်ခါ အရောက်လာဖို့သာ……..

သီချင်းလေးကို တော့ အကုန်ရေးမပြတော့ဘူးဗျာ…
ဒီသီချင်းလေးက အရမ်းခံစားရတယ်
မိဘကိုလွမ်းစေတယ်
ရည်စားကိုလည်းလွမ်းစေတယ်

ငယ်ချစ်ကိုလည်းလွမ်းစေတယ်
သူငယ်ချင်းကိုလည်းလွမ်းစေတယ်

လွမ်းစေတာတွေ ဗလပွ နဲ့ပေါ့ဗျာ…

ကိုယ့်ရပ်ဌာနေ

About king zawgyi

king zawgyi has written 3 post in this Website..

ရှမ်းလူမျိုး မဟုတ်သော်လည်း ရှမ်းပြည်နယ်ကို ချစ်မြတ်နိုးသူ... ရှမ်းမ မှလွဲပြီး မည်သည့်ဆော် ချောချောမှ ရင်ခုန်ခံစား မရသူ... ရှမ်းမချောချောလေးများ မြင်သောအခါ ထူးထူးကဲကဲ ထူးဆန်းစွာ ရင်အရမ်းခုန်မိသောသူ... ရှမ်းမချောချောလေး၏ ရက်စက်ခြင်းကို အပြင်းအထန် ခံစားဘူးသော်လည်း နားကျည်း မရသူ တစ်ယောက်ပါ။