မြင်ဖန်များလာတဲ့ မြင်ကွင်းမျိုး ၊ ကြုံဖန်များလာတဲ့ အဖြစ်ပျက်မျိုးဆို လူသဘာဝအရ ရိုးအီသွားတတ်ကြပေမယ့် ….ကျွန်မကတော့ မြင်ရဖန်များလို့ ၊ ကြုံရဖန်များလို့ … မရိုးနိုင်ပဲ …ပွင့်အန်ထွက်ချင်နေတဲ့ ကိစ္စလေးတွေ မြိုသိပ်နိုင်စွမ်းမရှိလို့ …. ဖွင့်ချပြလိုက်ပြီဗျို့ ….  ။ တိုက်ဆိုင်သူတို့ကိုလည်း အားနာပါတယ် …. မေတ္တာပို့လျှင်လည်း ခံယူပါ့မယ် … ။ နေရင်းထိုင်ရင်း  ပျားအုံဒုတ်နဲ့ ထိုးတယ်လို့တော့ မထင်စေချင်ပါဘူး .. ဒါပေမယ့် ကာစတန်မာတွေကို ဆွဲဆောင်တဲ့နည်းလမ်းက .. ပရိယာရ်လွန်ကဲသွားပြီး လိမ်ညာမှုသဘောဘက်သက်ရောက်သွားတယ်ဆိုတာလေး သိစေရုံလောက်ပါ …. ။

%%%%%%%%%%%%%%%%%

မြို့လည်ခေါင်နဲ့ လှည်းတန်းလို လူစည်တဲ့နေရာမျိုးက လူသုံးကုန်ပစ္စည်းဆိုင်(ဘာဆိုင်လဲဆိုတာ …ဆက်စပ်တွေးကြည့်ကြပါ ။ )  တချို့ရဲ့ …. လိမ်လည်ဆွဲဆောင်နည်းကို စပြောပါမယ် ။ ဘာတဲ့ … ဂိုထောင်ရှင်းစနစ်တဲ့ …. ။ ဂိုထောင်ရှင်းစနစ်နဲ့ ဒီဆိုင်ထဲကပစ္စည်းတွေကို ဘယ်ကာလကနေ၊ဘယ်ကာလအထိ ရာခိုင်နှုန်းတော်တော်များလျော့ပေးမယ်တဲ့လေ …. ။ နာမည်ကြီး Branded မျိုးစုံကို သက်သက်သာသာရမယ်ဆိုတော့ … လူတွေလည်း ကြိတ်ကြိတ်တိုးလိုက်ကြတာပေါ့ …. ။ တကယ်တော့ ဘာနာမည်ကြီးကို ဂိုထောင်ရှင်းလို့ ငွေပေါ်အောင်ရောင်းပေးတာမဟုတ်မှန်း အဲ့ဒီဆိုင်နာမည်နဲ့ဆိုင်ခွဲတွေ လူစည်ကားရာနေရာမှာတွေ့လာတဲ့အခါ လူတွေ သဘောပေါက်သွားတော့တယ် … သူတို့ရောင်းတဲ့ branded ဆိုတာတွေကလည်း made in China က တထပ်တည်းဖြစ်အောင် ထုတ်ထားတဲ့ပစ္စည်းတွေပါ … ။ ပစ္စည်းအစစ်မသုံးဖူးသူတွေကတော့ တကယ့်ကို သက်သာတဲ့ဈေးနဲ့လျော့ပေးတာလို့ပဲ ထင်ကြတော့တာပေါ့ ။ တရုတ်ကလည်း တထေရာတည်းတူအောင် ထုတ်ထားတာပါ .. အသုံးပြုတဲ့အခါကျမှ … branded သုံးသူက …. သိပါတော့တယ် …. ။ မျက်စိနဲ့တောင် ခွဲမရအောင် တူလွန်းပါတယ် …

နောက်တစ်ခုကတော့ … လူစိတ်ဝင်စားအောင် ဟန်ဆောင် ကြေငြာခြင်းလို့ပဲ ခေါင်းစဉ်တပ်ရမလား … လူစည်ကားရာနေရာက အလှကုန်ဆိုင်လေးတွေလေ …။ ပစ္စည်းတမျိုး ၅၀ဝကျပ် ဆိုပြီးရေးထားတဲ့ဆိုင်လေးတွေပါ …. ။ စပ်စပ်စုစု ပေါချောင်ကောင်းရချင်စိတ်နဲ ့ဝင်သွားကြည့် … အဲ့ဒီ ၅၀ဝဆိုတဲ့ပစ္စည်းတွေက ကိုယ့်အတွက်မသုံးမဖြစ်တဲ့ပစ္စည်းမျိုးမဟုတ်ဘူး ။ မူရင်းဈေးကိုကအဲ့ဒီလောက်ပဲတန်တဲ့ ပစ္စည်းမျိုးတွေချည်းပဲ … ။ တစ်ထောင်တန်လောက်ကို ငါးရာနဲ့ရောင်းတာမျိုးတော့မဟုတ်ဘူး ….. တစ်ချို့ ပစ္စည်းတွေ ငါးရာထက်ပိုတန်တယ်…. အဲ့ဒါမျိုးဆိုင်မှာတင်ထားလျှင် ….  ကြော်ငြာသလို ငါးရာနဲ့ရလားမေးကြည့် … မရပါဘူး………သူ့တန်ကြေးအတိုင်းရောင်းတာမျိုး…. ပြောရလျှင် အဲ့ဒီလို ဆိုင်တွေမှာ ငါးရာတန်ပစ္စည်းက အမျိုးစား နည်းနည်းပဲ ရှိပြီး တခြားတန်ကြေးနဲ့ရောင်းတဲ့ ပစ္စည်းမျိုးတွေကပိုများနေတာပါ … ။ ဒါဆိုကာစတန်မာကို သက်သက်  လူလည်ကျပြီး ဆွဲဆောင် ၊ အချိန်ဖြုန်းတဲ့ ဈေးရောင်းနည်းတမျိုးပါပဲ … ။ မယောင်မလည်နဲ့တော့ တခါလောက်တော့ ဝင်မိကြမှာပေါ့လေ .. အထင်နဲ့အမြင်လွဲနေတဲ့အခါ နောက်ပိုင်းခြေဦးတောင် မလှည့်ကြတော့ပါဘူး … ။ ကာစတန်မာရဲ့ အချိန်ကိုလုပြီး စိတ်အနှောက်ယှက်ဖြစ်အောင်ပြုလုပ်သလို ခံစားမိပါတယ် ။

နောက်ထပ်ရှိပါသေးတယ် ….မြို့ထဲက ဆောက်လုပ်ဆဲ …ကွန်စထရက်ရှင်းတစ်ခုမှာ ဗွီနိုင်းထုတ်ရေးထားတဲ့ ရောင်းရန်တခန်းသာ ကျန်ပါတော့သည်ဆိုတဲ့ စာသားကလည်း ….. နှစ်ပေါက်တဲ့အထိ ရေးထားစဲပါပဲ … ။ မြို့လည်ခေါင် အချက်ချာကျတဲ့နေရာမျိုးမှာ ကွန်ဒိုဆောက်ပြီးအခန်းရောင်းတာ .. တခြားအခန်းတွေတောင်ရောင်းထွက်သေးတာ .. ဒီတစ်ခန်းနှစ်ပေါက်အောင်တော့ ရောင်းမထွက်တာ မဖြစ်နိုင်လောက်ဘူးလို့ထင်မိတယ် …(တကယ်လည်းရောင်းမထွက်တာဟုတ်လျှင်ဟုတ်မှာပေါ့လေ .. ဟိ) ဒါမှမဟုတ် …. ကြော်ငြာဗွီနိုင်း ပြန်ဖြုတ်ဖို့ မေ့နေလို့လား ၊ ဖြုတ်ရက်လို့ ငြမ်းဖျက်မှပဲ ဖြုတ်တော့မယ်တဲ့လား …သို့လားပေါင်းများစွာနဲ့ ပဟေဌိဖြစ်မိပြန်တယ် …။ ရုပ်ရှင်တွေထဲမှာမြင်ဖူးတဲ့ … လက်တွန်းလှည်းထီဆိုင်လို တစ်ဆောင်ပဲထုတ်တင်ထားပြီး ..မှန်တတ်တဲ့ ကျန်ဖြတ်လေး ဘာညာဆိုကြော်ငြာ … အဲ့ဒီကျန်တဲ့ တစ်ဆောင်ရောင်းလိုက်ရလျှင် … နောက်တစ်ဆောင်ထပ်ထုတ် … အဲ့လိုအော်တာလေး ရုပ်ရှင်ထဲမှာမြင်ခဲ့ဖူးတာ .. ဘာမဆိုင်ညာမဆိုင်သတိရခဲ့မိတယ် … ။

ကျွန်မကိုယ်တိုင်လည်း BUY ONE ,GET ONE လို့ရေးထားတာကို …. တစ်ခုဝယ်လျှင် ၊ တစ်ခုလက်ဆောင်ရမယ်ဆိုတဲ့အတွေးနဲ့သွားမိတာ … မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အဖြစ်မျိုးကြုံခဲ့ရဖူးပါတယ် … အဲ့ဒီအကြောင်းကို ပို့စ်လေးတင်တော့ ….. အချိန်အတော်ကြာထိ အဲ့ဒီဘရန်းဘက်က …မဖတ်မိခဲ့ကြဘူးလေ …. ။ နောက်ပိုင်း အဲ့ဒီဘရန်းက ဖေ့စ်ဘွခ်ထောင်တော့ …. ကျွန်မရေးခဲ့တဲ့ ပို့စ်ရဲ့ လင့်လေးကို သူတို့ ဝေါမှာ သွားချန်ခဲ့ပါတယ် … ဖတ်မိအောင်ပါ …….. အဲ့ဒီတော့မှ … ဘရန်းဘက်က ဝင်ပြီးပြန်လာရှင်းခဲ့တာလေး … အမှတ်ရရှိဖူးပါတယ် … ။ white lie ပါတဲ့ … ။

%%%%%%%%%%%%%%%%%

ရောင်းသူရော ၊ ဝယ်သူပါရှိမှ ဈေးကွက်ဆိုတာမျိုးဖြစ်လာမှာပါ …။ ရေရှည်လုပ်ရမယ့် လုပ်ငန်းမျိုးဆို … ကာစတန်မာကို လှည့်စားစွာဆွဲဆောင်ခြင်းထက် ၊ ရိုးရှင်းပြီးဆန်းသစ်တဲ့ သွင်ပြင်နဲ့ဆွဲဆောင်ခြင်းမျိုးကသာ ယုံကြည်မှုကိုတည်ဆောက်နိုင်မှာပါ … ။ ယုံကြည်မှုပေါ်မူတည်ပြီး ရေရှည်ဆက်ဆံရေးဆိုတာ ဖြစ်လာမှာကြောင့် ကာစတန်မာကို အရူးလုပ်သလိုဖြစ်မယ့်နည်းမျိုးမသုံးသင့်ပါဘူး ….. စေတနာထားပြီးရောင်းသူ ၊ ဝယ်သူ အသံတူမှသာ …. တည်တံ့တဲ့ ရေရှည်စီးပွားရေးမျိုးဖြစ်လာနိုင်မှာပါဆိုတဲ့အကြောင်းလေး …. ပေါ်ပင် တနပ်စားကြံတဲ့ဆိုင်တွေများလာတာကို အလိုမကျတဲ့ကျွန်မက….စကားလက်ဆောင်ပါးလိုက်ချင်ပါတော့တယ် ။ ကိုယ်ချင်းစာစိတ်၊ စေတနာတို့အရင်းခံပြီး စီးပွားလာဘ်လာဘ တိုးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။ ရွာသူရွာသားတို့လည်း ….စိတ်အလိုမကျမှုများ ၊ စိတ်အနှောက်ယှက်ဖြစ်ခံရမှုများမှ ကင်းဝေကြပါစေနော် … ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!