Channel7 ရုပ်သံလိုင်းပေါ်လာပြီးနောက်မှာ ကြည့်စရာ တီဗီအစီအစဉ်တွေ ပိုများလာခဲ့ပါတယ်။ အစီအစဉ်အသစ်တွေနဲ့ ဝေဝေဆာဆာ အပြိုင်အဆိုင် တင်ဆက်နေကြတာကို အချိန်လုပြီး အသဲအသန်ကြည့်ဖြစ်ရင်း ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် ဆိုတဲ့ အစီအစဉ်ကို ကြည့်မိသွားပါတယ်။

အစီအစဉ်ထဲမှာပါတဲ့ အဆိုတော်တွေက အနဲဆုံးတော့ ဘွဲ့ရကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ငါးတန်းကလေးတွေကိုတောင် မနိုင်ဘူးတဲ့ ….
ဒါနဲ့ပဲ ဘယ်လိုတွေမေးလို့ သူတို့မဖြေနိုင်ကြတာပါလိမ့်ဆိုတာ သိချင်တာနဲ့ သေသေချာချာ စောင့်ကြည့်လိုက်တော့မှပဲ ပို့စ်ရေးတင်ချင်စိတ်ဖြစ်လာပါတယ်။

ကြည့်ဖူးကြမယ်ထင်ပါတယ်။ ပထမတန်းကနေ ပဉ္စမတန်းအထိ အတန်းတွေထဲကနေ မေးခွန်း ၁ဝ ခု မေးထားပြီး ကြိုက်နှစ်သက်ရာ မေးခွန်းတွေကို ရွေးပြီး တဆင့်ချင်းဖြေရတဲ့အစီအစဉ်ပါ။ ကျွန်မလဲ ကြည့်ရင်း လိုက်ဖြေကြည့်ပါတယ်။ မေးခွန်းအားလုံးကို မဖြေနိုင်ပါဘူး။ သမိုင်းထဲက နံမည်တစ်ချို့ကို မေ့နေခဲ့ပါပြီ။ တစ်ချို့ကဗျာတွေကိုလဲ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် လူတိုင်းသိသင့်တဲ့ ဗဟုသုတ၊ အခြေခံသချင်္ာနဲ့ အင်္ဂလိပ်စာကိုတော့ ရှင်းရှင်းလင်းလင်းကို အဖြေသိနေပါတယ်။ ဒါပေမယ့် လာဖြေကြတဲ့ အဆိုတော်တွေအများစုက အခြေခံအဆင့်ကိုတောင် မဖြေနိုင်ကြပါဘူး။ ကျွန်မ အံ့ဩရပါတယ်။ သူတို့ကိုယ်စားလဲ ရှက်မိပါတယ်။ ဒီ့ထက်ပိုလေးလေးနက်နက်ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ထိတ်လန့်သွားမိပါတယ်။

ဘွဲ့ရတဲ့လူတစ်ယောက်က ငါးတန်းအင်္ဂလိပ်စာကို မဖြေနိုင်တာကို ဘယ်လိုနားလည်ပေးရမလဲလို့ စဉ်းစားကြည့်တယ်။ တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ် အများစုအားနဲနေတာကို မြင်နေရပါတယ်။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင် ဆိုတဲ့ အစီအစဉ်ကြောင့် အခုတော့ မြန်မာပြည်က ပညာရေးစနစ်အားနဲမှုကို သက်သေပြနိုင်ခဲ့ပြီလို့ ယူဆနိုင်ပါတယ်။ စနစ် … စနစ် … စနစ် ကြောင့်လား …

အဲဒီအစီအစဉ်ထဲမှာ ဝင်ပြိုင်တဲ့သူတွေကို ဘယ်လိုအကြံပေးရင် ကောင်းမလဲ????
၁။ ပထမတန်းကနေ ပဉ္စမတန်းအထိ စာအုပ်တွေအားလုံးကို တစ်ခေါက်လောက်တော့ ဖတ်သွားသင့်တယ် …
၂။ ကိုယ့်ကိုကိုယ် မသေချာရင် သွားမပြိုင်တာကမှ ပိုကောင်းမယ် …

ကဲ … စာဖတ်သူတွေရော ဘယ်လိုထင်သလဲ … ကျွန်မကတော့ စိတ်ထဲမှာ ကျလိ ကျလိ ဖြစ်လွန်းလို့ …

About weiwei

weiwei has written 367 post in this Website..

မဂၤလာပါ ....