နောက်ဆုံးကျန်တဲ့ တစ်ထောင်တန်လေးနဲ့ ရွာအပြန်
ရွာကိုပြန်ရမှာမို့ မနက်စောစောထပြီး ရွာအတွက်ဈေးထဲက ဟင်းချက်စရာလေးတွေ သွားဝယ် ပြီးတာနဲ့ ပထမနှစ်ကျောင်းအပ်လာတာမို့ စာအုပ်ထုတ်လေးနဲ့ စီဒီချပ်လေးတွေက တစ်ဖက်၊ အခြားတစ်ဖက်က ဟင်းချက်စရာအိပ်လေးတွေဆွဲ၊ ကျောပိုးအိပ်လေးလွဲပြီး ရထားနဲ့ ရွာပြန်ဖို့
ဘူတာရုံရှိရာ စထွက်လာခဲ့ပါတယ်။ မှန်မှန်သွားနေရင်းနဲ့ လမ်းမှာလူတစ်ယောက်က ဘူတာမှာ ရထားဆိုက်နေတာ ကြာပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ ရထားမှီဖို့အရေး ပြေးရပါတော့တယ်။ ပြေးနေရင်းမှာပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း မနိုင်မနင်းဆွဲလာတဲ့ လက်ထဲကခရမ်းချဉ်သီးထုတ်က ပွင့်ထွက်ပြီး တစ်လုံးချင်း ပြန့်ကြဲကုန်ပါတယ်။ ဒါနဲ့ပဲ ရှိတဲ့ဟာလေး
ပြန်စုပြီးမမောနိုင်ပဲ ဆက်ပြေးရပြန်ပါတယ်။ ရထားကိုလှမ်းမြင်ချိန်မှာတော့ စက်နိူးပြီးသားဖြစ်နေပါတယ်။ မောမောနဲ့ ဆက်ပြေးရပြန်ပါတယ်။ ရထားနားရောက်တော့ ပထမဆုံး တွေ့တဲ့ အတွဲမှာပဲ တက်ပြီး အပေါက်နားမှာပဲ ထိုင်ချလိုက်မိပါတယ်။ ကျမလဲတက်ပြီး တစ်ခါတည်း ရထားထွက်တော့တာပါပဲ။ ကိုယ့်အမောနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိပါဘူး။ ခဏအမောပြေတော့ အရမ်းချောင်လွန်းနေတဲ့ ရထားတွဲကို ကြည့်လိုက်မိပါတယ်။ ရထားပေါ်စီးနေတဲ့လူတိုင်းဟာ ခုံတွေနဲ့ပဲ ထိုင်နေကြတာပါ။ အူကြောင်းမှာ အပေါက်နားမှာ ထိုင်နေတဲ့သူဆိုလို့ ကျမတစ်ယောက်ပဲရှိပါတယ်။ ဒါနဲ့ခေါင်းလေးကိုပြူပြီး နောက်အတွဲတွေ ကြည့်လိုက်တဲ့အခါမှာ အရမ်းကြပ်နေတာ တွေ့ရပါတယ်။အတွဲ အပေါ်နားက စာတန်းလေးကို ကြည့်လိုက်တော့ “အထက်တန်းတွဲ” ဆိုတာကို တွေ့လိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ ခေါင်းကြီးသွားပါတယ်။ (၅) တန်းကနေ ဆယ်တန်းထိ ရထားတစ်ပတ်တစ်ခါ စီးရပေမယ့် ရိုးရိုးတန်းတွေပဲ ရှိတာပါ။ အထက်တန်း မပါဘူးတာမို့၊ရထားမစီးတာလဲ ကြာပြီဖြစ်လို့ မသိပါဘူး။ ပြေးလာရတာမို့ လက်မှတ်လဲမပါပါဘူး။ လက်ထဲမှာလဲ လိပ်နေအောင်ဆုတ်ထားတဲ့ တစ်ထောင်တန်လေးပဲရှိပါတော့တယ်။ အထက်တန်းတွဲမှာ ဆိုတော့ ပိုက်ဆံတွေ အများကြီးပေးရမလား မသိ ဆိုပြီးပေါ့။ နိုရာတို့ ရွာဘူတာက ဘူတာသုံးခုဖြတ်ရင်ရောက်ပါပြီ
ဒုတိယဘူတာလဲရောက်ရော လက်မှတ်စစ်တက်လာပါတယ်။ လက်မှတ်စစ်နောက်က ပါတဲ့လူတစ်ယောက်က ဒီအတွဲ ကို မစီးရဘူးလို့ ပြောပါတယ်။ နိုရာလဲ လက်မှတ်မဖြတ်ခဲ့ရတဲ့သူမို့ ဒဏ်အရိုက်မခံရအောင် အရင်ဆုံး ပါတဲ့ပိုက်ဆံ တစ်ထောင်တန်လေးကို လက်မှတ်စစ်ကိုသွားပေးလိုက်ပါတယ်။ လက်မှတ်စစ်တဲ့
သူက သဘောကောင်းပါတယ်။ မပေးပါနဲ့ တဲ့ ဘယ်ဘူတာကို ဆင်းမှာလဲတဲ့ နိုရာဆင်းမယ့်ဘူတာကို ပြောလိုက်တော့ အတွဲပြောင်းမစီးပါနဲ့တော့တဲ့။ဒီတော့မှ နိုရာလဲ သက်ပြင်းချနိုင်ပါတော့တယ်။
ကျမအရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါကတော့ နိုရာ ပထမနှစ်ကျောင်း
အပ်ပြန်လာတော့ ကြုံခဲ့ရတာလေးပါ။ ရယ်စရာလဲကောင်းပါတယ် ။ သနားစရာလဲကောင်းပါတယ်။
29 comments
မောင်ပေ
June 25, 2012 at 11:12 am
အမှန်က နိုရာလေး ကောင်းကောင်းမမှတ်မိလို ့ဘာ
အဲဒါ လက်မှတ်စစ် မဟုတ်ဘူးကွယ့် ၊ ကိုပေ ပါဘဲ ကွယ် ၊ နိုရာလေးက ကြောက်ကြောက်လန် ့လန် ့နဲ ့ကိုပေ့ ကို တစ်ထောင်တန် တစ်ရွက်လာပေးလာတော့… ကိုပေလဲ နိုရာလေး အကြောက်ပြေအောင် ၊ လက်မှတ်စစ် ဟန်ဆောင်ပြီး ၊ အလကားစီးခိုင်းခဲ့တာပါကွယ် ။ ဟီဟိ
mamanoyar
June 25, 2012 at 11:23 am
ဪ အခုမှ ကျေးဇူးရှင်ကို တွေ့တော့တယ်
ကျေးဇူးတင်ပါတယ် ကိုပေရယ်
kyaw swar
June 25, 2012 at 2:24 pm
မမနိုရာ ရေ အဲ့ဒိ တုန်းက ကိုပေက ဆံပင်အရုည်ကြီးနဲ
ဆို တော့ အခုဘယ်မုတ်မိ မလဲ အခု က နဲနဲ တို တွား p
he` he` he`
ရွာစားကျော်
June 25, 2012 at 12:06 pm
အူးပေကို
နဖူးပဲပြောင်တယ်မှတ်တာ
မျက်နှာလည်းပြောင်တာပဲကိုး..
တတ်လည်းတတ်နိုင်တဲ့လူဂျီး.. 😆
ဘဲဥ
June 25, 2012 at 11:20 am
အမလေး နိုရာလေးရယ် ဥဥလေးဆီကို လာခဲ့ရောပေါ့
ကူညီပေးချင်နေတာ နန့်နေတာပဲ 😀
ရှင်းသန့် နွယ်
June 25, 2012 at 12:15 pm
နိုရာရေ…..ကျောင်းသူဘဝကအမှတ်တရလေးတွေပေါ့
နိုရာ ပထမနှစ်တုန်းက လက်မှတ်စစ်လို့ထင်တဲ့သူက
ကိုပေဆိုတော့ ဒီချိန်ဆို ဘကြီးပေ ပေါ့နော်…….:P
နိုရာရေ ဘကြီးပေ ကိုကျေးဇူးဆပ်သင့်တယ်နော်…
mamanoyar
June 25, 2012 at 12:36 pm
ဟုတ်ပါ့ ရှင်းသန့်ရေ ဒီနေ့ကစပြီး
ဘကြီးပေလို့ခေါ်တော့မယ်နော်
ညလေး
June 25, 2012 at 1:22 pm
အဟိဟိဟ…..ဦးပေပါချင်ဦးနော်……
အလကားနေရင်း…ဘဘကြီးပေဖြစ်သွားရပြီ….အဟိဟိ
ဖတ်လို.ကောင်းတဲ…ကိုယ်တွေ.ပိုစ့်လေးတင်ပေးတဲ…မမနိုရာကိုလည်းကျေးကျေးပါဂျင့်….
mamanoyar
June 25, 2012 at 2:50 pm
ညလေးရေ နိုရာ့ အဖြစ်မှန်လေးပါကွယ်
ko khin kha
June 25, 2012 at 1:22 pm
ကိုပေ ကိုပေ နဲ့ခောတ်စားလာခဲ့တာ
အခုတော့ ဘကြီးပေဖြစ်ရပြီပေါ့ ကိုပေရယ် အဲ ဘကြီးပေရယ်
မဟုတ်ပါဘူး ကိုပေရယ်။
မမ အညာသူ
June 25, 2012 at 1:35 pm
နိုရာရဲ့စာလေးကိုဖတ်ရတော့
ပထမနှစ်ပထမရက်ကအဖြစ်လေးတွေကိုသတိရမိပါတယ်နော်
မရှင်းသန့် ဟဲဟဲ………..
etone
June 25, 2012 at 1:52 pm
မမနိုရာရေ …. ဖတ်ပြီးမောသွားတာပဲ .. ကိုယ်ချင်းလည်း စာမိပါတယ် … ။
သူများတွေက .. ရွာမှာ အသီးရွက်ဈေးပေါလို့ .. ရွာကဝယ်ပြီး မြို့မှာရောင်းတယ် …. ။ အခုက ပြောင်းပြန်ဖြစ်နေပြီ … ရွာမှာ ခရမ်းချဉ်သီး မရှိဘူးလားဟင် .. ။ ရွာအတွက် ဟင်းချက်စရာလေးတွေဝယ်တယ်၊ သုံးလေးဘူတာလောက်ပဲ လိုတယ်လို့လည်းပြောတာဆိုတော့ …… အင်းးးးးးးးးး ရန်ကုန်တိုင်းထဲက ရွာတစ်ရွာပဲ ဖြစ်ရမယ် …. ။ 🙄
mamanoyar
June 25, 2012 at 2:00 pm
etone ရေ ရွာမှာ ချက်စရာပေါတဲ့အချိန်က မိုးတွင်းလောက်ပဲ ရှိတာ
အခုက နွေဆိုတော့ ဘာမှမရှိဘူး နောက်တစ်ခု နိုရာတို့ရွာက
ရေလဲအရမ်းမပေါဘူးလေ အဲဒီတော့ နွေဆို ချက်စရာရှားတယ်။
ဒါကြောင့်မြို့ပေါ်ရောက်တုန်း ဝယ်လာရတာပေါ့
etone
June 25, 2012 at 4:15 pm
အော.. ဂလိုကိုး …… ။
snow white
June 25, 2012 at 2:03 pm
ကျောင်းသားဘဝကပျော်စရာလေးတွေတော့ပြန်သတိရမိပါတယ် စိတ်ညစ်စရာတွေတော့ မေ့ထားခဲ့လိုက်ပါတယ် အဖြစ်ပျက်လေးကသနားစရာ ကောင်းပေမယ့် သူတော်ကောင်းလက်မှတ်စစ်နဲ့တွေ့တော့ မမနိုရာလေးကံကောင်းသွားတာပေ့ါ မမနိုရာကလည်း စိတ်ထားကောင်း ချစ်စရာမျက်နှာလေးနဲ့မို့လို့ဖြစ်မယ် ထင်တယ် ဒါပေမယ့်မမနိုရာကိုဆူရအုံးမယ် ညီမ လေးမမနိုရာကို ပိုက်ဆံလုံလောက်အောင်ပေးလိုက်ပါတယ် ဘာလို့1000ဘဲကျန်ရတာလည်း မမနိုရာအိမ်ပြန်လာတော့လည်းဘာလက်ဆောင်မှလည်းမပါလာပါဘူး ခရမ်းချဉ်သီးလေး တစ်ထုပ်ဘဲ ပါလာတာလေ ပိုက်ဆံတွေ ဘယ်မှာသုံးခဲ့လည်းမှန်မှန်ပြောနော် ။
mamanoyar
June 25, 2012 at 2:26 pm
မေးရဘူးလေ စနိုးရဲ့ ညီအစ်မချင်း ဟဲဟဲ
ဘယ်မှာမှ မသုံးပါဘူး စနိုးရယ်
အမှန်ပါ ကျောင်းအပ်ခနဲ့ ကားခ
တွေကုန်တာပါ
ကိုပေါက်(မန္တလေး)
June 25, 2012 at 2:10 pm
အပြုံးဆေးတစ်ခွက်ကြောင့် တစ်ထောင်မထွက်တော့တာနေမှာ
ပြုံးပြလိုက်စမ်းပါ………………………….
TNA
June 25, 2012 at 2:14 pm
အော်ဘဂျီးပေက ရာဇဝင်နဲ့ကိုး။ ကြည့်ရတာ ဘဂျီးပေလဲ လက်မှတ်မပါပဲ ရထားခိုးစီးလာတယ်ထင်ပါ့။
ဒိုးစနစ်
June 25, 2012 at 2:15 pm
ကိုပေါက်…
ရော့ 🙂
လာ ၁၀..
အရင့်ရောင်
June 25, 2012 at 3:03 pm
ဖြစ်တက်ပါတယ် တစ်ခါတစ်လေလဲ
အရင့်ရောင် ကျောင်းနေတုန်းကလဲ ခဏခဏ ဆိုင်ကယ်ကို မစီးရပဲ ပြန်ခဲ့ရပါတယ်
ဓာတ်ဆီဖိုးမရှိတော့လို့
ဆီပျက်ပီး တွန်းရတာလေ
ဆိုင်ကယ်က လူကိုပြန်စီးတယ်ဗျာ
အိမ်လဲရောက် ဆူလဲဆူပေါ့
ဆီထည့်ဖို့ပေးလိုက်တာ ဘာလုပ်လဲ ဘာညာပေါ့
ဒီလိုပါပဲလို့ပြန်ဖြေရတာပေါ့ဗျာ……..
ဟီးးးးးး
ဇာတ်ထုပ်တွေပေါ်ကုန်တော့မယ်
တော်ပီအေ
ဟီးးးးးးးးးးး
may flowers
June 25, 2012 at 3:54 pm
နိုရာရဲ့ အပြုံးလေးတစ်ခုကြောင့် သဘောကောင်းတဲ့ လက်မှက်စစ်ရဲ့ဒဏ်ငွေက လွတ်သွားတယ်ပေါ့။
mamanoyar
June 25, 2012 at 4:06 pm
may flowers ရယ် ပြုံးဖို့တော့ မပြောပါနဲ့
တစ်ထောင်နဲ့ လောက်ပမလား ငေါက်လွှတ်လိုက်မလား
ဒါမှမဟုတ် လက်မှတ်မဖြတ်ခဲ့လို့ ဒဏ်ရိုက်မလား
အတွေးမျိုးစုံနဲ့ တစ်ထောင်ပေးနေတဲ့ မျက်နှာလေးကို
မြင်ကြည့်လိုက်ပါတော့
Nyein Nyein
June 25, 2012 at 4:22 pm
ကြည့်ရတာ မမနိုရာက မျက်နှာမြင်ချစ်ခင်ပါစေ……ဆိုတဲ့ ဆုနဲ့ပြည့်တဲ့သူထင်တယ်နော်။ လက်မှတ်စစ်ကတောင် ဘာမှမပြောဘဲ ဒီတိုင်းစီးခိုင်းလိုက်တာကိုကြည့်လိုက်ရင် သိနိုင်တယ်။ မမ အမြဲတမ်းကံကောင်းပါစေနော်……………………..
mamanoyar
June 25, 2012 at 4:55 pm
ငြိမ်းရေ အခုလိုဆုတောင်းပေးတာ
ကျေးဇူးတင်ပါတယ်။ ငြိမ်းကပိုပြီး ချစ်စရာကောင်းမှာပါ
သားဦး၊မြေးဦး
June 25, 2012 at 6:34 pm
မမနိုရာ ကို ကိုပေ. ကပ်ရွှီးသွားသဗျာ။
အရီး Khin Latt
June 25, 2012 at 7:15 pm
မျက်စိထဲ မြင်လာအောင် ဖွဲ့ပေးနိုင် တဲ့ စာလေး ကို အားပေးသွားပါတယ်။
သမီးကို ကူညီဖေးမ ခဲ့တဲ့ မောင်မင်းကြီးသား မောင်ပေ ကို လဲ သာဓုခေါ်ပါတယ်။ 😉
တကယ်တော့ အရီးတို့ ပြည်မှာ လူသားချင်းစာနာစိတ်၊ ဖေးမကူညီစိတ် ဆိုတာ အခုမှ ထပြီး ဖြစ်နေတာ မဟုတ်ပါဘူး။
အဲဒါ မြန်မာ တွေရဲ့ ယဉ်ကျေးမှု ပါဘဲ။
ပျောက်စပြုနေပြီ ဖြစ်တဲ့ ယဉ်ကျေးမှု တွေထဲက တစ်ခုပေါ့။ 🙁
ရဲစည်
June 26, 2012 at 4:07 am
အားပေးသွားပါတယ်ဗျို့
ကျနော်တို့လဲ ကျောင်းသားတုန်းက အသွားအပြန် ကားခကလွဲပီး အပိုမပါဘူး..
ကိုယ် ဆင်းမဲ့ မှတ်တိုင်နဲ့ မနီးခင် ကားပျက်မှာ အရမ်းဆိုးတယ် ပျက်တော့လဲ မထူးဇာတ်ခင်းပီး လမ်းလျှောက်ရတာ အကြိမ်ပေါင်းမနည်းတော့ဘူး……ဒါပေမဲ့ ခုချိန်ပြန်ပြောရင်တော့ အမှတ်တရပါဘဲဗျာ….
ဦးဦးပါလေရာ
June 26, 2012 at 5:48 am
ဖတ်လို့ကောင်းတဲ့ ပိုစ့်ကောင်းကောင်းလေးပဲ..
ဘဘ အားပေးသွားတယ် သမီးလေးရေ ….
mamanoyar
June 26, 2012 at 9:27 am
အားပေးကြတဲ့ သားဦးမြေးဦး၊ မျက်စိထဲမြင်အောင်ဖွဲ့နိုင်တယ်လို့
ပြောပေးတဲ့ အရီးခင်လတ်၊ကိုရဲစည်နဲ့ ဖတ်လို့ ကောင်းတဲ့ ပိုစ့်လေးပါလို့
ပြောလားတဲ့ ဦးဦးပါလေရာတို့ကို အထူးကျေးဇူးတင်ပါတယ်ရှင်။