သူတို ့ဆီကချစ်စရာ့သ္မီးပျိုကလေးများ…

aye.kkJune 25, 20122min112241

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို ့လေးမှတစ်ဆင့် ၊ မယ်ဆိုင်-ချင်းရိုင်-ချင်းမိုင်မြို ့
လေးသို့ ၊ အလည်အပတ်သွားရောက်ခဲ့စဉ်က ၊ တောင်ပေါ်ဘုရားရှိရာသို ့
သွားရောက်ဖူးမျှော်စဉ် ၊ ရင်ပြင်တွင်တွေ့ရှိခဲ့ရသော သူတို့ဆီကချစ်စရာ့သ္မီးပျို ကလေးများအား ၊ အမှတ်တရ ရိုက်ယူလာခဲ့သော ပုံလေးများဖြစ်ပါသည်။

ရိုးရာဝတ်စုံလေးနဲ ့သီချင်းသီဆိုနေဟန်။

အာခါရိုးရာဝတ်စုံလေးနဲ ့ညီအစ်မနှစ်ဦးရဲ ့မူယာဟန်တစ်မျိုး။

ကနေဟန်လေးကချစ်စရာ။

ရှမ်းရိုးရာလေးနဲ ့ကနေတာကချစ်စရာ။

ကကွက်လေးပဲပြောင်းသွားတာ၊အပေါ်ပုံနဲ့အတူတူပါ။

ကနေဟန်လေးကလှ၊အနားကကပ်လို့မရ။

သုံးယောက်တစ်တွဲကဟန်လေးကချစ်စရာ။

ချစ်စရာကောင်းတဲ့ညီအစ်မ။

ဓါတ်ပုံအရိုက်ခံနေတဲ့ညီအစ်မနှစ်ဦး။

အပေါ်ပုံလေးနဲ့တော့သိပ်မတူပါ၊ချစ်စရာလေးပါပဲ။

ဂေဇက်ကစာချစ်သူမိတ်ဆွေများရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းတောင်ပေါ်ဘုရားလေးမှာ
ဆုမွန်ကောင်းတာင်းပေးခဲ့ပါသည်။။

41 comments

  • pooch

    June 25, 2012 at 11:48 pm

    ကလေးလေးတွေက ချစ်စရာလေးတွေ ။ သူတို့ကို ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရသေးလား အန်တီအေး။
    ဝတ်စုံလေးတွေက ဘာလူမျိုးကို ကိုယ်စားပြုတာလည်း ဟင်။
    ဟိုပုံကတော့ ရှမ်းဝတ်စုံလေးနဲ့ ဆင်တယ်။

    • aye.kk

      June 26, 2012 at 6:21 am

      pooch,…
      ဓါတ်ပုံရို်က်ခံတာ..
      စေတနာအရသာယူပါတယ်..
      ဒါတောင်လက်ထဲအတင်းထည့်ပေးရတာပါ..
      အခုတွေ ့ရတာကျမတို ့ဆီမှာတွေ ့မြင်ရတဲ့….
      တိုင်းရင်းသားဝတ်စုံဖြစ်တဲ့အာခါရိုးရာတိုင်းရင်းသားဝတ်စုံနဲ ့
      ရှမ်းရိုးရာတိုင်းရင်းသားဝတ်စုံလေးများနဲ ့အတူတူပဲဖြစ်ပါတယ်။။။

  • Hnin Hnin

    June 26, 2012 at 12:29 am

    ဟုတ်တယ်နော်..ကလေးလေးတွေက ချစ်စရာလေးတွေ…ဖော်ရွေပြီး နှစ်လိုဖွယ်ရာလည်း ရှိတယ်..
    ဘုရားဖူးတွေကို ဒီလို ကပြဖျော်ဖြေတာ မြန်မာဘုရားတွေမှာ မတွေ့နိုင်တဲ့ မြင်ကွင်းမျိုးပဲ…
    နေ့တိုင်းကပြတာလား…ဒါမှမဟုတ်..နေ့ထူးနေ့မြတ်တစ်ခုခုကြောင့် ကနေတာလားနော်..
    သူတို့ကတဲ့ အရှေ့က ငွေဖလားက ကန်တော့ပွဲလား…အလှူခံဖလား..လားမသိဘူးနော်..
    ဖလားအောက်က စာက ဖတ်လို့ မရဘူး…

  • aye.kk

    June 26, 2012 at 6:47 am

    Hnin Hnin,…
    ချင်းမိုင်မြို့ကတာင်ပေါ်ဘုရားမှာ
    နိုင်ငံခြားသားတွေဝင်ရောက်လည်ပတ်မှုအတော်များတာကိုမြင်တွ့ခဲ့ရပါတယ်။
    အဖွဲ့လေးတွေနဲ့ကပြဖျော်ဖြေနေစဉ်မြင်တွေ့ခဲ့ရတာပါ။
    ဖျော်ဖြေရေးအဖွဲ့လေးတွေအမြဲလာရောက်ဖျော်ဖြေတတ်ဆိုတာသိရပါတယ်။
    ဟုတ်မဟုတ်တော့အတိအကျမသိပါဘူး။
    သူတို့ကတဲ့အရှေ့ကငွေဖလားခွက်ကအလှူခံဖလားခွက်လေးပါ။။
    ပိုက်ဆံတွေဖလားခွက်ထဲထည့်ပေးကြတာမြင်ခဲ့ရပါတယ်

  • MaMa

    June 26, 2012 at 8:00 am

    မအေးရေ-
    အခါ ညီအမ နှစ်ယောက်ပုံ ကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။
    အဲဒီမှာ ချစ်စရာ့အရွယ်အတွက် ဓာတ်ပုံရခဲ့လား။ 🙂

    • aye.kk

      June 26, 2012 at 9:02 am

      မမရေ….
      စိတ်တိုင်းမကျပဲရိုက်ခဲ့ရတယ်။
      အာခါညီအစ်မပုံလေးပဲတင်လိုက်တယ်။
      တင်တဲ့ပုံလေးကတပုံသပ်သပ်ပါ။

  • TNA

    June 26, 2012 at 8:13 am

    ချစ်စရာလေးတွေ အမအေးရေ။ သူတို့က အဲလိုလာလာဖျော်ဖြေတာလား။ အဲလိုအဖွဲ့အစည်းရှိတာလား။ ဒါမှ မဟုတ် ကြိုက်တဲ့သူ လာဖျော်ဖြေလို့ရလား။ စိတ်ဝင်စားစရာပဲနော်။

    • aye.kk

      June 26, 2012 at 9:09 am

      အဖွဲ ့လေးတွေနဲ ့လာဖျော်ဖြေကြတာပါ။
      ကြိုက်တဲ့သူလာဖျော်ဖြေလို့ရပါတယ်။
      သတ်မှတ်ထားတဲ့စည်းကမ်းချက်လေးတော့ရှိမှာပါ။

    • aye.kk

      June 26, 2012 at 9:17 am

      အဖွဲ ့လေးတွေနဲ ့လာဖျော်ဖြေကြတာပါ။
      ကြိုက်တဲ့သူလာဖျော်ဖြေလို ့ရပါတယ်။
      သတ်မှတ်ထားတဲ့စည်းကမ်းချက်လေးတော့ရှိမှာပါ။

      • ရွာစားကျော်

        June 28, 2012 at 12:12 pm

        နဂိုက တိုးရစ်တွေ အလာများတဲ့ ရွှေတိဂုံတို့ မန္တလေးတောင်တို့လိုနေရာမျိုးတွေမှာ
        ဒီလိုမျိုး မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့တွေကို စုစုစည်းစည်း မြင်တွေ့နိုင်အောင် စီစဉ်ထားရင် ကောင်းမယ်နော်
        tourist attraction လည်းဖြစ်၊ ဝင်ငွေလည်းရ၊ မြန်မာ့ ယဉ်ကျေးမှုအကြောင်းလည်း ကမာ္ဘမှာ ပိုသိသွား နိုင်တာပေါ့

  • nga myo

    June 26, 2012 at 8:17 am

    ဟုတ်ပါရဲ့ဗျာ…ချစ်စရာလေး…အဟေးးးးးး

  • thar ag

    June 26, 2012 at 8:49 am

    အခါလူမျိုး အမျိုးသမီးတွေ ယော်ကျားယူလိုက်တာနဲ့ ကတုံးတုံးလိုက်ရတယ် ယူကြမလားအခါလူမျိုး

  • doe doe

    June 26, 2012 at 8:52 am

    ယဉ်ကျေးသောလူမျိုးများဖြစ်ပါတယ်

  • thin thin

    June 26, 2012 at 9:02 am

    ဟုတ်ပါရဲ့ရှင်……ချင်းမိုင်မြို့တောင်ပေါ်ကဘုရားတွေက ဘုရားဖူးတွေရင်ထဲတော်တော်လေး…
    အေးမြတယ်လို့သိရှိရပါတယ်ရှင် ချင်းမိုင်မြို့တောင်ပေါ်ကဘုရားမှာရိုက်ထားတဲ့ကလေးတွေ
    ပုံလေးတွေကလည်း ချစ်စရာကောင်းပါတယ်ရှင်

  • ဖိုးထောင်

    June 26, 2012 at 9:04 am

    ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်
    ကလေးမလေးတွေက လှတယ်နော်

    • ဘဲဥ

      June 26, 2012 at 11:13 am

      ကဖိုးထောင် လှတယ်ပြောတာက ရိုးရိုးသားသားမှ ဟုတ်ရဲ့လားတော်
      သိနေသလိုဘဲနော် ဟင်းဟင်းဟင်း 😀

  • Mon Kit

    June 26, 2012 at 9:05 am

    ပုံလေးတွေက အမြင်ဆန်းလိုက်တာနော်… မြင်ရခဲတဲ့ ပုံလေးတွေ…
    ဒုတိယ ပုံလေးကို ချစ်စရာ့အရွယ် ဓါတ်ပုံပြပွဲ ဝင်ပြိုင်ရင်တောင် ရနိုင်တယ်…
    အားပေးသွားပါတယ်ရှင့်…

  • ကိုရင်မောင်

    June 26, 2012 at 10:56 am

    ချစ်စရာကောင်းတဲ့ကလေးငယ်တွေပါလား…
    သဘောကျလို့ဓါတ်ပုံတချို့ကူးထားလိုက်ပါတယ်..
    ဓါတ်ပုံပြိုင်ပွဲမှာဆုရနိုင်တယ်နော့….

  • ဇောက် ထိုး

    June 26, 2012 at 11:14 am

    မမြင်ဖူးတာတွေ မြင်ရတော့ ဗဟုသုတလဲ ရသလို… စိတ်ထဲမှာလဲ ကြည်နူးမှုလေးတော့ ခံစားရပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 26, 2012 at 11:24 am

    ဗရုတ်သုက္ခဝင်လုပ်အုန်းမှ ကွိကွိ
    ကျုပ်တို့အမျိုးတွေ ယဉ်ကျေးမှု့တို့ဘာတို့သာ ဖင်ဂေါင်းပွနေတာ
    သူတို့ရွာမှာ ယဉ်ကျေးမှု့ဆိုတာ ဘစ်ဇနစ်ဘဲ
    ကျုပ်တို့လည်း ယဉ်ကျေးမှု့နဲ့ လုပ်စားသင့်တယ်
    ဥပမာဗျာ တစ်ချို့နေရာတွေမှာဆို ယဉ်ကျေးမှု့ဝတ်စုံတွေ ဝတ်ပြထားပြီး ဓာတ်ပုံအရိုက်ခံတယ်
    တွဲရိုက်ခံတယ် ဝတ်စုံတွေရောင်းတယ် လုပ်စားတတ်တာပြောတာပါ
    ဒီပုံမှာဘဲကြည့် ဘာသာရေးအစောက်အဦးတစ်ခုမှာ ယဉ်ကျေးမှု့ဆိုတဲ့ အမှတ်အသားတွေပြထားတော့
    လူစိတ်ဝင်စားစရာဖြစ်တာပေါ့ ဟုတ်ဘူးလား
    ဘာရယ်ဟုတ်ပါဘူး ရမ်းပြောကြည့်ဒါ 😆

    • aye.kk

      June 27, 2012 at 6:45 am

      ဂျော်နီအောင်ပု….
      သူတို ့နိုင်ငံကစီးပွါးရေးအမြင်လေးတွေ..
      အားကျစရာကောင်းပါတယ်။

      • Wow

        June 27, 2012 at 10:27 am

        ပြင်ဦးလွင်သွားတုံးကလဲ အဲလိုပဲ ဘုံကျောင်းမှာ တရုတ်ရိုးရာအဝတ်အစားတွေငှားပြီး ဓာတ်ပုံရိုက်လို့ရတယ် မအေးရဲ့…
        ုမြန်မာ့ရိုးရာအဝတ်အစားကိုလဲ အဲလိုစီးပွားဖြစ်လုပ်ရင်တော့ ကောင်းမှာ…
        အင်း…ထင်ရာမြင်ရာလေး ပြောကြည့်တာပါ
        🙂

  • ကြောင်ဝတုတ်

    June 26, 2012 at 11:29 am

    တောင်ပေါ်လေးနဲနဲတက်ရပြီး….
    မောင်းအကြီးကြီးရှိတဲ့ဘုရားထင်ပါ့….
    အဲဒီအောက်နားကလမ်းဘေးအကင်ဆိုင်လေးတွေလဲ ညနေဘက်ဆိုကောင်းတယ်…
    ဟုတ်မယ်ထင်တယ်….
    သိပ်တော့မမှတ်မိတော့ဘူး
    ရေးတေးတေးပဲဗျာ…

    ကြောင်ဝတုတ်

    • aye.kk

      June 27, 2012 at 6:47 am

      ကြောင်ဝတုတ်ရေ….
      ဘုရားနဲ ့ပတ်ဝန်းကျင်ရှူခင်းထပ်တင်ပေးလိုက်ပါ့မယ်နော်။

  • မောင်ပေ

    June 26, 2012 at 1:03 pm

    ချစ်စရာ လို ့ဆိုထားမှတော့
    ချစ်လိုက်ပြီဗျာ
    ချစ်မိသွားပြီ သမီးလေးတို ့ရယ်
    (မှတ်ချက်… ချစ်စဆရာ ထက် မောင်ပေ ဦးသည်)

    • aye.kk

      June 27, 2012 at 6:52 am

      ကိုပေ…
      ချစ်စရာလေးတွေ..
      မကုန်နိုင်မခမ်းနိုင်ပါပဲလေ။

  • cum min

    June 26, 2012 at 1:24 pm

    နာဘူး…ဟီ..ဟိဟိ

  • hein latt

    June 26, 2012 at 1:34 pm

    ပုံလေးတွေကြည်.လို.ကောင်းပါတယ်…ရွာထဲကလူပျိုသိုးတွေဖို….နောက်တစ်ခါ လုံမပျိုလေးတွေပုံရိုက်ခဲ့ဦးနော်….. 😀

  • မဟာရာဇာ အံစာတုံး

    June 26, 2012 at 2:55 pm

    ဝတ်စုံလေးတွေနဲ့ဆိုတော့
    ကလေးလေးတွေက တစ်မျိုးတော့ ချစ်စရာကောင်းနေသား ..
    အမအေးရေ ..
    အားပေးသွားပါတယ်နော့ ..
    ဘုရားဖူးရင်းနဲ့ ရွာသူားတွေကို အမှတ်တရ
    ဆုတောင်းပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးပါနော့ ..

  • aye.kk

    June 27, 2012 at 6:49 am

    မဟာရာဇာအံစာတုံးရေ….
    ကျေးဇူးပါနော့။

  • may darle

    June 27, 2012 at 7:33 am

    ဟုတ်ပါတယ်ကောင်မလေးတွေကချစ်စရာလေးတွေနော်ဗဟုသုတလည်းရပါတယ်ကျေးဇူးဘဲနော်

  • မမအေးရေ သူတို့ရဲ့ရိုးရာဓလေ့မပျောက်အောင်ထိန်းသိမ်းထားကြတာ
    လေးစားအတုယူစရာဗျာ။

  • Ma Ei

    June 27, 2012 at 9:29 am

    မအေးရေ…
    ချစ်စရာကောင်းတဲ့
    တိုင်းရင်းသူကလေးတွေ
    မြင်ရတာရယ်…
    ဆုတောင်းပေးတာရယ်…
    ကျေးဇူးအထူးနော်…

  • aye.kk

    June 28, 2012 at 1:11 am

    ကွန်မင့်ပေးသူအားလုံး..
    ကျေးဇူးပါ။
    ပုံကျန်နေလို ့ထပ်တင်ပေးလိုက်သည်။။

  • kyeemite

    June 28, 2012 at 9:43 am

    ကျေးဇူးပါဗျာ..ကိုအောင်ပုပြောတဲ့
    အချက် လုပ်သင့်တယ်..နိုင်ငံခြားသားတွေသဘောကျမယ်ဗျ..
    အတော်ဝင်ငွေကောင်းမဲ့ ဘစ်ဇနက်ပါ..

  • ba gyi

    June 28, 2012 at 11:30 am

    ကိုအောင်ဘု ပြောသလို– တရုတ်ပြည်၊စစ်ဆောင်ပနားရောက်တုန်းက၊သူရို့ဆီမှတိုင်းရင်းသားကျေးရွာမှာ
    သူတို့ရိုးရာဝတ်စုံဝတ်ပြီး၊မင်္ဂလာဆောင်ပုံကိုသူတို့သ္မီးသရုပ်ဆောင်နဲ့အမှတ်တရဓါတ်ပုံတွဲရိုက်လျှင်-တရုတ်ယွမ်တစ်ရာပေးရသဗျား။
    အဲဒါ– ပုခုံးကလေးဖက်မလား၊ပွေ့ချီရိုက်ခွင့်လည်းရှိပါ့၊ ဒါပေမည့်ရိုးရိုးသားသားပြောဒါနော်။ဓါတ်ပုံလည်းချက်ချင်းရတယ်။
    ဖေါ်ရွေတယ်၊နွေးထွေးတယ်၊ပြီးတော့ချစ်စရာကောင်းတယ်—– ၊နိုင်ငံတစ်နိုင်ငံရဲ့ချစ်စရာဓလေ့ကလေးတွေ၊ခင်မင်မှုလေးတွေကို အခြားနိုင်ငံမှလာလည်သူတွေ ရဲ့နှလုံး သား ထဲ အဲသည်ပုံရိပ်ကိုမသိမသာထည် ့ပေး လိုက် တာ၊လွှမ်းမိုးစေလိုက်တာ၊ယဉ်ကျေးမှုSoft Power တစ်ခုပေါ့ဗျား။ ဝင်ငွေလည်းရ ၊မရိုင်းလည်းမရိုင်းဘူး။

  • ba gyi

    June 28, 2012 at 11:35 am

    စကားကျန်လို့ —
    ဒါပေမည့် ဒါကိုနိုင်ငံတော်မှ တိုင်းရင်းသားများရိုးရာအနေနှင့်သာထိမ်းသိမ်းဆောင် ရွက်သင့်ပြီး ၊နေရာ တစ် ကာ မှာ အဲလိုပြပြီးငွေရှာတာတွေဖြစ်လာလျှင်တော့ ၊မလိုလားအပ်တဲ့အမြင်မျိုးနှင့်မြင်နိုင်ကြောင်းပါဗျား။

  • aye.kk

    November 1, 2020 at 10:03 pm


    ဂျော်နီအောင်ပုရယ်
    ကိုယ့်တူလေးဖြစ်နေတာကို
    မသိခဲ့တာ…..ပဲ။

  • aye.kk

    November 1, 2020 at 10:06 pm


    ဂျော်နီအောင်ပုရယ်
    ကိုယ့်တူလေးဖြစ်နေတာကို
    မသိခဲ့တာဘူးကွယ်။

  • aye.kk

    November 1, 2020 at 10:06 pm


    ဂျော်နီအောင်ပုရယ်
    ကိုယ့်တူလေးဖြစ်နေတာကို
    မသိခဲ့တာဘူးကွယ်။

  • aye.kk

    November 1, 2020 at 10:06 pm


    ဂျော်နီအောင်ပုရယ်
    ကိုယ့်တူလေးဖြစ်နေတာကို
    မသိခဲ့တာဘူးကွယ်။

Leave a Reply