ပေးဝေခြင်း 1

ပေးဝေခြင်း 2

ပေးဝေခြင်း  ၃

ပေးဝေခြင်း၄

ပေးဝေခြင်း ၅

ပေးဝေခြင်း ၆

ပေးဝေခြင်း ၇

ပေးဝေခြင်း  ၈

ပေးဝေခြင်း  ၉

 

ပေးဝေခြင်း ၁၀

 

ပေးဝေခြင်း ၁၁

ပေးဝေခြင်း ၁၂

ပေးဝေခြင်း ၁၃

 

ပေးဝေခြင်း ၁၄

ပေးဝေခြင်း ၁၅

ပေးဝေခြင်း  ၁၆

ပေးဝေခြင်း ၁၇

ပေးဝေခြင်း ၁၈

ပေးဝေခြင်း ၁၉

 

“Mလုလင်နောက်က လိုက်ခြင်း”

(လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)

 

ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။

တောင်ကြီးဘက်ကနေကူးလာတာပါ။

ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။

ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။

သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။

ထမင်းလဲမစားရသေး။

ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။

ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။

ပြီးတာနဲ့လက်ဆော့။

ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။

ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊

ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။

ကြာပန်းပင်တွေရိုက်။

အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။

မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။

ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။

သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။

သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။

အဲဒီအပင်လေးက ကျနော်တို့သွားတဲ့အချိန်မှာ အပွင့်မရှိတော့၊

သူတို့မင်္ဂလာဆောင်တဲ့ရက်က ဇူလိုင်လ 2ရက်နေ့။

တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မွေးနေ့ကဇူလိုင်လ 3ရက်နေ့။

တစ်ရက်ဘဲကွာပါတယ်။

 

ဟိုတစ်ရက်က ပုံမတင်တာကြာတဲ့ လုလင်က ဓါတ်ပုံလေးတွေတင်လာပါတယ်။

သူနဲ့ကျနော်ကွာခြားချက်က ပုံတင်တာ သူက ခပ်ကျဲကျဲ။

ကျနော်က ရောက်တဲ့နေရာ ကင်မရာတစ်လုံးနဲ့လက်ဆော့တော့  နေ့တိုင်းတင်.။

သူအပါအဝင်မိတ်ဆွေအချို့က အဲလောက်မတင်ဘို့ အကြံပေးပါတယ်။

ရုးိအီသွားမှာစိုးလို့ပေါ့။

ကျနော်က တော့ မျျဝေပေးချင်တဲ့ စိတ်တစ်ခုသက်သက်နဲ့နေ့တိုင်းတင်။

(အပေါစားများထင်မလားတော့ မသိပါဘူး)

သူထဲမှာ ဖယောင်းတိုင်မီးတောက်ပုံလေးပါတာ အရမ်းသဘောကျမိပါတယ်။

တို်က်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ ဥပုဒ်နေ့က ရွှေကျီးမြင်ဘုရားကိုရောက်အသွား၊

ဘုရားပူဇော်ထားတဲ့ ဖယောင်းတိုင်မီးလေးက လေအဝှေ့မှာ သွဲ့သွဲ့နွဲ့နွဲ့။

အဲဒီမာ ကျနော်တတ်သလောက်မှတ်သလောက်နဲ့လက်ဆော့ ခဲ့ပါတယ်

အိမ်ပြန်အရောက်ကွန်ပြူတာထဲထည့်ကြည့်တော့ လှသလိုလို မလှသလိုလို။

ကျနော်ထုံးစံအတိုင်းသူများနောက်ကလိုက်တယ်ဆိုတော့

Mလုလင်နောက်က လိုက်ခြင်းဆို နာမယ်ပေး။

ပြန်တွေးကြည့်တော့ မဝေးတော့တဲ့ရက်ကလေးမှာ သူတို့ရဲမင်္ဂလာနှစ်ပါတ်လည်လေးဆိုတာသတိရမိတော့

အမှတ်တရထဲက အမှတ်တရဖြစ်သွားပါလေရော။

ကျနော်ဖယောင်းတိုင်မီးတောက်လေးတွေက အတတ်ပညာမရှိတဲ့ ကျနော်လက်ဆော့တာကြောင့်

စံချိန်းစံညွှန်းနဲ့ညီချင်မှ ညီပါမယ်။

ဓါတ်ပုံသီအိုရီတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်အောင်မှတ်တောင်မရနို်င်။

ဒါပေမယ့် အမှတ်တရရဲ့အမှတ်တရအဖြစ်တင်ပေးလိုက်မိပါပြီ။

 

ဖယောင်းတိုင်မီးရောင်လေးက အလင်းတွေပေးဝေနေတဲ့ အင်အားကိုမြင်မိသလိုလို။

Mလုလင်တု့ိဇနီးမောင်နှံနှစ်ပေါင်းများစွာ …………….

ပျော်ရွှင်ချမ်းမြေ့စွာ…………………………………………………………..

လက်တွဲမဖြုတ်စတမ်း မင်္ဂလာနှစ်ပါတ်လည်ပေါင်းများစွာကို ကြုံဆုံနိုင်ပါစေလိုဆုတောင်းပေးလို်က်ပါ၏

 

ကိုပေါက်ရဲ့လက်ဆောင် အမှတ်တရ

(1-7-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။