ချစ်တယ်ဆိုတဲ့  နင်ရဲ့ မရေရာတဲ့ 
ဒီစကားလေးတစ်ခွန်းနဲ့  ငါ့မှာလေ
တစ်ညလုံးအိပ်မရအောင် ပျော်မဆုံးဖြစ်ခဲ့ ရတယ်
လေထဲမှာလာတဲ့ အချစ်က လေထဲမှာပဲလွှင့်သွားမယ်လို့  နင်ထင်နေတာလား

မရောရာမသေချာတဲ့ နင့်ကိုပဲ
ငါ့ရင်မှာတမ်းတမ်းစွဲဖြစ်နေမိတာ
သြော်…အခုတော့နင်ကလမ်းခွဲစကား
ဆိုလာပြီပေါ့လေ
ငါက နင်ရဲ့ လိုရာမရှိသုံးလေ လိုရင်ချစ် မလိုရင်လည်း ပစ်လိုက်ပေါ့

ရင်နာနာနဲ့  ဆက်ချစ်နေလို့ 
သေရာပါမဲ့  ဒဏ်ရာတစ်ခု ရလိုက်ပါတယ်
သြော်..အချစ်တဲ့ လား ပါးပြင်ပေါ်မျက်ရည်တွေနဲ့  ဟားတိုက်လို့ ရီလိုက်တယ်
တလောကလုံးလည်း ဟားတိုက်လို့  ငါ့အဖြစ်ကိုလှောင်နေကျတယ်
နောင်တလည်းမရချင်တော့ဘူး
နောင်လာမယ့်သူတွေ ငါ့အဖြစ်မျိုးမဖဖြစ်ပါစေနဲ့ ပေါ့လေ…။

ဖိုးခွားလေး(ကော့မှုး)

ဖြစ်တတ်တဲ့သဘောနဲ့…
အပြောင်းအလဲမြန်ဆန်လွန်းတဲ့…
လူတွေ ပြောပြောနေတဲ့…
“ချစ်တယ်” ဆိုတဲ့နိယာမတစ်ခုက…
ပျော်ရွှင်ခြင်းတစ်ခုလား……..?
ဝမ်းနည်းကြေကွဲခြင်းတစ်ခုလား….?
လွမ်းဆွတ်ခြင်း တစ်ခုလား…..?
ချစ်တယ်…ချစ်တယ်…ချစ်တယ်..လို့
ပြောပြောနေကြတာ…
ဘာများလည်းကွယ်…
မိုက်လေး….နားမလည်ချင်။။။။။။။။။

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..