Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


အဆင်ပြေရဲ့လား ပြေပါတယ်ပြောလိုက်ပေမဲ့ ဒီရင်ဘက်က ခပ်ဆူးဆူးလေးတစ်ချက် အောင့်တက်သွားတယ်.။ ငါ ဆုံးရှုံးရတော့မှာလဲ ငါ ကိုယ် တို်င်သိနေလို့ပါ နင် အချစ်ကြောင့်နာကျင်ခဲ့ရတာတွေ ငါ နားလည်ပါတယ်.။ ငါ ကိုယ်တိုင်လည်း အခု အဲ့အချစ်ကြောင့် ငိုကြွေးနေရလို့ပါ.။ နင် ပြုံးပြခဲ့ဖူးတဲ့သူက နင့် ကိုပြန်ပြီးပြုံးမပြနိုင်ရင်တောင် ဒီအချိန်မှာ အင်အားအပြည့်နဲ့ နင့် ကိုပြုံးပြနေတဲ့ ငါ့ ရဲ့အပြုံးတွေကိုတော့ ဥပေက္ခာမပြုပါနဲ့ဟာ တစ်ချိန်က လူ တစ်ယောက်ကြောင့် နင် ရင်နာခဲ့ရရင် ဒီအချိန် ငါ နင့်ကြောင့် ရင်မနာခြင်လို့ပါ ကန့်သတ်ချက်မပေးပါဘူး ဘယ်တုန်းကမှ သိမ်းပိုက်လိုတဲ့ အတ္တမရှိခဲ့လို့ ငါ ထွက်းသွားမယ်ဆိုတဲ့စကားတော့ ခဏခဏမပြောပါနဲ့ ချစ်သူ………. အားလုံးကိုအရမ်းခင်တဲ့..။ ။ မိုက်လေး


ချစ်သူ ငါ့ ကို နင် လွမ်းမနေတာ ငါ သိပါတယ်.။ ဒါပေမဲ့ ငါ့ ရဲ ့မသိစိတ်ထဲက နင် များသတိရနေမလားဆိုတဲ့ တစ်စွန်တစ်.စ.အတွေးလေးကြောင့် မေးမိတဲ့အခါ.။ ညာပြီးတော့မဖြေပါနဲ့.။ ပြန်မချစ်နိုင်တဲ့သူတစ်ယောက်ကို ငါ ချစ်နေမိတာသေချာသိလိုက်ရထဲက ငါ ခံနိုင်ရည်ရှိအောင်းကြိုးစားထားပါတယ်.။ မျှော်လင့်ချက်မရှိတာသိပါတယ် နင့် ကိုချစ်တဲ့အချစ်လေးနဲ့ပဲ ကျန်နေသေးတဲ့ ငါ့ ရဲ့ဘဝလေးကိုဆက်လက်ရှင်သန် နေခြင်လို့ပါ.။ မရေရာဘူးဆိုတာ နင် မပြောလဲ ငါ သိပါတယ်.။ ထပ်ခါထပ်ခါ ငါ မတောင်းဆိုပါ. မင်း ရဲ့အားလပ်ချိန် တစ်စိတ်တစ်ဒေသလေးလောက် ငါ့ ကိုသတိယနေပေးရင် .။ မပေးနိုင်ရင်နေပါ.။ ထွက်မသွားတာလေးအတွက် ကျေးဇူးပါ.။ မချစ်နိုင်ရင်နေပါ.။ ငါ ချစ်နေတာလေးအသိအမှတ်ပြုပေးရင် ကျေးဇူးပါ.။ ငါ့ ကိုမလွမ်းခြင်နေပါ.။ ငါ လွမ်းနေတာလေးအသိမှတ်ပြုပေးရင် ကျေးဇူးပါ…..ချစ်သူ


ကံစေရာဆိုတဲ့စကားတစ်ခွန်းနဲ့ ငါ့ ကိုမထားခဲ့ပါနဲ့ ဆုံတွေ့ပြီးရင်ခွဲခွာရမယ် ပြုံးပြီးရင် မဲ့ရမယ် ချစ်းပြီးရင်မုန်းရမယ် ဒါကိုကံစေရာလို့ပြောလို့ရတယ်လား ကံကြောင့်ပါ ငါ နင့် ကိုထားခဲ့ရတာဆိုရင် နင် သိပ့်ယုံကြည်နေတဲ့ ကံ ကိုပဲ ငါ တိုင်တယ်လိုက်မယ် ဒီဘဝမှာ ကံ သာရှိနေဦးမယ်ဆို သူနဲ့နောက်တစ်ခါပြန်ဆုံရပါစေလို့ ခင်မင်လျက်..။ ။မိုက်လေး..


မိုက်လေး…ချာတိတ်အရွယ်တုန်းကပါ.။နေတာကတောမှာဆိုတော့ကျောင်းတက်ရတာလဲအဆင်ပြေတယ်တော့မဟုတ်လှပါဘူး.။ ဒါပေမဲ့မိဘတွေကလိုက်ပို့ပေးတဲ့နေရှိသလိုမလိုက်ပို့နိုင်တဲ့နေ့တွေလဲရှိနေပါတယ်.။ လိုက်မပို့တဲ့နေ့ဆိုရင်ဘယ်တော့ဖြစ်ဖြစ်ကျောင်းကိုနောက်ကြမှရောက်လေ့ရှိပါတယ်.။တနေ့တနေ့အိမ်ကပေးတဲ့ကျောင်းမုန့်ဖိုးကလဲကျောင်းမရောက်ခင်လမ်းမှာပဲ ကုန်အောင်ဝယ်စားပြစ်တက်တာပါ.။ပထမအတန်းငယ်တဲ့အချိန်ကတော့ကျောင်းမှန်မှန်တက်အိမ်ကအလုပ်မအားတဲ့နေ့ဆိုရင်တောင်.။ ကျောင်းမသွားရရင်ငိုနေတက်တာ.။နောက်တော့လေးတန်းအောင်လို့တေားကျောင်းလေးကနေတဆင့်မြို့ကျောင်းပြောင်းတက်ရပါတော့တယ်.။ မြို့ကျောင်းရောက်တော့အပေါင်းအသင်းလေးကလဲနည်းနည်းရှိလာပါတယ်.ကျောင်းကလဲပြေးတက်လာပါတယ်.။ ရွာကကျောင်းနေဖက်တွေနဲ့အတူမြို့ထဲလျောက်လည်ကျောင်းလွှတ်ချိန်မှအိမ်ကိုပြန်လေ့ရှိပါတယ်.။ အဲ့လိုနဲ့အိမ်ကကျောင်းမုန့်ဖိုးတွေညာညာပြီးတောင်းနေတာကျောင်းပြေးလို့တစ်ပါတ်မပြည့်ခင်လေးမှာပဲညီမတစ်ဝမ်းကွဲကအိမ်ကိုလာလည်တော့. “ဟဲ့ နင်ကျောင်းမတက်တာဘာဖြစ်လို့လဲ”အဲ့လိုအမေ့ရှေ့မှာမေးလိုက်ပါတယ် ကျမ အံကြိတ်ပြနေလဲသူကတော့မသိရှာပါဘူး.။ သူမေးခြင်တာကိုအရမေးရင်.အမေ့ကိုပါတိုင်ပါတယ်.။”အဘွားလေးသမီးကျောင်းမတက်တာတစ်ပါတ်ရှိနေပြီးဘာဖြစ်လို့လဲ”မေးပါတယ် အမေကတော့.”ဟဲ့ငါ့သမီးကျောင်းနေတိုင်သွားပါတယ်.။ညီး မတွေ့လို့နေမှာပေါ့”လို့ပြောပါတယ်.။ အဲ့တော့ကျမ ညီမလေးကဘာမှထက်မပြောတော့ပါဘူး.။ လာရင်ကိစ္စပြောပြီးတော့ပြန်သွားပါတယ်.။နောက်နေ့ကျောင်းဖွင့်တော့လဲဒိလိုပဲကျောင်းထက်ပြေးပြန်တယ်.။ဒီလိုနဲ့အမေလဲနည်းနည်းပါးပါးရိတ်မိလာပုံပေါက်ပါတယ်.။နောက်နေ့ကျောင်းကပြန်လာတော့.။အမေ့ကကြိမ်လုံးကိုင်ရင်အိမ်ပေါက်ဝမှာစောင့်နေပါတယ်.။ မျက်နှာမကောင်းနေမှန်းတော့သိသာပါတယ်.။ဒါပေမဲ့ဟန်မပျက်လေးဘဲအိမ်ထဲဝင်လာခဲ့ပါတယ်.။အမေက.စပြီးမေးပါတယ်”နင်ဘယ်ကပြန်လာတာလဲ”ကျမ ချက်ခြင်းပြန်မပြောပါဘူး.။ခဏနေမှ”အမေကလဲကျောင်းသွားတက်တာကျောင်းကဘဲပြန်လာတာပေါ့”လို့ပြောလိုက်ပါတယ်.။ အဲ့တော့အမေဒေါသထွက်လာတဲ့ပုံပေါက်လာပါတယ်ဘာမှထပ်မပြောတော့ဘဲလွယ်အိပ့်ချပြီးတိုင်မှာကပ်လို့ပြောပါတယ်.။ ကျမ လဲတိုင်မှာကပ်ပေးလိုက်ပါတယ်.။အမေအားအကုန်လွှဲပြီးရိုက်ပါတယ်.။ဘာမှထပ်မမေးပဲသုံးချက်လောက်ဆင့်ရိုက်လိုက်ပါတယ်.။ငယ်ရွယ်တဲ့အရွယ်မို့ရိုက်လိုက်တော့ကျမခြေသလုံးမှာ.အရှိုး ရာတွေတစ်ချက်ရိုက်တစ်ချက်ထင်နေပါတယ်.။ဒါပေမဲ့ ကျမ နာရလို့မျက်ရည်မကျပါဘူး.။ အမေဆက်မရိုက်ဘဲကြိမ်းလုံးကိုပြစ်ချရင်မရှိတော့တဲ့ အဖေ့ ကို.တ.ရင်အော်ငိုလိုက်ပါတော့တယ်.။ ကျမ ကိုလှည့်ကြည့်ရင်းသမီး ရယ်လိမ္မာစမ်းပါ.။ သမီး ကိုပညာတက်ဖြစ်စေခြင်လွန်းလို့အမေနေပူမရှောင်မိုးရွာမရှောင်ရှာဖွေးကျောင်းထားပေးနေတာ.။ သမီးမလိမ္မာရင်အမေ့ရင်နာရလိမ့်မယ်သမီးပြောရင်ကျမကိုဖက်လိုက်ပါတယ်.။ အဲ့အချိန်မှာအမေရိုက်လို့နာကျင်ပြီးမငိုမိတဲ့ ကျမ အမေ့ကိုကြည့်ရင်မျက်ရည်တွေကျလာမိတယ်.။အမေနဲ့ကျမနှစ်ယောက်သားရိုက်ကြီးတငင်ပဲငိုးလိုက်မိကြပါတယ်.။ နောက်ကိုငါကျောင်းမပြေတော့ဘူးလို့လဲကိုယ့်ကိုကိုယ်ကတိတွေအကြိမ်ကြိမ်ပေးနေမိပါတယ်.။ ပထမအရွယ်ပညာရှာ ဒုတိယအရွယ်ဥစ္စာရှာ တတိယအရွယ်ကုသိုလ်ရှာ လို့ရှေ့စကားလိုပါပဲ.။ ငယ်ရွယ်လို့ပညာသင်နေချိန်မှာပညာကိုပဲအားရုံတစိုက်သင်စေခြင်ပါတယ်.။ ကျောင်းပြေးတယ်ဆိုတာကောင်းတဲ့အရာမဟုတ်ပါဘူး.။မိဘနာမည်ပျက်ရသလို ကိုယ်ကိုတိုင်အတွက်လဲ အကြိုးမရှိပါဘူး… သူငယ်ချင်းတို့ထဲမှာပညာတစ်ပိုင်းတစ်.စ.နဲ့သူငယ်ချင်းတွေလဲရှိခြင်ရှိနေကြမှာပါ.။ ပညာရေးနဲ့ပတ်သတ်လာရင်အလေးထားကြဖို့နောက်ပြီး ကျမ လိုမငိုရအောင်လို့တင်ပြလိုက်ရပါတယ်နော်.။ တက်သိနာလည်းခြင်ကြောင့်မဟုတ်ပါ..။ရင်ထဲကစေသနာတစ်ခုကြောင့်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.။ စာလုံးပေါင်းနှင့်ဒီပို့ဒ်ရေးတဲ့နေရာလေးမှာအမှားတွေပါခဲ့ရင်..။ မိုက်လေး..။ ။အထူးပင်တောင်ပန်အပ်တယ်.. […]


လူဆိုတဲ့ ဝေါးဟာရ နာမ်စားလေးတစ်ခွန်းဖြစ်တည်လာအောင် လူ့လောကထဲမှာ နာမည်တလုံးဖြစ်တည်လာအောင် ဖေး.မ.ကူညီခဲ့တဲ့ ဖေဖေနဲ့မေမေ ခင်ဗျား ပညာဘယ်လောက်တက်နေပါစေ အဖေကအဖေပဲ ခင်ဗျား ဘွဲ့ဒီကရီတွေဘယ်လောက်ရနေပါစေ အမေကအမေပဲ..ပညာတက်မှအသိရှိကြတာနားလည်တက်ကြတာမဟုတ်သလို.။ ဘွဲ့ဂုဏ်ထူးတွေရမှ စာနာ နားလည်တက်ကြတာမဟုတ်ပါဘူး.။ လောကကြီးထဲမှာ ပညာတက်ပြီး အသိမရှိတဲ့သူတွေလည်း ရှိတက်ကြပါတယ်.။ ကိုယ်ငယ်စဉ်ကလေးဘဝက ဖေဖေနဲ့မေမေ လက်ပေါ်မှာ မဆင်စွန့်ချင်ကလို့ စွန့်ခဲ့ကြဖူးပါတယ်.။ ကိုယ် အသက်အရွယ်ရပြီး လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ကြတော့မှ ဖေဖေနဲ့ မေမေ ကို ပြန်အော်ငေါက်ခြင် မလုပ်မိကြပါနဲ့.။ ဖဝါးလက်နှစ်လုံးပခုံးလက်နှစ်ဆစ်က ကျွေးမွေးလာခဲ့တဲ့ ဖေဖေနဲ့မေမေ လူ့လောကထဲမှာ နာမည်တစ်လုံးနဲ့လူဖြစ်လာအောင်ဆွဲခေါ်လာဖူးတဲ့ ကျေးဇူးရှင်တွေပါ.။ သူတို့ အသက်အရွယ်အရလာလို့ ကိုယ်လက်တွေတောင်ကောင်းကောင်းမသယ်နိုင်တဲ့အချိန်ကြမှ နှာခေါင်းမရှုံမိကြပါစေနဲ့..။ ကိုယ်ငယ်ငယ်က ပွေ့ချီး ထားတဲ့ မေမေ လက်ပေါ်မဆင်စွန့်ခဲ့တုန်က အမေ ကပြုံးပြုံးကြီးနဲ့သားသ္မီးကိုနမ်းရင် ဪ ငါ့သားတော့အချစ်စမ်းလိုက်ပြန်ပြီး ဒီလိုပြောရင် မရွံမရှာလုပ်ပေးခဲ့တာပါ ကိုယ့်အလှည့်ရောက်မှ […]


အိမ်မှာ ကျွန်တော်ကအငယ်ဆုံးပါ မေမေ ကတော့အဆိုးဆုံးလို့လဲပြောပါတယ်။ ကျွန်တော်..၈..နှစ်သားအရွယ်လောက်က ဖြစ်ရက်လေးတစ်ခုပါ..။ ကျွန်တော်က ၈ နှစ်သားအရွယ်ဆိုတော့ ကျောင်းတက်နေစဉ်တုန်းကပေါ့နော်.။ အကိုတွေအစ်မတွေက အရွယ်ရလာတော့ အလုပ်တွေလုပ်ကိုင်နေကြပြီပေါ့.။ သူတို့တွေအလုပ်သွားတဲ့အချိန် အိမ်မှာ ဖေဖေ ရယ် မေမေ ရယ် ကျွန်တော်ရယ် သုံးယောက်ပဲကျန်ခဲ့ရပါတယ်…အကိုတွေ အစ်မတွေက အလုပ်လုပ်နေကြလို့ ၁၂ နာရီထိုးမှ ထမင်းစားကြပါတယ်.။ ဖေဖေနဲ့ မေမေ ရယ် ကျွန်တော်ရယ်ကတော့ ထမင်းစားနည်းနည်းစေားသွားတဲ့နေ့တွေလည်း ရှိပါတယ်..။တနေ့ ကျွန်တော် တို့အိမ်မှာ ဘဲသားဟင်းချက်တယ်ဗျ..။ သားမိသားဖ သုံးယောက် ထမင်းစားနေရင် ဖေဖေ ကကျွန်တော် ထမင်း ပန်ကန်ထဲကို ဘဲသားဟင်းလေးတစ်ဖတ်ထည့်ပေးရင်း.။ မေးပါတယ် “သား အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲတဲ့..” ကျွန်တော် မေမေ ကိုတစ်ချက်မော့ကြည့်လိုက်ပါတယ်..။ မေမေ ကခေါင်းငုံးလိုက်ပြီး ထမင်းဆက်စားနေပါတယ်.။ အဲ့ဒိအချိန်မှာ ကျွန်တော် […]


ချစ်သူ နင် တစ်ခါလောက် ငါ့အတွက်ဆိုပြီး စဉ်းစားပေးကြည့်ဖူးလား တစ်ခါတလေ နင် မကျူးလွန်ပါဘူးပြောနေပေမဲ့ ငါ့ရင်နာလောက်တဲ့စကားလုံးတွေ ထွက်ကျဖူးတာရော နင် သတိမထားမိဘူးလား ဟာ ့ ့နင် ထင်သလိုဖြစ်ပြီးပျက် အခုတွေ့အခုချစ်ဇတ်လမ်းမျိုးမဟုတ်ဘူးနော် ဒီရင်ဘက်နဲ့ရင်းပြီး နှလုံးသားတစ်စုံကြောင့် ချစ်ခဲ့မိတာပါ။ နင့် ကို ချစ်မိလို့ဒီလောက်ခံစားရမယ်သိခဲ့ရင် ငါ့ နှလုံးသားကတိုးထွက်လာတဲ့ ဒီသံယောဇဉ်ကို ငါ့ မာန နဲ့ရအောင်စတေးပြစ်ပါတယ်။ ဖြစ်ပြီးရင်ပျက်တက်တဲ့ အချစ်ဆိုရင် အသည်းကွဲဇတ်လမ်းတောင် ငါ မကြည့်ခဲ့ဖူး..။ ငါ တို့နှစ်ယောက် အနာဂတ် ဘယ်လိုဖြတ်သန်းရမယ် ဘယ်လိုရှေ့ဆက်ရမယ် ငါ နင့် အပေါ်ဘယ်လိုဂရုစိုက်ရမယ် အဲ့လိုပဲ ငါ တစ်ယောက်ထဲတွေးနေတက်တာပါ။ ့ ့ဒါပေမဲ့ အချစ်က ငါ ထင်သလိုမချိုမြိန်ဘူး အဝင်ချိုးပြီး ရောက်ရှိလာတာနဲ့ မူးဝေ တက်စေတဲ့ ဝိုင်.တစ်ခွက်လိုပဲ […]


ကောင်မလေး.။ ။ နင့် ရည်းစားအသစ်က အရမ်းချောတယ်နော်….. (သူ ကတကယ်ပဲ ငါ့ ထက်ချောလို့လား………?) ကောင်လေး..။ ။ အင်း…ဒါပေါ့…..။ (ဒါပေမဲ့ နင် ကငါ့ အတွက် အလှဆုံးမိန်းကလေးပါပဲဟာ…) ကောင်မလေး.။ ။သူ ကပျော်ပေျာ်နေတက်ပြီး ခင် ဖို့လဲကောင်းတယ်ဆို……? (ငါ လည်းအဲ့လိုအရည်အချင်းတွေရှိခဲ့တာပဲလေ……။) ကောင်လေး..။ ။အင်း..ဟုတ်တယ်..။ (ဒါပေမဲ့ သူက နင့် ကိုတော့မယှဉ်နိုင်ပါဘူးဟာ..။) ကောင်မလေး.။ ။ကောင်းပါတယ်..။နင်တို့နျှစ်ယောက်ရိုမြေကျပေါင်းရပါစေလို့ ငါ ဆုတောင်းပေးပါတယ်…။ (ငါ တို့ကတော့အဲ့လိုမဖြစ်နိုင်တော့ဘူးလေ……။) ကောင်လေး..။ ။အင်း…နင် လဲနင်ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းရပါစေ…….။ (နင် နဲ့ ငါ ကျတော့ဘာလို့များဝေးသွားရတာလဲ……?) ကောင်မလေး.။ ။ငါ သွားစရာလေးရှိသေးလို့ သွားတော့မယ်နော်..။ (ငါ့ မျက်ရည်တွေထွက်မကျလာခင်လေး သွားပါရစေ..) ကောင်လေး..။ ။အင်း…ငါ ခဏနေမှသွားတော့မယ်လေ………။ (ကျေားခိုင်းသွားရမဲ့ […]


ငါ နင့် အတွက်ဆို တကယ်အရှုပ်ထုတ်ဖြစ်နေလား။ နေပါအဆင်ပြေသလိုလေပဲ နေနေလိုက်ပါ။ ဒီရင်ဘက်ကအလွမ်းသက်သက်ခံစားချက်တွေနဲ့ မတွေ့ရတိုင်း နင့် ကိုလွမ်းနေတာ နင် တစ်ချက်လောက်တောင် စောင်းငဲ့မကြည့်ဘူး။ အဆင်ပြေသလိုသာနေပါဟာ…..လို့ ပြောလိုက်ပေမဲ့ ဒီ ရင်ဘက်ကပင့်သက်တစ်ချက် သွေးပျက်လုနီးပါး ခံစားသွားခဲ့ရတာလဲ နင် နားလည်မပေးဘူးနော် ငါ အဆင်ပြေပါ့မလား မတွေးပေးခဲ့ပေမဲ့ ငါ့ ရဲ့မသိစိတ်က ကိုယ့်အပေါ်မကောင်းပေးနိုင်တဲ့ ယောကျင်္ားတစ်ယောက်ကို သူအဆင်ပြေပါ့မလား။ သူသိပ့်ချစ်တဲ့ နောက်တစ်ယောက်ကရော ငါ့ လို သူကိုနားလည်ပေးပါ့မလား ငါ ခဏခဏတွေးနေဖူးတယ်။ ဟိုအရင်က ငါ တို့နှစ်ယောက် ဘယ်တော့မှမဝေးဘူးလို့ ပြောခဲ့ဖူးတဲ့စကားလေးတွေလဲ ငါ ခဏခဏတမ်းတနေဖူးတယ် နင့် ရဲ့ရက်စက်မူ့ကို ငါ အပြစ်မမြင်နိုင်တာ ငါ ကိုယ်ငါတောင်အံဪသွားတယ်။ နင် ကတော့အချစ်ကိုအချစ်ကို ချစ်တက်ယုံးလေး ချစ်ခဲ့တာပါ။..ငါ့ ကတော့အချစ်ကို ကိုးကွယ်မိသူဖြစ်သွားတာပေါ့ […]


အတိတ်က… အကြောင်းတွေ ငါမသိခဲ့ဘူး…။ အနာဂါတ်ဆိုတာလည်း… ငါ မမျှော်မှန်းခဲ့ပါဘူးဟာ… ဒါပေမယ့်… လက်ရှိပစ္စုပ္ပန်မှာတော့… ငါတကယ် ပျော်ချင်ခဲ့တာပေါ့…။ ဘာရယ်မဟုတ်တဲ့… နင့်စကားတစ်ခွန်းကြောင့်… ငါဝမ်းနည်းရတာပေါ့နော်.. င့ါစိတ်တွေလည်း အရမ်းမွန်းကြပ်နေလို့…။ နင်က သူ့ကြောင့် သူ့ကြောင့်ဆိုပြီး… ဝမ်းနည်း ကြေကွဲနေရတုန်းမှာ.. ငါက နင့်ကြောင့် နင့်ကြောင့်ဆိုပြီး… ကြေကွဲ ဝမ်းနည်းနေရတယ်… နင့်အတွက် နင့်အတွက်ဆိုပြီးတော့လည်း… ငါက အသုံးမကျတဲ့သူဖြစ်ပြီး နှစ်သိမ့်မှုတွေ.. မပေးနိုင်ခဲ့ဘူးတဲ့လား… အမြဲတမ်းလည်း စိတ်ညစ်စေခဲ့တာပဲလား… ငါမရည်ရွယ်ခဲ့ပါဘူး…။ ပြဿနာရဲ့ အစ ဆိုတာ… ဘာလဲ ငါမသိခဲ့ရဘဲ… ပြဿနာရဲ့ အဆုံးကိုပဲ…. နင်လျှောက်လွှဲချက်တွေ ပေးသွားတယ်… ငါဘယ်လို နှစ်သိမ့်ပေးရမလဲဟာ… စေတနာစကားတစ်ခွန်းက နားမှာ ခါးခဲ့ပြီပေါ့… င့ါစကားတစ်ခွန်းက ဘယ်လောက်မှ.. အရေးပါ အရာ မရောက်ခဲ့ဘူးပေါ့နော်…။ င့ါရင်ထဲကိုလည်း နင်ဝင်ကြည့်လှည့်ပါ… […]


နည်းနည်းလေးပဲ ငါလိုချင်ခဲ့တာ… နားလည်မှုလေး….. နည်းနည်းလေးပဲ ငါမျှော်လင့်ချင်ခဲ့တာ… ယုံကြည်မှုလေး… ခံစားချက်တွေ ပေါက်ကွဲ… ဖောက်ခွဲပစ်ဖို့အတွက် လိုအပ်နေခဲ့တာ… င့ါစိတ်ပေါ့ပါးခြင်းတွေ…။ ပျော်ရွှင်ခြင်းဆိုတာ… င့ါရဲ့တဒင်္ဂလေးမှာ ရချင်သလိုလိုနဲ့… ပျောက်ပျောက်သွားတယ်… အနိုင်ယူချင်လိုသူမို့ ငါအရှုံးပေးထားရတာ… ထပ်ထပ်ပြီးတော့ အနိုင်မယူချင်ပါနဲ့တော့… င့ါစိတ်ကလေးလည်း နွမ်းပါးနေပြီ…။ တခါတခါ ငါနားလည်ပေးထားမှုတွေ… သီးခံပေးထားတာတွေ အရာရာတိုင်းအတွက်… င့ါစိတ်တွေကို လွှတ်ချလိုက်ပြီး… ပျောက်ဆုံးချင်နေပြီ… နင့်ကို င့ါကြောင့် စိတ်မညစ်စေချင်လို့…။ င့ါအတွက်က နည်းနည်းလေးမှ နည်းနည်းလေးပါ… အဲ့ဒါ နင့်ရဲ့ အတ္တတွေနဲ့… နင့်ရဲ့ထင်မြင်ယူဆချက်တွေ… အမြဲတမ်း အထင်လွဲတတ်တဲ့ နင့်ရဲ့စိတ်ကလေး… နည်းနည်းလေးဖြစ်ဖြစ် လျှော့ပေးစေချင်လို့… နင်သိပ်ချစ်မှန်း ငါမသိလို့မဟုတ်ဘူး ငါသိပါတယ်…. ဒါပေမယ့်………… နားလည်မှုလေး ငါလိုအပ်နေလို့…. င့ါနှလုံးသားလေးလည်း နွမ်းလျနေပြီ…။


အထီးကျန်ခြင်းတစ်ချို့.. ကြိတ်မှိတ်ကာမြိုသိပ်.. ဆို့တက်လာတဲ့ ခံစားချက်တွေ.. လွင့်ထွက်သွားမတတ် ပြင်းထန်လွန်းလို့.. အောင့်သက်သက်နဲ့ နာကျင်ရတယ်..။ ဖြစ်သမျှအရာအားလုံး.. င့ါ-အကြောင့်နဲ့ င့ါ-ဘဝဇာတ်ခုံက.. ပန်းခင်းထားတဲ့ လမ်းလည်း မဟုတ်ခဲ့ဘူး.. ရောက်တတ်ရာရာမှာ နေပျော်အောင်နေတတ်ခဲ့ဖို့အတွက်.. ငါကြိုးစားခဲ့တယ်..။ ဝမ်းနည်းခြင်းအတိ၊ ကြေကွဲခြင်းအတိနဲ့.. ပိုးဆိုးပက်စက် လမ်းဆုံးနေတဲ့.. အမှောင်ထုရဲ့ အဆုံးမှာ အလင်းတန်းစလေး တစ်ခုတွေ့လို့.. ငါရှာကြံပြီး ပျော်နေမိတော့မလို့.. ငါမသိခဲ့မိဘူး င့ါအတွက်ဆိုတာ.. မျှော်လင့်ခြင်းတွေ ယုံကြည်ချက်တွေ.. င့ါရဲ့ကတိတွေ ပျက်ဆီးဆုံးရှုံး ရိုက်ချိုးခံလိုက်ရပြီး.. ဥပေက္ခာတွေ တနင့်တပိုးရလိုက်ရမယ်လို့.. ငါတွေးမထားမိလိုက်ဘူး..။ လမ်းဆုံးမှာ ပျောက်ဆုံးနေတဲ့ င့ါရဲ့ပျော်ရွှင်ခြင်းတစ်ချို့.. ဦးတည်ချက်ရှိနေသလိုလိုနဲ့ ဦးတည်ချက်မဲ့နေခဲ့ပြီ.. င့ါရဲ့ခံစားချက် င့ါရဲ့ခြေလှမ်း င့ါရဲ့ပျော်ရွှင်ခြင်းတွေ ဆိုတာ…… ယဲ့ယဲ့လေးပဲ ကျန်တော့တယ်………..။


ကူညီပါဗျာ… မိုက်လေး မန်းဂေဇက်ကနေ… အပြီးထွက်ချင်ပါတယ်… နောက်ပြီး မိုက်လေး ရေးထားသမျှ… စာတွေလည်း အကုန်ဖျက်ပစ်ချင်ပါတယ်… မန်းဂေဇက် မှ အရီးခင်လတ် ဦးပေ ကိုပေါက်… တခြားသူတွေရောပေါ့ မိုက်လေး ကိုကူညီပေးပါ… ဘယ်လိုထွက်ရမလဲဗျာ… ပြောပေးပါဦး တောင်းဆိုပါတယ်… ဘယ်လိုမှတော့ မထင်ပါနဲ့ဗျာ… မိုက်လေး ခင်တတ်ပါတယ်… အစစအရာရာ အားလုံးအတွက်လည်း… ဂေဇက် အဖွဲ့ကို ကျေးဇူးတင်ပါတယ်… ဂေဇက်ရွာလေး ကြောင့်လည်း… ပျော်ခဲ့ပါတယ် စာတွေလည်း ရေးချင်စိတ်တွေဖြစ်ခဲ့တယ်… အပျော်သဘောနဲ့ ပြောခဲ့တာတွေလည်း… မိုက်လေးကြောင့် အနှောက်အယှက်တွေ… ဖြစ်နေလိမ့်မယ်ဆိုတာ မသိလိုက်ဘူးဗျာ… ဝမ်းနည်းမိပါတယ်… ဂေဇက်မှာ မေးကနေလိုမျိုးလည်း… ပို့မရတာကြောင့် အခုလိုစာတွေ… တင်တင်ပြီးရေးနေရတယ်… ပြောပေးကြပါဦးနော်….။။။ တစ်ချိန်က မန်းဂေဇက် မှရွာသူလေးတစ်ယောက်ဖြစ်တဲ့… ခင်မင်မှုများစွာဖြင့်….. မိုက်လေး