လမ်းဆုံးမှာတည်ရှိနေတာပါ ဘယ်လမ်းကသွား သင့်လည်းတော့စဉ်းစားပါ
လူဆိုတဲ့ ဝေါးဟာရ နာမ်စားလေးတစ်ခွန်းဖြစ်တည်လာအောင်
လူ့လောကထဲမှာ နာမည်တလုံးဖြစ်တည်လာအောင် ဖေး.မ.ကူညီခဲ့တဲ့ ဖေဖေနဲ့မေမေ
ခင်ဗျား ပညာဘယ်လောက်တက်နေပါစေ အဖေကအဖေပဲ ခင်ဗျား ဘွဲ့ဒီကရီတွေဘယ်လောက်ရနေပါစေ
အမေကအမေပဲ..ပညာတက်မှအသိရှိကြတာနားလည်တက်ကြတာမဟုတ်သလို.။
ဘွဲ့ဂုဏ်ထူးတွေရမှ စာနာ နားလည်တက်ကြတာမဟုတ်ပါဘူး.။
လောကကြီးထဲမှာ ပညာတက်ပြီး အသိမရှိတဲ့သူတွေလည်း
ရှိတက်ကြပါတယ်.။ ကိုယ်ငယ်စဉ်ကလေးဘဝက ဖေဖေနဲ့မေမေ လက်ပေါ်မှာ
မဆင်စွန့်ချင်ကလို့ စွန့်ခဲ့ကြဖူးပါတယ်.။ ကိုယ် အသက်အရွယ်ရပြီး လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ကြတော့မှ
ဖေဖေနဲ့ မေမေ ကို ပြန်အော်ငေါက်ခြင် မလုပ်မိကြပါနဲ့.။
ဖဝါးလက်နှစ်လုံးပခုံးလက်နှစ်ဆစ်က ကျွေးမွေးလာခဲ့တဲ့ ဖေဖေနဲ့မေမေ လူ့လောကထဲမှာ
နာမည်တစ်လုံးနဲ့လူဖြစ်လာအောင်ဆွဲခေါ်လာဖူးတဲ့ ကျေးဇူးရှင်တွေပါ.။
သူတို့ အသက်အရွယ်အရလာလို့ ကိုယ်လက်တွေတောင်ကောင်းကောင်းမသယ်နိုင်တဲ့အချိန်ကြမှ
နှာခေါင်းမရှုံမိကြပါစေနဲ့..။ ကိုယ်ငယ်ငယ်က ပွေ့ချီး ထားတဲ့ မေမေ လက်ပေါ်မဆင်စွန့်ခဲ့တုန်က
အမေ ကပြုံးပြုံးကြီးနဲ့သားသ္မီးကိုနမ်းရင် ဪ ငါ့သားတော့အချစ်စမ်းလိုက်ပြန်ပြီး ဒီလိုပြောရင်
မရွံမရှာလုပ်ပေးခဲ့တာပါ ကိုယ့်အလှည့်ရောက်မှ အဖေနဲ့အမေ (ပုဆိုးကမနိုင်ခါးကကိုင်း) မဆင်တောင်မလွတ်တဲ့အခါကြမှ
နှလုံးမသန့် သလေး ရွံရှာ သလေး မပြောမိပါစေနဲ့..။
တစ်ချို့ သားသ္မီး တွေအိ်မ်ထောင်ကြသွားတဲ့အခါ ကိုယ်ကိုကိုယ်တိုင် အဖေအမေ နေရာသာရောက်နေတယ်
မိဘအပေါ်နားလည်မပေးတက်ကြဘူး.။ (ကျွန်တော် အကိုအကြိးဆုံးအပါအဝင်ပေါ့နော် ပြောရရင်တော့)
လူကြီးသူမတွေကအမြင်မတော်လို့ (ဟေ့ မောင်စန်း မင်း အမေကွာသားသမီးတွေမရှိကြတော့ သူခမျာတစ်ယောက်ထဲအနေဆင်းရဲအစားဆင်းရဲနဲ့
မင်း တို့ဆေးဖိုးဝါးခလေးထောက်ပံ့လိုက်ကြပါဦး)အဲ့လိုတောင်ပြောရတယ် သူတို့ကတော့( ကျွန်တော် တို့လည်းတက်နိုင်သလောက်တော့ထောက်ပံ့တာပဲ နေ့ နေ့ ညည
သူတို့ဘဲထိုင်ကြည့်မနေနိုင်ဘူးလေ ကိုယ့်မှာလည်းမိသားစုနဲ့ စားဖို့ကရှာရသေးတယ်) အဲ့လိုပြောကြတယ်.။
ကျွန်တော်ရင်နာတာက ဖေဖေနဲ့မေမေ သူတို့ကိုမွေးခဲ့စဉ် တက်နိုင်သလောက်လေး ကျွေးမွေးခဲ့ကြတာ မဟုတ်ပါဘူး.။
သူတို့ငတ်ရင်ငတ်ပါစေ သားသမီး တွေ.ဝ.အောင်ကျွေးခဲ့ကြတာပါ.။
ဘယ်သူဖြစ်ပါစေ ကိုယ့်သားသမီအပေါ်တက်နိုင်သလောက်လေးကျွေးမွေပြုစုခဲ့ကြမှာမဟုတ်ပါဘူး.။
အင်းအားရှိသလောက် ဂရုတစိုက်ကျွေးမွေးပြုစုတက်ကြတာပါ.။
သူတို့ အလှည့်ရောက်တော့မှ တက်နိုင်သလောက်တဲ့ဗျာ မေးကြည့်ကြပါဘယ် မိဘ ကတက်နိုင်သလောက်ပဲကျွေးမွေးစောက်ရှောက်ခဲ့ကြသလဲလို့.။
တစ်ချို့မြို့တွေနယ်တွေမှာရှိကြသေးတယ် ပညာတက်တွေပေါ့နော်.။(မြို့နယ်ကလူတွေဆော်ကားခြင်လို့မဟုတ်ပါ).။ပညာတွေကတော့တက်လိုက်ကြတာ ဘာဘွဲ့ညာဘွဲ့နဲ့ပြောနေလိုက်ကြတာအစုံပဲ.။ ဒါပေမဲ့ နားလည်မူ့နေရာနဲ့တွက်ရင် ဘာမှသုံးစားလို့တောင်မရပါဘူး.။
မြို့မှာနေတဲ့မိသားစုဆိုရင်လဲ ပညာတွေတက်အောင်သူများအောက်မကြအောင် အမြဲတမ်း အဖေနဲ့အမေ လှုပ်ရှာရုန်ကန်ခဲ့ကြပါတယ်.။
သားသမီးကြီးလာရင် သားဆိုရင် အား သမီးဆိုရင် ထီး လို့တောင်စကားပုံလေးတွေခိုင်းနှိုင်းကြပါသေးတယ်.။
ထင်လို့ပါ.။ သူတို့ရှာတာ သူတို့သုံးတာနဲ့လောက်တောင်မလောက်ကြပါဘူး.။
ရွာကဆိုရင်လဲဒီလိုပဲ(ရွာသူရွာသားဆော်ကားခြင်းမဟုတ်ပါ)ဪတေားမှာနေရတာ သူများသားသမီးတွေလိုမြို့မှာ အဆင့်တန်းမြင့်မြင့်မနေကြရဘူး.။
ပညာရေးတော့ထွန်းထွန်းပေါက်ပေါက်လေးဖြစ်အောင်ထားရမယ်.။
သားသမီးတွေကတော့မြို့ကျောင်းမှာသူများစားသလိုစားသူများဝတ်သလိုဝတ်နဲ့ တေားက ဖေဖေမေမေ ဘယ်လိုရှာပြီးမှ ပိုက်ဆံရတယ်တောင်ထည့်တွေး့တက်မဲ့ပုံမပေါက်ပါဘူး
ကျောင်းပိတ်လို့ရွာပြန်လာတဲ့အခါတောင် (ဟင် အမေတို့ကလဲရောက်တာနဲ့ခိုင်းဖို့လောက်ပဲပြင်နေတယ် စာတွေနဲ့နပန်းလုံးနေရတာနောက်ပြီးအဖေတို့အမေတို့ပို့တဲ့ပိုက်ဆံ လောက်ပဲမနည်းသုံးနေရတာ)အဖေတို့အမေတို့ပိုက်ဆံရှာရတာ အဆင်ပြေကြရဲ့လား မေးတဲ့သားသမီး ဆယ်ဦးမှာတစ်ဦးတောင်ခပ်ရှားရှားပါ.။ နားလည်မပေးကြတာပြောပါတယ်.။ ကိုယ်ကတော့ပညာတက်အဖေအမေခေတ်တုန်းကတော့
.အ.သုံးလုံးတောင်မတောက်တစ်ခေါက်လောက်ပဲ သင်းခဲ့ကြရတာ.။ နားမလည်တာလေးရှိလို့မေးမိကြရင်.။(ဟာ..အမေ ကလဲအလုပ်ကိုရှုပ်တယ်ဗျာ) ပြောလေ့ရှိပါသေးတယ်.။ ကျွန်တော် ဖတ်ဖူးတဲ့စာဆောင်လေးထဲကအကြောင်းလေးပြောပြခြင်ပါတယ်.။
သားလေးကခပ်ငယ်ငယ် စကားပြောကလည်းစမ်းခါ.စ.ပေါ့နော်..နေ့တိုင်းနေ့တိုင်အိမ်ကပိုတဲ့ထမင်းအကျန်လေးတွေ ငှက်တွေကိုကျွေးလေ့ရှိတယ်..။
တနေ့ ကလေးက အစာလာစာတဲ့ ငှက်ကလေးတစ်ကောင်ကိုလက်ညိုးထိုရင်းမေတယ်(မေမေ အဲ့တာဘာရေးလဲ) အမေဖြစ်သူကပြုံးရင်း (ဪ စာကလေးငှက်လို့ခေါ်တယ် သားရဲ့ ) အဲ့လိုချိုချိုသာသာလေးဖြေပေးပါတယ်.။ ကလေးကလဲ နောက်တစ်ခါထပ်မေးပြန်တယ်..(မေမေ အဲ့တာဘာရေးလဲ) အမေဖြစ်သူကလဲ ခုဏကဲသိုေ့ဖေပါတယ်.။
သားဖြစ်သူက နောက်တစ်ကြိမ်ထပ်မေးပြန်တယ် သုံးကြိမ်မြောက်ပေါ့နော်.။ ဒီတစ်ခါမှာတော့ အမေဖြစ်သူကသားလေးကို အရင်မဖြေပဲ ပွေ့ချီပြီးနမ်းလိုက်ပါတယ်.။
ပြီးမှ (ကြည့်စမ်း ငါ့ သားလေးစကားတွေတက်နေလိုက်တာ..။ အဲ့ဒါ စာကလေးငှက်လို့ ခေါ်တယ်သားရဲ့ မှတ်ထားနော် သားလေး.) နမ်းရင်ပြောပါတယ်.။
အဲ့လိုနဲ့ သားကလည်းကြီးလားတဲ့အရွယ်ရောက်တော့ အမေဖြစ်သူက စိတ်ကိုစမ်းပါတယ် (သား ဟိုအကောင်သေးသေးလေးက ဘာလဲကွဲ့) သားဖြစ်သူ ဘောလုံးဂျာနနယ်ဖတ်နေစဉ် မေးလိုက်ပါတယ်.။သားဖြစ်သူက သက်ပျင်းတစ်ချက်ချလိုက်တယ်(ဟူး……..စာကလေး လေအမေရဲ့ အမေကလဲရျောက်ကြည့်ပြီးမေးနေတော့တာပဲ) အဲ့လိုဖြေပါတယ် ဒီလိုနဲ့ အမေ ဖြစ်သူက နောက်တစ်ခါ ထပ်မေးကြည့်ပါတယ်.(သားစိတ်ကိုစမ်းတဲ့အနေနဲ့ပေါ့နော်)
ဒီတစ်ခါမှာတော့ သားဖြစ်သူက (ဟာ အမေကလဲဗျာ စာကလေးပါ လိုပြောနေတာ ဘယ်နှစ်ခါရှိနေပြီးလဲ ဒီမှာ စာကိုကောင်းကောင်းမဖတ်ရဘူး.) ဂျာနယ်ကိုထိုင်ခုံပေါ်ပြစ်တင်ရင် ကျမ်းပြင်ကို ခြေသံပြင်းပြင်း(ဆောင့်အောက်)နင်းရင် အိမ်ပေါ်ကနေထွက်းသွားပါတယ်.။ သူငယ်ငယ်တုန်းက သုံးကြိမ်းမေတော့ အနမ်းတစ်ပွင့်
ပေးခဲ့ဖူးတယ်..အခုနှစ်ကြိမ်ပဲရှိနေသေးတယ် ဝုန်းဝုန်းဆိုပြီး အိမ်ပေါ်ကဆင်းသွားတယ်.။ သားကိုဘာမှမပြောပေမဲ့ အမေ ကတော့မျက်ရည်တွေကြနေမိပါတယ်တဲ့.။
အခုလဲအဲ့လိုပါကိုယ်ငယ်ငယ်ကတော့ ဘာဖြစ်နေဖြစ်နေ ကိုယ့်အပေါ်မညိုမညင် ကျွေးမွေးစောက်ရှောက်ခဲ့တာ ကိုယ့်အလှည့်ကြမှ အဲ့လိုအပြုအမူတွေလုပ်ရင်
သွားရမဲ့လမ်းတစ်လမ်းပဲရှိပါတယ်.။အားလုံး အဖေအမေ အပေါ်နားလည်းပေးနိုင်ကြဖို့ ဒီပိုဒ်လေးနဲ့ ကျွန်တော် တိုက်တွန်းနိုးဆော်ရင် နိဂုံးချုပ်အပ်ပါတယ်…..။
ကျွန်တော် ပညတက်တစ်ယောက်မဟုတ်ပါ စာပေနဲ့ပတ်သတ်၍ကျွမ်းကျင်သူလဲမဟုတ်ရပါ..။ကျွန်တော်ပို့က ဖတ်ရှု့မိသူကို ဆော်ကားမိသလိုများဖြစ်ခဲ့တာရှိစေ
အမှားပါခဲ့တာရှိစေ ကျွန်တော် အနူးညွှန့်တောင်းပန်အပ်ပါတယ်.။စေသနာတစ်ခုကြောင့်ပါခဲ့မိတဲ့အမှားလို့ မြင်နိုင်ကြပါစေလို့ ကွှန်တော်ဆုတောင်းပါတယ်
အားလုံးပဲ အဖေအမေ အပေါ်နားလည်ပေးနိုင်ပြီး မိဘကျေးဇူးဆပ်နိုင်သူတွေဖြစ်ကြပါစေဗျာ..။
မှတ်ချက်.။ ။ မိုက်လေး တင်ပေးတဲ့ပိုဒ်မှာ အမှားပါခဲ့ရင် မန်းဂေဇတ် မှရွာသူရွာသား ဦးဦးဒေါ်ဒေါ်ကိုကိုမမ နဲ့ အားလို့းအားးလုံးကိုပဲ
တောင်ပန်အပ်ပါသည်..။စာရေးသားသူပညာအရည်အချင်းနည်းခြင်းကြောင့် အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးပါလို့တောင်းပန်ပါတယ်နော်..
6 comments
ဦးဦးပါလေရာ
January 5, 2013 at 8:34 am
ကျုပ်ကအရင်ကတော့ သားသမီးနေရာကပါ
အခုတော့ မိဘနေရာရောက်နေခဲ့တာ ကြာလှပါပြီ
(သားသမီး ၂ယောက်ရှိပါတယ်)
ဒါကြောင့် မိဘနေရာကရော သားသမီးနေရာကပါ ကြည့်နိုင်မြင်နိုင်ပါတယ်…။
ခပ်ခါးခါး အမှန်တရား တစ်ခုကတော့
လူများစုမှာ- (လူများစုကိုသာ ဆိုလိုပါတယ်)
မိဘက သားသမီးကိုချစ်သလောက်တော့ သားသမီးက မိဘကို ပြန်မချစ်ပါဘူး
မိဘက သားသမီးကို ပေးဆပ်နိုင်သလောက်လဲ သားသမီးက မိဘကို (စိတ်ထဲရှိသည့်တိုင်) ပြန်မပေးဆပ်နိုင်ပါဘူး
အဲဒီသားသမီးတွေမှာလဲ သူတို့ရဲ့ အစွမ်းကုန်ချစ်ရပေးဆပ်ရမယ့်သားသမီးတွေ ရှိလာကြတာပါ..။
ဒါကြောင့် ဒါဟာ စုန်ရေ သက်သက်ပါ…..။
ဒီသဘောကို မိဘလုပ်သူက နားလည်ရပါမယ်။
နားမလည်တဲ့မိဘကတော့ ကိုယ်ပဲစိတ်ဆင်းရဲမှာပါ…။
အင်း…
ပန်းပင်လေးတွေ စိုက်ခဲ့တုန်းကတော့ ကိုယ်ပန်ဖို့ရယ်လို့တော့မဟုတ်ဘူးပေါ့……
ပွင့်ချိန်တန်ပွင့်လို့ သူများပန်သွားတော့မှသာ………………
Foreign Resident
January 7, 2013 at 5:45 pm
ဒါကြောင့် ဒါဟာ စုန်ရေ သက်သက်ပါ…..။
ဒီသဘောကို မိဘလုပ်သူက နားလည်ရပါမယ်။
နားမလည်တဲ့မိဘကတော့ ကိုယ်ပဲစိတ်ဆင်းရဲမှာပါ…။
မဟာရာဇာ အံစာတုံး
January 5, 2013 at 5:26 pm
ဟုတ် ..
လက်ရှိအချိန်ထိ …
ကျုပ်ကတော့ သား နေရာမှာပဲ နေဖူးပါသေးတယ် …
မိဘ နေရာမှာ မနေဖူးတော့ ဟိုဘက်က ခံစားချက်ကို မပြောတတ်ဘူးရယ် …
ဦးပါကြီး ပြောသလိုဆို ….
မိဘ ဆိုတာ သားသမီး အပေါ်မှာ အများကြီး ပေးဆပ်ခဲ့ပေမယ့် …
သားသမီး ဆီက ရလာဒ်ကိုဖြင့် ..
စိတ်ချ လက်ချ မမျှော်လင့်ရဲတဲ့ အဖြစ်လိုများလားလို့ တွေးလိုက်မိပါသေးရဲ့ဗျာ …
•*¨နန်းတော်ရာသူ •*¨
January 5, 2013 at 7:19 pm
မိုက်မိုက်ရေ မိဘမေတ္တာအကြောင်းလေးတွေဖတ်ရတိုင်း မိဘကိုသတိရမိတယ်။
မိဘမေတ္တာဆိုတာစုန်ရေပါ။
သားသမီးကဘယ်လောက်ပဲ မိဘကိုပြန်ကြည့်ကြည့် မိဘကကိုုယ့်ကိုကြည့်ရှုစောင့်ရှောက်ခဲ့စဉ်ကလောက်
စိတ်ရှည်လက်ရှည် စေတနာဒလဟောမရှိနိုင်ကြပါဘူး။
အိမ်ထောင်သားသမီးတွေနဲ့ဖြစ်ကုန်ရင်ပိုဆိုးသေး။
ဘာပဲပြောပြော အခုလိုစာလေးတွေဖတ်ရတိုင်း မိဘကျေးဇူးနဲ့မိဘစေတနာ၊မိဘရင်ထဲကခံစားချက်တွေကို တွေးမိသတိရမိတတ်တယ်။
မောင်ပေ
January 5, 2013 at 8:35 pm
လိမ်မာလိုက်တဲ့ ကောင်မလေး
ကြီးပွားဦးမှာ… ချမ်းသာဦးမှာ
ခပ်မိုက်မိုက် ကောင်မလေး
January 5, 2013 at 11:30 pm
ဂယ်ကျောတာရား..။
ဦးပေ…အရမ်းအရမ်းကိုဝမ်းသာပါတယ်…။
မိဘနေရာမရောက်ရသေးပေမဲ့.။
မိဘတွေအတွက်တော့ စာနာတက်ပါတယ်..။
မိုက်လေး မိဘတွေအတွက် အတော်ဆုံးသားသမိးမဖြစ်နိုင်ဘူးဆိုရင်တောင်.။
အတက်နိုင်ဆုံးနားလည်ပေးနိုင်သူဖြစ်အောင်တော့ကြိုးစားပါတယ်..
အားပေးကြလို့ကျေးဇူးအရမ်းတင်ပါတယ်နော်.အားလုံးကိုပဲ.