Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောပေးကြပါ။။။။

ကူညီပါဗျာ…
မိုက်လေး မန်းဂေဇက်ကနေ…
အပြီးထွက်ချင်ပါတယ်…
နောက်ပြီး မိုက်လေး ရေးထားသမျှ…
စာတွေလည်း အကုန်ဖျက်ပစ်ချင်ပါတယ်…

မန်းဂေဇက် မှ အရီးခင်လတ် ဦးပေ ကိုပေါက်…
တခြားသူတွေရောပေါ့ မိုက်လေး ကိုကူညီပေးပါ…
ဘယ်လိုထွက်ရမလဲဗျာ…
ပြောပေးပါဦး တောင်းဆိုပါတယ်…

ဘယ်လိုမှတော့ မထင်ပါနဲ့ဗျာ…
မိုက်လေး ခင်တတ်ပါတယ်…
အစစအရာရာ အားလုံးအတွက်လည်း…
ဂေဇက် အဖွဲ့ကို ကျေးဇူးတင်ပါတယ်…
ဂေဇက်ရွာလေး ကြောင့်လည်း…
ပျော်ခဲ့ပါတယ် စာတွေလည်း ရေးချင်စိတ်တွေဖြစ်ခဲ့တယ်…

အပျော်သဘောနဲ့ ပြောခဲ့တာတွေလည်း…
မိုက်လေးကြောင့် အနှောက်အယှက်တွေ…
ဖြစ်နေလိမ့်မယ်ဆိုတာ မသိလိုက်ဘူးဗျာ…
ဝမ်းနည်းမိပါတယ်…
ဂေဇက်မှာ မေးကနေလိုမျိုးလည်း…
ပို့မရတာကြောင့် အခုလိုစာတွေ…
တင်တင်ပြီးရေးနေရတယ်…
ပြောပေးကြပါဦးနော်….။။။

တစ်ချိန်က မန်းဂေဇက် မှရွာသူလေးတစ်ယောက်ဖြစ်တဲ့…
ခင်မင်မှုများစွာဖြင့်….. မိုက်လေး

31 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 4:00 pm

    မိုက်လေး ရေးသမျှ……
    မန့်သမျှတွေမှာဗျာ ရိုင်းတာ တစ်ခုမှမပါပါဘူး…
    ပြောပေးပါဦးဗျာာာာာာ

  • ဘုဂလန့်

    July 27, 2012 at 4:01 pm

    စိတ်ခိုင်ခိုင်ထားစမ်းဘာ

    • Foreign Resident

      July 28, 2012 at 8:10 am

      ဆရာ ဘုဂလန့် ။ အောက်ကဟာကြောင့် ထင်တယ်နော် ။
      ချော့လိုက်ပါဗျာ ။ ရွာသူား အချင်းချင်းပဲ ။

      ဘုဂလန့် says:
      ” စိတ်ပျက်နေဒါ တော်တော်ကြာဘီပေါ့ဗျာ 👿
      အားမနာတမ်းဝေဘန်ရရင် ……
      အဲ့လိုပေါကြောင်ကြောင် ဂေါက်တောက်တောက် စကားလုံးတွေကို မခံစားတတ်ဘူး

      လူ ဆိုဒါ သရီးရှဲဒိုးနားလည်ရဒယ် (သရီးရှဲဒိုး = အရိပ်သုံးပါး) မသိမှာစိုးလို့ ဘာသာပြန်ပေးထားဒယ်
      ဝက်သားဒုတ်ထိုးသည်လို အထူအပါးနားမလည်ရင် အရှုံးပေါ်တတ်တယ်၊
      ဒီနောက်ပိုင်း မျက်စိနောက်တဲ့စာရင်းထဲမှာ ဒင်းလည်းပါဒယ်။
      Name နဲ့လိုက်အောင် ဘုဂလန့်မန့်ခဲ့ဒယ် ဘာဖြစ်လဲ ”

      ခပ်မိုက်မိုက် ကောင်မလေး says:
      ” စိတ်ပျက်တယ်…စိတ်ပျက်တယ်…
      နားလည်ပေးပါဗျာ….
      ————–
      ပျော်ပျော်လေးပဲ ကောင်းတယ်…
      ပျော်ရွှင်ပါစေ မန်းဂေဇက်မှ သူငယ်ချင်းတွေ “

      • ဘုဂလန့်

        July 28, 2012 at 10:34 am

        ခပ်မိုက်မိုက် ကောင်မလေး says:

        နာမည်ကလည်း..ဘုဂလန် ့ဆိုပါလား…
        ရေးသားချက်တွေကလည်း …
        ဘုဂလန် ့…နဲ့………..
        မန် ့..ပေးတာလည်း ဘုဂလန် ့ဆိုရင်တော့…..
        ရေးထားတဲ့အထဲမှာ လူတွေက…
        ရှေ့ကျတစ်မျိုး..နောက်ကွယ်တစ်မျိုးနဲ ့…
        နှစ်မျိုးဆိုတော့ ပိုဆိုးတာပေါ့နော်…
        မန်းဂေဇက် ရဲ့ ရွာသူတစ်ဦးကလည်း…
        ဘန် ့ဂလုဆိုတဲ့…ဘုဂလန် ့လေးကို….
        ကြိုဆိုပါတယ်နော်…………..
        ရွာလေးထဲမှာ ပျော်ရွှင်ပါစေရှင်…။။။။။
        Reply
        0

        ဘုဂလန့်
        47
        7-18-12
        ဘုဂလန့် says:

        နာမည်ကလည်း..ဘုဂလန် ့ဆိုပါလား…
        ရေးသားချက်တွေကလည်း …
        ဘုဂလန် ့…နဲ့………..
        မန် ့..ပေးတာလည်း ဘုဂလန် ့ဆိုရင်တော့….. အဲ့ဒီတော့ ဘာဖြစ်လဲ ဆက်ပြောဘာ
        ဟောင်ဖွာဟောင်ဖွာ လာမလုပ်နဲ့ ကိုယ့်လူ
        ရွာထဲအခုမှဝင်တယ်ဆိုပေမယ့် အားလုံးကို သိဘီးသား
        လာပီး အကြောမတင်းနဲ့
        အဲ့ဒီမှာစတွေ့တာပဲ

        • ချင့် ယုံလိဖန်

          July 28, 2012 at 10:45 am

          တိန် ကျောင်းတော်ကရန်စ ဖြစ်ပေတာပ၊ ဘုဘုရေ ကျေအေးပါတော့ ၊
          ခပ်မိုက်မိုက်ကောင်မလေး ဆိုတော့ မိန်းခလေးဘဲ ဖြစ်မှာယူဆပြီး
          ချော့လိုက်ပါဘုဘုရေ ။

  • ညလေး

    July 27, 2012 at 4:06 pm

    မိုက်လေးရယ်…ဘယ်လိုထွက်ရမယ်တော့မသိတော့ဝူး….ဆရာ.ဆရာတွေမေးကြည့်နော်…
    ဒါပေမယ့်….ဘယ်လိုအကြောင်းတွေကြောင့်…..
    ဒီရွှာကနေအသည်းအသန်ထွက်ချင်နေရတာလည်းကွယ်….
    စပ်စုသလိုဖြစ်ရင်ခွင့်လွတ်စေချင်တယ်…..
    ခင်တဲ့မိုက်လေးရယ်….

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 4:14 pm

    ဘာမှန်းမသိဘူး
    အရမ်းဝမ်းနည်းတယ်
    မန့်ရမှာတောင်လန့်နေတယ်ဗျာ
    စာဆိုရင် မိုက်လေး ဘယ်လိုရေးရတော့မလဲ…
    တော်ပါပြီ ထွက်ပဲထွက်ချင်ပါတယ်…
    မဟုတ်ရင် အကောင့်က ဝင်ဖြစ်နေဦးမယ်
    အဲ့လိုဆို ပိုဝမ်းနည်းရမယ်
    ခက်တာက မိုက်လေး အတွက် နေရာမရှိဘူးဗျ
    ပြန်တော့မယ်။။။။။။။။။။။။။။။။
    အားလုံးကို ကျေးဇူးတင်ပါတယ်..။

  • ဥဥ

    July 27, 2012 at 4:16 pm

    ဂေဇက်တံခါး အများအတွက်သာ အမြဲဖွင့်ထားပါတယ်….
    မှတ်ချက် ။ ။ မည်သူမဆို လွတ်လပ်စွာ ဝင်ခွင့် ထွက်ခွင့်ရှိသည်၊ ခွင့်တောင်းရန်မလို၊

  • mamanoyar

    July 27, 2012 at 4:26 pm

    မိုက်မိုက်ရေ ဘာကြောင့်ထွက်ချင်လဲဆိုတာ သေချာမသိပေမယ့်
    လူတစ်ယောက်စာရေးပြီဆိုရင်
    ဒီစာနဲ့ပက်သက်လို့ ဝေဖန်မှုအမျိုးမျိုးကို ခံကြရမှာပါ
    ဒါစာရေးတဲ့သူတိုင်းအသိပဲဖြစ်မှာပါ
    တစ်ခါတစ်လေ နားလည်မှုမတူတဲ့အခါ အတွေးတစ်မျိုးစီနဲ့
    ပြောကြတာတွေလဲရှိတာပေါ့ ဘယ်လိုပဲဖြစ်နေနေ ခံနိုင်ရည်ရှိအောင်
    နေစေချင်တယ်
    ဘဝဆိုတာ အခက်အခဲလေးတွေတော့ ရှိတတ်စမြဲမို့
    စိတ်ဓါတ်မကျပဲ ရွာထဲမှာ ပျော်ပျော်နေပါလို့ တောင်းဆိုချင်ပါတယ်ရှင်

  • မွန်မွန်

    July 27, 2012 at 4:37 pm

    ဘာတွေဖြစ်ကြတာတုန်း…
    ပြောပြပါဦး..နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်…

  • etone

    July 27, 2012 at 4:45 pm

    အောင်မငှီး ..
    မထိတ်သာ မလန့်သာ ရှိလိုက်တာ …. ။
    ဘယ်နှယ့်ထွက်မှာတုန်း .. အလကားနေရင်း ထိုင်ရင်း ….. ။
    ကဗျာတွေရေးသလို ပို့စ်လည်းရေးဦးမယ်ဆိုလို့ …. စောင့်နေတာလေ ………. ။

    ခပ်မိုက်မိုက်ကောင်မလေးရေ ………
    အစ်မကတော့ .. ထွက်တာ မထွက်တာ .. ညီမလေးရဲ့ ဆုံးဖြတ်ချက်မို့ တစ်ဆုံတစ်ရာ ထင်မြင်ချက်မပေးချင်ပါဘူးနော် ။ ဒါပေမယ့်လည်း ဒီနေရာလေးက အစ်မတို့လို အထစ်အထစ်နဲ့ စာရေးသူတွေအတွက် အစမ်းလေ့ကျင့်ပေးရာနေရာလေးပေါ့ ၊ ဒီနေရာလေးကို အရင်းပြုပြီး လေလှိုင်းထဲက သူငယ်ချင်းတွေအများကြီး အပြင်မှာဆုံခဲ့ရသလို ၊ သုတရသ စာပေတွေလည်း အများကြီး ဖတ်ခွင့် လေ့လာခွင့် ၊ ဆွေးနွေးခွင့်ရခဲ့ပါတယ် …. ။ ဒီတော့ စဉ်းစားပေါ့နော် …….. ဘယ်လို အကြောင်းပြချက်ကြောင့် ထွက်သင့်သလဲ ၊ မထွက်သင့်ဘူးလဲ ဆိုတာ မျိုးပါ … ။ စာရေးသူတိုင်းက ဝေဖန်ခံရတတ်ပါတယ် …ကိုယ့်စာတပုဒ်သူများရှေ့ချပြလျှင် ကောင်းတဲ့ မျက်စိနဲ့ ကြည့်မယ့်လူရှိသလို ဝေဖန်မယ့်မျက်စိနဲ့ ကြည့်တဲ့ လူလည်း ရှိတယ် … ဘာပဲဖြစ်ဖြစ် က ိုယ်က …. ဆိုးတာပြောပြော ကောင်းတာပြောပြော မတုန်လှုပ်တဲ့ စိတ်ရှိဖို့တော့ လိုပါတယ် …….. ။ ချင့်ချိန် စဉ်းစားနိုင်ပါစေနော် ။ 🙄

  • ဥဥ

    July 27, 2012 at 4:45 pm

    ဒါများအေ လွယ်လွယ်လေး
    နာမည်ပြောင်းလိုက် ပီးရင် ဟိဟိ (အဲ့ဒါမှ မှတ်မိရင်လည်း မတတ်နိုင်ဘူး)

  • Khaing Khaing

    July 27, 2012 at 5:04 pm

    ဘာကိုထွက်မှာလဲ မိုက်လေးရဲ့ ….. ရေးသာရေး သူများမကြိုက်လည်း ကိုယ့်အသားမထိဘူး …. ဘာမှတွေး ပူမနေနဲ့ ဒီလူမကြိုက်လည်း ဟိုလူရှိတယ် မပူနဲ့သိလား …….အမဝမ်းနည်းနေတယ်နော် အမကိုဝမ်းနည်းအောင် ထပ်မလုပ်နဲ့ …….

  • myanmarcitizen

    July 27, 2012 at 5:04 pm

    ဪ ဘာများလဲလို့ကွယ်။ account ကိုအပြီးဖျက်ချင်တာနဲ့တူတယ်။ ဒါဆိုရင်တော့ သဂျီး နဲ့ သဂျီးနီးပါး အာဏာရထားတဲ့သူတွေကို အကူအညီတောင်းဗျာ။ သဂျီးကတော့ ခုနေအလုပ်များနေမယ်ထင်တယ်။

  • ကိုသင်း

    July 27, 2012 at 5:06 pm

    ပျော်စရာကောင်းတဲ့ ဒိရွာလေးကို ခုမှရောက်ရုံ ရှိသေးတယ် ခင်တောင်မခင်ရသေးဘူး
    ထွက်မသွားပါနဲ့ မိုက်မိုက်ရယ်၊အားလုံးကလဲ အမိုက်မဲလေးမို့ ဗွေမယူကြပါနဲ့ဗျာစ

  • ကိုရင်မောင်

    July 27, 2012 at 5:30 pm

    ဘယ်လိုလူတွေကအနီတွေပေးနေတာတုန်းဘာမှလဲဆိုးဆိုးဝါးဝါး
    ပါတာလဲမဟုတ်ဘဲ……

  • သန်းထွဋ်ဦး

    July 27, 2012 at 6:26 pm

    မိုက်လေးရေ တခါတရံဖြစ်တတ်တဲ့ သဘောမို ့ပါ။ကျနော်လဲ ဖြစ်ခဲ့ဖူးပါတယ်။
    ကိုယ်ချင်းစာ နားလည်ပါတယ်နော့။စိတ်တင်းထားစေလိုပါ၏။

  • အရီးခင်လတ်

    July 27, 2012 at 6:37 pm

    မိုက်ကလေး ကို မထွက်ပါနဲ့ လို့ အရီး တောင်းပန်ပါတယ်။

    သမီး နဲ့ ပါတ်သတ်လို့ ရွာထဲမှာ ဘာပြသနာ မှ အရီးသတိမထားမိပါလား။
    စိတ်မကောင်း မဖြစ်ပါနဲ့။
    စာရေး ဖို့ စိတ် မပါတဲ့ အချိန် မရေး နဲ့ ဝင်ဘဲ ဖတ်ရုံဖတ်။
    ဒါပေမဲ့ တစ်ခါတစ်ခါ ပျော်စရာတွေ မျှဝေချင်လာရင်၊ စိတ်ညစ်လို့ ရင်ဖွင့် ချင်လာတဲ့ ရှိလာရင် အရီး တို့ အားလုံး သမီး နဲ့ အတူ ဝင်ပြီး ခံစားပေးကြမှာပေါ့။

    တကယ်တော့ ဂေဇက်ရွာ ကို အမုန်းတွေ နဲ့ စစ်တလင်းလို မဖြစ်စေချင်ကြပါဘူး။
    အချင်းချင်း မတူတဲ့ စိတ်ကူးတွေ ဖလှယ်ရင်း ချစ်ချစ်ခင်ခင် နေသွားချင်ကြသူ တွေများမှာပါ။
    မဟုတ်လား။

    ဒီတော့ မထွက် နဲ့ နော်။
    နောက်တစ်ခါ ကျရင် မုန့်အတူတူ သွားကြမယ်။ 🙂

    ချစ်ခင်စွာဖြင့်

  • surmi

    July 28, 2012 at 1:23 am

    ဒီမှာက အနီလဲ ပေးချင်ပေးမယ် လက်မလဲဇောက်ထိုးဖြစ်ချင်ဖြစ်မယ် အဆဲလဲခံရနိုင်တယ်ပေါ ့ ထားပါ
    ဒါတွေကို ဂရုစိုက်နေရင် လူ ့ဘဝတိုတိုလေး ဘယ်လိုသတ္တိနဲ ့ ဖြတ်သန်းရမလဲ ။
    ဆိုးတာတွေတွေ ့ရင်လည်း လေ့ကျင် ့ပေးနေတယ်လို ့မှတ်လိုက် ……
    ကောင်းတာတွေရရင်လည်း လက်ဆောင်ပေးတယ်မှတ်လိုက် ……..
    ဆိုတော့ စဉ်းစားပေါ ့
    ခံစားမှုဆိုတာတွေက ခဏပါဘဲ …………….။

  • MaMa

    July 28, 2012 at 8:43 am

    လောကဓံဆိုတာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။
    ပြစ်တင်ကဲ့ရဲ့ခံရတာ လောကဓံတစ်ခုသာ ဖြစ်တာမို့….
    စိတ်ကိုတင်းထားရုံလောက်နဲ့တင် အဆင်ပြေနိုင်ပါတယ်။
    လူ့ဘဝ လူ့လောကကြီးထဲမှာ ဒါ့ထက်ဆိုးတဲ့ လောကဓံတွေလည်း ရှိနေတာကြောင့် …..
    ဒီလောက်လေးနဲ့တော့ လက်မမြှောက် အရှုံးမပေးသင့်ပါဘူး။

    ပြစ်တင်ကဲံ့ရဲ့သူရှိသလို အားပေးအားမြှောက်တဲ့သူတွေလည်း ရှိနေတယ် မဟုတ်လား။

    ကိုယ့်အားနည်းချက် အမှားကို ထောက်ပြပေးရင် ပြင်ဆင်ဖို့ အခွင့်အရေးရတာမို့ ကျေးဇူးတင်လိုက်ပါ။
    အကယ်၍များ တမင်သက်သက် နှောင့်ယှက်လိုတဲ့စိတ်နဲ့ ပြောတာဆိုရင်တော့ လစ်လျူရှု့လိုက်ပါ။

    ရွာထဲမှာ ပျော်ရွှင်နိုင်ပါစေ။

  • tharli kar

    July 28, 2012 at 9:26 am

    ခပ်မိုက်ကောင်မလေးရယ်
    မင်းထွက်တော့မယ်ဆိုတော့နှုတ်ဆက်စကားပါးမယ်နော်…………
    သွားပါ…မတားပါဘူး
    ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ………………..
    သို့သော်………………..
    မပျော်လို့ပဲ…သွားသွား…………
    မထားလို့ပဲ…ထွက်ထွက်……….
    အဆိုးခံးစားချက်နဲ့ဆိုရင်တော့….
    လုံးဝထပ်တူ..စိတ်မကောင်းဘူး………..
    အားတင်းပါလို့မပြောချင်ပေမယ့်…….
    အားမလျှော့ဖို့တော့ အားပေးချင်တယ်……..
    ဘယ်လိုပဲ..ပြေးပြေး……..
    ဆက်ရေးစေချင်တယ်……..။
    ဘယ်လိုပဲ….ကဲ့ရဲ့….
    ဘယ်လိုပဲ….ချီးမွမ်း..
    ဘယ်လိုပဲ….ပရိတ်သတ်ပေါ….
    ဘယ်လိုပဲ…ပရိတ်သတ်မဲ့….
    ဘယ်လောက်ပဲ..ချမ်းသာ…
    ဘယ်လိုပဲ…ဆင်းရဲ….
    ဘယ်လိုပဲ….လာဘ်ရွှင်….
    ဘယ်လောက်ပဲ…လာဘ်တိတ်….
    မိုက်လေးရယ်……
    လောကဓံလို့ခေါ်တဲ့….ဓါဏ်ချက်တွေကို
    ဟန်မပျက်…မဇှ္ဈိမနဲ့
    သဘာဝကျစွာညှိရင်း
    သတင်းလွှာကဏ္ဍမှာ…..
    ပြင်းစွာဆန္ဒတွေနဲ့…..
    ပြန်လာဖို့ဆုံးဖြတ်လိုက်စမ်းပါနော်….။

  • Gipsy

    July 28, 2012 at 9:50 am

    မိုက်ကလေးကလဲ ကွယ် ..
    ဒီရွာကြီးမှာ လူတွေက ထောင်ချီပြီး စာဖတ် စာရေး လုပ်နေကြတာ ..
    လူ့စိတ်အမျိုးမျိုးပေါင်း တွေ့ရပေမပေါ့ … အဆင်မသင့်တဲ့ အခါမျိုးမှာ
    အပြောဒဏ် အဆိုဒဏ် နဲနဲတော့ ခံရ တတ်တယ်လေ …
    ဒါလေးများ …
    အပြုံးမပျက် ဆက်လက် တည်ရှိနေပေးပါဦးလို့ တောင်းဆိုပါတယ် …။

  • ကြောင်ကြီး

    July 28, 2012 at 11:00 am

    အဲဒီရွာထဲကထွက်ပြီး ဦးကြောင်ရင်ခွင်ထဲ ပြေးဝင်လာခဲ့စမ်း မိုက်ကလေး။
    ကြိုက်ဈေး
    ပိုက်ထွေး
    ဆိုက်မေး
    ကိုက်ကျွေး
    ဗိုက်သေး
    ဝှိုက်ဖွေး
    ဂိုက်ပေး
    မိုက်လေး။

  • မိုးမှောင်

    July 28, 2012 at 11:11 am

    နောက်ဆုံးမတော့
    ကြောင်ကြီး
    အချောင်တီး သွားလေတော့၏

  • shwe kyi

    July 28, 2012 at 11:14 am

    မိုက်လေးရေ ဘာတွေရယ်ဘယ်လိုဖြစ်သွားလဲကွယ် ဘာမှနားမလည်ရပါလား။
    မိုက်လေး အနာသည်းနေတယ်ထင်ပ ရေးထားသမျှတွေပါဖျက်ချင်နေတယ်ဆိုတော့။
    မိုက်လေးရေးသမျှကို မန့်ပေးနေတဲ့တခြားသူငယ်ချင်းတွေကိုရောအသိအမှတ်မပြုချင်တော့တာလား ပြောပါဦး။
    အယူအဆကွဲလွဲတယ်ဆိုတာနေရာတိုင်းမှာရှိပါတယ်။ မိုက်လေးကအတင်းပဲထွက်ချင်နေတယ်ဆိုရင်မတားပါဘူး အခုဟာကညီမလေးကငါကိုယ့်ကိုယ်ကိုသတ်သေတော့မှာနော် လို့အများသိအောင်ပြောတဲ့သူလိုဖြစ်နေတယ်ကွယ် တကယ်တမ်းဆိုရင် MG မှာလုံးဝဝင်လည်းမရေးနဲ့ မန့်လည်းမန့်တော့တာကြာသွားရင် သူ့အလိုလိုပျက်သွားမယ်ထင်တယ်ကွဲ့။
    မိသားစုစိတ်ဓါတ်ဆိုတာရန်ဖြစ် ပြီးရင်ပြန်ခေါ်အဲဒါမျိုးလေးလေ။ ညီမလေးလိုခင်လို့ပြောတာနော်အစ်မပြောတာကိုစိတ်တော့မဆိုးစေချင်ဘူး။ အမှန်ကိုမြင်အောင်ကြိုးစားစမ်းပါညီမလေးရယ်။ အစ်မစိတ်ရင်းနဲ့ဆိုရင်တော့ဘယ်ရွာသူားကိုမှာထွက်မသွားစေချင်ပါဘူး။ စီနီယာတွေလည်းကူညီချင်မယ်မထင်ဘူးလေဒီလိုမျိုးကို။
    ရင့်ကျက်နိုင်အောင်ကြိုးစားပါညီမလေးရေ။အစ်မလည်းကြိုးစားနေတယ်ရင့်ကျက်နိုင်အောင်လေ။
    ဆက်ရေးမဲ့ကဗျာတွေမျှော်နေမယ်။
    မိုက်လေးကိုစိတ်ညစ်အောင်လုပ်မိသူထဲမှာအစ်မပါတယ်ဆိုရင်မရည်ရွယ်တာမို့ခွင့်လွှတ်ဖို့ပြောချင်ပါတယ်။
    ခင်တဲ့
    မသစ်တသစ်ရွာသူအစ်မ
    ရွှေကြည်

  • Wow

    July 28, 2012 at 11:22 am

    ညည်းကိုခင်လို့ပြောဒါအေ့ ကျုပ်ကသိတ်လောကွတ်လုပ်တတ်တာဟုတ်ဘူး….
    ဘယ်သူဘာပြောပြော တောက်ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ထားလိုက်စမ်းဘာာာာာာ…..

  • may flowers

    July 28, 2012 at 12:09 pm

    မိုက်လေးရေ အမသဘောကတော့ မထွက်စေချင်ဘူးနော်။

    စိတ်အခန့်မသင့်လို့ ပြောကြဆိုကြတာေ့တာ့ညလေးတစ်ယောက်ထဲရယ်မှ

    မဟုတ်ပါဘူးကွယ် နောက်တော့လည်းပြီးတာပြီးသွားတာမို့

    စိတ်ထဲမထားပဲ ပျော်ပျော်နေပါ နော် မိုက်လေးရဲ့နောက်လာ

    မဲ့ပို့စ်လေးတွေ ကိုမျှော်နေမယ်နော်။

  • ကိုရင်စည်သူ

    July 28, 2012 at 12:51 pm

    မိုက်ရေး.. ချစ်မိုက်ရေး.. ထွက်မသွားဘာနဲ့… ။။ ကိုရင် ခရီးထွက်နေတုန်း
    မိုက်ဂလေးကို ဘီလူတွေက နှိပ်ချက်နေကြဒါလဲ။ မိုက်ဂလေး စာရေးသက်ရင့်လာရင်
    တွေ့လိမ့်မယ်။ လူဆိုတာ ချီးမွမ်း ရ ရက် ကဲ့ရဲ့ ရရက်တဲ့။
    ကိုရင်ကြီးတို့လို နွေးထွေးပြီး အရမ်းချစ်တတ်တဲ့ လူပျိုကြီးတွေရဲ့ ရင်ထဲက
    မိုက်ဂလေးစာတွေကို အားပေးနေပီးသားပါ။ 😳 😳
    မိုက်ဂလေး ရွာထဲက ရှောင်ပြေးသွားရင် ကိုရင်တော့ ဖြင့် ရန်ကုန်ပြန်ရင်
    ခပ်မိုက်မိုက်နဲ့ ရဲည်းစားစကားလိုက်ပြောလိုက်မှာနော်…
    ဒီက မိုက်ဂလေးအတွက်ဆို လိုအပ်ရင် ဘွတ်အဲ… အဲ.. ပဲ… 😎 😎

  • ko khin kha

    July 28, 2012 at 2:15 pm

    If you go out , I will sorry.

  • maung khinmin

    July 28, 2012 at 4:31 pm

    မိုက်လေး က …. မိုက်သွေးပြ
    ဂေဇတ်မှ … ထွက်မယ်ကြံ
    ရွာခံတွေ … ပြန်မေးကြပါဦး
    ဘဇာဟန် .. ဘာအရေးရယ်ကြောင့်
    ဝေဒနာမှန် .. အံကာ ထုတ်ပါလို ့
    နှုတ်ဆက်ဖို ့ … အံချော် သံ

    သူဂျီးရေ …. လုပ်ပါဗျ
    ကျုပ်ကဗျာများ … ဘယ်သူဖတ် မှာ
    ရင်မှာနာ … စာပေချစ်သူမို ့
    ထွက်ခွာရင် … သူနစ်နာမှာ စိုးတာကြောင့်
    စိတ်တော်မှာ … အကြိတ်မပေါ်သင့်တာမို ့…
    ကြိုက်သလို သာ …. ထင်ရစိုင်းရင်ဖြင့်
    ခင်မင် ကဗျာတွေ … ဘယ်သူခံစား ပေလိမ့်
    ဂေဇတ်စာချိုး …။။။

  • မိုးတိမ်

    July 28, 2012 at 11:03 pm

    ကဲ နာကပဲထွက်ရမယ့်နည်းပြောပြမယ်။သေချာမှတ်သားလော့….

    ၁။မန်းလေးဂေဇက်ထဲမဝင်ပါနှင့်(မရပါက)
    ၂။အင်တာနက်မသုံးပါနှင့်(မရပါက)
    ၃။ကွန်ပျူတာမသုံးပါနှင့်(မရပါက)
    ၄။မီးပျက်ရန်ဆုတောင်းပါ(မရပါက)
    ၅။ကွန်ပျူတာရှေ ့ကတောင်ဖြတ်မလျှောက်နဲ့ဟာ
    ကဲအေးရော ဝင်မိရင်(သို့)အခုဒီစာဖတ်မိရင် အချက်ငါးချက်လုံးလုပ်လို့ပဲ။
    ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ပါ။ဘယ်သူမှဝင်ခိုင်းမနေပါဘူး။မနေချင်ရင် go ပါ။

Leave a Reply