ရှေးလူကြီးများ ဆိုထားခဲ့တာတွေ ကြားခဲ့ မှတ်ခဲ့ရပေမဲ့ အများသိအောင် မပြောနိုင်ခဲ့ ပါဘူး ။

ခုတော့ ကြုံလို့တွေ့လို့ ကူးထားမှတ်ထားတာလေး တင်ပေးလိုက်ပါတယ် ။

မပြည့်မစုံ ကျန်ခဲ့တာတွေ ရှိကောင်းရှိမှာပေါ့လေ ဖြည့်စွက် ဖတ်ကြပါလို့ မေတ္တာရပ်ခံပါတယ် ။

ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုဖြစ်နိုင်ဖို့ရာအတွက်…

၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။

၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။

၄။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့ လိုအပ်ပါသည်။

လူကောင်းသူကောင်းနှင့် ပေါင်းဖော်တတ်သူဖြစ်ဖို့ လိုပါသည်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့် စာရိတ္တ

ကောင်းမွန်သူ ဖြစ်ရပါမည် ။   ။

အချိန်တန် အရွယ်ရောက်လေသော် တစ်မိသားနှင့် တစ်မိသား တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်

ပေါင်းဖက် ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။

“ပါသုံးပါ၊  ချာသုံးချာ၊  ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ

စကားလေးမှာလည်း အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍

မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။

“ပါသုံးပါ” ဆိုသည်မှာ

၁။ အကြွေးတွေ ပါလာသူ

၂။ ရောဂါဘယ ပါလာသူ

၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဆိုသည်မှာ

၁။ ပညာအရည်းအချင်း နုံချာသူ

၂။ အကျင့်စာရိတ္တ နုံချာသူ

၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဆိုသည်မှာ

၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ (နိုင်ငံခြားသား)

၂။ဘာသာ အယူဝါဒမတူ ကွာခြားသူ(ဘာသာခြား)

၃။ စိတ်သဘောမတူ ကွာခြားသူ

တို့ ဖြစ်ကြသည်။

ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့်

ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ ၍

စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပြီး မကိုက်ညီသော အိမ်ထောင်ရေးသည်

စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြသည်ဟု ဆိုသည်။

ရွာသူားတို့ တွေးဖြည့်ပြီး စဉ်းစား အရွေးမမှားကြစေလိုပါ ။

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့.... နှဦေးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....