ဆရာ/မများသို…………………………စနိုးမေတ္တာပို့သခြင်း

snow whiteJune 29, 20121min25818

ငယ်ငယ် ကနေခုချိန် ထိစာသင်လာရတယ် သူငယ်တန်းကစပြောလို့မရဘူး မူကြိုကစတယ်လို့ထည့်ပြောလို့ရတယ် စနိုးတို့ခေတ်ထဲကခေတ် စားနေပီလေမူကြိုတက်မှ ခေတ်မီတဲ့ ခေတ် ကအဲ့ထဲကစ တာလေ စနိုး  လည်းမူကြိုစတက် တာနေစပြောမယ်နော်  မူကြိုကစနိုးတို့နောက်ဖေး လမ်းလေ စနိုးတို့လမ်းက ပြည်ထောင်စု(၄) လမ်းမူကြိုဆရာမအိ်မ်က ပြည်ထောင်စု(၅) လမ်းမူကြိုဆရာမအိမ်ကနေ စနိုးတို့အိမ်ကို စကားလှမ်းပြောလို့ ရတယ်  အိမ်ချင်းကကျောချင်းကပ် ဖြစ်နေတော့လေ စနိုးကငယ်ငယ်က ကျောင်းတက်ရမှာ  အရမ်းပျင်းတယ်  ဝန်ခံတာနော်  မူကြိုမနက်၁ဝနာရီကနေ နေ့လည် ၃နာရီထိတက်ရတယ်  စနေ  တနင်္ဂနွေဆို ပိတ်တယ် စနိုးပြသနာ စတက်တာ က စနေ တနင်္ဂနွေ ပိတ်ပြီးရင်  တနလာင်္နေ့ ဆိုကျောင်းမတက်ချင်တော့ဘူး အပျင်းရော ဂါစွဲတာ ဆိုမလား ဘဲအဲဒါဆိုဆရာမက လှမ်းအော် ပြီ နောက်ဖေး ကနေစနိုးမူကြိုမလာဘူးလားလာတော့ ကျောင်းသားတွေစုံနေပြီ  တပည့်တယောက်ဘဲ လိုတော့တာ မြန်မြန်လာ တော့ လို့အော်ခေါ်တော့တာဘဲ အမေကလည်း ဆရာမဘက် ကဘဲလေလာပို့ပြီ ဆရာမ ဆရာမတပည့် ကပျင်းထူနေလို့ ဆရာမ  လာပို့ပီဆရာမလို့အမေကလည်းပြန်ပြောတယ်ဆရာမကို အမေကဘဲ ကြားထဲက ဖြေရှင်းပေးလိုက်တယ် စနိုးဘာကြောင့်ဒီချိန်လေးတွေကိုမှတ်မိနေသလဲဆို စနိုးခုလို ပညာတွေသင်တာ ကျောင်းလည်းပြီးတာ ရလကျော် ရှိနေပြီလေ ခုလုပ်ငန်း ခွင်ရောက်တာလည်း ၆လရှိနေပြီပေါ့နော် အလုပ်မှာ၁ဝတန်း မအောင်သေးတဲ့သူ မထမနှစ် ဒုတိယနှစ်တွေကျနေတဲ့သူတွေနဲ့ယှဉ်ရင် စနိုးကကျောင်းပြီးပြီဆိုတော့ အလုပ်ရှင်ကလည်း  ခိုင်းရင်တောင်မှစနိုးရေ ဟိုစာရွက်စာတမ်းတွေ ပြန်စစ်လိုက်အုံးနော် အဲ့လိုမျိုုး လေးတွေပေါ့နော်  သူများလည်းခိုင်းလို့ မရဘူးလားဆိုတော့ခိုင်းလို့ ရပါတယ် ပညာရေးနဲ့ပတ်သက်လာရင်တော့ဘွဲ့ရသမားကိုဦးစားပေးဆိုသလို့ပေါ့ ခုလို စနိုးလုပ်ငန်းခွင်မှာ ကောပေါင်းသင်းဆက်ဆံရေး မှာကောအဆင်ပြေချောမွေ့တာက သင်ဆရာ မြင်ဆရာ ကြားဆရာ  များရဲ့သွန်သင်ဆုံးမမှုကောင်းလို့သာယနေ့လို အေးအေးဆေးဆေးနဲ့ လုပ်ငန်းခွင်ဝင်လို့ရတာပါ  မူကြိုအရွယ် မှဘွဲ့ရသည် အထိသင်ကြားပေးသောသင်ဆရာမြင်ဆရာကြားဆရာ အားလုံးနှင့်တကွ  သင်တန်းတွင်သင်ကြားပေးလျှက် ရှိသောသင် ဆရာမြင်ဆရာကြားဆရာ များသို့ စနိုးလက်ဆယ် ဖြာထိပ် မှာမိုးလျှက်ရှိခိုးကန်တော့ပူဇော်လျှက် ပါ                                                                              သင်ဆရာမြင်ဆရာကြားဆရာ များအားလုံးကျန်းမာချမ်းသာကျပါစေ   စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့  ဘဝတသက်တာ သက်ရှည် ကျန်းမာစွာ နေထိုင် နိုင်ကျပါစေ ။။။

18 comments

  • mamanoyar

    June 29, 2012 at 12:03 pm

    စနိုးရေ မှန်ပါတယ်
    ဆရာ၊ ဆရာမတွေရဲ့ကျေးဇူးကို
    မမေ့သင့်ဘူး ။
    အခုလိုပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်

  • မောင်ပေ

    June 29, 2012 at 12:03 pm

    ဘုန်းကြီးပါစေ…
    အသက်ရှည်စေ…
    ကျန်းမာပါစေ
    ချမ်းသာပါစေ…

    • Davit

      June 29, 2012 at 4:05 pm

      ကောင်လေး ချောချောလေးနဲ့ ဖူးစာဖက်ပါစေ…………. 🙂

  • snow white

    June 29, 2012 at 12:07 pm

    ဗိုလ်မင်းရန်မစနဲ့နော် ငါ့ရဲ့စေတနာနဲ့ဆရာဆရာမတွေကို ဂုဏ်ပြုထားတာနော် ။

  • မဂွတ် ထော်

    June 29, 2012 at 12:31 pm

    သူငယ်တန်းမှ ဘွဲ ရထိသင်ကြားပေးခဲ့သော ဆရာ ဆရာမများ
    ကျန်းမာကြပါစေ ၊ချမ်းသာကြပါစေ ကောင်းသောလိုအင်ဆန္ဒ
    ပြည်ဝနိုင်ကြပါစေ မကောင်းတာမှန်သမျှ အဝေးသို ့ရှောင်
    လျှားပါစေလို့ ….တပည့်ဆုတောင်းပေးလိုက်ပါတယ်

    • ဇောက် ထိုး

      June 29, 2012 at 3:07 pm

      ဆရာကို ဆုပေးသော တပည့်….
      ဆုတောင်းပေးတယ်ဆိုတော့ ..
      ဘယ်သူ့ဆီက တောင်းပြီး …
      ဘယ်သူ့ကို ပေးတာလဲဟင်….

  • ko khin kha

    June 29, 2012 at 12:34 pm

    စနိုးရဲ့ပိုစ့်လေးဖတ်ပြီးတော့ သတိသွားရတယ်။
    အဲဒီလိုမျိုး ဆရာ၊မိဘကို သိတတ်၊ကန်တော့တဲ့သူများတွေ့လို့ရှိရင် ရွာကလူကြီးပြောတာကို—။
    ဒီကလေးမ ဆရာ၊မိဘသိတတ်တာ ဘုန်းကြီးလို့အသက်ရှည်အုံးမယ်တဲ့။
    ကျွန်တော်လည်းစနိုးကို အဲလိုဘဲပြောရမလား၊ ဘယ်လိုပြောရမလဲ စဉ်းစားနေမိပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 29, 2012 at 1:02 pm

    အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များကိုမေတ္တာပို့သတာဟာကောင်းတဲ့အလုပ်ပါ……..
    ရောင်ပြန်ဟပ်မယ့်အချိန်လေးတွေစနိုးအတွက်ရှိလာမှာပါ…
    ပေါတောတောနိုင်တယ်လို့ပြောတဲ့သူတွေလဲသူ့လမ်းသူသွားပါစေစနိုးရယ်…
    ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းကအဲလိုပေါတဲ့သူတွေကိုလက်ခံနိုင်ပါတယ်…….

  • မမ အညာသူ

    June 29, 2012 at 1:26 pm

    အမှတ်ရမိပါတယ်
    ဆရာပြောနေကျစကားလေ
    တပည့်မရှား တပြားမရှိ
    ပီတိကိုစား အားရှိ

    • ဇောက် ထိုး

      June 29, 2012 at 3:11 pm

      ကျောင်းနှစ်ခါနေ…
      နွားနှစ်ခါ ကျောင်း…
      ကလေးနှစ်ခါထိမ်း……….(အဖေတွေလဲ စာသင်ခဲ့တယ်။ သားသမီးတွေကျလဲ ငါစာသင်ပေးတုန်း။
      ငြိမ်းချမ်းတဲ့ ဆရာဘဝ….
      ငါ အားရနေတုန်း…….
      “သက်ပြည့်ပင်စင်”တဲ့။
      ငါမကြားချင်တဲ့စကား…

  • ko khin kha

    June 29, 2012 at 2:05 pm

    ပိတိကိုစား အားရှိ၏ဟု ဆိုသော်ငြားလည်း
    ပေးသည့်လစာ မလောက်ပါ၍
    စားရေးသောက်ရေး နေထိုင်ရေးက ရှိသေးသည်မို့
    ကျူရှင်ပြပြီး ဆောင်ရွက်ပါမည်
    ခွင့်လွှတ်ပါအတည်။

    (ဆရာတစ်ယောက်၏လွမ်းချင်း)

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 2:38 pm

    ညစဉ်ညတိုင်း
    ဘုရားရှိခိုးတိုင်းမှာ
    ကျနော်ဟာ
    ဆရာ၊ ဆရာမများကို ရှိခိုးဦးချလေ့ ရှိကြောင်းပါ …

    ပုံ/
    လိမ္မာတဲ့ တောက်တဲ့

  • mayjuly

    June 29, 2012 at 3:19 pm

    ခင်ပွန်းကြီး (၁၀) ပါးထဲက တစ်ပါးအပါအဝင်ဆိုတော့ ….

    ပူဇော်ထိုုက်သူကိုပူဇော်ခြင်းသည် ကုသိုလ် ကောင်းမှု တစ်ခုပါ ….

  • Shwe Tike Soe

    June 29, 2012 at 4:31 pm

    ဆရာဆရာမတွေကိုကျေးဇူးမမေ့တာ ကောင်းတာပေါ့…. အဲဒီတော့ ဆရာဆရာမတွေရဲ.ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ… ကိုယ်က ကောင်းတာတွေပဲ လုပ်ပြီး ကျေးဇူးဆပ်ရမှာပေါ့ဗျာ… မဟုတ်ဘူးလာ.. 😀
    ခေတ်လူငယ်တွေထဲမှာ ဒီလိုမျိုး ကျေးဇူးသိ လေးစားဓာတ်တဲ့စိတ်လေးတွေ ရှိနေတာ ဝမ်းသာစရာပါဗျာ………

  • kai

    June 30, 2012 at 3:04 am

    ကိုယ့်နေရာမှာကိုယ်ထိုင်.. ပို့လွှတ်ပါတယ်ဆိုတဲ့.. မေတ္တာဆိုတာက.. ပို့ရင်ရောက်မရောက် ..ဘယ်သူမှမသိပါဘူး..

    သေချာတဲ့..
    .. ပို့စ်ကဒ်ဖြစ်ဖြစ်.. ဖုန်းဖြစ်ဖြစ်.. ပို့တာ.. ဆက်တာလုပ်ပြီး.. ဆရာ/ဆရာမတွေကို.. ကျေးဇူးတင်ကြောင်း ပြောလိုက်ပါလားဟင်င်..
    နှစ်တိုင်းလုပ်နိုင်ရင်ပိုကောင်းတယ်..

    လက်ဆောင်လေးပါပို့ရင်.. ပိုပိုကောင်းတယ်.. 🙂

  • ဖိုးထောင်

    June 30, 2012 at 5:09 pm

    ခေါင်းစဉ်ဖတ်ပြီး တော်တော်နဲ့ဝင်မကြည့်ရဲဘူး နောက်မှ မန့်တာများလို့ဝင်ဖတ်လိုက်တာ အော် အတော်လိမ်မာတဲ့စနိုးလေးပဲ ဒါပေမယ့် ဆရာ/ဆရာမများသို —- လို့မပြောပဲ ဆရာ/ဆရာမများသို့—— လို့ ပြင်လိုက်ပါလားဟင် သများက အူးယားတတ်လို့ အဟင့် း)

Leave a Reply