“အကြင်နာသို့”
ည…..
တိတ်ဆိတ်နေသည်
ကြယ်စုံ၍ လသာသည်
ထိုကြောင့် ကျွန်တော်အကြင်နာကို
အရမ်းလွမ်းမိသည်။
နံရံပေါ်မှ အိမ်မြောင်တစ်ကောင်၏
စုပ်သပ်သံကြားရသည်။
ကျွန်တော် ဝေဒနာကို သနား၍ဖြစ်မည်။
အဝေးမှ သူ့ရယ်သံကိုကြားရသည်
ဓါတ်ပုံထဲမှ အကြင်နာက
ကျွန်တော်ကို ပြုံးပြသည်။
ကျွန်တော် နှလုံးသွေးများ လျင်မြန်စွာလည်ပတ်၍
ရင်ခုန်နှုန်းများ မြင့်တက်လာသည်။
စားပွဲပေါ်မှ စက္ကူဘူးကိုဖွင့်လိုက်သည်
ကျွန်တော်ရူးသွပ်မြတ်နိုးစွာ သိမ်းဆည်းထားသော
သူသုံးပြီးသား Tissue များထွက်လာသည်။
ထိုအခါ သူ၏ကိုယ်သင်းနံအချို့ကိုရလိုက်၏
ဤအချိန်တွင် အကြင်နာကို
ပို၍လွမ်းမိပြန်သည်။
ကံကြမ္မာက
အကြင်နာနှင့် ကျွန်တော်ကို
ဝေးကွာစေခဲ့သည်။
ကျွန်တော်တို့ချစ်လျက်နှင့် ဝေးခဲ့ရ၏။
သို့သော် ဝေးလျက်နှင့်ပင်
ကျွန်တော် အကြင်နာကို ချစ်နေသေးသည်။
မြားနတ်မောင်သည်
ဘယ်ဆီတွင် နေမှန်းကျွန်တော်မသိ၍
မဆက်သွယ်ခဲ့ပါ။
အပိုလို၏ အချစ်ကို
ဒါဖနိကရှောင်ပယ်ခဲ့၍
သြဂုတ်လမွေးဖွားသူ(သိဟ်ရာသီဖွား)တို့
အချစ်ကံခေကြသည်တဲ့။
မည်သို့ပင်ဖြစ်စေ
ကျွန်တော်အကြင်နာကို အရမ်းချစ်၏။
အကြင်နာသည် ဒါဖနိလို
ရက်စက်လိမ့်မည်ဟု
လုံးဝမထင်မိပါ
ထို့ကြောင့်
ကျွန်တော် မြတ်နိုးစွာချစ်မိခဲ့ပါသည်။
ထို့ကြောင့် ……………………………………..
ထို့ကြောင့် ……………………………………..
ထို့ကြောင့် ……………………………………..
……………………………………………………
…………………………………………..
………………………………………
………………………………..
……………………………..
………………………..
……………………..။
ထို့ကြောင့် …………………
ထို့ကြောင့်…………………..
ကဗျာလေးကို ဖတ်ကြည့်ပြီး အကြင်နာကို သနားလို့
တစ်ဆယ်ယူသွားပါကြောင်းးးးးးးးးး
Was this answer helpful?
LikeDislikeကျေးဇူးပါ မမ
Was this answer helpful?
LikeDislikeမြားနတ်မောင် လျှောက်လည်နေလို့ ဒီလိုဖြစ်ရတာ.. မျြားနတ်မောင်ကို ဆန္ဒပြမယ်..
သူသုံးပြီးသားတွေတော့ မသုံးပါနဲ့တော့ဗျာ… သူ့ကိုယ်သင်းနံ့က ဘာနံ့ဖြစ်မလဲ…မှန်း……
ဒါပြောတာဗျ… ပုထုဇဉ်ဆိုတာ..
Was this answer helpful?
LikeDislikeချစ်လျက်နဲ့လည်း…
ဝေးခဲ့ ပြီးပြီ……..
ရက်စက်သော်လည်း…
မြတ်နိုးစွာ ချစ်ခဲ့ဖူးပြီ…
ထို့ကြောင့်……
ထို့ကြောင့်……
ဆက်ရန်မရှိပြီ……။။။။
Was this answer helpful?
LikeDislikeအချစ်ကြောင့်ပါလားနော်…ထို့ ကြောင့်တွေဖြစ်ဖြစ်သွားတာ
Was this answer helpful?
LikeDislikeအကြင်နာ…
ရင်မှာ…
ချစ်တာ…
နှစ်တရာ…
မေတ္တာ…
သစ္စာ…
ထိုကြောင့်…သာ။
Was this answer helpful?
LikeDislikeကိုခေတ်လုလင်ရေ
သြဂုတ်လ ရဲ့ လဝက်ကျော်နောက်ပိုင်းမွေးတဲ့လူတွေဟာ ကန်ရာသီvirgo ၊ အချစ်နဲ့ ပတ်သက်ရင် တော်တော်ကံကောင်းတဲ့လူ တွေလဲ ပါတယ်နော
အားပေးသွားပါတယ်။
Was this answer helpful?
LikeDislikeအချစ်ကြောင့် ကိုယ်သင့်နံ့ လေး လွမ်းသပေါ့။
Was this answer helpful?
LikeDislikeခံစားသွားပါတယ် ဖတ်လို့လည်းကောင်းပါတယ် တကယ့်ကိုခံစားလို့ရပါတယ် မြားနတ်မောင်လည်း အလည်လွန်နေတာနေလိမ့်မယ် လုလင်လှည့်မရောက်သေးလို့နေပါလိမ့်မယ် …..
Was this answer helpful?
LikeDislikewowwwwwwwwwwwwwwwwwwwww ! ကဗျာက တကယ်ကို ခံစားချက်ပါတယ်နဲ့ တူတယ်….
တကယ်ကို ဖတ်လိုကောင်းပါတယ်….. တကယ်ကိုကောင်းပါတယ်
Was this answer helpful?
LikeDislikeအကြင်နာ ရီဝေတဲ့အပြုံးလေးများကြားမှာ
ယစ်မူးရင်းနဲ့သာ
အကြင်နာတယောက်ထဲရင်မှာချစ်နေမယ်
မပိုင်ဆိုင်ရမှန်းသိထားလည်း
အို…. ချစ်တယ်။
Was this answer helpful?
LikeDislikeထို့ ကြောင့် ……
ကျွန်တော်သည် ….
ကျွန်တော် သာဖြစ်ခဲ့သည်
Was this answer helpful?
LikeDislike