မသိတာတော့မေးသင့်တယ်မဟုတ်လား
မန်းဂေဇက်မှာဆရာဝန် တွေများတယ်လို့သိထားပါတယ် သွေးတိုးရောဂါကဘယ်လိုလက္ခဏတွေ စပြပါသလဲ ဆိုတာလည်းသိချင်တယ် စနိုးကသွေးပေါင်ကျတာ ဖြစ်ဖြစ်နေတယ် ဆရာဝန်နဲ့သွားပြတော့ ပြောတာကတော့ သွေးဖြူဥများတယ်လို့ပြောပါတယ် ဒါကြောင့်စနိုးအိမ်ကစိုးရိမ်ရလားလို့ ဆရာဝန်ကိုမေးတော့ ဆရာဝန်က စိုးရိမ်စရာမရှိပါဘူးတဲ့ မိန်းကလေးတချို့တ၀က်က ဒီရောဂါ ခံစားရပါတယ်တဲ့လေ ဘာကြောင့် သွေးပေါင်ကျ ကျနေတာလည်းဆိုတာလည်းသိချင်ပါတယ် သွေးလှူလို့လည်းမရဘူးစနိုးတို့လိုလူတွေ တီဗီထဲမှာတော့ကြည့်ဖြစ်ပါတယ် သွေးလှူချင်ရင်ဘယ်လိုစားသောက်ရတယ် ဆိုတာသိသင့်သလောက်တော့သိတယ် ဒါပေမယ့် သွေးပေါင်ကဘယ်ချိန်ချိန်ချိန် ကျနေတာကများတယ် အစားသောက်လည်းစားပါတယ် ထမင်းတော့စားနည်းတယ် လှူချင်ပါတယ် သွေးလှူချင်တယ်ပေါ့နော် သွေးပေါင်ကျတာ ကရောဂါမဟုတ်ဘူးလို့လည်းဆရာဝန်ကပြောပါတယ် ဒီသွေးပေါင်ကျကျနေတာကလေ နောက်ပိုင်းကျရင် ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာလည်းမန်းဂေဇက် ဆရာဝန်ကိုကိုမမများ ပြောပြပေးနော် သိသူများလည်းပြောပြနော် နောက်ပြီးတော့ လေ စနိုးတို့နားကအသက် ၄၈နှစ် ဦးလေးကြီးတစ်ယောက် အဖြစ်လေးပြောပြမယ်နော် သူကလမ်းလူကြီးလည်းဖြစ်တယ် သူမှာသွေးတိုးရောဂါ ရှိတယ် သူကတစ်နေ့လမ်းကိစ္စ လုပ်ရင်းနဲ့ နေကလည်းပြင်းတယ် လေ အုန်းနို့ခေါက်ဆွဲလည်းစားတယ်တဲ့လေ နေကလည်းပြင်းတော့စားပြီးသိပ်မကြာဘူး မျက်နှာကနီရဲလာတယ် ဒါနဲ့သူမိသားစုက ဆေးခန်းပြတယ် စနိုးတို့နားကဆရာဝန် နဲ့ ပြတယ် ကာယကံရှင်ကသူကိုဆေးထိုးပေးပါလို့ ပြောလို့ဆေးထိုးပေးတယ် တဲ့လေ ဆရာဝန်ကလည်းဘာဆေးထိုးပေးလိုက်တာလည်းတော့ ဘယ်သူမှမသိဘူး ပေါ့နော် ဆရာဝန်ဘဲသိမယ် လူနာလည်းဆေးထိုးပြီးတော့ အိမ်ပြန်တာပေါ့ အိမ်ပြန်ရောက်တော့ကုလားထိုင်မှာခဏဘဲထိုင်ပြီး အိပ်ယာထဲဝင်အိပ်လိုက်တယ်တဲ့လေ ဆေးထိုးပြီး ၂နာရီလောက်လည်းကြာရော သေသွားတယ် ဒါကို ရပ်ကွက် ကသူတွေက ဆရာဝန်ဆေးထိုးပေးလိုက်လို့သေသွားတယ်လို့ထင်နေကျတယ် ဒါပေမယ့်ဆရာဝန်လည်းဖြေရှင်းချက်မပေးဘူး ကာယကံရှင်ကလည်း ဘာမှမပြောဘူး ဒါပေမယ့်ရပ်ကွက်ကသူတွေက အဲ့ဆရာဝန်ဆီမှာမပြကျတော့ဘူး ကြောက်နေကျတယ် ဆရာဝန်ကလည်း ခုဆိုပြောင်းသွားပြီ စနိုးတို့နားမှာ မရှိတော့ဘူး ဘယ်ရပ်ကွက်ပြောင်းသွားလည်းတော့မသိဘုး စနိုးတို့လည်းခုထိအဖြေမှန်မသိဘူး ဆေးထိုးသင့်သလား သွေးတအားတိုးနေတဲ့အချိန်မှာ ဒါမှမဟုတ် သွေးလျော့သွားအောင်ဘယ်လိုနေထိုင်သင့်သလဲ သွေးတအားတိုးနေရင် ဘယ်လိုကုသပေးမလဲပေါ့ ဆေးခန်းမပြဘဲ ပေကပ်ကပ်နေတဲ့သူတွေလည်းတွေ့ဖူးတယ် မသေမယ့်သာမသေတာ သွေးကတအားတိုးနေတယ် ဆေးခန်းမပြဘဲ နေမယ်ဆိုလည်း ဘယ်လိုနေသင့်ပါသလဲ သိသူများပြောပြပေးကျပါနော် (ခုဖြစ်ပျက်လေးကတကယ့်အဖြစ်ပျက်ပါ ဒါပေမယ့် ဆရာဝန်နာမည် ဆေးခန်းနာမည်တော့မမေးပါနဲ့နော် ကာယကံရှင်တွေ ကဘာမှမဖြစ်ဘဲ ကိစ္စကိုအစဆွဲတာမဟုတ်ပါဘူး သိချင်တာကိုမေးကြည့်တာပါ သွေးတိုးရောဂါဘယ်ကစဖြစ်တက်တယ် ဆိုတာလည်းတကယ်ကိုမသိဘူး ဘယ်လိုလက္ခာ ပြတယ်ဆိုတာလည်းမသိဘူးပြောပြပေးပါနော် သွေးတိုးရောဂါသမားတွေ ကိုစိတ်ဖိစီးမှုမဖြစ်အောင်ထားရတာတော့သိတယ် ဆီချု သွေးချိုရောဂါ ဟောပြောလည်းနားထောင်ဖူးတယ် မမေးရဲတော့ မမေးခဲ့ဘူး သွေးတိုးရောဂါဘယ်ကစဖြစ်တက်လည်းတကယ်တိကျသိချင်ပါတယ် ) အဖြေ မှန်လည်းသိချင်တယ် တိကျ သေချာစွာနဲ့ကာကွယ် ရမယ့်နည်းလမ်းလေးပါပြောပြပေးကျပါနော် အဆင်မပျက်လေ့လာသင်ယူကြိုးစားနေတဲ့စနိုး
သားက ဆရာဝန် မဟုတ်ပါဘူး ။ လူနာပါ ။
Was this answer helpful?
LikeDislikeနောက်တာလား အကောင်းမေးနေတာနော် လူနာဆို ဘယ်ဆေးခန်းမှာပြနေလည်း ဆေးခန်းကဈေးကြီးလား ကုဖို့မဟုတ်ဘူးနော် အဲ့ဆေးခန်းကိုရှောင်မလို့ ….
Was this answer helpful?
LikeDislikeလမ်းလျှောက်
လမ်းလျှောက်
လောက်လျှမ်း
လောက်လျှမ်း
Was this answer helpful?
LikeDislikeဆရာဝန်ကိုမေးတာ ဆိုတော့ တိုင်းရင်းဆေးဆရာဖြေလို့မရနိုင်ပါကလား
Was this answer helpful?
LikeDislikeစနိုးက ဆေးဆရာကို မေးတာပါ ဆရာထက်ရေ။

ရွာထဲမှာ အစွမ်းထက်တိုင်းရင်းဆေးဆရာရှိတာ မသိထားလို့ ဆရာဝန်လို့ အလွယ်တကူ ရေးလိုက်တာဖြစ်မယ်။
ရောဂါအကြောင်းသိရဖို့၊ ကုသနည်း ကာကွယ်နည်း တွေကို အနောက်တိုင်း ဆေးဆရာ ဖြစ်ဖြစ် တိုင်းရင်းဆေးဆရာဖြစ်ဖြစ် ပြောပြရင် အကျိုးများစရာမို့ ….
တတ်သည့်ပညာ မနေသာ ဆိုသလို ဆရာထက်ဆီကလည်း အကြံဥာဏ်ကောင်းများ ရယူချင်မှာပါ။
ပုံ/
ကြားပွဲစား
Was this answer helpful?
LikeDislikeရတာပေါ့ အဖြေမှန်နဲ့တိကျတဲ့ဆေးညွှန်းလေးလိုချင်လို့ပါ ရှောင်ရန်ဆောင်ရန်အတွက်မေးတာပါ ရွာထဲမှာမြန်မာတိုင်းရင်းဆေးဆရာတွေလည်းရှိပါတယ် ဖြေပေးပါ မြန်မာ့တိုင်းရင်းဆေး လည်းဆေးဖက်ဝင်တာဘဲ ကိုထက်ဝေရေစနိုးရေးတာ က လေ အကုန်လုံးဖြေပေးလို့ရပါတယ် နော် စိတ်မဆိုးနဲ့နော် ကိုထက်ဝေက တိုင်းရင်းဆေးဆရာလား မသိလို့နော် ဖြေပေးပါ …
Was this answer helpful?
LikeDislikeရတာပေါ့ အဖြေမှန်နဲ့တိကျတဲ့ဆေးညွှန်းလေးလိုချင်လို့ပါ ရှောင်ရန်ဆောင်ရန်အတွက်မေးတာပါ ရွာထဲမှာမြန်မာတိုင်းရင်းဆေးဆရာတွေလည်းရှိပါတယ် ဖြေပေးပါ မြန်မာ့တိုင်းရင်းဆေး လည်းဆေးဖက်ဝင်တာဘဲ ကိုထက်ဝေရေစနိုးရေးတာ က လေ အကုန်လုံးဖြေပေးလို့ရပါတယ် နော် စိတ်မဆိုးနဲ့နော် ကိုထက်ဝေက တိုင်းရင်းဆေးဆရာလား မသိလို့နော် ဖြေပေးပါ …။။။။
Was this answer helpful?
LikeDislikeအင်း…ဥတုဘောဇနသင်္ဂဟကျမ်းအလိုအရ မဟုတ်ဘဲနဲ့ ပြောရမယ်ဆိုရင်တော့ ဟင်းနုနယ်များများစားပေးရမယ် ဆိုဘဲ။ ကျောက်ဖရုံညွန့်လည်းစားလို့ရသတဲ့။
သွေးအားကောင်းစေမယ့် အစားအသောက်များများ စားကြည့်ပေါ့လို့။
မှတ်ချက်။ ။အနော်က ဆရာဝန်ဟုတ်ဖူးနော်။ တိုင်းရင်းဆေးဆရာလည်း ဟုတ်ဖူး။ဟုတ်လိုဟုတ်ငြား ထင်ရာမြင်ရာလျှေက်ပြောကြည့်ဒါ။
Was this answer helpful?
LikeDislikeဒေါက်တာတွေ တော့ရှိကြပါ၏။သို့ သော် ဂျူတီချိန်မို့ သီးခံ
စောင့်ပါနော်။
Was this answer helpful?
LikeDislikeကျွန်တော်မှတ်ထား၊ သိမ်းထားတဲ့ စာကို ကူးတင်ပေးလိုက်ပါတယ်။
နားလည်တဲ့သူတွေ မေးကြည့်ပြီးမှ စမ်းကြည့်ပါ။
သွေးတိုး အကြောတက် ဆေးမခက်ပါ
“ဗျို့ ကိုကြီးသောင်း”
“ဟေ့ မောင်အောင်ဟိန်းပါလား၊ မတွေ့ရတာ အတော်ကြာပြီ၊”
“ဟုတ်ပါရဲ့၊ ဒါနဲ့ ကိုကြီးသောင်းရဲ့ သွေးတိုးကော ပျောက်သွားပြီလား။”
“အေး-ပျောက်ပြီဆိုပါတော့ကွာ။”
“ဘာနဲ့ပျောက်သွားတာလဲဗျ ပြောပြပါဦး။ အများပရိသတ်ကို လက်ဆင့် ကမ်းရအောင်။ ”
“အေးကွာ…ပြောပြရတာပေါ့၊ တောဆီးဖြူပင်ကို (၃)ခွက် တစ်ခွက်တင် ပြုတ်ပြီး သောက်တာပဲကွ”
“ဟုတ်ရဲ့လား…ဘယ်လိုအပင်မျိုးလဲ”
“အလေ့ကျပေါက်ပင်ပဲကွာ၊ ရန်ကုန်မှာဆို သင်္ဃန်းကျွန်း လေးထောင့်ကန်နားလိုမျိုးမှာဆို ပေါပါ့ကွာ။”
“အပင်က ဘယ်လိုအပင်မျိုးလဲ၊ အပင်ကြီးလား။”
“အပင်ငယ်မျိုးပါကွာ၊ အရွက်က မန်ကျည်းရွက်နဲ့ အတော်ဆင်တယ်ကွ၊ ဆီးဖြူသီးနဲ့ အတော်တူတဲ့
အသီးငယ်လေးတွေ သီးတယ်၊ ဒါကြောင့် တောဆီးဖြူလို့ ခေါ်တာပဲ။”
“အရသာကရော…”
“အရသာကတော့ ခါးမှခါးပေါ့ကွာ၊ ဒါပေမယ့် တကယ်စွမ်းတယ်ကွ၊
အခု ငါ သွေးတိုးသာမကဘူး၊ အကြောတောင် မတက်တော့ဘူး၊
အကြောတက်တာပါ ပျောက်တယ်ကွ၊”
“တယ် ဟုတ်ပါလား။”
“ငါ့မိန်းမ မင်းအမလဲ အကြောသိပ်တက်တတ်တာ မင်းအသိပဲ သူ့လဲသောက်ခိုင်းတာ အကြောမတက်တော့ဘူး။”
“ဝမ်းသာပါတယ်ခင်ဗျား၊”
“ဒါ့ပြင် ငါညွှန်းလို့ ကျိုသောက်တဲ့လူတိုင်းလဲ သွေးတိုးတို့၊ အကြောတက်တို့
သက်သာပျောက်ကင်းသွားကြတာ အတော်များနေပြီကွ၊”
“ကောင်းပါလေ့ဗျာ။”
“အခုဆို အိမ်မှာအသင့်ကျိုပြီး ရေနွေးကရားထဲ ထည့်ထားတယ်၊ မကြာခဏ သောက်ပေးနေတာဘဲ။”
“အရမ်းလဲ သွေးကျသွားဦးမယ်နော်၊”
“သွေးတိုး အရမ်းမကျပါဘူး၊ ဘာမှ မဖြစ်လဲ သောက်ပေးရင် သွေးတိုးဖြစ်မလာဘူး၊
အကြောလဲ မတက်ဘူးပေါ့ကွာ၊ သွေးမတိုးအောင် ထိန်းပေးရုံပဲ၊ လိုတာထက် ပိုမကျပါဘူး၊”
“ဟုတ်ပါပြီ ဒါဆိုရင် အများပြည်သူများအတွက် စာရေးပြီး အသိပေးလိုက်ဦးမယ်၊”
“ရေးပါကွာ ကုသိုလ်ရတာပေါ့၊”
စာရှုသူများခင်ဗျား–
သွေးတိုး အကြောတက်ခြင်းတို့မှ ကင်းဝေးလိုလျှင်
တောဆီးဖြူ ပဉ္စငါးပါး ပါအောင်နုတ်၊ ရေစင်အောင်ဆေး ၃-ခွက်တစ်ခွက်တင် ပြုတ်ပြီး
မကြာမကြာ သောက်ပေးရင် သွေးတိုး အကြောတက်အတွက် ဆေးတွေ့ပြီလို့သာ မှတ်ယူကြပါရန် ဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeတောဆီးဖြူ ဆိုတာ အပင်ငယ်ငယ် မကျီးရွက် နဲ့ တူပြီး အသီး သေးသေး လေးတွေ က အလက်အောက် အရင်း ကနေ အဖျားထိ တန်းစီ ပြီး သီးတဲ့ အပင် လား။
Was this answer helpful?
LikeDislikeသွေးတိုးအတွက် လူလည်း ကျန်းမာ, ငွေလည်း သက်သာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။
လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။
သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက
လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။
သွေးတိုးရောဂါ-ဟူသည်—
အပေါ်သွေးပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက်
တောက်လျှောက်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။
သွေးတိုးရောဂါ ဖြစ်တတ်သူ—
သွေးတိုးရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့်
အငန်အရသာရှိသော အစားအစာများကို အလွန်စားသောက်သူ၊
ဆေးလိပ်သောက်သူ၊ အရက်သောက်သူများနှင့်ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။
သွေးတိုးရောဂါလက္ခဏာများ—
သွေတိုးရောဂါလက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့်
အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။
သွေးတိုးရောဂါကို တိုင်းရင်းဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း—
(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(သတ္တုရည်ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။
(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။
(သို့မဟုတ်) ဧကရာဇ်အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။
(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။
(သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။
သွေးတိုးရောဂါရှင်များ လိုက်နာရန်—
* အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* စိုးရိမ်သောက ကင်းဝေးပါစေ။
* ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။
* အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။
* သွေးပေါင် မှန်မှန်ချိန်ပါ။
(ဂမ္ဘီရ ၂၀၀၈-၉)
Was this answer helpful?
LikeDislikeတကယ့်ကိုကျေးဇူးတင်ပါတယ် မသိတာလေးကိုဖြေကြားပေးလို့ တကယ့်ဆေးညွှန်း ကို မသိသေးလို့ခုလို ဆေးညွှန်းလေးပြောပြပေးပြီးသိသမျှကို ပြောပြပေးလို့ကျေးဇူးတင်ပါတယ်။။။။
Was this answer helpful?
LikeDislikeဆရာဝန်တွေအမြန်ဖြေပေးလိုက်ကြပါခင်ဗျ..
သတ်ပုံအဖွဲ့လည်း..လိုအပ်ရင်ကူညီပေးပါရန်. အသင့်
Was this answer helpful?
LikeDislikeမိရှမ်းလေးလို့နာမည် မပေးတာဘဲ ကျေးဇူးတင်ပါတယ် သတ်ပုံအဖွဲ့ရောက်လာလည်း မှားနေရင်တော့ ဆဲခံရတော့မယ်ထင်တယ်နော် သေချာလေးရေးနေရဲ့သားနဲ့အမှားပါသွားတာ နားလည်ပေးပါနော် သတ်ပုံမှန်အောင်လည်းရေးနေပါတယ် ကြိုးစားနေပါတယ် အမှားကင်းနိုင်သလောက်ကင်းအောင်ရေးနေပါတယ် ……..
Was this answer helpful?
LikeDislikeစနိုးရယ်….ရှမ်းနဲ.တော်တော်အဆင်ပြေနေတယ်နော်..အဟိဟိ
ညလေးတစ်ယောက်လုံးရှိတယ်မပူနဲ……..ရှမ်းသာရှမ်း..
Was this answer helpful?
LikeDislikeကျန်းမာခြင်းဟာ လာဘ်တပါးလို့ဆိုတယ်…
ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။
Was this answer helpful?
LikeDislikeသွေးတိုးရောဂါဘယ်ကစဖြစ်လဲတော့မသိပါဘူး..
ဖြစ်လာရင်တော့ ရှောင်ရမှာက အဆီအစိမ့် … အငန် ဒါတွေကတော့ လူတိုင်းသိကြမှာပါ …
အတွေ့ အကြုံလေးတစ်ခုပြောပြမယ်နော်..
အသိတစ်ယောက် သွေးတအားတိုးပြီးခေါင်းမူးနေလို့ ဆေးခန်းသွားပြတာ ..ဆရာဝန်မ က အကြောဆေးသွင်းပေးလိုက်တယ် လို့ပြောတယ်..
ဆေးသွင်းနေတဲ့အချိန်မှာလည်း လူနာ က တမျိုးဖြစ်လာလို့ ပြောတာကို့ မရပဲ ဆေးကိုကုန်အောင်ဆက်သွင်းခဲ့တယ်တဲ့ …
အဲလူ နာ အိမ်လဲ ပြန်ရောက်ရော ကားပေါ်ကအဆင်းမှာ တခြမ်းဆွဲပြီး လေဖြတ်သွားပါလေရော…
ဝါရင့်ဆရာဝန်ကြီးတွေ ပြောပြချက်အရကတော့ သွေးတိုးနေတဲ့အချိန်မှာ အကြောဆေးသွင်းခြင်းကို ရှောင်ရပါမယ်တဲ့ ..
သွေးပေါင်ကြတဲ့ရောဂါကတော့ အဓိက အအိပ်ပျက်တာများရင် ဖြစ်တတ်တယ်လို့ သိထားပါတယ်…
ကိုယ်ကိုယ်တိုင်လဲ အဲလိုပဲ ဖြစ်နေတတ်တာဆိုတော့ တကယ့်လက်တွေ့ပေါ့နော် …
ကိုယ်သိတာလေးတွေကို ဆွေးနွေးကြည့်တာပါ …
Was this answer helpful?
LikeDislikeသွေးပေါင်ကျ….ဟု ပြင်ဆင်ဖတ်ရှုကြပါကုန်….
Was this answer helpful?
LikeDislikeအမယ် ရွာခံဆရာဝန်ကြီး AKKO တစ်ယောက် ဘယ်များ ဆေးကုသွားနေပါလိမ့်။ ဒီမှာ သွေးအားနည်းနေတဲ့ လူနာကို ဆေးလာမကုသေးဘူးလား မသိ။ မနောတို့လည်း ရောယောင်ပြီး ဆေးဖိုးမကုန်အောင် ကုနည်းလေးတွေ သိထားချင်လို့ပါဆို… ရွာထဲကနေတော့ ပြောင်းမပြေးသွားနဲ့နော်။ ရပ်ကွက်ထဲက ဆေးခန်းဆရာဝန်လိုလေ…
Was this answer helpful?
LikeDislikeမသိရင်မေး မစင်ရေးဆေးတဲ့
မေးသင့်တာပေါ့
သွေးပေါင်ကျ တယ်ဆိုရင်ပြောမယ်နော်ဆရာဝန်တော့မဟုတ်ဘူး
မနက်တိုင်း ဆားကိုအရည်ဖျော်ပြီးတစ်ခွက်တစ်ခွက်အမြဲသောက်
အဆင်ပြေသွားလိမ့်မယ်
Was this answer helpful?
LikeDislikeဆားကိုအရည်ဖျော်သောက်ဆိုတာက ပမာဏဘယ်လောက်လဲဟင်။ အချိန်အဆလေးပါ ထည့်ပြောပေးစေချင်တယ်။
Was this answer helpful?
LikeDislikeအော် snow သောက်နိုင်သလောက်ပေါ့။
နောက်တစ်နည်းက အိပ်ရေးဝဝ အိပ်သင့်တာပေါ့။
ဟုတ်ဘူးလား။
Was this answer helpful?
LikeDislike