အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါစမ်းသပ်မှုကို သာမန်ဆေးဆိုင်များတွင် ပြုလုပ်ပေးနေကြရာ နောက်ဆက်တွဲဆိုးကျိုးများရှိနေ၍ ပြည်သူများအနေဖြင့် လွယ်လင့်တကူ မပြုလုပ်သင့်ကြောင်း မာရီစတုပ်မှ လူထုကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစစ်နိုင်က ပြောသည်။ ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်အချို့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါကို “ ငါးမိနစ်အတွင်း အဖြေရှာပေးမည် ” ဆိုသည့် ကြော်ငြာကပ်ကာ Testkit ဖြင့် အခကြေးငွေယူ စမ်းသပ်ပေးနေသည့်အပေါ် ယင်းက သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာဖွင့်တဲ့ဆေးဆိုင်တွေ အကုန်လုံး တရားဝင်လုပ်လို့ရတာက ဆေးဝါးရောင်းချခွင့်တစ်ခုပဲ။ ဆေးစစ်တာတို့၊ ဟိုပိုးဒီပိုးစစ်တာတို့ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်လဲ မပေးထားပါဘူး။ ဒီလိုအိတ်ခ်ျအိုင်ဗွီရောဂါကို ကျပ် ၅၀၀ပေးပြီးစစ်ဖို့ မပြောနဲ့ ဆီးချိုသွေးချိုရောဂါတို့ ကိုယ်အပူချိန်တောင်စစ်လို့ရတာမဟုတ်ဘူး။ မှန်ကန်မှုမရှိတဲ့ ဆေးစစ်ချက်ကိုလက်ခံပြီး ဆေးဝါးသောက်တာမှားရင် အသက်အတွက် စိုးရိမ်ရတယ် ” ဟု ရန်ကုန်မြို့တွင်း မဟာဗန္ဓုလလမ်းမပေါ်ရှိ ဆေးရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကလည်း ပြောပြခဲ့ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..