APK တွေ ရမယ်…….APK တွေ……..။

 

ပီကေတော့  မဟုတ်ပါဘူး …..  Android application package file (APK)  လို ့ ခေါ်တဲ့  ဟာတွေပါ ။

 

ပေါလိုက်တဲ့ APK တွေ ဆိုတာ  မိမိရဲ  ့  Android စနစ်သုံး Handset ကနေ Mobile Market Application တခုခုကနေပဲ ဖြစ်ဖြစ်

 

Google  Search မှာ ပဲ ဖြစ်ဖြစ် APK ဆိုတာနဲ ့ကို   များပြားလှတဲ့  APK တွေကို တွေ  ့ရပါလိမ့်မယ် ။

 

ပြောရမယ် ဆိုရင်ဖြင့်  99% လောက်ဟာ  Free Application တွေပါ ။  တော်တော်ကို ကောင်းမွန်နက်နဲ တဲ့  App တွေ လောက်သာ

 

တစ် ဒေါ်လှမျိုး  နှစ် ဒေါ်မျိုးနဲ ့  ရောင်းတာတွေရှိတယ် ။  ဆိုတော့……မိတ်ဆွေမှာ   Android စနစ်သုံး  Handset တလုံးရှိမယ် ၊

 

Wifi Access လုပ်လို ့ရနိုင်မယ် ၊ ဒါမှ မဟုတ်  13000 ပေးပြီး ဆက်သွယ်ရေး မှာ Mobile  Internet (EDGE) ကို လျှောက်ထားမယ်

 

ဆိုရင်တော့  အဲဒီ  အလကားမတ်တင်း ရနိုင်တဲ့  APK တွေဟာ  Install လုပ်မယ် ဆိုရင်ဖြင့်  32G SD Card နဲ ့လည်း မလောက်နိုင်ပါဘူး ။

 

SIM CARD တွေကလည်း  ၂သိန်း  ၂သိန်းခွဲလောက် ဖြစ်လာ ၊  (EDGE) ကလည်း သုံးလို ့ရလာ ဆိုတော့  Smart Phone တွေ သုံးရတဲ့

 

အရသာက ပိုမို ပီပြင်လာပါတယ် ။  Handset တွေကလည်း  အမျိုးမျိုး App တွေကလည်း အမျိုးမျိုးနဲ ့ ….လူတိုင်းလူတိုင်းရဲ  ့ လက်ထဲမှာ

 

Smart Phone ကိုယ်စီနဲ ့  လက်ဝါးပေါ်မှာ  ပရုတ်ဆီပွတ် သလိုမျိုးနဲ ့  အမျိုးကောင်းသား အမျိုးကောင်း သမီးတို ့  ပွတ်သဘင် ကျင်းပချိန်ပါပဲ ။

 

ပွတ်ရင်း ပွတ်ရင်းနဲ ့  ပိုသိလာ ၊ ပိုသိလာတော့ ပိုကလိလာ ၊  ပိုကလိလာတော့  ဟို ဗားရှင်းလေး မြှင့်ချင် ဒီဗားရှင်းလေး အမြစ်တူးချင် နဲ ့ပေါ့ ။

 

အမြစ်တူးတယ် ဆိုတာ ဘာလဲ ဆိုတော့  Root လုပ်တယ်လို ့  ဆိုပါတယ် ။   Smart Phone တလုံးကို ဆိုင်က ဝယ်ဝယ်လာချင်းမှာ

 

ပထမဆုံး လုပ်ချင်တဲ့  အလုပ်က  မြန်မာလိုဖတ် မြန်မာလိုရေးချင်ကြတာ  User အားလုံးရဲ  ့တူညီတဲ့ ဆန္ဒ ပဲပေါ့ ။

 

ဒီတော့ ဘယ်လို လုပ်ရမလဲ ….. ။  မွှေနှောက်လေ့လာ ဖတ်ရှု စမ်းသပ်နေတဲ့  သူတွေကတော့  တော်ရုံ Version လောက်ကတော့

 

ကိုယ့်ဘာသာကိုယ်  အင်တာနက်ကနေ အလကားရတဲ့ Root Application တွေ  Unlocker တွေ  Unlock Bootloader တွေသုံးပြီး

 

အမြစ်တူးပြီး သကာလ အလကားရတဲ့  zawgyi20071230.ttf ကို  သွင်းပြီး  မြန်မာ ဝဘ်ဆိုဒ်တွေ ဖတ် ၊ မြန်မာလို ချတ် ပြီး နှပ်နေလို ့ ရပေမဲ့

 

နိဂိမိလို   နလပိန်းတုံး  Android Phone ဆိုတာကို   ၂၀၁၁ ခုနှစ် ၃ လပိုင်း လောက်မှာ    Huawei က ထုတ်တဲ့  C8500 Series (For CDMA 800) ကို    ပုလဲ ကွန်ဒိုမှာ

 

ရှိတဲ့  Elite ကနေ ဝယ်ခဲ့တယ် ။  မြန်မာစာ သုံးချင်တော့  ကွန်ပျူတာနဲ ့ ဆက်သွယ်ပြီး   အသင့် Download လုပ်ထားတဲ့  Zawgyi Font ကို  Handset ထဲကို  ခပ်တည်တည်နဲ ့

 

သွင်းပါလေရော ။   ဘယ်လိုသွင်းသွင်း ဘယ်လိုလုပ်လုပ် မြန်မာဖောင့်က မရပါဘူး ။  အဲဒါနဲ ့ပဲ  Elite ကို နောက်တနေ ့နံနက်မှာ ချီတက်သွားပြီး

 

ကျွန်တော်မျိုး မြန်မာစာ သုံးချင်ကြောင်း မျက်နှာငယ်လေးနဲ ့ ပြောပြတော့  အဲဒီက  အလှ နတ်သမီးလေး  တစ်ယောက်က  မြန်မာလို သုံးချင်ရင်

 

လုပ်ပေးလို ့ရတယ်  ဖုန်းကို ထားခဲ့ရမယ် ၊ တရက်ကြာမယ် ၊ ငွေ တစ်သောင်းခွဲ ကျမယ် ဆိုလို ့ ထားခဲ့ပါတယ် ။  နောက်တနေ ့မနက်မှာတော့

 

နိဂိမိ ဖုန်းဟာ  မြန်မာစာ နဲ ့ရိုက်ပြီး  မြန်မာလို ချတ်လို ့ရသွားပါပြီ ။   ဒါကတော့  နိဂိမိ ရဲ   ့   Android  ဘဝ အစပေါ့ ။

 

About nigimi77

has written 108 post in this Website..