ဘ၀ဘ၀နဲ့ခဏခဏရေရွတ်ရင်း
ငါ…ဒီနွှံထဲကိုနစ်ရတော့မှာလား……….
နှလုံးသားကိုဘေးဖယ်
ဆုံးသွားလို့ ပေးလိုက်၇တဲ့
ငါ့ရဲ့ ဆွဲကြိုးလေးဘယ်သူရွေးပေးမှာလဲ…..
ငါကြုံးဝါးတာခဏခဏ..
ငါရှုံးသွားတာရင်နဲ့ အမျှ
အားလုံးကို ကျော်ဖြတ်မယ်ဆိုပေမဲ့..
ငါ့ကျောကုန်းမှာ   ခြေရာတွေချည်းပဲ…..
သူတို့  နင်းသွားကြတာလေ…..
ဖုတ် ဖက် ခါ လူးလဲ  ထရင်း
ရုတ်တရက်…..ငါ

ပြူးပြဲသွားတာ…….
မနှစ်ကအချစ် ဒီနှစ်မှာပြစ်သွားလို့..
ငါရင်နင့်လိုက်ရတာ…
ရင်နာရင်း  နာကြင်ရင်း
ငါတလှမ်းချင် လှမ်းနေတာက
ယမကာဆိုင်လေ
လူတွေအကုန်လုံးမေးကြည့်…လိုက်ပါ
ငါ့အဖြစ်ကိုသိနိုင်တဲ့သူ တစ်ယောက်မှမရှိတောဘူးလား…
နေနဲ့ညနဲ့ကိုမြင်
ကြယ်တွေလတွေမြင်
ငါ့ဗိုက်က တအင်အင်နဲ့…
အမြင်မှန်တွေ ပြန်ရဖို့
အား.လုံးကိုထွေး အန်ပြစ်ခဲ့တယ်
ဝေါ…ထွီ……………..

ခင်တဲ့

အရင့်ရောင်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..