`မင်္ဂလာပါ Chat´

ဒီနှစ်ပိုင်းတွေမှာ အင်တာနက်ဆိုင်တွေပိုပြီးများပြားလာတာကို သတိထားမိပါတယ်။ စာဖတ်သူတို့်လည်း သတိထားမိမှာပါ နည်းပညာထွန်းကားလာတဲ့ ခေတ်ကြီးရဲ့ ကြိုဆို အပ်ဖွယ်ရာ သာဓက တစ်ခု ပေါ့လေ..အင်တာနက်အသုံးပြုမှုကြောင့် ကမ အရှေ့နဲ့အနောက် တစ်နေရာဆီရှိတဲ့ လူတွေအချင်းချင်း လျှင်လျှင်မြန်မြန်ဆက်သွယ်လာ နိုင်ကျတယ်၊ကိုယ်မျှဝေချင်တဲ့ သတင်းအချက်အလတ်တွေကိုလည်း ကိုယ့်သူငယ်ချင်းတွေဆီကို အလွယ်တစ်ကူမျှသေပေးနိုင်တယ်၊ သိချင်တဲ့အကြောင်းအရာတွေကို Search Engine ကနေ Enter နှိပ်လိုက်ရုံပဲ၊ ကမ ပေါ်မှာရှိတဲ့ အစိုးရဌာနများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ ကုမဏီကြီးတွေကနေ သေးသေးငယ်ငယ်တွေအထိ ကျောင်းပညာရေးမှာလဲ သင်ကြားမှုဆိုင်ရာ အထောက်အကူပြုအနေနဲ့ အသုံးပြုပါသည်။ ကျွန်တော်တို့ဆီမှာတော့ ကျောင်းအပ်ခကြေးမြင့်တဲ့ကျောင်းတွေမှာ တွေ့နိုင် တဲ့ ပစ်စည်းပေါ့လေါ် နောက် Social netwaek တွေမှာလည်း ကိုယ်နဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့ မိတ်ဆွေ ဖွဲ့လိုက်နိုင်ပါသေးတယ်။ ကျွန်တော်မသိသေးတဲ့ ဒီနည်းပညာရပ် ကောင်းကျိုးဆိုးကျိုးတွေလည်း အများအပြားရှိနိုင်ပါသေးတယ်။လူတစ် ယောက်ချင်း စီပေါ်မှာပဲဖြစ်ဖြစ်၊ လူအဖွဲ့အစည်းတစ်ခုအပေါ်မှာပဲဖြစ်ဖြစ်ပေါ့လေ။

ဒါပေမဲ့ ဒီနည်းပညာတွင်ကျယ်မှုဟာ ကျွန်တော်တို့တိုင်းပြည်အတွက်ကော ဘယ်လိုဘယ်ပုံစံတွေနဲ့ အကျိုးသက်ရောက်နေသလဲဆိုတာသလဲဆိုတာ တစ်ချို့တွေးမိဖို့ အကြောင်းဖန်လာတယ်ပဲဆိုရမလား၊ကျွန်တော်လဲဒီခေတ်ထဲဖြတ်သန်းနေတဲ့ လူတစ်ယောက်မို့ နောက်ကိုယ်လုပ်နေတဲ့အလုပ်ကလည်း ဒါနဲ့မကင်းနိုင်တော့ Internet ကိုသုံးဖြစ်နေပါတယ်။

တစ်ရက် မြို့ထဲရောက်နေတုန်းမှာပဲ ဖုန်းတစ်ခုဝင်လာတယ် သူငယ်ချင်းတစ်ယောက်ရဲ့ မိခင်ဖြစ်သူဆီကပါ သူငယ်ချင်းကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က စင်္ကာပူကိုထွက်သွားတဲ့သူငယ်ချင်းပါ သူတို့ကနယ်မြို့လေးတစ်ခုမှာနေကြတာပါ။ လက်ရှိသူအမေကအဲဒီမြို့လေးမှာပါ သူတို့နေတဲ့မြို့မှာ အင်တာနက်ဆိုင်မရှိဘူး ဆိုလေတော့ သားဖြစ်သူကိုမှာစရာရှိနေရင် ကျွန်တော်ဆီကိုဖုန်းဆက်နေကြ၊ မိဝေးဖဝေးမှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းအတွက်ကော ကိုယ့်မိသားစုရဲ့ ရှေ့ရေးအတွက်ကိုပါ ထောက်ပံ့နိုင်ဖို့ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်နေရှာတဲ့ သားကိုကျန်းမာရေးကောကောင်းပါ့မလား၊ အလုပ်အကိုင်ကောအဆင်ပြောပါမလား ဆိုတဲ့စိတ်ပူပင်မှုမျိုးရှိတဲ့မိခင်တစ်ယောက်ရဲ့ စိုးရိမ်သောကကို နားလည်တာကတစ်ကြောင်း နယ်မှာရှိနေတဲ့အမေဆီ ဖုန်းခဏခဏဆက်ချင်ပေမဲ့ နိုင်ငံခြားဖုန်းခေါ်ဆို ရတဲ့ ကုန်ကျစရိတ်ကလဲရှိသေးတယ်လေ၊ အရေကြီးတဲ့ကိစ်စမျိုးကလွဲလို့ ခဏခဏတော့ဘယ်ခေါ်နိုင်ရှာမလဲတွေးမိတော့ သားကဘာပြောတယ်၊အမေကဘာမှာသ လဲဆိုတာကို ကြားကနေတစ်ဆင့် ပြောပေးတာကိုအမြဲမပျက်လုပ်ဆောင်ပေးခဲ့တယ်၊ အခုတစ်ခေါက်လဲအမေဖြစ်သူက သူ့သားဆီကိုအရေးတစ်ကြီးမှာစရာအ ကြောင်းလေးရှိလို့ ကိုယ့်ကိုဖုန်းဆက်ပြီးမှာတာပဲ ဒီတော့ ကျွန်တော်ရောက်နေတဲ့နေရာကလဲ ဘယ်နေရာကြည့်ကြည့် အင်တာနက်ဆိုင်ဆိုတာ ကြည့်မလဲနိုင်တဲ့ ဆူလေးဘုရားအနှီးတစ်ဝိုက်မှာ ဆိုတော့အဆင်ပြေတာပေါ့ ဘယ်ဆိုင်မှာဝင်သုံးရင်ကောင်းမလဲစဉ်းစားနေတုန်း သူငယ်ချင်းတစ်ယောက်နဲ့တွေတယ်။ သူကမြို့ထဲမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းပါ သူကိုမေးကြည့်ရင်တော့ ဘယ်ဆိုင်လေးအဆင်ပြောမယ်ဆိုတာ သိနိုင်လောက်မယ်ထင်တာနဲ့ ` ဟေ့ သူငယ်ချင်းဘယ်ဆိုင်ကောင်းမလဲ´ မေးတော့ ` ဘားလမ်းက Internet မှာသုံး´တဲ့ ဒီသူငယ်ချင်းကိုတော့ဖြင့်ကျေးဇူးတင်ရမှာပါပဲ၊ သူညွှန်းလိုက်တဲ့ဆိုင်လေးက Connection အတော်လေးကောင်းတယ်။စက်အလုံးရေ(40)ကျော်လောက်ရှိမယ်လို့တော့ဖြင့်ထင်မိတယ်၊စက်တိုင်းလိုလိုမှာလူကပြည့်လုနီပါး၊ ကျွန်တော်ဝင်သွား တော့`အကို စက်သုံးမလား´ဆိုတဲ့နွေးထွေးတဲ့အသံနဲ့အပြုံးချိုချို ၀န်ထမ်းလေးကစီကြိုပါတယ်။ထိုင်ခုံနံပါတ် (15)နဲ့(16)ကြိုက်တဲ့ခုံမှာထိုင်နိုင်ပါတယ်ပြောတော့ နံပါတ်(16)မှာထိုင်လိုက်မိတယ်။သူငယ်ချင်းစီ မေးလ်ပို့ဖို့ G-mail ဖွင့်ရပြီးတော့ ကိုယ်အကျင့်ကလဲ အင်တာနက်သုံးရင် သတင်းကြည့်နေကျဆိုတော့ ဟိုဖွင့်ဒီဖွင့်ပေါ့ သူငယ်ချင်းစီကိုသူအမေရဲ့အမှာစကားကိုပါးတဲ့ မေးလ်တစ်စောင်ကိုပို့ပြီးချိန်မှာပဲ ဘေးကလွတ်နေတဲ့ ထိုင်ခုံမှာလူငယ်တစ်ယောက်အင်တာနက်သုံးဖို့ ၀င်ထိုင်တာကိုတွေ့မိပါတယ်။ကျွန်တော်မေးလ်ပို့လို့ပြီးပေးမယ့် အပြင်မှာမိုးရွာနေတာကြောင့် Website တစ်ချို့ကိုမွှေနှောက်မိနေတာပါ၊ ဘေးမှာဝင်ထိုင်တဲ့လူငယ်ရောက်ပြီး (10)မိနစ် (15)မိနစ် အကြာသူဆီက ဖုန်း Raing ကြားလိုက်ရတဲ့နောက်ပိုင်း သူပြောတဲ့စကားကြောင့်အံ့သြသွားမိတယ်၊`ဟန်နီ ကိုယ်အခုတောင်ကြီးမှာ´ ပေါင်းသင်းဆက်ဆံရေးမှာ လိမ်ညာပြီးဆက်ဆံရတာ စိတ်မကောင်းစရာပါ၊`လိုင်းပေါ်ကနေပဲစကားပြောတော့မယ် ဖုန်းချလိုက်တော့မယ် ဟန်နီ´ အွန်လိုင်းပေါ်ကလူတွေ အလိမ်ညာကင်းကင်းဆက်ဆံရေးမျိုးနည်းလွန်းတယ်လို့ စိတ်မကောင်းစွာတွေးမိပါတယ်။စိတ်မကောင်းစရာဆို အမြဲလိုလိုဆန့်ထွက် စိတ်ကူးတက်တဲ့ ကျွန်တော်စာ နောက်ထပ်စိတ်မကောင်းစရာတစ်ခုကိုသတိသွားရမိပြန်တယ်။

ကျွန်တော်နေတဲ့ရပ်ကွက်ထဲကကောင်လေးတစ်ယောက်အကြောင်းပါ။လွန်ခဲ့တဲ့သုံးလေးရက်လောက်က ကောင်မလေးတစ်ယောက်ကို သူခိုးပြေးသွားတယ်လို့သတင်းကြားလိုက်ရတယ် ဒါအခုခေတ်မှာဆန်းတဲ့ကိစမှမဟုတ်ပဲလေ၊ဒါပေမဲ့သူအခုခိုးပြေးသွားတဲ့ကောင်မလေးက မန်းလေးမှာနေတာ အွန်လိုင်းပေါ်မှာတွေပြီးကြိုက်ကြတာပေါ့လေ၊အပြင်မှာနှစ်ခေါက်လောက်ပဲတွေဖူးကျသေးတယ်၊ပြီးတော့ခိုးပြေးတဲ့ဆီကိုရောက်ရော၊ရပ်ကွက်ထဲကအကြောင်းနယ်တစ် ကာကအကြောင်းကိုသိချင်ရင် ကျွန်တော်တို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ကိုသာလာအစုံကြားရလိမ့်မယ် အခုဒီအကြောင်းလဲထုံးစံအတိုင်းပေါ့ဗျာ..ဒါပေမဲ့ ဒီချာတိတ်အကြောင်းကို ကျွန်တော် ပိုသိနေပါတယ် ဘာကြောင့်လဲဆိုတော့ သူမိသားစုနဲ့က နည်းနည်းရင်းနှီးတာကို၊လွန်ခဲ့တဲ့နှစ်က သူပထမအကြိမ် မိန်းမခိုးတုန်းက သူအမေရောက်လာပြီး`မင်းညီတွေ့သေးလားတွေ့ရင်အိမ်ကိုသာအမြန်ပြင်လာဖို့ပြောပေးပါ´လို့ပြောဖူးတာကိုအခုထိမှတ်မိနေသေးတယ်၊နောက် တော့သူတို့မိသားစု ကျွန်တော်တို့ရပ်ကွက်လေးကနေပြောင်းရွှေ့သွားတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။

ကြာခဲ့ပြီးပဲလေ ဒီနေ့မှ သူ့အကြောင်းကိုသတိရမိနေတယ်၊ သူအခုနောက်ဆုံးခိုးပြေးသွားတဲ့မိန်းကလေးက ပထမအိမ်ထောင်ရှိတဲ့အကြောင်းအရင်ကတည်းကသိပြီး နားလည်လက်ခံေးတာမျိုးလား၊ဒါမှမဟုတ် အခုထိမသိသေးတာလား အခုခိုးပြေးတဲ့မန်းလေးကကောင်မလေးအကြောင်းကိုရော ခိုးပြေးတဲ့ကောင်လေးကဘယ်လောက်များသိထားလဲစသည့်အတွေးစတွေပြန့်လွှင့်လို့ အွန်းလိုင်းပေါ်မှာ တွေ့ကြုံကြိုက်ခြဲ့ပီးဖြစ်တည်လာတဲ့အိမ်ထောင်ရေးတစ်ခုကိုပုံ ဖော်ကြည့်မိနေပါတယ်။ကျွန်တော်လဲသူများအပူကိုယ့်အပူလုပ်ချင်နေလိုက်တာ ဒီတော့ကိုယ့်ကိုယ်ကို`မင်းဆိုတဲ့အကောင်က အပြင်မှာလဲမစွံ၊အွန်လိုင်းမှာလဲမကြူတက်ဒါနဲ့များ လုပ်လိုရရင်မင်းလဲလုပ်အုံးမှာမဟုတ်လား´ အဲ့လိုစိတ်ထဲကနေငေါက်ပစ်ပြီး အတွေးစကို သိမ်းဖို့လုပ်နေတုန်း ကျွန်တော် G-talk ကို တစ်ဖက်ကစာလှမ်းရေးလိုက်တာတွေ့ရတယ်။ `မင်္ဂလာ´တဲ့…။

About minnetkha

minnet kha has written 3 post in this Website..

alway try to best ....but