အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် မနာလာပန်မြို့တွင် လောကချမ်းသာစေတီတော် တည်ရှိရာ မဟာစည်ရိပ်သာ၌ စေတီတော် အပြီးသတ် မွန်းမံရေးနှင့် ဘုန်ကြီးကျောင်းတွင်း၌ ဓမ္မာရုံဆောက်လုပ်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်ကို ၂၀၁၀ခု ဂျူလိုင်လ ၄ရက် တနဂ်နွေနေ့တွင် နံနက် ၉နာရီ ညနေ ၂နာရီထိ စတုထ္တ အကြိမ်မြောက် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာ အမျိုးပေါင်း ၃၄မျိုး အပါအဝင် အခြားအစားအစာများကို အလှူငွေများ ရရှိရေးအတွက် ရောင်းချပြုလုပ်ခဲ့ရာ ၄င်းပွဲတော်သို့ လူဦးရေ ၂၅၀ မှ ၃၀၀ ထိလာရောက်ဝယ်ယူ လှူဒါန်းသွားကြောင်းသိရပါသည်။ ယင်းပွဲတော်တွင် အလှူငွေများ ပိုမိုရရှိရေးအတွက် ကံစမ်းမဲများ အစီအစဉ်များ ပြုလုပ်ခဲ့ရာ ဆုရရှိသူများမှာလည်း ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် ကံစမ်းမဲဆုများဖြစ်သော ကွန်ပြူတာ၊ကမ်မရာ၊ ဂျီပီအက်စ်၊ပရင်တာ များ ကိုရရှိခဲ့ကြပါသည်။ အဆိုပါဈေးရောင်းပွဲတော်ကို မဟာစည်ရိပ်သာမှ နှစ်စဉ်နှစ်တိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံနေပြည်တော်သတင်းစာ မှသတင်းရရှိပါသည်။
(အညတြ)

About anyataya

အညတြ အဘညတြ has written 10 post in this Website..