ညီမလေးရေ အကို ထိုင်နေတဲ့ ပန်းခြံ က ဂရေ့ ဂါးရင်း လက်ဘက်ရည် ဆိုင်ထဲကို ရှေ့နေလေး တစ်ယောက်နဲ့ ခောတ်ဆန်ဆန် အမျိုး သမီးတစ်ယောက် ၀င်လာတယ်။ ရှေ့နေလေးက အကို့ မိတ်ဆွေဆိုတော့ အကိုထိုင်နေတဲ့ ခုံမှာ လာထိုင်တယ်ကွယ်။ ကောင်မလေးကတော့ ခပ်တည်တည်ပဲ ထိုင်လို့ လက်ဖက်ရည် မှာနေလေရဲ့ ။ပြီးတော့ ရှေ့နေလေးကို ဆရာရယ် ဒီကိစ္စ အဆင်ပြေပါ့မလား ကျမ သားလေးကို မခွဲချင်တော့ ဘူးတဲ့ ။ အကိုလည်း ဘာမှန်းမသိပါဘူး။ နောက်တော့ ကောင်မလေး က ကား ထွက်မှာမို့ ဆိုင်
ထဲက ပြန် ထွက်သွားတယ်။
ညီမလေးရေ ကောင်မလေးက မာဆက်မှာ လုပ်တာတဲ့ ကွယ်။ ရုပ်ကလေးကချောချော လေးပါ။မာဆက်ကို လာတဲ့ ကောင်လေး တစ်ယောက်နဲ့ လူငယ် သဘာဝ ချစ်သူတွေ ဖြစ်ကြတယ်တဲ့ ညီမလေးရယ်။ချစ်သူဘ၀ ကြာလာတော့ သွားကြလာကြ အတူတွဲလို့ ပျော်ပွဲ တွေအလီလီသစ်ခဲ့ တယ်ကွယ်။ နောက်တော့ လက်ထပ်ဖို့ ထိ ပြောဆိုပြီး ရက် ရွေးခဲ့
ကြတယ် ။ ကောင်လေးက ၀န်ထမ်းလေး ဆိုတော့ သင်တန်း သွားဖို့ အကြောင်း ဖန်ခဲ့တယ်။ သင်တန်းက ပြန်ရင် လက်ထပ်မယ်ပေါ့။ ကောင်လေး ထွက်ခွာသွားတော့ ကောင်မလေးမှာ ကိုယ်ဝန်ရှိနေခဲ့ပြီ။ ဒီလိုနဲ့ ကာလကြာတော့ ကိုယ်ဝန်ရင့်မယ်လွယ် ပြီး မွေးခါနီး ဖွားခါနီးဖြစ်နေပြီလေ။ဒီအချိန်မှာကောင်လေးက သင်တန်းကပြန်လာတယ် ။ ကောင်မလေးကိုတော့ အတွေ့ မခံတော့ ဘူး ။ တစ်ခြား ကောင်မလေး တစ်ယောက်ကို လက်ထပ်လိုက်တယ်ကွယ်။ကောင်မလေးကတော့ ခံစားလောင်မြိုက်လို့ပေါ့။ ညီမလေးရယ်
ဓါတ်ပြားဟောင်း အတိုင်း မာဆက်မှာ လုပ်လို့ အိမ်က သဘောမတူဘူးပေါ့လေ ။
ပတ်ဝန်းကျင်ကတော့ ဥပဒေအတိုင်း အရေးယူနိုင်အောင် ပုဒ်မ ၄၁၇နဲ့ တိုင်ပါလား ဘာလား ၀ိုင်ြးေ့ပာကြတယ်။ကောင်မလေးကတော့ သူပျော်ပါစေပေါ့ အချစ်အတွက် အနစ်နာခံလိုက်တယ်တဲ့ကွယ်။ ကောင်မလေးကတော့ လူတွေရဲ့ အပြောအဆို ဝေဖန်မူတွေ ကြားထဲ ကြံ့ကြံ့ခံ နေနိုင်ခဲ့တဲ့ သတ္တိကို တော့ အံသြလောက်တယ်ကွယ်။
ဒီလိုနဲ့ ညီမလေးရေ ကလေးမွေးတော့ ကောင်မလေးက ကလေးက တစ်ခြား အရပ်က အမျိုးသမီးတစ်ယောက်ကို အပ်နှံ ကြည့်ရှု့ ခိုင်းလို့ လစာအဖြစ် တစ်လ သုံးသောင်း ထောက်ပံ့
ပေးခဲ့တယ်တဲ့ ။ ကလေးကယောကျာ်းလေး ပါ သူအလုပ်နဲ့ ကလေးနဲ့ မကိုက်တော့ ကလေးကို ကြည့်ခိုင်း ဖို့ ငှားရမ်း ခဲ့တာတဲ့ ။ နောက်တော့ ကလေး လည်းကြီးလာ ချစ်စရာ အမူအရာတွေ လည်း လုပ်တတ်လာတော့ သူကလေးကိုပြန်မွေးမယ် ဆိုပြီး ပြန်တောင်းတော့ ဟို ငယ်စဉ်ကတည်းက ကလေး ကိုမွေးခဲ့ သူက ပြန်မပေးနိုင် ဘူးတဲ့ ဒီမှာ တင်ပဲ တရားစွဲတာတွေ အမူဖြစ်တာတွေ ဖြစ်တော့ တာပဲ ညီမလေးရယ်။
ညီမလေးရေ လူတစ်ယောက်ရဲ့ အမူအရာ စ၇ိုက်ကို ကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။ အစကတည်းက ဘယ်မှာ လုပ်တယ် ဘယ် စာရိတ္တရှိတယ် ဆိုတာ သိခဲ့ရင် လက်တွဲဖြုတ် သင့်တန်ဖြုတ်ရမယ်လေ။ အခုတော့ အိမ်က သဘောမတူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အနိုင်ပိုင်းရက်စက်ခဲ့တာကို အကိုတော့ မခံနိုင်ခဲ့ဘူး စိတ်ထဲ ဒေါသဖြစ်မိတယ်။နောက် ကိုယ့်ရင်သွေးကို တပါးသော အရပ်မှာ မွေးကတည်းက သံယောဇဉ်မရှိ ပစ်ထား တဲ့ ကလေးမလေးကိုလည်း စက်ဆုတ်မိပြန်တယ် ညီမလေးရယ်။
အချစ်ဆိုတာကို အစာအဖြစ်တပ် ဆင်ပြီး လူက လူကိုမျှားတဲ့ ဇာတ်လမ်းတွေ ကို အကို ရွံမုန်းနေပါပြီ ညီမလေး။ ညီမလေးလည်း သတိရှိပါစေနော်။ညီမလေးရေ တစ်ချို့ကတော့ လည်းပေါ့ပေါ့တန်တန်ပဲ ကွယ် အကိုတွေ့ဖူးတဲ့ အမျိုး သမီးလေး ဆို ချစ်သူနဲ့ သုံးနှစ်သုံးမိုးချစ်ခဲ့တယ်။ ပုသိမ်တက္ကသိုလ်ကျောင်း ရှေ့ က လမ်းမှာ လက်တွဲလျှောက်လို့ ကျောင်းသူ ဘ၀မှာ လည်း ချစ်သူတွေ သိပ်ချစ်ကြတယ်။သူချစ်သူက လည်းဂရုစိုက် ပါတယ်လေ။
သူတို့ကို မြို့ ထဲလည်း အတူတွဲလို့ တွေ့ရ ။ သိပ် အားကျစရာကောင်းတာပဲလေ။ ဒါပေမယ့် အကြောင်းမရှိ ဘဲကောင်မလေးက အတွေ့မခံတော့ ဘူး။ကောင်လေးက ဖုန်းနဲ့ မေးပါတယ် နင်ငါ့ကို ဇြတ်လိုက်တာ တော့ ဟုတ်ပါပြီ နင်နစ်နာတယ် ငါတို့ တွဲခဲ့တာကို လူတွေ သိနေကြတယ် နင်နစ်နာတယ် ဆိုတော့ မနစ်နာပါဘူးတဲ့
ငါ ဟာ ဘယ် အချိန် ပဲ ဖြစ်ဖြစ် လင်ကောင်း သားကောင်းရနိုင်တယ်တဲ့ ။ ကဲ ညီမလေးရယ် အကိုတော့ နားလည်ရခက်ပါတယ်။မိန်းကလေး တစ်ယောက်ရဲ့ အလှ ဟာ သိက္ခာပါပဲလေ။ကိုယ်ကျင့်တရားပါပဲ ။ ပေးခဲ့ထားတဲ့ ကတိတွေ ကို ဆိုခဲစေမြဲစေ ရှိရမယ်လေ။နောက်နှစ်ကျောင်းဖွင့်တော့ ကောင်လေး ခမျာ ကျောင်းရှေ့က လင်းလက်ကြယ် လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ငေးလို့ ကောင်မလေးကတော့ ချစ်သူအသစ်လေးနဲ့ လက်ချင်း ချိတ်လို့ ညီမလေးရယ် ဖြစ်လွယ် ပျက်လွယ် သဘော ကို အကို မုန်းမိပါတယ်။
အကိုတို့ လောက ၀န်းကျင်မှာ ရှင်ကွဲတွေ အများကြီးကြုံ တွေ့ရပါတယ် ဘယ်အရာမှ မမြဲ ဘူးဆိုတဲ့ တရား သဘောထဲမှာ မမြဲ တ၈ရားသည်သာ မြဲနေတာပါ ညီမလေး။ အလှည့် အပြောင်းတွေ ကြားထဲမှာ ဥာဏ်ကို သုံးလို့ သတိရှိနေရမယ်။ ညီမလေး လည်း လေက လူဘောင်မှာ သတိရှိနေပါလို့ အကိုပြောချင်ပါတယ်။
အကိုတို့ ရပ်ကွက်ထဲမှာ ရေမြောင်းတွေက မိုးတွင်းဆိုတော့ ရေလျှံတယ် ညီမလေး ၅နှစ်သားလေး ကျောင်းက အိမ်အပြန်မှာ ညနေပိုင်း မိုးတွေရွာတော့ ရေဆင်းကူးတယ် ညီမလေး။ အိမ်က မိဘတွေကလည်း ၀မ်းရေး အတွက် ဈေးရောင်းထွက် ပြီး ပြန်လာချိန်မှာ သတိမထားမိခဲ့ ဘူး ။ အဲ့ ဒီနေ့က အောင်ပြည့်ဇြိုးဆိုတဲ့ ကလေးကို နွမ်းပါးကလေး ထောက်ပံ့ကြေးပေးမယ် ဆိုပြီး စာရင်းကောက်တော့ ရွေး ခြယ်လိုက်တယ် ဆိုပဲ။ အဆင်းရဲ ဆုံးကျောင်းသားလေးပေါ့ကွယ်။ အရွေးခံရရင် သူငယ်တန်းကနေ ဆယ်တန်း ထိ ပညာသင် စရိတ်ထောက်ပံ့ ခံရမယ်တဲ့ ညီမလေးရယ်။ အဲ့ဒီကလေးလေး ဟာ ရေဆင်းကူးရင်းရေနစ်ပြီး အဲ့ဒီနေ့ပဲ သေဆုံးခဲ့တယ်။ မြေချတဲ့ရက် မှာ ကလေး အမေက “သားရယ် မင်း ဟာ အမေ ဘယ်သွားသွား နောက်ကြေ့ပးလိုက်တယ် မင်း အခု မလိုက်နိုင်တော့ ဘူး ..မင်း ဟာ အမေ ပေးတဲ့ ပိုက်ဆံတစ်ရာကို မသုံးရက်ပဲ ပြန်ပေးတယ် ခု ဘယ်သူသုံး မှာလဲ မင်းကို ဆင်းရဲသား လေး ဆိုပြီး စာရင်းကောက်တယ် မင်း ဆင်းရဲတဲ့ ဘ၀က လွတ်ပြီ ဒီ ဆင်းရဲတဲ့ ဘ၀ကိုပြန်မလာနဲ့တော့ သားရယ် တဲ့ ..ပြောပြီး ငိုလိုက်တာ သတိတောင် လစ်ခဲ့တယ် ညီမလေးရယ်။
ဒီ ဆင်းရဲတဲ့ ဘ၀ကိုပြန်မလာနဲ့တော့ သားရယ် တဲ့ …ညီမလေးရေ အကို ရင်ထဲ ကြေကွဲခဲ့ရတဲ့ စကားလေးပါ။ ပြန်မလာခဲ့တော့နဲ့တဲ့ ။
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြ သံယောဇဉ်တွေ တွယ်ရစ်ကြ ပြီး ရှင်ကွဲခွဲ ကြတဲ့ ချစ်သူတွေ လဲ ဒီတစ်သက် လွမ်းစေ ကြတော့ အချစ်နယ်ထဲပြန်မလာကြနဲ့တော့ ။ သစ္စာမဲ့ သူတွေ အချစ်ကို တန်ဖိုး မထားသူတွေ လောကကြီးမှာ ရှိနေကြတဲ့ အထဲ ငါ့ညီမလေးလည်း အချစ်မှာ အထိမနာပါစေနဲ့ မကြေကွဲပါစေနဲ့နော်။ လေးနက်မူတွေနဲ့ ကိုယ်လည်း ငြိမ်းချမ်းစေ ချစ်သူလည်း ငြိမ်းချမ်းပါစေလို့ သဘောဆန္ဒတွေနဲ့ လှပပါစေကွယ်။
ဟိုးတခါက သရောကြီး ခိုင်းတဲ့ နှစ် ကပေါ့ ညီမလေးရယ် ချစ်သူတွေ အချစ်ကြီး ချစ်ကြ တယ် ။ဒါပေမယ့် လက်ထပ်ဖို့ အတွက် မလွယ် ခဲ့ဘူး စားဝတ်နေရေး တွေ ကြပ်တည်း လို့ အထက် အညာက လုလင်ပျိုလေးက အောက် ပြည်ဘက်ကို စီးပွားရှာ ထွက်ခဲ့တယ်။ ပြန်လာရင် လက်ထပ်မယ်ပေါ့
ဒါပေမယ့် ညီမလေးရယ် သရောကြီး ခိုင်းတဲ့ နှစ် အငတ်ပြဿနာနဲ့ ရင်ဆိုင်ရတဲ့ နှစ်မှာ အောက်ပြည်အောက်ရွာ စီးပွားအရှာ ထွက်တဲ့ လုလင်လေးက ပြန်မလာနိုင်ခဲ့တော့ ဘူး။ ဒါပေမယ့် လုံမပျိုလေးက နှစ်ပေါင်း(၄၀) ကြာတဲ့ အထိ စောင့်နေခဲ့တယ် အိမ်ထောင်မပြု ဘဲစောင့်နေခဲ့တယ်။
ပြန်မလာနိုင်သူကို မျှော်လင့်နေခဲ့တယ် ညီမလေးရယ်။
ဒီလိုပါပဲ ညီမလေးရယ် သစ္စာကြီးသူတွေ ဟာ ကတိတည်လို့ ပြန်အလာကိုမျှော်နေတတ်ခဲ့ကြပါတယ်ကွယ်။ ညီမလေးရေ လူကိုလှည့်စားတာလောက် စိတ်ညစ်နွမ်းတဲ့ လူ မရှိနိုင်ပါဘူး။ အလွန် သိမ်မွေ့တဲ့ အချစ်ကို လိမ်ညာတာ အဆိုးဆုံးပါပဲ။ ညီမလေးလည်း မှန်ကန်မူ သစ္စာတရားကို မြတ်နိုး ပါနော်။လှည့်စားခြင်းလည်း ကင်းဝေးအောင် ကြိုးစား နေထိုင်ပါလို့ အကိုမှာပါရစေ။ဘ၀နဲ့ ရင်းရတဲ့ ကိစ္စတွေမှာ ချိန်း ထားတဲ့နေရာ ကို လာမယ်ပြောပြီးရင်
ဆက်ဆက် လာပါနော်။ ပြန်လာမယ် ဆိုတဲ့ ကတိတွေ တည်ပါစေ။ပေးပြီးသားကတိကို မြဲပါစေ။စောင့်စားတတ်သူကို စာနာပြီး စောင့်ဖူးသူတစ်ယောက်လို ပြန်လာမယ့် အချိန် တွေတိကျပါစေကွယ်။

About htet way

has written 133 post in this Website..