စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ တွင် လူစီး နှင့် ကုန်တင်ယာဉ်များ တခြားမြို့ များသို့  ပြေးဆွဲခြင်းမပြုပဲ ရပ်ဆိုင်းထားကာ ဂိတ်ပိုင်ရှင်များနှင့် ကားဆရာများ ဆန္ဒပြနေကြကြောင်းသတင်းရရှိပါသည်။

အဆိုပါဆန္ဒပြမှု့ ကို ၂၀.၇.၂၀၁၂ မှစတင်ကာ ၂၂.၇.၂၀၁၂ အထိ (၃)ရက်တိုင်တိုင် ကားများမပြေးဆွဲပဲ ရပ်ဆိုင်းထားမည်ဟု သိရပါသည်။ အဓိကကတော့ အခွန်အခတွေ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုကောက်တာတွေ၊ လမ်းခရီးတလျှောက်လုံးမှာ ရဲ ၊မူးယစ် ၊အကောက်ခွန်က ၀န်ထမ်းတွေကို ပစ္စည်းပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ပေး၇တဲ့ လဘက်ရည်ဖိုးတွေက  မတန်တစများလွန်းနေတာကြောင့် ဆန္ဒပြ၇တာပါဟု ကားပိုင်ရှင်တစ်ဦးက ပြောပြပါသည်။

“ဒီလိုကားတွေ ရပ်ဆိုင်းထားတော့ ကျမတို့ ကုန်စိမ်းသည်တွေက အဓိက ဒုက္ခရောက်ရတာပေါ့။ ကုန်စိမ်းတွေကို အချိန်မှီမပို့ နိုင်တော့ ပုတ်ကုန်တာပေါ့။အရင်တောင် ၇တော့မှာ မဟုတ်ဘူး။ အသား၊ ငါးဈေးတွေလဲ တက်ကုန်ပြီလေ “ဟု နန်ဖါလုံဈေးရှိ ဈေးသည်တစ်ဦးက ပြောပြခဲ့ပါသည်။

About ta mu

ta mu has written 2 post in this Website..