Participatory Rural Appraisal (PRA)

Mg OggaJuly 2, 20101min570

ဘောဂဗေဒ အထူးပြုတွေ ဖွံဖြိုးရေးပညာ အထူးပြုတွေ အတွက် ရည်ရွယ်ပါတယ် လူမှုလေ့လာ ဆန်းစစ်ချက် နည်းလမ်းလေးတစ်ခုပါ

PRA ဆိုတာ အတိုကောက်ပါ ဖွံဖြိုးရေးလောကထဲက လူတွေကတော့ PRA ဆိုရင်တန်းသိကြသဗျ။ အရှည်ကတော့ Participatory Rural Appraisal မြန်မာလိုပြန်ရင် ကျေးလက်ဒေသပါဝင်ရောယှက်ဆောင်ရွက်  မှုဆိုင်ရာ လေ့လာဆန်းစစ်မှုလို့ တိုက်ရိုက် အဓိပ္ပာယ်ရတယ်။ ဆရာတစ်ယောက်ကတော့ သိမြင်ခံစား လက်တွေ့လှုပ်ရှား နည်းစဉ်လိုပြောဖူးပါတယ်။  PRA နည်းလမ်းကို ၁၉၈၈ခုနစ် ကင်ညာနိုင်ငံမှာ National Environment Resources and Clark University,USA က စတင်အသုံးပြုတယ်လို သိရပါတယ်။

နောက်ပိုင်းမှာ ရပ်ကျေးလူထုရဲ့ ဖွံဖြိုးရန်အလုပ်ကို ရပ်ကျေးလူထုက လူတွေလုပ်မှသာ ရေရှည်ဖွံဖြိုးနိုင်မယ်လို့ အတော်အများယုံကြည်လာကြတယ်။ ၁၉၉၄ခုနှစ်နောက်ပိုင်းမှာ ဖွံဖြိုးမှုနည်းတဲ့နိုင်ငံတွေမှာ PRA Training Workshop များကိုပိုမိုအားပေး ပြုလုပ်လာတာနဲ့ အမျှ PRA ဆိုတဲ့အသုံးအနှုန်းလည်း ဖွံဖြိုးရေးအလုပ် လုပ်တဲ့သူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

PRAဆိုတာက ဒေသတစ်ခုရဲ့ပြဿနာ လိုအပ်ချက် တွေကိုသိဖို့ ဒေသခံတွေက တတ်ကြွကြွပါဝင် ဆွေးနွေးပြီး ရလာတဲ့ အဖြေတွေကို စီစစ်ဝေဖန်သုံးသပ်သော ပညာရပ်တစ်ခုဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ရပ်ကျေးလူထုရဲ့ ကိစ္စကို ရပ်ကျေးလူထုကလူတွေ ကိုယ်တိုင်သိ ကိုုယ်တိုင်လုပ်ဖို့ပဲ။ ထပ်ပြောရရင် လူထုကို စွမ်းဆောင်ရည်မြင့်ပေးပြီး စွမ်းဆောင်နိုင်ခွင့်ပေးဖို့ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်သုံးနေတဲ့ Acer  ကွန်ပြုတာရဲ့ဆောင်ပုဒ်က PRA ရဲ့ အနှစ်သာရပဲ သိတယ်မဟုတ်လား Empowering People လေ။

ဒီလို ဒေသခံ လူထုများကိုယ်တိုင်သိမြင်၊နိုးကြား၊တက်ကြွ ပါဝင်ဦးဆောင်လာမှု ကိုမြင့်တင်ပေးပြီး ဆင်းရဲခြင်းဒုက္ခပြဿနာများ၊ တကယ်ပြဿနာဇစ်မြစ်များကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကိုဖော်ထုတ်နိုင်ပြီး စီမံကိန်းချမှတ် လာနိုင်သည့်အထိ ကူညီပေးတဲ့ လူမှုသရုပ်ခွဲလေ့လာ ဆန်းစစ်လုပ်ဆောင်မှု နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။